ပုရွက်ဆိတ်တွေ (၂)
Vol. 20 Ch. 301
“အဲ့တာက တော်တော် ဆိုးဆိုးဝါးဝါးပဲ”
ယွီယိုဝမ်သည် လင်းရှန်ကို ခေါင်းမှ ခြေဖျားအထိ စိုက်ကြည့်နေသည်။ လင်းရှန်၏ မျက်နှာကို စိုက်ကြည့်ရင်း စူးရှသော အလင်းတန်းတစ်ခုက သူ့မျက်လုံးထဲတွင် လင်းလက်တောက်ပလာကာ “ရဲရင့်လှပါလား။ မင်း ကို ငါတို့တွေ အများကြီးဝိုင်းထားတာတောင် အေးဆေးနေနိုင်တယ်။ မင်းဘယ်ဂိုဏ်းကလဲ။"
လင်းရှန် ယခင်က ထုတ်ဖော်ပြသခဲ့သော ခွန်အားအရ သူ့တွင် အနည်းဆုံး ဝိညာဉ်
မဏ္ဍိုင်သွေးကြော ၃၀ ရှိရမည်။ ဒါက ပျံကျကျင့်ကြံသူ သို့မဟုတ် ဂိုဏ်းငယ်များ၏ တပည့်များ ရှိနိုင်သည့် ကျင့်ကြံမှုအဆင့်မဟုတ်တာ သေချာပါသည်။
သို့သော် လင်းရှန်စကားမပြောမီ ချိုင်လန့်က လှောင်ပြောင်ပြီး “မေးစရာ မလိုပါဘူး။ ဒီကောင်က နေကိုးစင်းဂိုဏ်းက”
လောင်ဝေ့နဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကလွဲပြီး ဒီသတင်းကိုကြားတော့ အားလုံးက အံ့ဩသွားကြသည်။
နေကိုးစက်းဂိုဏ်းကလား။
ယွီယိုဝမ်သည် ချိုင်းလန့်ကို ငုံ့ကြည့်ကာ ဘာကိုမှ သံသယမဝင်ပေ။
သွေးပင်လယ်ဂိုဏ်းနှင့် နေကိုးစင်းဂိုဏ်းတို့သည် အပြန်အလှန်ရန်ဘက်ဖြစ်သည်ကို အရှေ့ပင်လယ်လမ်းရှိလူတိုင်းသိကြသည်။ ချိုင်းလန့်သည် နေကိုးစင်းဂိုဏ်း၏ တပည့်
တစ်ဦးဖြစ်ကြောင်း သေချာစွာပြောသောကြောင့် သူသည် မှန်သည်ဟု ယူဆရသည်။
သို့သော် နေကိုးစင်းဂိုဏ်းသည် ထိုကဲ့သို့ ထူးချွန်သောတပည့်ကို လေ့ကျင့်ပေးနိုင်သည်မှာ အမှန်ပင် အံ့သြစရာပင်။
အဖြူရောင်မိုးသောက်ကြယ်မြို့၏ အတိုင်းအတာသည် နဂါးမြို့တော်နှင့် များစွာကွာခြားခြင်းမရှိပေ။
အလောင်းကောင်ဂိုဏ်းသည် အဖြူရောင်မိုးသောက်ကြယ်မြို့ကို လက်ဝါးကြီး အုပ်ထားသော်လည်း နေကိုးစင်းဂိုဏ်းသည် နဂါးမြို့တော်ရှိ အဓိကဂိုဏ်းသုံးဂိုဏ်းထဲမှ တစ်ခုသာဖြစ်သည်။
၎င်းတို့ နှစ်ဦးစလုံးသည် ဂိုဏ်းကြီးများ ဖြစ်ကြသော်လည်း အလောင်းကောင် ဂိုဏ်းသည် ခွန်အားနှင့် အရင်းအမြစ်များအရ နေကိုးစင်းကို ကျော်လွန်ခဲ့သည်။
အဲဒါကြောင့် ယွီယိုဝမ်က ဒီလို အတွေးမျိုး ရှိခဲ့တာပင်။
၎င်းကို စိတ်ထဲက မထုတ်မီ အားလုံးက အံ့ဩသွားသည်။
ရွှမ်တုတောင်မှာ လူတစ်ယောက်ရဲ့ နောက်ခံဟာ အရေးမကြီးပေ။
သူတို့က ဒီလူငယ်ရဲ့ အလောင်းကို သတ်ပြီး စွန့်ပစ်သွားတဲ့ တရားခံတွေဆိုတာ နေကိုးစင်းဂိုဏ်းအနေနဲ့ မသိနိုင်ပေ။
လျှို့ဝှက်ချက်ပေါက်ကြားခြင်းအတွက်... ဤနေရာရှိလူတိုင်းသည် ကြံရာပါ သို့မဟုတ် လူသေဖြစ်သည်မို့ သဘာဝအတိုင်း စိုးရိမ်စရာမလိုပေ။
