အစွမ်းထက်သောဓားပညာရှင်များ (၂)
Vol. 20 Ch. 309
ထိုအချိန်တွင် သူသည် ဓားပညာရှင်ဖြစ်လာရန်ပင် စိတ်ကူးရှိခဲ့သည်။
လင်းရှန်သည် ပျံသန်းနေသောဓားကို မှိန်းခနဲ စိုက်ကြည့်နေသည်ကို မြောင်ယိုက မြင်
သောအခါ သူမ မတတ်နိုင်ဘဲ “ဓားပညာရှင်ဖြစ်ချင်တာလား” ဟု စပ်စုမေးလိုက်သည်။
လင်းရှန်သည် သတိပြန်ဝင်လာကာ ပြုံးလိုက်သည်။ သူက ပေါ့ပေါ့ပါးပါးပြောသည်။ “ဓားပညာရှင်က အစွမ်းထက်တဲ့ တိုက်ခိုက်ရေး အစွမ်းရှိတယ်။ တစ်ယောက်ရှိရင်ကို သတင်းကောင်းပဲ မလား။”
ကျင့်ကြံသူများသည် ရန်သူများကို ကိုင်တွယ်ရန် မရေမတွက်နိုင်သော နည်းလမ်းများ ရှိသော်လည်း ဓားပညာရှင်များသည် တိုက်ပွဲတွင် အပြင်းထန်ဆုံးဖြစ်ကြောင်း လူတိုင်းသိကြသည်။
မြောင်ယိုက ခေါင်းညိတ်ပြီး “ဟုတ်တယ်။ ဓားပညာရှင် အများအပြားရှိပေမဲ့ အဆုံးမှာ သူတို့လိုချင်တဲ့အရာကို ရနိုင်သူ အနည်းငယ်ပဲ ရှိတယ်။”
"အဲတာ ဘာဖြစ်လို့လဲ?" လင်းရှန်သည် ချက်ချင်းပင် သိချင်လာသည်။
သူက အခုမှ ကျင့်ကြံသူသခင်တစ်ယောက်ဖြစ်လာပြီး အဲဒီအကြောင်းကို အများကြီး မသိသေးချေ။ အခု သူ့ဘေးမှာ ကျင့်ကြံသူသခင်တစ်ယောက်ရှိတော့ လမ်းညွှန်ချက်
တောင်းလို့ရသည်။
လင်းရှန်လို အစွမ်းထက်တဲ့ ကျွမ်းကျင်ပညာရှင်က မြောင်ယိုကို ဂရုမစိုက်တဲ့ပုံပေါက်ပေမဲ့ သူမကို လမ်းညွှန်ချက်တောင်းနေတာကို တွေ့လိုက်ရတော့ သူမ အရမ်းကျေနပ်သွားသည်။ သူမ ချက်ချင်း တိုးတိုးလေး ရှင်းပြသည်။
“ဓားပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင် အခြေအနေနှစ်ခုနဲ့ ကိုက်ညီရမယ်”
"အရင်ဆုံး ဓားဆေးပြားတစ်ခုရှိရမယ်”
ဓားဆေးပြား
လင်းရှန်သည် သူ့လက်ထဲက ပျံသန်းနေသော ဓားကို ကြည့်ရင်း အနည်းငယ် အံ့သြသွားသည်။
သူ့အကြည့်ကို သတိပြုမိတော့ မြောင်ယိုက ပြုံးပြီး ပြောသည် ။
“ဓားပညာရှင်တွေအကြောင်း သိပ်မသိတဲ့ အဆင့်နိမ့် ကျင့်ကြံသူ တော်တော်များများက ဓားပညာရှင်ရဲ့ လက်နက်တွေက ဓားပျံတွေလို့ ထင်ကြပေမယ့် တကယ်တမ်းကျတော့ မှားနေတာ”
“အတိအကျပြောရလျှင် ဓားပျံတွေက ဓမ္မရတနာ အမျိုးအစားတစ်ခုပဲ။ ဓားပျံကိုအသုံးပြုတာနဲ့ပဲ ဓားပညာရှင်လို့ မဆိုနိုင်ဘူး။ စစ်မှန်တဲ့ ဓားပညာရှင်ရဲ့ လက်နက်က ဓားဆေးတစ်လက်ပဲ”
မြောင်ယို၏ ရှင်းလင်းချက်အောက်တွင် လင်းရှန်သည် တဖြည်းဖြည်း နားလည်လာသည်။
