← Chapters

ဝိညာဉ်အနှစ်သာရ လုံလောက်သည်  (၂)

Vol. 20 Ch. 307

ဝိညာဉ်အနှစ်သာရ လုံလောက်သည်  (၂)

Vol. 20 Ch. 307

ပုဆိန်ကို နှစ်ကြိမ်ဆက်တိုက်သုံးပြီးနောက် လုဝမ်စုန့်သည် သူ၏ရင်ဘတ်တွင် နာကျင်ကိုက်ခဲမှုကို ခံစားခဲ့ရသည်။ မီးလောင်မှုဒဏ်ကို ခံစားခဲ့ရကြောင်း သူသိသော်လည်း ယခုတော့ ဂရုမစိုက်နိုင်တော့ပေ။

ဒီလူငယ်ဟာ သူမျှော်လင့်ထားတာထက် အများကြီး ပိုစွမ်းဆောင်နိုင်ခဲ့သည်။ သူ အခု တစ်ခုခု မလုပ်ရင် သူကျရှုံးသွားနိုင်သည်။ 

ယခုအချိန်တွင်  လုဝမ်စုန့်သည် ယခင်ကကဲ့သို့ ယုံကြည်မှုမရှိတော့ပေ။ သူ့နှလုံးသားထဲတွင် ပြင်းထန်သော အကြောက်တရားနှင့် လေးနက်မှုသာ ရှိခဲ့သည်။

နက်မှောင်သော အနီရောင်ပုဆိန်ကို ရင်ဆိုင်ရာတွင် လင်းရှန်သည် ၎င်းကို ပုံမှန်အတိုင်း ဝိညာဉ်ရေးအနှစ်သာရဖြင့် ဆက်လက်ကိုင်တွယ်ခဲ့သည်။

ဝိညာဉ်ရေးရာအနှစ်သာရ စုစုပေါင်း ဆယ့်ရှစ်လုတ်ထွက်ပြီး အနက်ရောင်ပုဆိန်ကို ထိမှန်စေခဲ့သည်။ ဝိညာဉ်အနှစ်သာရက လျင်မြန်စွာ ကြေမွသွားသော်လည်း ပုဆိန်သည် ထက်ဝက်ကျော် ကျုံ့သွားသည်။

ကျန်အင်အားများသည် လင်းရှန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး ရွှေရောင်အလင်းတန်းများ တောက်ပလာကာ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တားဆီးထားသည်။

လုဝမ်စုန့်၏ မျက်လုံးထောင့်များသည် ပို၍ပင် မနာလိုဖြစ်လာသည်။

အခြားသော ကျင့်ကြံသူများသည် ဝိညာဉ်ရေးရာအနှစ်သာရနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်လုပ်ကြသော်လည်း ဤလူငယ်သည် သူ၏ပထမတန်းဝိညာဉ် မဏ္ဍိုင်သွေးကြောမှ ဝိညာဉ်အနှစ်သာရများစွာရှိသောကြောင့် နည်းစနစ်ပြောင်းလဲမှုများကို ဂရုမစိုက်ဘဲ တန်ပြန်တိုက်ခိုက်ရန်အတွက် ဝိညာဉ်ရေးရာအနှစ်သာရပမာဏကိုသာ အသုံးပြုခဲ့သည်။

ဒုတိယအတွေးအရ ဤလူငယ်သည် ယခုမှ ဖြတ်ကျော်ထားတာကြောင့် ဓမ္မကျင့်ကြံနည်းများကိုမဆိုထားနှင့်၊ ဒြပ်ငါးပါး အနှစ်သာရငါးပါးကိုပင် မပြောင်းလဲရသေးပေ ။ ဒါက သူ့အတွက် ပုံမှန်ပင်။

အနှစ်သာရဖြင့် ဓမ္မကျင့်ကြံနည်းကို မသုံးချင်ဟု ပြောမည့်အစား သူ မလုပ်နိုင်ဟု ပြောခြင်းသည် ပိုမှန်သည်။

ဒီလိုမှမဟုတ်ရင် လုဝမ်စုန့်က ဒီလူငယ်ကို အနိုင်ယူဖို့ သူ့အတွက် ပိုခက်ခဲမယ်ဆိုတာ သိသည်။

"ကံကောင်းထောက်မစွာ သူ့ဝိညာဉ်ရေးရာအနှစ်သာရက ကုန်ဆုံးလုနီးပါးဖြစ်နေပြီ”