ယွီယိုချွမ်၏မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်နဲ့ အေးစက်စွာပြောခဲ့သည် "ငါတို့နှစ်ယောက်စလုံးက ဂိုဏ်းကြီးတွေရဲ့ တပည့်တွေမို့၊ မှော်အဆီအနှစ်အရည်ကို လွှဲပေးပြီးရင် မင်းအသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးမယ်”
လင်းရှန်သည် ထိုစကားကိုကြားသောအခါ ရယ်လိုက်လေသည် ။ သူပြောခဲ့သည်မှာ " နေကိုးစင်းဂိုဏ်းက ရှေးရိုးစွဲဂိုဏ်းတစ်ခုလေ။ အလောင်းကောင်ဂိုဏ်းက ဒိဌိဂိုဏ်းဝင်
မလား ။ အချင်းချင်း ဆန့်ကျင်နေကြတာ။ ဆုံကြလို့ တစ်ယောက်နဲ့တစ်ယောက် မသတ်ရင်ပဲ ကံကောင်းတယ်လို့ ယူဆရမယ်။ သူငယ်ချင်းလို ဟန်ဆောင်ရတာ အတုအယောင် မဟုတ်ဘူးလား။ ဒီစကားတွေ မင်းတို့ဆီက ထွက်လာတာကို ငါယုံရမှာလား”
သူပြောသည့်အတိုင်း သူသည် အဝေးမှ ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်း၏ တပည့်သုံးယောက်ကို ညွှန်ပြသည်။
သူတို့ သုံးယောက်က အံ့အားသင့်သွားပြီးနောက် ယွီယိုချွမ်ကို လှောင်ပြောင်စွာ ကြည့်လိုက်ကြသည်။
ယွီယိုချွမ်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူသည် လင်းရှန်၏ခြိမ်းခြောက်တာ ခံခဲ့ရပြီး မှော်အဆီအရည်ကို ပထမဆုံးရရှိသူ ဖြစ်လိုခဲ့သည်။ မဟုတ်ရင် သူ စကားမပြောဘဲ တိုက်ခိုက်မည်ပင်။
လင်းရှန်က သူတို့ကို လုံးဝ ဂရုမစိုက်တာကို မြင်လိုက်ရတော့ ယွီယိုချွမ်၏မျက်လုံးထဲမှာ သတ်ပစ်ချင်စိတ်က ပိုပိုပြီး တောက်
လောင်လာခဲ့သည်။ သူ့တွင် လင်းရှန်နဲ့ပတ်သက်ပြီး အချိန်ဖြုန်းတီးရန် အချိန်မရှိတာကြောင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။
"ဟေ့ကောင်တွေ ငါတို့ အခုမလှုပ်ရင် ငါတို့ ဘယ်တော့သွားလုပ်မှာလဲ ၊ လုဝမ်စုန့်ပြန်လာတဲ့အခါ ငါတို့ ဘာမှ မရတော့ဘူး”
လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားကာ လင်းရှန်ကို ကြည့်သည့်ပုံစံက ချက်ချင်းပင် ပြောင်းလဲလာသည်။
ဘာပဲဖြစ်ဖြစ် ဒီလူကို အရင်ရင်ဆိုင်ရမည်။မှော်အဆီအနှစ်အရည်ကို ဘယ်လို ဖြန့်ဖြူးမလဲ ဆိုတာကတော့ နောက်ပိုင်းမှာ ကိစ္စတစ်ခုပင်။
ချက်ချင်းပင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခုက ဂူတစ်ဝိုက်သို့ ပျံ့နှံ့သွားသည်။
လူသတ်အကြည့်များစွာကို လင်းရှန်သည် လျစ်လျူရှုထားခဲ့သည်။ သူ့နောက်ကျောကို လက်နှစ်ဖက်ပစ်ရင်း ငြိမ်သက်စွာ ရပ်နေလိုက်သည်။