၎င်းက ဓားဆေးလို့ ခေါ်တဲ့ သတ္တုမှ သန့်စင်ထားတဲ့ မှော်ရတနာတစ်ခုပင်။
ဓားတစ်ချောင်းတည်းက သိပ်ပြီး အဓိပ္ပါယ်မရှိပေ။ အပျော်တမ်းသမား တစ်ယောက်၏ လက်ထဲမှာ လွှတ်ထုတ်နိုင်တဲ့ စွမ်းအားက သာမန်ဓမ္မရတနာတွေထက်တောင် နိမ့်ကျသည်။
သို့သော် ဓားပညာရှင်တစ်ယောက်၏လက်ထဲတွင် ၎င်းသည် ရန်သူများကို မိုင်ထောင်ပေါင်းများစွာအကွာမှ သတ်နိုင်သည့် လက်နက်တစ်ခုဖြစ်သည်။
ဓားပညာရှင်တစ်ယောက်သည် ဓားဆေးပြားကို ရရှိပြီးနောက် ကျင့်ကြံမှုဖြင့် သူ့စိတ်နှင့် ပေါင်းစပ်နိုင်ခဲ့သည်။ ထို့နောက် သူ၏ဝိညာဉ်ရေးရာအနှစ်သာရကို ၎င်းထဲသို့ ထိုးသွင်းပြီး အဝေးကလူများကို သတ်ရန် အသုံးပြုနိုင်သည်။
အသုံးပြုသောအခါတွင် သွက်လက်ပြီး ခန့်မှန်းရခက်သည်။ ဓားပျံနဲ့ တိုက်ခိုက်သည့် ကျင့်ကြံသူသခင်ထက်ပင် ခုခံကာကွယ်ဖို့က ပိုခက်ခဲသည်။
တိုက်ခိုက်မှုတစ်ခုတည်းကို တားဆီးနိုင်သော်လည်း ၎င်းတို့သည် နောက်မှလိုက်လာသော အဆက်မပြတ်ပျံသန်းနေသော ဓားများကို မပိတ်ဆို့နိုင်ပေ။
ထို့အပြင် တိုက်ပွဲတွင် အခြေအနေဆိုးလာသည်နှင့်အမျှ ဓားပညာရှင်သည် ဓားအလင်းကို အသုံးပြု၍ ထွက်ပြေးနိုင်သည်။ ရန်သူ၏ ဓမ္မရတနာကို ဖယ်ရှားသောအခါ၊ လှည့်ပတ်ပြီး ဆက်လက်တိုက်ခိုက်နိုင်သည်။ တိုက်ပွဲများတွင် လွတ်လပ်စွာ တိုက်ခိုက်နိုင်ပြီး ဆုတ်ခွာနိုင်သည်။
ထို့အတွက်ကြောင့် ဓားပညာရှင်များသည် တိုက်ပွဲတွင် အခက်ခဲဆုံးနှင့် အရက်စက်ဆုံးသော တည်ရှိမှုအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
“ဓားဆေးကို ပြုပြင်ဖို့ မလွယ်ဘူး။ လက်နက်သန့်စင်ရေး ပညာရှင်တစ်ဦးကပဲ ၎င်းကို သန့်စင်နိုင်တာ။ ပါဝင်ပစ္စည်းတွေကလည်း ရှာရခက်တယ်။ သာမာန် ကျင့်ကြံသူသခင်တွေအတွက် သာမာန်ဓားဆေး တစ်ခုကို ရရှိဖို့ နေနေသာသာ ၊ သာမာန် ဓားရှည် တစ်ခုကို ရရှိဖို့တောင် မလွယ်ကူဘူး”
မြောင်ယိုက ဆက်ပြောသည် ။
"ဓားဆေးတစ်ခုတည်းနဲ့ ဓားပညာရှင်လမ်းကြောင်းပေါ်က ကျင့်ကြံသူ အများအပြားကို ရပ်တန့်စေနိုင်တယ်”
လင်းရှန်က "ဒုတိယ အခြေအနေက ဘာလဲ" ဟု မေးသောအခါ အတွေးနက်သွားသည်။
မြောင်ယိုက “လက်နက်တွေကို နည်းစနစ်မပါဘဲ မသုံးနိုင်တာ” ဟု ပြန်ဖြေသည်။ ဓားဆေးက လက်နက်တစ်ခုပဲ။ လက်နက်တစ်ခုဆိုတော့ဓားပျံနည်းစနစ်ဖြစ်တဲ့ ဓားဆေးပြားကို ထိန်းချုပ်ဖို့ လိုအပ်တယ်”