လုဝမ်စုန့်က သေသေချာချာ တွက်ချက်သည်။ တိုက်ပွဲအစကတည်းက ဤလူငယ်

သည် ဝိညာဉ်ရေးရာအနှစ်သာရ အနည်းဆုံး သုံးဆယ့်ခြောက်ခုကို အသုံးပြုခဲ့သည်။

ပျံသန်းနေသောဓားကြောင့် ဝိညာဉ်အနှစ်သာရ ကိုးလုတ်၏ ထက်ဝက်ကျော်သည် ပျောက်ကွယ်သွားခဲ့သည်။

ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောမှ အနှစ်သာရ မည်မျှ ပေါင်းစည်းထားပါစေ၊ ၎င်းတို့အနက်မှ ၄၅ ခုထက် မပိုနိုင်ပေ။

ကျန်ရှိသော ဝိညာဉ်ရေးရာအနှစ်သာရ ကိုးခုသည် ကြောက်စရာမရှိပေ။

လုဝမ်စုန့်သည် သူ့ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်ရေးအနှစ်သာရ ဆယ့်နှစ်လုတ်သာ ကျန်နေသော်လည်း လင်းရှန်ကို ကိုင်တွယ်ရန် လုံလောက်သည်ဟု သူခံစားမိသည်။

ဒါကိုတွေးပြီး  လုဝမ်စုန့်စိတ်သက်သာရာရသွားပြီး သူ့မျက်နှာမှာ အေးစက်တဲ့အပြုံးတစ်ခု ပေါ်လာပြန်သည်။

ဘေးနားမှ မြောင်ယိုသည် တိုက်ပွဲတစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ပြီး သူတို့နှစ်ဦး၏ အခြေအနေကို နားလည်ခဲ့သည်။ မကြာခင်မှာပဲ သူမ ဒါကို သဘောပေါက်သွားပြီး သူမရဲ့ အမူအရာ ပြောင်းသွားသည်။

"ဟင်း လင်းရှန်ရဲ့ ဝိညာဉ်စွမ်းအင်တွေ ကုန်ဆုံးလုနီးပါးပဲ”

မြောင်ယိုက စိုးရိမ်နေခဲ့သည်။

လင်းရှန်သည် သူ၏ဝိညာဉ်ရေးရာအနှစ်သာရကို မပြောင်းလဲရသေးတဲ့အပြင် ကျင့်ကြံနည်းစနစ်ကို မကျင့်ကြံရသေးသောကြောင့် အားနည်းချက် ရှိသည်။  လုဝမ်စုန့်သည် ဝိညာဥ်အနှစ်သာရကို တစ်လုတ်သုံးလျှင်  လင်းရှန်သည် အနည်းဆုံး နှစ်ခုကို အသုံးပြုရလိမ့်မည်။

ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောတွင် ဝိညာဉ်ရေးရာအနှစ်သာရ မည်မျှပင်ရှိပါစေ၊ ၎င်းသည် ထိုအရှိန်ကို လိုက်မမှီနိုင်ပေ။

“ဘယ်လို ခုခံနိုင်မလဲဆိုတာ ကြည့်ရအောင်။ခွေးကောင် ၊ မင်းသေတော့မှာ”

သူ၏ ကျေနပ်စွာ ရယ်မောသံများကြားတွင်  လုဝမ်စုန့်သည် မသေနိုင်သော ဝိညာဉ်ရေးရာအနှစ်သာရကို ထပ်မံ ထွေးထုတ်လိုက်သည်။

ဒါကိုမြင်တဲ့အခါ  မြောင်ယိုက အော်ပြောနေပေမယ့်  လင်းရှန် အမူအရာက တည်ငြိမ်နေပြီး သရော်လှောင်ပြောင်မှုအရိပ်အမြွက်က သူ့မျက်လုံးတွေမှာ တောက်ပနေခဲ့သည်။

မြောင်ယို၏ အံ့အားသင့်နေသော အကြည့်အောက်တွင် သူသည် ဝိညာဉ်ရေးရာအနှစ်သာရ ငါးခုကို ဆက်တိုက်ထုတ်ကာ ဝင်လာသော ဝိညာဉ်ရေးရာအနှစ်သာရအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ဒါကိုမြင်တော့  လုဝမ်ဟုန့်က သရဲတစ္ဆေမြင်သလိုမျိုး မျက်လုံးကို ကျယ်ကျယ်ဖွင့်လိုက်သည်။

