ငါအချိန်ကိုင်ရောက်လာတယ် (၃)
Vol. 20 Ch. 305
မြောင်ယိုက ဘာကိုဆိုလိုတယ်ဆိုတာ ရုတ်တရက် သဘောပေါက်သွားသည်။
လင်းရှန်က မကြာသေးမီကပဲ ကျင့်ကြံသူသခင်ဖြစ်လာခဲ့ပြီး သူ့၏ဝိညာဉ်ရေးရာ အနှစ်သာရကို ဒြပ်စင်ငါးခုအနှစ်သာရအဖြစ် လုံးလုံးမပြောင်းလဲနိုင်သေးပေ။ သူသည် သာမန် ကျင့်ကြံသူသခင်များထက်ပင် အားနည်းနေသေးသည်။ ထို့ကြောင့် လုဝမ်စုန့်ကဲ့သို့သော ဝိညာဉ်ပျိုးထောင်ရေး တတိယအဆင့်ကျင့်ကြံသူသခင်နှင့် မည်သို့ ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။
ယခုအခါ သူမသည် ဒဏ်ရာအပြင်းအထန်ရကာ တိုက်ခိုက်ရေးစွမ်းရည် ဆုံးရှုံးသွားသောကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် အစွမ်းကုန်ကြိုးစားခဲ့ရသည်။ လင်းရှန်ကို လုံးဝမကူညီနိုင်ခဲ့ပေ။
သူတို့ အန္တရာယ်မကင်းပေ။
တကယ်မှာတော့
လုဝမ်စုန့်သည် လင်းရှန်၏ စကားကြောင့် အံ့အားသင့်သွားသည်။ သတိပြန်ဝင်လာတော့ မြောင်ယိုကို ချက်ချင်းကြည့်လိုက်သည်။ သူမ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ဝမ်းသာပီတိဖြစ်ခဲ့ရသည်။
"မင်း သန်မာတယ်လို့ ငါထင်ခဲ့တာ။ မင်းကို ကျင့်ကြံသူ သခင်ဖြစ်လာတဲ့ ဂျူနီယာတစ်ယောက်ဖြစ်နေမယ်လို့ ငါမမျှော်လင့်ထားဘူး”
လုဝမ်စုန့်ကရယ်လိုက်ပြီး သူ့နှလုံးသားထဲက ကြောက်ရွံ့မှုတွေ ပျောက်ကွယ်သွားခဲ့သည်။
အခုမှဖြတ်ကျော်ထားသော ကျင့်ကြံသူသခင်သည် ကြောက်စရာမရှိပေ။
သူအရင်တုန်းက ဒီလောက်ကြောက်ဖို့ မလိုပေ။ အခုမှ သူစဉ်းစားကြည့်တော့ ဒါက မရွေ့လျားစွမ်းအား မဟုတ်တာ ဖြစ်နိုင်သည်။ ဓမ္မရတနာ သို့မဟုတ် အဆောင်အချို့ ဖြစ်နိုင်ချေ ပိုများသည်။
မဟုတ်ပါက ဝိညာဉ်ရေးရာအနှစ်သာရငါးခုကိုပင် မပြုစုရသေးသော ကျင့်ကြံသူခင်
အသစ်သည် ထိုမှော်စွမ်းအားဖြင့် သူ့ကို မည်သို့ဖမ်းဆီးနိုင်မည်နည်း။
ဒါကိုစဉ်းစားပြီးနောက် လုဝမ်စုန့်သည် လင်းရှန်ကို ပို၍အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
သူသည် ဝိညာဉ်ပျိုးထောင်ရေး တတိယအဆင့် ကျင့်ကြံသူ သခင်တစ်ဦးဖြစ်သော်လည်း ဂျူနီယာတစ်ဦး၏လှည့်စားတာ ခံရလုနီးပါးဖြစ်ခဲ့သည်။ ရှက်စရာကောင်းလေသည်။
"မင်းကိုသတ်ပြီးရင် မင်းရဲ့ ရှေးဦးမူလဝိဉာဉ်ကို ဆွဲထုတ်ပြီး ထောင်ပုတီးစေ့ထဲကို ထည့်လိုက်မယ်။ လူသားကျင့်ကြံသူရဲ့ ရှေးဦးဝိညာဉ်က တန်ဖိုးကြီးတဲ့ ရတနာလို့ ယူဆနိုင်တယ်”
အထူးသဖြင့် လူသားတို့၏ ရှေးဦးဝိညာဉ်များကို မရေမတွက်နိုင်သော နတ်ဆိုးများ၊ လမ်းစဉ်လွဲ ကျင့်ကြံသူ သခင်များနှင့် ဒိဌိဂိုဏ်းဝင် တပည့်များက ရှာဖွေခဲ့ကြသည်။
သို့သော် လူသားကျင့်ကြံသူ သခင်ကို သတ်ရန်မှာ ခက်ခဲပြီး ၎င်းတို့၏ မူလဝိဉာဉ်ကို ထုတ်ယူရန် ပို၍ပင် ခက်ခဲသည်။
လင်းရှန်ကဲ့သို့ ကျင့်ကြံသူ သခင်အသစ်နှင့် တွေ့ကြုံရသည်မှာ အလွန်ရှားသည်။