ထိုဓားပျံသည် ကောင်းကင်မှာ ပျံသန်းတဲ့ သာမန်ဓားတစ်လက်တော့ မဟုတ်ချေ။
“ကောင်းမွန်တဲ့ ဓားပျံနည်းစနစ်က ဓားပညာရှင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်အတွက် အလွန်အရေးကြီးတယ်”
“ကြယ်ဂိုဏ်းဆိုတဲ့ ဂိုဏ်းတစ်ခုကို ကြားဖူးတယ်။ အရှေ့တိုင်းမှာ အပြင်းထန်ဆုံး ဓားဂိုဏ်းလို့ ဆိုကြတယ်။ သူတို့တပည့်အားလုံးက ခြွင်းချက်မရှိ ဓားပညာရှင်တွေပဲ။ သူတို့က အနည်းငယ်ပဲ ရှိပေမဲ့တိုက်ခိုက်ရေးစွမ်းရည်က ပြိုင်ဘက်ကင်းပဲ။ အရှေ့ ကောင်းကင်
တိုက်ကြီးတစ်ခုလုံးက ဂိုဏ်းဂဏများစွာကတောင် သူတို့ကို နှိုးဆွဖို့ မဝံ့ရဲကြဘူး”
ထိုအချိန်တွင် မြောင်ယိုသည် လင်းရှန်ကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။
“နေကိုးစင်းဂိုဏ်းက ဓားပညာရှင်ဂိုဏ်းမဟုတ်ပေမဲ့ အရှေ့ပင်လယ်လမ်းကြောင်းမှာ ထင်ရှားတဲ့ ဓားပညာရှင်များစွာ ရှိပါတယ်။ မင်းရဲ့ဂိုဏ်းက အရမ်းကောင်းတဲ့ ဓားပျံနည်းစနစ်တွေ ရှိမယ်လို့ ငါယုံကြည်တယ်။”
လင်းရှန်သည် အနည်းငယ်ခေါင်းညိတ်ကာ နဂါးမြို့တော်သို့ပြန်ပြီးနောက် ဓားဆေးနှင့် ဓားပျံနည်းစနစ်ကို ရှာဖွေရန် နည်းလမ်းရှာရမည်။
ဓမ္မရတနာကို သိမ်းဆည်းပြီးနောက် လင်းရှန်သည် စာအုပ်များကို ပြန်ကြည့်သည်။
စုစုပေါင်း စာအုပ်သုံးအုပ်ရှိခဲ့သည်။ ၎င်းတို့မှာသတ္တုလက်စွဲ၊ ရွှေရောင်ဘီးလျှပ်စီးစာအုပ်နှင့် ငရဲ ယင်ရေတို့ဖြစ်သည်။
လင်းရှန်သည် သတ္တုလက်စွဲစာအုပ်ကိုဖွင့်ပြီး ခဏလောက်ဖတ်သည်။ ဤသည်မှာ လုဝမ်
စုန်အသုံးပြုသော ကျင့်ကြံနည်းစနစ်ဖြစ်သည်ကို သူ လျင်မြန်စွာ သဘောပေါက်လိုက်သည်။
ဤလက်စွဲစာအုပ်ကို ကျင့်ကြံခြင်းဖြင့် သတ္တုဝိညာဉ်ရေးရာအနှစ်သာရကို ပြောင်းလဲခဲ့သည်။
လင်းရှန်သည် လျှို့ဝှက်စာအုပ်ကို ပိတ်လိုက်ပြီး မှော်စွမ်းအားများနှင့် ဒြပ်စင်ငါးပါး အနှစ်သာရငါးခုအတွက် အကြံဉာဏ်တောင်းရန် မြောင်ယိုထံသို့ လှည့်ကြည့်လိုက်သည်။
မြောင်ယိုက စေ့စေ့စပ်စပ်ပြောသည် ။
"မဟာတာအိုယင်၊ ရန်နဲ့ ဒြပ်ငါးပါးကို ခွဲခြားမရဘူး။ ဝိညာဉ်ရေးရာအနှစ်သာရကို ပြောင်းလဲနိုင်တဲ့ ကျင့်ကြံနည်းစနစ်အားလုံးက အတူတူပဲ။ သတ္တု ၊ သစ်သား ၊ ရေ ၊ မီး ၊မြေဆိုပြီး ဂုဏ်တော်ငါးပါး ရှိတယ်။ ကျင့်ကြံနည်းစနစ်ပေါ်မူတည်ပြီး အရည်အသွေး ကွာခြားမှုများလည်း ရှိတယ်”