"ဘယ်လို... မင်း ဝိညာဉ်ရေးရာအနှစ်သာရ တွေ ဘယ်လိုတောင်ရှိနေသေးတာလဲ”

လင်းရှန် ထွေးထုတ်လိုက်သော ဝိညာဉ်ရေးရာအနှစ်သာရငါးပါးသည် မပျက်ဆီးဘဲ သန့်ရှင်းစင်ကြယ်ကြောင်း သူပြောနိုင်သည်။

ဒါပေမယ့် ဒါမဖြစ်သင့်ပေ။ ဝိညာဉ်အနှစ်သာရ လေးဆယ့်ငါးခုတို့သည် ပျက်သုန်းသွားတာ သို့မဟုတ် ကုန်ဆုံးသွားတာ ဖြစ်ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်ရေးရာအနှစ်သာရ မည်သို့ကျန်ရှိနေနိုင်မည်နည်း။

 လုဝမ်စုန့် အံ့ဩသွားသည်။

ရုတ်​တရက်​ပင်​ သူ့စိတ်​ထဲတွင်​ ထိတ်​လန့်​တုန်​လှုပ်​​နေသည့်​ အ​တွေးတစ်​ခု ​ပေါ်လာသည်​။

ထိူလူငယ်သည် ဝိညာဉ်ရေးရာအနှစ်သာရ ၄၅ လုတ်ထက်ပိုတာ ဖြစ်နိုင်လား။

လင်းရှန်သည် ဤအတွေးကြောင့် တုန်လှုပ်သွားသည်။ 

ဝိညာဉ်မဏ္ဍိုင်သွေးကြောအများဆုံးအရေအတွက်မှာ (၄၅)ခုဖြစ်သည်။ ၎င်းသည် ကျင့်ကြံသူအားလုံးမှ အသိအမှတ်ပြုထားသည့်အချက်ဖြစ်သည်။

ယခုအချိန်အထိ မည်သူမျှ ထိုထက်ပို၍  ဝိညာဉ်မဏ္ဍိုင်သွေးကြောများကို ပေါင်းစည်းထားခြင်း မရှိခဲ့ပေ။

“ဒါမှမဟုတ် သူက ဝိညာဉ်ရေးရာအနှစ်သာရကို မြန်မြန်ပြန်ရနိုင်တဲ့ နည်းတစ်မျိုးမျိုးကို ကျင့်ကြံနေတာ ဖြစ်နိုင်တယ်။ ဟုတ်တယ် ဒါပဲဖြစ်ရမယ်”

လုဝမ်စုန့်သည် ရှင်သန်ခြင်း၏ နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်လိုက်သလိုပင်။ သူ့အတွေးကို ထပ်ခါထပ်ခါ အတည်ပြုသည်။

ဒါပေမယ့် မြောင်ယိုက အဲလိုမထင်ပေ။

လင်းရှန်သည် ဖြတ်ကျော်တာ  နေ့တစ်ဝက်အောက်သာ ရှိသေးသည်။ သူ၏ဝိညာဉ်ရေးရာအနှစ်သာရကို လျင်မြန်စွာပြန်လည်ရရှိနိုင်မည့် ကျင့်ကြံနည်းစနစ်ကို သူ မည်သို့ ကျင့်ကြံနိုင်ခဲ့သနည်း။

သူလုပ်ခဲ့လျှင်ပင် အချိန်တိုတိုအတွင်း သူ၏ဝိညာဉ်ရေးရာအနှစ်သာရကို ပြန်လည်

ရရှိနိုင်မည်မဟုတ်ပေ။

ဆေးဝါးသောက်တာတောင်မှ သက်ရောက်မှုရှိမှာ မဟုတ်ပေ။

ဒီလိုမှမဟုတ်ရင် အဖြေက ရှင်းသည်။

လင်းရှန်ပုံဖော်ထားသောဝိညာဉ်မဏ္ဍိုင်သွေးကြောသည် အဆင့် ၁ အထက်ဖြစ်သည်။ ဒါဟာ မကြုံစဖူးအဆင့်ပင်။

ဒါကို တွေးပြီးတဲ့အခါ  မြောင်ယိုက အသက်ပြင်းပြင်းရှုလိုက်သည်။ လင်းရှန်ကို လှမ်းကြည့်လိုက်တော့ တုန်လှုပ်ချောက်ချားသွားသည် ။