သူ့ကို ဒီလိုမြင်လိုက်ရတော့ ယွီယီုချွမ်ဟာ နားမလည်နိုင်တဲ့ ခံစားချက်ကို ခံစားလိုက်ရသညိ။
သို့သော် သူသည် လျင်မြန်စွာ ဖိနှိပ်လိုက်သည်။
သူ့ဘေးမှာ လူဆယ်ယောက်ကျော်ရှိပြီး သူတို့အားလုံးဟာ ဝိဉာဉ်မဏ္ဍိုင်သွေးကြောတွေကို ပေါင်းစပ်ထားတဲ့ ကျွမ်းကျင်သူတွေပင်။ ကျင့်ကြံသူသခင်တစ်ဦးမှ မတိုက်ခိုက်ပါက တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူသည် ထိုကဲ့သို့သော အမျိုးအစားကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ဒီကောင် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒီနေ့ ဒီမှာပဲ သေရတော့မယ်။
ထိုစိတ်နဲ့အတူ ယွီယိုချွမ်က ဆုံးဖြတ်လိုက်သည်။ ဆက်လက်၍ ကြေးရုပ်အလောင်းနှစ်လောင်းကို ခေါ်ယူခဲ့သည်။
သူ့ဘေးမှာ ရပ်နေသည့် အလောင်းဂိုဏ်းတပည့်နှစ်ယောက်ကလည်း သူတို့ကြေးရုပ်
အလောင်းတွေကို ချက်ချင်း ခေါ်ယူလိုက်
သည်။
ကြေးရုပ်အလောင်းခြောက်လောင်းသည် လင်းရှန်းကို ချက်ချင်းပင် အနက်ရောင်ရောင်ဝါနဲ့အတူ တိုက်ခိုက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ချိုင်းလျန့်နှင့် သွေးပင်လယ်ဂိုဏ်းမှ တပည့်နှစ်ဦးတို့သည် လင်းရှန်းဆီသို့ သွေးရောင်လှိုင်းလုံးကြီးတစ်ခု ထုတ်လွှတ်လေသည်။
ပျံသန်းခြင်း တိမ်တိုက်ဂိုဏ်းမှ တပည့်သုံးယောက်သည်လည်း ၎င်းတို့၏ ဓမ္မရတနာများကို ထုတ်ယူကာ လင်းရှန်ကို တိုက်ခိုက်ခဲ့သည်။
ရန်ရှန်းပင်း၊ ကွမ်းကျိုးနှင့်ရီစုဖန်တို့လည်း လှုပ်ရှားခဲ့ကြသည်။
သို့သော်လည်း အနည်းငယ် ထိန်းထားသည့် ရန်ရှန်းပင်း၊ ကွမ်းကျိုးတို့နှင့် နှိုင်းယှဥ်
ကြည့်လျှင် ရီစုဖန်သည် အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။ သူမ သွားတွေ အံကြိတ်ကာ လင်းရှန်ကို တစ်ချက်တည်းနဲ့ ရိုက်သတ်ချင်နေသည် ။
အခြားတစ်ဖက်တွင်မူ ပျံကျကျင့်ကြံသူများနှင့် ဂိုဏ်းငယ်များ၏ တပည့်များသည် နေရာတွငိ ထိတ်လန့်သွားပြီး မလှုပ်ရှားနိုင်ပေ။ လုဝမ်စုန့်ပြန်မလာခင် ဂိုဏ်းကြီးများ၏ တပည့်များ သတ်တာခံရခြင်းမှ ရှောင်လွှဲရန် ထိုအခွင့်ကို ယူရမလားဟု တုံ့ဆိုင်းနေကြသည်။
သို့သော် သူတို့ရွှေ့လိုက်သည်နှင့် တစ်ပြိုင်နက်တွင် အရောင်အဝါအများအပြားက ပိတ်ဆို့ထားသည်ကို ခံစားလိုက်ရသည်။
ယွီယိုချွမ်နဲ့ တခြားသူတွေက ဒါကို မျှော်လင့်ထားပြီးသားပင်။ သူတို့ကို ဘယ်လို လွှတ်ပေးနိုင်မလဲ။