“သတ္တုနည်းစနစ်ကို ကျင့်ကြံသူတွေက သူတို့ဝိညာဉ်ရေးရာအနှစ်သာရကို သတ္တုအဖြစ်ကို ပြောင်းလဲပေးလိမ့်မယ်။ ဥပမာအားဖြင့် လုဝမ်စုန့်ရဲ့ သတ္တု ဝိညာဉ်ရေးရာအနှစ်သာရက သတ္တုဝိညာဉ်အနှစ်သာရ၊ ငါ့ရဲ့လေဝိညာဉ်
အနှစ်သာရက သစ်သားဝိညာဉ်ရေးရာအနှစ်သာရလေ”
လင်းရှန်သည် ဝူလောင်နဲ့ဝူကျီကို ရုတ်တရက် တွေးမိသည်။
ပထမတစ်ယောက်က ရေ၏ဝိညာဉ်ရေးရာအနှစ်သာရ ရှိခဲ့ပြီး နောက်တစ်ယောက်က သတ္တုဝိညာဉ်အနှစ်သာရရှိသည်။
ဒါကိုတွေးပြီး လင်းရှန်က “လူတစ်ယောက်မှာ အရည်အချင်းတစ်ခုပဲရှိတာလား” ဟု ထပ်မေးသည်။
“အဲဒါတော့ မဟုတ်ဘူး။ ဝိညာဥ်အနှစ်သာရကို နှစ်ခုဒါမှမဟုတ် သုံးခုလောက်အထိ ကျင့်ကြံနိုင်တယ်။ ဒါပေမဲ့ အတော်နည်းပါးပြီး ပိုလည်း အားကောင်းတယ်။ ဒါပေမဲ့ အဲ့လိုနည်းစနစ်ဝိညာဉ်မဏ္ဍိုင်သွေးကြော အရေအတွက် များများ လိုတတ်တယ်။ ပထမတန်း ဒါမှမဟုတ် ဒုတိယတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောရှိသူတွေပဲ ကျင့်ကြံနိုင်တာ”
ထိုအချိန်တွင် မြောင်ယိုသည် လင်းရှန်ကို မနာလိုစွာ ကြည့်နေရုံမှတစ်ပါး မတတ်နိုင်တော့ပေ။
သူမကဲ့သို့ တတိယတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောရှိသူသည် အခြေခံအားဖြင့် ဂုဏ်ရည်တစ်ခုတည်းကိုသာ ကျင့်ကြံရန် ရည်မှန်းထားသည်။
ဂုဏ်ရည်နှစ်ခု နည်းစနစ်အနည်းငယ်ရှိသော်လည် ၎င်းတို့သည် အလွန်နိမ့်ကျနေဆဲဖြစ်သည်။ ကျင့်ကြံထားသော ဝိညာဉ်ရေးရာအနှစ်သာရသည် တစ်ခုတည်းသော ဝိညာဉ်အနှစ်သာရကဲ့သို့ မသန့်ရှင်းပေ။ သူတို့ကို မကျင့်ကြံတာက ပိုကောင်းသည်။
ပထမတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြော ရှိသူများအနေဖြင့် ၎င်းတို့ အလိုရှိသရွေ့ ကမ္ဘာပေါ်ရှိ ကျင့်ကြံနည်းစနစ် ၉၉ ရာခိုင်နှုန်းကို ကျင့်ကြံနိုင်မည်ဖြစ်သည်။
ဝိညာဉ်မဏ္ဍိုင်သွေးကြော ပထမအဆင့် အထက်ရှိသော လင်းရှန်ကဲ့သို့ တစ်စုံတစ်ယောက်အတွက် မကျင့်ကြံနိုင်သော လောကီပညာရပ်တစ်ခုမှ မရှိနိုင်ပေ။
လင်းရှန်၏မေးခွန်းကို ရုတ်တရက်ကြားလိုက်သောအခါ မြောင်ယိုသည် အတွေးများသွားသည်။
“ဒြပ်စင်ငါးပါးစလုံးနဲ့ ကျင့်ကြံနည်းတွေ ရှိလား”
“အင်း…”
မြောင်ယိုက အံ့အားသင့်ပြီး တုံ့ဆိုင်းသွားသည်။
