ငါ အချိန်မှန်ရောက်လာတယ်(၂)
Vol. 20 Ch. 304
ဒီနေ့ သူမသေတော့မည်ဟု ထင်ရသည်။
ထိညအချိန်တွင် လင်းရှန်ကို ရုတ်တရက် သတိရသွားသည်။
သူသည် ကျင့်ကြံသူ သခင်ထံ အောင်မြင်စွာ လျှောက်လှမ်းနိုင်မလားဟု သူမ တွေးမိသည်။
သို့မဟုတ် ကျင့်ကြံသူများသည် ထိုနေရာမှ မှော်သတ္တုကိုးမျိုး အခင်းအကျင်းကို ချိုးဖျက်ပြီး တိုးတက်မှု လုပ်ငန်းစဉ်ကို နှောင့်ယှက်ခဲ့ကြသလား။
မြောင်ယိုက သူ့ဘာသာရယ်လိုက်သည်။
အခုချိန်မှာ သူမကိုယ်သူမ ဂရုမစိုက်နိုင်တော့ပေမယ့် သူ့အတွက် စိတ်ပူနေတုန်းပင်။
သူမမသေသေးတဲ့အတွက် လင်းရှန်အသက်ဟာ အန္တရာယ်မရှိဘူးလို့ ဆိုလိုတာပင်။
သူ့ကို စိတ်ပူနေမယ့်အစား မသေဆုံးခင် လုဝမ်စုန့်ကို ဘယ်လိုနာကျင်အောင် လုပ်ရမလဲဆိုတာကိုလည်း တွေးနေမိသည်။
"အချိန်မဖြုန်းနေနဲ့”
လုဝမ်စုန့်သည် မြောင်ယို၏ အမူအရာ အပြောင်းအလဲကို မြင်လိုက်ရပြီး သူ့မျက်နှာတွင် လှောင်ပြောင်သော အမူအရာ ပေါ်လာသည်။
"မင်းက ငါ့အတွက် လုံးဝကို ပြိုင်ဘက်မဟုတ်ဘူး။ မင်းအတွက်ကောင်းတဲ့အရာကို မင်းသိတယ်ဆိုရင် ငါနဲ့လိုက်ခဲ့တာ ပိုကောင်းလိမ့်မယ်။ ငါ့သခင်က သဘောထားကြီးတော့ မင်းအသက်ကို ချမ်းသာပေးလိမ့်မယ်”
မြောင်ယို၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ တံတွေးနှင့် ထွေးလိုက်သည်။
"အထက်လူကြီးတွေကို မလေးစားတဲ့ စကားကို ဘယ်က ပြောတတ်လာတာလဲ။"
လုဝမ်စုန့်က ဒါကိုကြားတော့ ဒေါသမထွက်ချေ။။ အဲဒီအစား သူက တခစ်ခစ်ရယ်သည်။
“အောင်နိုင်သူကတော့ အကုန်ရတယ်လေ။ ဒီသဘောကိုတောင် မင်း နားမလည်ဘူး။ မင်းတို့တွေ ဒီအခြေအနေမှာ ဆုံးရှုံးသွားရမှာ အံ့သြစရာ မဟုတ်ပါဘူး”
မြောင်ယို၏ မျက်နှာသည် ညိုမှိုင်းနေသည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဘာမှ မပြောပေ။ သူမသည် လုဝမ်စုန့်ကိုသာ စိုက်ကြည့်နေသည်။
မြောင်ယိုပုံစံကို မြင်တော့ လုဝမ်စုန့် ဆက်တိုက်နေဖို့ စိတ်မ၀င်စားတော့ပေ။ သူသည် မြောင်ယိုကိုသတ်ရန်အဆင်သင့်ဖြစ်နေပြီပင်။
သို့သော် ဤအခိုက်အတန့်တွင် သူ့အမူအရာက ရုတ်တရက် အေးခဲသွားပြီး အဝေးကို လှည့်ကြည့်လိုက်သည်။
အနှိုင်းမဲ့သိပ်သည်းသော အရောင်အဝါသည် ကီလိုမီတာများစွာအကွာမှ သူ့ထံ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို သူ၏ဝိညာဉ်ရေးရာအာရုံဖြင့် ခံစားနိုင်သည်။
"ရွှမ်တုတောင်ပေါ်မှာ တခြား ကျင့်ကြံသူ သခင် ရှိတာလား"
လုဝမ်စုန့် အံ့သြသွားသည်။
တစ်ချိန်တည်းမှာပင် မြောင်ယိုသည် ကျင့်ကြံသူသခင်တစ်ဦး၏ အရှိန်အဝါနှင့် ချဉ်းကပ်လာသည်ကို သတိပြုမိသည်။ သူမ မအံ့အားသင့်သွားသည်။
ရုတ်တရက် သူမသည် တစ်ခုခုကို တွေးနေပုံရပြီး အံ့အားသင့်သော အကြည့်များ ပေါ်လာသည်။
ဖြစ်နိုင်ပါ့မလား...လင်းရှန်လား?