ယွီယိုချွမိက သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ နောက်ထပ် ကြေးရုပ်အလောင်းတစ်လောင်း ပေါ်လာသည်။ ထို့နောက် ပျံကျကျင့်ကြံသူများနှင့် ဂိုဏ်းငယ်များ၏ တပည့်များအား ရက်ရက်စက်စက် တိုက်ခိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ချိုင်းလျန့် ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်အလင်းတန်းများ လင်းလက်လာပြီး သွေးချည်ပိုးကောင်နှစ်ကောင် ထွက်လာကာ ဂိုဏ်းငယ်များ၏ ကျင့်ကြံသူများနှင့် တပည့်များကို ပစ်မှတ်ထားလာခဲ့သည်။
ဒါကိုမြင်တော့ ဂိုဏ်းငယ်ကတပည့်တွေနဲ့ ပျံကျကျင့်ကြံသူတွေက ထိတ်လန့်တကြားနဲ့တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည်။
လင်းရှန်က ခေါင်းကို အနည်းငယ် ခါလိုက်သည်။
"လူဆိုးတစ်အုပ်”
သူစကားပြောနေစဉ် သူ့ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင် တောက်ပသွားပြီး သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည့် ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲသွားသည်။
ယခင်ကနှင့် နှိုင်းယှဉ်ပါက တားမြစ်ထားသော ချပ်ဝတ်တန်ဆာ၏အလင်းရောင်သည် ထိန်းထိန်းသိမ်းသိမ်းရှိပြီး တောက်ပမှုနည်းပါးသည်။ သို့သော် ၎င်း၏ စွမ်းအားသည် ယခင်ကထက် ဆယ်ဆပိုမိုအားကောင်းခဲ့သည်။
ကောင်းကင်ကို ပြည့်နှက်နေသော တိုက်ခိုက်မှုများသည် မုန်တိုင်းကဲ့သို့ ရွှေရောင်ချပ်ဝတ်တန်ဆာပေါ်သို့ ကျရောက်ခဲ့သော်လည်း ပင်လယ်ထဲသို့ နစ်မြုပ်နေသော ကျောက်တုံးတစ်ခုကဲ့သို့ ဖြစ်နေသည်။ သက်ရောက်မှု လုံးဝမရှိခဲ့ပေ။
ယွီယိုချွမ်နှင့် အခြားသူများ အံ့သြသွားကြသည်။
အို
ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားကာ လင်းရှန်၏ သွယ်လျသောအသွင်ကို ပေါ်လွင်လာသည်။
သူသည် လူတိုင်းကို ငုံ့ကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။ ဘာလှုပ်ရှားမှုမှမရှိဘဲ သူ့နောက်မှာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ဓားစွမ်းအင် ခုနစ်သွယ်သည် လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာပြီး ၎င်း၏အမြီးကို ဖြန့်ထားသော ဒေါင်းတစ်ကောင်ကဲ့သို့ လေထုထဲတွင် ပျံ့နှံ့သွားသည်။
“သွား”
ဓားစွမ်းအင်တွေက လျှပ်စီးလက်သလို ချက်ချင်း ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မီတာတစ်ရာကျော် ပျံသန်းပြီး ပျံသန်းခြင်းတိမ်တိုက် ဂိုဏ်း၏တပည့်သုံးယောက်ကို တိုက်ခိုက်လေသည်။