လင်းရှန်သည် အဆင့် ၁ ထက်ကျော်လွန်သော ဝိညာဉ်မဏ္ဍိုင်သွေးကြောရှိလျှင် အနာဂတ်တွင် မည်သို့သော အောင်မြင်မှုများ ရရှိမည်ကို သူမ အမှန်တကယ် စိတ်ကူးမယဉ်နိုင်ပေ။

ခဏလောက်ကြာတော့  မြောင်ယိုသည် နေရာတွင်ပင် မတ်တပ်မရပ်နိုင်ဘဲ မျောပါသွားသလို ခံစားလိုက်ရသည်။

မြောင်ယိုနဲ့ လုဝမ်စုန့်တို့ ထိတ်လန့်နေချိန်တွင် လင်းရှန်သည် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိပေ။

ဝိညာဉ်ရေးရာအနှစ်သာရကို ချေမှုန်းပြီးနောက် သူသည် မည်သည့် ဓမ္မရတနာများ၊ ကိုယ်ခံပညာများ သို့မဟုတ် မှော်စွမ်းအားများကိုမျှ အသုံးမပြုခဲ့ပေ။ ယင်းအစား သူသည် လုဝမ်စုန့်ကို တိုက်ခိုက်ရန်အတွက် ဝိညာဉ်ရေးရာအနှစ်သာရကို ဆက်လက် ထွေးထုတ်ခဲ့သည်။

တကယ်တော့ တခြားဘာမှ သုံးစရာ မလိုပေ ။ လုဝမ်စုန့်ကို ချေမှုန်းရန် လုံလောက်သော ပမာဏထက်ပိုတဲ့ ဝိညာဉ်ရေးရာ အနှစ်သာရ၁၀၈ လုတ်ရှိသည်။

ဝိညာဉ်ရေးရာအနှစ်သာရက သူ့ဆီပြန်ဝင်လာတာကိုမြင်တော့ လုဝမ်စုန့် လန့်သွားသည်။ သူသည် အသံတိုးတိုးနဲ့အော်လိုက်ပြီး အင်္ကျီလက်မှ အဖြူအမှုန်များ လျှံထွက်ကာ ရွှေရောင်အလင်းတန်းများ ရောယှက်နေသည်။

ဤသည်မှာ လုဝမ်စုန့်၏ ဒုတိယနှင့် နောက်ဆုံးအထူး လက်နက်ဖြစ်ပြီး အနက်ရောင်လိပ် အနှစ်သာရဟု အမည်ပေးထားသည်။ အနှစ်တစ်ထောင် သက်တမ်းရှိ လိပ်အခွံ့နှင့် အနှစ်တစ်ထောင် သက်တမ်းရှိသော အနက်ရောင် သံများဖြင့် သန့်စင်ထားသည်။

၎င်းသည် မြူခိုးပုံစံရှိသော်လည်း အလွန်အစွမ်းထက်သော ခုခံနိုင်စွမ်းရှိသည်။

လုဝမ်စုန့်သည် သူ၏လက်ချောင်းများကို ပူးကပ်ကာ လက်ကိုပိတ်ဆို့ထားသည်။ ရွှေရောင်နဲ့အနီရောင် အလင်းတန်းများသည် မြူခိုးများထဲတွင် လင်းလက်လာပြီး လိပ်ခွံနှင့်တူသော အရိပ်တစ်ခု ပေါ်လာသည်။

တဟုန်ထိုး တက်လာသော ဝိညာဉ်ရေးရာ အနှစ်သာရက ၎င်းကို ထိမှန်ပြီး ခေါင်းလောင်းကို ရိုက်သော ကြေးတူသံကဲ့သို့ မြည်သွားသည်။ အနက်ရောင်လိပ် အနှစ်သာရသည် အနည်းငယ် တုန်ခါသွားပြီးနောက် ငြိမ်သက်သွားသည်။

လုဝမ်စုန့်က သက်ပြင်းတစ်ချက်ချလိုက်သည်။

သူ့တွင် ဝိညာဉ်ရေးရာ အနှစ်သာရ များများစားစား မကျန်တော့ပေ။ ၎င်းကို ထပ်မံအသုံးပြုပါက လင်းရှန်သည် သူ၏ဝိညာဉ်ရေးရာအနှစ်သာရဖြင့် ဖျက်ဆီးပစ်နိုင်သည်။