သူသည် ကျင့်ကြံသူသခင်ထံ အောင်မြင်စွာ တက်လှမ်းခဲ့သလား။
သာမာန်အခြေအနေအရ ကျင့်ကြံသူသခင်များသည် ရွှမ်တု အစည်းအဝေးကို လုံးဝတက်ရောက်မည်မဟုတ်ပေ။
မြောင်ယိုသည် အထူးအခြေနေတွင် ရှိနေခဲ့သည်။ ပြန်လည်ကုစားရန် လျှို့ဝှက်နေရာတစ်ခုကို ရှာဖွေဖို့အတွက် သူမသည် ရွှမ်တု တိုကင်တစ်ခုကို လုယူကာ ရွှမ်တုတောင်ကို ဝင်သွားခဲ့သည်။
လုဝမ်စုန့်သည်လည်း သူမကိုလိုက်လံရှာဖွေရန် ရွှမ်တုတောင်သို့ ဝင်ရောက်ခဲ့သည်။
ထို့ကြောင့် ပြောရလျှင် သူမနှင့် လုဝမ်စုန့်သာ ရွှမ်တောင်ရှိ တစ်ခုတည်းသော ကျင့်ကြံသူသခင်များ ဖြစ်သင့်သည်။
ယခုတွင် တတိယမြောက် ကျင့်ကြံသူသခင် ပေါ်လာသောအခါ မြောင်ယိုသည် လင်းရှန်ကို ချက်ခြင်း တွေးမိသည်မှာ အံ့သြစရာမဟုတ်ပေ။
သူမ မမှားကြောင်း သက်သေပြခဲ့သည်။ ခဏလေးအတွင်းမှာပဲ အရောင်အဝါပိုင်ရှင်က သူတို့မျက်မှောက်ကို ရောက်လာသည်။
မြောင်ယိုသည် မည်သူမည်ဝါဖြစ်သည်ကို သူမမြင်သောအခါ အံ့ဩသွားသည်။
"လင်းရှန်”
လုဝမ်စုန့်သည် ထိုလူကို လေးနက်သော အမူအရာဖြင့် ကြည့်သည်။
မြောင်ယို၏တုံ့ပြန်မှုကို ကြည့်ပြီး ရုတ်တရက် ပေါ်လာတဲ့ ကျင့်ကြံသူသခင်က သူ့သူငယ်ချင်း ဖြစ်နေတာ သိလိုက်သည်။
လုဝမ်စုန့်က ချက်ချင်း ဆုံးဖြတ်ချက်ချပြီး မြောင်ယိုဆီကို ပြေးသွားသည်။ သူက မြောင်ယို အဲဒီလူမရောက်လာခင်မှာ တစ်ခုခုဖြစ်စေချင်မိသည်။
မြောင်ယိုသည် လုဝမ်စုန့်၏လှုပ်ရှားမှုများကို ချက်ချင်းသတိပြုမိပြီး သူမ၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။ သို့သော် သူမမှာ ခုခံရန် အင်အားမရှိတော့ပေ။ လုဝမ်စုန့်သည် သူမဆီသို့ အပြေးအလွှား ပြေးလာသည်ကို သူမ ကြည့်နေခဲသည်။
အရေးကြီးသောအခိုက်အတန့်တွင် မမြင်နိုင်သောစွမ်းအားတစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာပြီး လုဝမ်စုန့်အား ဖုံးအုပ်ထားကာ သူ့ကို နေရာမှာတွင် အေးခဲသွားစေခဲ့သည်။
"မရွေ့လျား စွမ်းအား”