“ငါ တစ်ခါမှ မကြားဖူးဘူး။ဒါပေမဲ့ ကမ္ဘာပေါ်မှာ နည်းစနစ်များစွာ ရှိတယ်။ ငါသိတာတွေက အနည်းငယ်လောက်ပဲ။ တစ်ခုတော့ရှိမှာပါ ။ မင်းရဲ့ဂိုဏ်းမှာ ဒီလိုမျိုး တစ်ခုခုတော့ ရှိကောင်းရှိနိုင်တယ်။”
လင်းရှန်သည် အနည်းငယ် ခေါင်းညိတ်ပြကာ သူ့မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်နဲ့ တွေးလိုက်မိသည်။
သူ့တွင် ဝိညာဉ်မဏ္ဍိုင်သွေးကြော ၁၀၈ ခု ရှိပြီး ကမ္ဘာပေါ်ရှိ ကျင့်ကြံနည်းစနစ် အများစုကို ကျင့်ကြံနိုင်သည်။ အဲဒီအခါမှာ ကျင့်ကြံနည်းက ပိုအဆင့်မြင့်လေလေ၊ ပိုကောင်းလေပင်။
အသိစိတ်ပြန်ဝင်လာပြီးနောက် လင်းရှန်သည် သူ့လက်ထဲတွင်ရှိသော ရွှေဘီးလျှပ်စီးကြောင်းနှင့် ငရဲယင်ရေတို့ကို ကြည့်လိုက်သည်။
"ဒီလျှို့ဝှက်စာအုပ်နှစ်အုပ်ကို မင်းသိလား" လင်းရှန်သည် မြောင်ယိုကို တစ်ချက်ကြည့်လိုက်သည်။
မြောင်ယိုသည် သူမ၏ နှုတ်ခမ်းများကို စိကာ ခေါင်းညိတ်ပြရင်း သူမ၏ မျက်လုံးများက တုန်လှုပ်စွာ ကြည့်နေသည်။
"ဒါက ငါတို့ မျိုးနွယ်စုရဲ့ ကျင့်ကြံနည်းပဲ"
"မင်းအမျိုးနွယ်လား”
မြောင်ယိုက "ငါက နဂါးချောက်နက်တောင်တန်းရဲ့ လင်းယုန်မျိုးနွယ်က" အမှန်အတိုင်းမဖြေခင် ခဏလောက် တွန့်ဆုတ်နေခဲ့သည်။
လင်းရှန်အံ့သြသွားသည် ။
မြောင်ယိုသည် နတ်ဆိုးမျိုးနွယ်တစ်ခုမှဖြစ်ကြောင်း သူခန့်မှန်းထားသော်လည်း သူမအား အိမ်နီးချင်းဟောင်းတစ်ဦးဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော် လင်းယုန်မျိုးနွယ်၏ ကျင့်ကြံသူသခင်သည် အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာမည်နည်း။
လင်းရှန်၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် လင်းလက်လာပြီး " လုဝမ်စုန့်က လည်း လင်းယုန်မျိုးနွယ်ကလား”
မြောင်ယိုက သက်ပြင်းချလိုက်ပြီး ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါသည်။
လင်းရှန် ချက်ချင်း သဘောပေါက်သွားသည်။
သွေးထွက်သံယို အာဏာလွန်ဆွဲပွဲမှလွဲ၍ အချင်းချင်းသတ်ရန် အကြောင်းပြချက်မရှိပေ။
ပြောရလျှင် နေကိုးစင်းဂိုဏ်းအတွင်းမှ ဂိုဏ်းကွဲ ပဋိပက္ခနဲ့ အတော်လေး တူညီသည်။ လင်းယုန်အနွယ်အနေနဲ့ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရမည့်အဆင့်အထိ မရောက်သေးခြင်းပင်။
လင်းရှန်က ခေါင်းကို ခါယမ်းကာ ဆက်မမေးတော့ပေ။ ယင်းအစား သူသည် ရွှေဘီးလျှပ်စီးကြောင်းနှင့် ငရဲယင်ရေအကြောင်း မေးခဲ့သည်။