သူသည် ဝိညာဉ်ရေးရာအနှစ်သာရ မရှိတော့သည်နှင့် ရန်သူကို အသနားခံရလိမ့်မည်။

မိမိကိုယ်မိမိ ကာကွယ်ရန်အတွက် ဓမ္မရတနာကို ထိန်းချုပ်ရန် လုံလောက်သော ဝိညာဉ်အနှစ်သာရ ရှိခဲ့သည်။

“အခြေအနေက ငါ့အတွက် မကောင်းပါဘူး။ ဒီအချိန်မှာ ငါက အရင်ပြန်ဆုတ်ရင် ငါ့အသက်ကို ကယ်တင်လို့ရတယ်။  မြောင်ယိုက သူ့အကာအကွယ် အောက်မှာ။  ငါတစ်ယောက်တည်းက သူ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး ။ ငါပြန်သွားပြီး သခင်ကို အစီရင်ခံသင့်တယ်၊ ပြီးတော့ ဒီကောင်ကိုသတ်ဖို့ စစ်ကူခေါ်ရမယ်”

ဝိညာဉ်ပျိုးထောင်ခြင်းတတိယအဆင့် ကျင့်ကြံသူသခင်တစ်ယောက်ဖြစ်သော လုဝမ်စုန်အနေနဲ့ ကျင့်ကြံသူ သခင်အဖြစ်သို့ တက်လှမ်းခဲ့သော ဂျူနီယာတစ်ဦးထံမှ သနားစရာကောင်းသော အခြေအနေသို့ အတင်းအကျပ် တွန်းပို့ခံရသည့်အတွက် အလွန်ဒေါသထွက်ကာ အရှက်ရသွားခဲ့သည်။

သို့သော်လည်း အခြေအနေက သူ့အတွက် မကောင်းလှပေ။ သူက ဒီလူငယ်အတွက် ပြိုင်ဘက် မဟုတ်ပေ။ သူပြန်သွားကာ စစ်ကူယူရုံသာ တတ်နိုင်သည်။

"ငါတို့နောက်တစ်ကြိမ်တွေ့တဲ့အခါ  မင်းရဲ့ရှေးဦးဝိဉာဉ်ကို သေချာပေါက်ထုတ်ရလိမ့်

မယ်”

လုဝမ်စုန့်သည် လင်းရှန်ကို အေးစက်စွာကြည့်ကာ အနက်ရောင်လိပ် အနှစ်သာရကို အသုံးပြုပြီး ဆုတ်သွားချင်သည်။

မြောင်ယိုနဲ့ လုဝမ်စုန့်သည် အကြိမ်များစွာ တိုက်ခိုက်ဖူးသောကြောင့် သူမသည် နောက်ကွယ်မှလှည့်ကွက်များကို ရင်းနှီးခဲ့သည်။ လုဝမ်စုန့်က ထွက်ပြေးဖို့ လုပ်နေတာကို သူမချက်ချင်းမြင်ပြီး “သူ လွတ်မြောက်ချင်နေတာ။  သူ့ကိုတား”

လုဝမ်စုန်၏ နောက်ကွယ်က စွမ်းအားကို သူမ ကောင်းကောင်းသိသည်။ လုဝမ်စုန့်လွတ်မြောက်ပြီး စစ်ကူခေါ်ဖို့ ပြန်သွားတဲ့အခါ ဝိညာဉ် ပျိုးထောင်ခြင်း နှောင်းပိုင်းအဆင့်မှ ကျင့်ကြံသူ သခင်နဲ့ ရင်ဆိုင်ရနိုင်သည်။

လင်းရှန်သည် လုဝမ်စုန့်၏ အစီအစဉ်များကို အချိန်အတော်ကြာ မြင်ခဲ့ပြီး တည်ငြိမ်စွာ ပါးစပ်ကို ဖွင့်လိုက်သည်။

တခဏချင်းမှာပဲ ကောင်းကင်တစ်ခုလုံး စိမ်းစိုနေသည့် ဝိညာဉ်ရေးရာအနှစ်သာရ ဘောလုံး အလုံး ၂၀ ကျော် ပေါက်ထွက်လာသည်။