လုဝမ်စုန့်၏ မျက်လုံးများသည် လှောင်ပြောင်သရော်မှုများဖြင့် တောက်ပလာသည်။
သူ၏ လှုပ်ရှားမှုများကို ကန့်သတ်ရန် ဤအဆင့်နိမ့် မှော်စွမ်းအားကို အသုံးပြုတာက သူ့ကို လျှော့တွက်ခြင်းပင်။
သူရုတ်တရက် ခွန်အားတွေ စိုက်ထုတ်လိုက်ပြီး ချည်နှောင်မှုကနေ လွတ်မြောက်ချင်လာသည်။
နတ်ဆိုး ကျင့်ကြံသူ၏ ခွန်အားသည် လူသားကျင့်ကြံသူထက် များစွာ ကြီးမားသည်။ အထူးနည်းစနစ်များကို ကျင့်ကြံထားသည့် နတ်ဆိုးကျင့်ကြံသူအချို့သည် ၎င်းတို့၏ ကာယခွန်အားတစ်ခုတည်းဖြင့် အထူးလက်နက်များကိုပင် ခုခံနိုင်ကြသည်။
လုဝမ်စုန့်သည် ထိုအဆင့်သို့ မရောက်သေးသော်လည်း သူ၏ ပြင်းထန်သော အင်အားဖြင့် မှော်လက်နက်များကို ခုခံနိုင်ဆဲဖြစ်သည်။
ထိုကဲ့သို့ အဆင့်နိမ့်သော မှော်စွမ်းအားကို သူ၏ ကာယခွန်အားဖြင့် ပြင်းပြင်းထန်ထန် ချိုးဖျက်နိုင်သည်ဟု သူ ခံစားမိသည်။
သို့သော်လည်း ဖြစ်ပျက်ခဲ့သည်မှာ သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။
သူသည် အမှန်တကယ်ပင် အဟန့်အတားများကို ဖြတ်ကျော်ရန် မအောင်မြင်ခဲ့ပေ။
လုဝမ်စုန့် အံ့သြသွားသည်။
သူ့အာရုံတွေ ပြန်ပေါ်လာပြီး ချည်နှောင်ထားသည့် မှော်စွမ်းအားတွေကို ချိုးဖျက်ဖို့ သူ့၏ဝိညာဉ်ရေးရာအနှစ်သာရကို စုစည်းလိုက်တဲ့အခါမှာတော့ ကျင့်ကြံသူသခင်က မြောင်ယိုအနားကို ရောက်နေချေပြီ။
"ကြည့်ရတာ အချိန်ကိုက်ရောက်လာပုံပဲ။"
လင်းရှန်က မြောင်ယိုကို ပြုံးပြလိုက်သည်။
သူ့လှောင်ပြောင်သံကိုကြားတော့ မြောင်ယိုက သူ့ကို စိုက်ကြည့်မနေဘဲ အတွင်းထဲမှာ သက်ပြင်းတစ်ချက်ချလိုက်သည်။
တစ်ဖက်တွင် လုဝမ်စုန့်သည် မျက်မှောင်ကြုတ်ကာ လင်းရှန်ကို စိုက်ကြည့်
ရင်း အံ့ဩမှုများအပြည့်နဲ့ပင်။
ဝိညာဉ်ပျိုးထောင်ခြင်းတတိယအဆင့်ရှိသည့် ကျင့်ကြံသူ သခင်များပင်လျှင် အဆင့်နိမ့်သောမှော်စွမ်းအားကိုမချိုးဖျက်နိုင်ဘဲ ၎င်းကို ချိုးဖျက်ရန် ဝိညာဉ်အနှစ်သာရကို အသုံးပြုခဲ့ရသည်။