မြောင်ယိုက ဘာမှ ကွယ်ဝှက်မထားပေ ။ သူမပြောဘူးဆိုရင်တောင် လင်းရှန်အနေနဲ့သုတေသနလုပ်ဖို့ အချိန်ပိုပေးရရုံသာပင်။ သူကျင့်ကြံလိုပါက ကျင့်ကြံနိုင်သည်။
ထို့အပြင် လက်ရှိအခြေအနေတွင် သူမသည် မျိုးနွယ်စု၏ ကျင့်ကြံနည်းစနစ်ကို လျှို့ဝှက်ထားရန် ရည်ရွယ်ချက်မရှိတော့ပေ။
“ရွှေဘီးလျှပ်စီးနည်းစနစ်က ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတဲ့ နည်းစနစ်တစ်ခု။ ကျင့်ကြံဖို့အတွက် သတ္တုနဲ့ ရေ ဝိညာဉ်ရေးရာအနှစ်သာရ လိုအပ်တယ်။ သတ္တုနဲ့ ရေက နတ်ဘုရားအလင်းစွမ်းအားကို ဖန်တီးပေးပြီး ခန္ဓာကိုယ်ကို တောင်းတင်းလာစေတယ်။ အဲ့တာကို ကျင့်ကြံပြီးရင် ခန္ဓာကိုယ်က သံမဏိလို မာကျောတဲ့ အရာတစ်ခုတည်းအဖြစ် ပေါင်းစပ်သွားမှာ။ သာမာန် မှော်လက်နက်တွေက မင်းကို လုံးဝမထိခိုက်စေနိုင်ဘူး”
လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။
တကယ်တော့ ဒါဟာ ခန္ဓာကိုယ်မာကျောစေသည့် ကျင့်ကြံနည်းစနစ်တစ်ခုပင်။
အဲဒါက ပြီးပြည့်စုံသည်။
ကျင့်ကြံသူသခင်အဖြစ် တက်လှမ်းလာပြီးနောက် သူယခင်က ကျင့်ကြံခဲ့သော ကိုယ်ခံပညာနှင့် မှော်စွမ်းအားများသည် သူ၏ ခွန်အားတိုးလာမှုကို အမှီလိုက်နိုင်တော့မည်မဟုတ်ပေ။
ဒါကလည်း လင်းရှန်အနေနဲ့ လုဝမ်စုန့်နှင့် တိုက်ခိုက်စဉ်က အစမှအဆုံး ကိုယ်ခံပညာကို အသုံးမပြုခဲ့သော အကြောင်းရင်းတစ်ခုဖြစ်သည်။
စစ်မှန်သော ကိုယ်ခံပညာ နည်းစနစ်များကတော့ ကောင်းမွန်သည်။ ၎င်းတို့သည် ကျင့်ကြံသူ သခင်များအပေါ်တွင် သက်ရောက်မှုအချို့ ရှိနေဆဲဖြစ်သည်။
သို့သော် ဓားစွမ်းအင် ခုနစ်ခု အပါအဝင် မှော်စွမ်းအားများသည် မလုံလောက်တော့ပေ။
မှော်စွမ်းအားတွေက အရင်ကလောက် အစွမ်းမထက်ဘဲ တောက်ပသောဝင်ပေါက်အဆင့်အတွက်ပဲ ဖန်တီးထားတာပင်။ ၎င်းတို့ကို ဝိညာဉ်ရေးရာအနှစ်သာရဖြင့် အသုံးပြုနိုင်သော်လည်း ကုန်ဆုံးသွားသော ဝိညာဉ်ရေးရာအနှစ်သာရပမာဏသည် စွမ်းအားနှင့် အချိုးမကျလှပေ။
ဝိညာဉ်ရေးရာအနှစ်သာရကို ရန်သူဆီ တိုက်ရိုက်သုံးတာက ပိုကောင်းသည်။
ထို့ကြောင့် ဝိညာဉ်ရေးရာအနှစ်သာရကို ဒြပ်ငါးခုဝိညာဉ်ရေးရာအနှစ်သာရအဖြစ်ပြောင်းလဲရန် သင့်လျော်သောမှော်စွမ်းအားကိုရှာဖွေခြင်းအပြင် လင်းရှန် ယခုလုပ်ဆောင်ရန် အရေးတကြီးလိုအပ်သောအရာမှာ နည်းစနစ်အသစ်များကို ကျင့်ကြံရန်ဖြစ်သည်။