မြောင်ယိုက နေရာတွင် အေးခဲသွားသည်။

လုဝမ်စုန့်လည်း မှင်သက်သွားသည်။ သူ့ပါးစပ်က ကျယ်ကျယ်လောင်လောင်နဲ့ စကားမပြောနိုင်ပေ။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေသည်။

ဤလူငယ်သည် ဝိညာဉ်ရေးရာအနှစ်သာရ မည်မျှရှိသနည်း။

အိုးး

လုဝမ်စုန့်သည် ၎င်းကို အဖြေရှာမရမီတွင် ဝိညာဉ်ရေးရာအနှစ်သာရသည် ကောင်းကင်မှ ဥက္ကာပျံမိုးကဲ့သို့ ကျဆင်းသွားခဲ့ပြီဖြစ်သည်။

အနက်ရောင်လိပ် အနှစ်သာရသည် ဝိညာဉ်ရေးရာအနှစ်သာရတစ်လုတ်ကို အလွယ်တကူ တားဆီးနိုင်ပြီး ခုနစ်လုတ် သို့မဟုတ် ရှစ်လုတ်အထိ တားနိုင်သည်။ သို့သော် နှစ်ဆယ်ကျော်သည် ၎င်း၏ ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့သည်။

မြည်သံနှင့်အတူ လိပ်ခွံကွဲသွားကာ မြူများ ပျောက်ကွယ်သွားသည်။

လုဝမ်စုန့်က ငြီးတွားလိုက်ပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ သူနောက်တစ်ကြိမ် မျှော်ကြည့်လိုက်တော့ လင်းရှန်သည် သူ့နှင့် နှစ်မီတာအောက်သာ ကွာဝေးသည်ကို သိလိုက်ရသည်။

“ချမ်းသာပေးပါ…”

လုဝမ်စုန့်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ အသနားခံရန် ပါးစပ်ကိုဖွင့်ထားသော်လည်း သူပြောပြီးသည်နှင့် လင်းရှန်သည် သူ၏နဖူးကို လက်ညှိုးဖြင့် ထိုးချလိုက်ပြီဖြစ်သည်။ ဝိညာဉ်ရေးရာအနှစ်သာရက  လုဝမ်စုန့်ကို ချက်ချင်းသတ်ပစ်လိုက်သည်။ ။

ထို့နောက် ဝိညာဉ်ရေးရာအနှစ်သာရက လုဝမ်စုန့်၏ ရှေးဦးဝိဉာဉ်ကို နှိပ်စက်ခဲ့သည်။

ကျင့်ကြံသူသခင်အဆင့်တွင်  ရှေးဦးဝိဉာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားသော်လည်း အချိန်တိုအတွင်း ရှင်သန်နိုင်သည်။

နိမ့်ကျသော ကျင့်ကြံသူများ အနေဖြင့် ရုပ်ခန္ဓာ ကွယ်လွန်သည်နှင့် တပြိုင်နက် မူလဝိဥာဉ်သည် စက္ကန့်အနည်းငယ်အတွင်း ပျောက်ကွယ်သွားမည်ဖြစ်သည်။

ထို့အတွက်ကြောင့် တချို့တွင် ရှေးဦးဝိညာဉ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကျင့်ကြံသူ သခင်များကြားမှ လွတ်မြောက်ရန် ဆန်းကြယ်သော နည်းစနစ်များ ရှိခဲ့သည်။

ရှေးဦးဝိဉာဉ်ကို လူပြန်ဝင်စားဖို့ နည်းလမ်းတွေတောင် ရှိခဲ့သည်။

ထိုသို့သောနည်းလမ်းများသည် ဘေးထွက်ဆိုးကျိုးအမျိုးမျိုးရှိတတ်သော်လည်း ၎င်းတို့ကို ကျင့်သုံးကြသော ကျင့်ကြံသူများစွာ ရှိပါသေးသည်။

နောက်တစ်ခုက ဘယ်သူက တခြားဘဝနဲ့ မနေချင်မှာလဲ။

လုဝမ်စုန့် သေဆုံးသွားသောအခါ ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားပြန်သည်။

မြောင်ယိုသည် သူမရှေ့ရှိ နေရာလွတ်ကို ကြောင်တက်တက်ကြည့်နေသည်။ သူမ အိပ်မက်ထဲ ရောက်သွားသလို ခံစားလိုက်ရပြီး အချိန်အတော်ကြာအောင် သူ့အာရုံတွေ ပြန်မရတော့ချေ။

All Chapters