အသက်နှစ်ဆယ်ကျော်အရွယ်ရှိပုံပေါက်သော ဤလူငယ်သည် ဝိညာဉ်ပျိုးထောင်ခြင်းစတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့် ကျင့်ကြံသူသခင်လား
ဤအတွေးဖြင့် လုဝမ်စုန့်နှလုံးသားသည် ခုန်ပေါက်သွားသည်။
မြောင်ယိုက ဒီလို အစွမ်းထက်တဲ့ ကျင့်ကြံသူသခင်ကို ဘယ်မှာ သိလာတာလဲ။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လုဝမ်စုန့်က ရုတ်တရက် လှောင်ပြောင်ပြီး " မြောင်ယို မင်းက နတ်ဆိုးတစ်ယောက်ဟာကို လူသားတစ်ယောက်နဲ့ အမှန်တကယ် ပတ်သက်နေတယ်”
မြောင်ယိုသည် လုဝမ်စုန့်ကို အေးစက်စွာကြည့်ကာ ဘာမှပြန်မပြောပေ။
သူမသည် ပတ်သတ်ရုံသာမကဘဲ လင်းရှန်နဲ့လည်း ဝိညာဉ်စာချုပ်ချုပ်ခဲ့သည်။ သူတို့ဆက်ဆံရေးက ရှုပ်ထွေးလွန်းပြီး ဒါဟာ ရှင်သန်ခြင်းနဲ့ သေခြင်း အတူတူ ဖြတ်သန်းခဲ့ရတဲ့ အမျိုးအစားပင်။
ဒါကိုတွေးရင်း မြောင်ယိုသည် သက်ပြင်းချကာ လင်းရှန်ကို မကျေမနပ် ငေးကြည့်နေရုံမှတစ်ပါး မတတ်နိုင်ပေ။
လင်းရှန်က မမြင်ချင်ယောင်ဆောင်လိုက်သည်။ သူသည် လုဝမ်စုန့်ကိုကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။ “ လူသားတွေက ကိုယ့်လူမျိုးထက် မနိမ့်ကျပါဘူး။ မင်းတို့နှစ်ယောက်လုံးက နတ်ဆိုးတွေဘဲ၊ ဒါပေမယ့် မင်းက မြောင်ယိုကို လိုက်ဖမ်းနေတာ၊ တခြားမျိုးနွယ်က ငါကတော့ သူ့ကို ကယ်တင်နေချိန်မှာလေ။ ဘယ်သူကောင်းလဲ ဘယ်သူဆိုးလဲ ရှင်းတယ်မဟုတ်လား”
ဒါကိုကြားတော့ လုဝမ်စုန့်အမူအရာက မည်းမှောင်သွားသည်။ သူက အေးစက်စွာနဲ့ "မင်းက လျှာအတော်ရှည်တာပဲ”
လင်းရှန်က လုံးဝ ဂရုမစိုက်ပေ။ သူက ပြုံးပြီးပြောသည် “စကားပြောတာ များလွန်းနေတယ်။ အဆုံးထိ တိုက်ပွဲဝင်ဖို့ ကျန်သေးတယ်။ ငါက ကျင့်ကြံသူသခင်ဆီ တက်လှမ်းပြီး ငါ့ခွန်အားကို စမ်းသပ်ဖို့ ပြိုင်ဘက်ကို ရှာနေတာ။ မင်းက အဲ့လူထင်တယ်”
မြောင်ယိုနဲ့ လုဝမ်စုန့်နှစ်ယောက်လုံး အံ့အားသင့်သွားသည်..