လုဝမ်စုန့်သည် လင်းရှန်၏ မူလဝိဉာဉ်ကို အသုံးချနိုင်မည် မဟုတ်သော်လည်း အကယ်၍ ၎င်းကို အခြားသောကျင့်ကြံသူသခင်များဆီမှာ အထူးလက်နက်ဖြင့် လဲလှယ်နိုင်မည်ဖြစ်သည်။
လုဝမ်စုန့်က စိတ်လှုပ်ရှားလာပြီး သူ့မျက်လုံးထဲမှာ သတ်ပစ်ချင်စိတ်က ပိုပိုပြီး ပြင်းထန်လာသည်။
သူက အေးစက်စွာ အော်လိုက်ပြီး အင်္ကျီလပ်ကို ဝှေ့ယမ်းလိုက်သည်။ အအေးဓာတ်မှ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လင်းရှန်ကို တိုက်ခိုက်လိုက်သည်။
စူးရှပြီး တိုတောင်းသည့် အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
လင်းရှန် အနီးကပ်ကြည့်လိုက်တော့ အအေးဓာတ်သည် အမှန်တကယ် တောက်ပနေသော ဓားတစ်လက်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သာမာန်ဓားရှည်များနှင့်မတူဘဲ ဤပျံသန်းနေသောဓားသည် လက်နှစ်ချောင်းခန့်ရှိပြီး အနံ ၃၀ စင်တီမီတာခန့်သာ ရှည်သည်။ ထုတ်လွှတ်သော စွမ်းအင်သည် ထက်မြက်ပြီး ပြင်းထန်သည်။
အဝေးကနေတောင် သူ့ဆီရောက်လာသည့် အအေးဓာတ်ကို ခံစားရသည်။
ပျံသန်းနေသော ဓားသည် အလွန်လျင်မြန်ပြီး သူ့ရှေ့ကို ချက်ချင်းရောက်လာသည်။
လင်းရှန်၏အမူအရာမှာ မပြောင်းလဲပေ။ သူ မျက်လုံးကို ဖွင့်ပြီး ပျံသန်းနေသောဓားကိုထိတွေ့ရန် ဝိညာဉ်ရေးရာအနှစ်သာရကို ပါးစပ်ထဲ မှ ထွေးထုတ်လိုက်သည်။
လုဝမ်စုန့်သည် ဝိညာဉ်အနှစ်သာရတွင် ဒြပ်စင်ငါးခု လုံးဝမပါဝင်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ ၎င်းသည် အမှန်ပင် မပြောင်းလဲရသေးသော ဝိညာဉ်အနှစ်သာရတစ်ခုဖြစ်သည်။
အစကတော့ နည်းနည်း မသေချာသေးပေ။ ဒါကိုမြင်လိုက်ရတော့ ချက်ခြင်းသက်သာရာရသွားသည်။ အောင်ပွဲခံတဲ့ အပြုံးတစ်ခု သူ့မျက်နှာမှာ ပေါ်လာသည်။
ဒြပ်မဲ့ ဝိညာဥ်အနှစ်သာရနှင့် ဒြပ်ငါးပါး ဝိညာဉ် အနှစ်သာရတို့အကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိခဲ့သည်။
အသွင်ပြောင်းခြင်းမရှိသည့် ဝိညာဉ်အနှစ်သာရသည် ဒြပ်ငါးပါးဝိညာဉ်
အနှစ်သာရ ထက်ဝက်မျှသာ အားကောင်းခဲ့သည်။
မြင့်မားသော ဝိညာဉ်မဏ္ဍိုင်သွေးကြောအဆင့်များရှိသော ကျင့်ကြံသူများသည် ပို၍အားကောင်းသော ဒြပ်မဲ့ဝိညာဥ်အနှစ်သာရများကို စုစည်းနိုင်ပေမည်။
ဥပမာ ပထမတန်းဝိညာဉ်မဏ္ဍိုင်သွေးကြောတစ်ခုမှ ပေါင်းစပ်ထားသော ဒြပ်မဲ့ဝိညာဥ်
အနှစ်သာရသည် ပဉ္စမတန်းဝိညာဉ်မဏ္ဍိုင်သွေးကြော၏ ဒြပ်ငါးပါးကဲ့သို့ အစွမ်းထက်သည်။
သို့သော် ဤလူငယ်တွင် ပထမတန်းဝိညာဉ်မဏ္ဍိုင်သွေးကြောရှိလျှင်ပင် လုဝမ်စုန့်တွင် တတိယတန်းဝိဝိညာဉ်မဏ္ဍိုင်သွေးကြောရှိသောကြောင့် ဘာမှပြောင်းလဲမည် မဟုတ်ပေ။
သူသည် တတိယအဆင့် ဝိညာဉ်ပျိုးထောင်ရေး အဆင့် ကျင့်ကြံသူ သခင်လည်း ဖြစ်သည်။
ပထမတန်း ဝိညာဥ်ဝိညာဉ်မဏ္ဍိုင်သွေးကြော၏ အနှစ်သာရမရှိသော ဝိညာဉ်
ရေးရာအနှစ်သာရကိုပင်လျှင် သူ၏ ဝိညာဉ်ရေးရာအနှစ်သာရက အနိုင်ယူနိုင်မည်မဟုတ်ပေ။
ဘယ်လိုပဲကြည့်ကြည့် ဒီလူငယ်က အောင်ပွဲခံဖို့ အခွင့်အလမ်းမရှိတော့ပေ။