← Chapters

အာကာသသတ္တဝါ

Vol. 117 Ch. 4.1265

အာကာသသတ္တဝါ

Vol. 117 Ch. 4.1265

သေချာတာကတော့ ထိုကျင့်ကြံသူဟာ ပြတ်သွားတဲ့ ခန္ဓာကိုယ်ကို မယုံကြည်နိုင်စွာ ကြည့်ပြီးတော့ မျက်လုံးတွေ ပြူးကျယ်စွာနဲ့ သေဆုံးသွားခဲ့လေသည်။ သူ့ဝိညာဥ်က ငြိမ်သက်စွာ အနားမယူနိုင်မှာတော့ သေချာသည်။

သူ့ခြေ​ထောက်အောက်ရှိ အာကာသသားရဲသည် ကျယ်လောင်စွာ ဟောက်လိုက်သော်လည်း ၎င်းပါ ပျောက်ကွယ်သွားခဲ့သည်။ လုရွှမ် ကောင်းကင်ကို မော့ကြည့်လိုက်တော့ နီရဲနေတဲ့ နေလုံးကြီးက မိုးကုတ်စက်ဝိုင်းအောက်မှာ နစ်မြုပ်သွားပြီ ဆိုတာကို တွေ့လိုက်ရ၏။

ကံကောင်းထောက်မစွာနဲ့ ပြီးသွားပြီ။ ခဏတာသာ ကြာသွားခဲ့ရင် အရာအားလုံးက လုံးဝ ပြောင်းပြန် ဖြစ်သွားနိုင်သည်။

မြင်ကွင်းတချို့ မျက်လုံးတွေထဲကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အဝေးကို ပျံ့သွားသလိုပဲ။ လေပြေက သူ့မျက်နှာပေါ်သို့ မှုတ်ထုတ်လိုက်ရာ လုရွှမ် လူသတ်ရောင်ဝါကို မခံစားနိုင်တော့ဘဲ သွေးနံ့က ပို၍ ပေါ့ပါးသွားတာကိုသာ ခံစားလိုက်ရသည်။

ဘေးဥပဒ်ကြီးဟာ ကျော်လွှားဖို့ ခက်ခဲခဲ့ပါသည်။

လုရွှမ် ပြေးဆင်းလာတော့ ဟောက်ထျန်းက ထိတ်လန့်စွာ ကြည့်ရင်း လက်မောင်းကို ရိုက်လိုက်သည်။

"ဒါဆို မင်းက နတ်ခန္ဓာကိုယ်ပေါ့... ဟိုကောင်လေး ကျိုးယိ မင်းကို မကြိုက်တာ အံ့သြစရာ မရှိပါဘူး"

သူ၏ အပြုံးသည် အရေခြုံမှု အရိပ်အမြွက်မျှမရှိဘဲ ရိုးသားဖြူစင်သည်။ လုရွှမ်လည်း ဟောက်ထျန်း၏ လက်​​​မောင်းကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီး နှစ်ယောက်သား တစ်ပြိုင်တည်း ရယ်မောလိုက်ကြသည်။

ထိုအချိန်တွင် လူများစွာသည် အဝေးမှ ပျံဝဲလာကာ ခမ်ဟွေး၊ ကျိုးယိနဲ့ နတ်သမီးဖေးလော့တို့ ဖြစ်သည်။

သူတို့သုံးယောက်သည် လုရွှမ်ကို အံ့အားသင့်စွာ ကြည့်နေကြ၏။ လုရွှမ်ခန္ဓာကိုယ်မှ အလင်းရောင်ကို ယခင်က မမြင်လိုက်ကြသော်လည်း သူတို့ သုံးယောက်သည် နတ်ခန္ဓာ၏ ဖိအားကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ကြသည်။

ဟောက်ထျန်း၏ ပင်ပန်းနွမ်းနယ်ပြီး ဒဏ်ရာရနေသည့် အကြည့်ကို ကြည့်ရင် နတ်ခန္ဓာကိုယ်က ဘယ်သူလဲ ဆိုတာ သိသာထင်ရှားနေပြီ။

လုရွှမ်: "မင်းတို့ရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်... ကံကောင်းစွာနဲ့ပဲ အစ်ကိုဟောက်ထျန်းနဲ့ ငါ အဲဒီခွေး​ကောင်ကို အချိန်မီသတ်ပစ်လိုက်တယ်... ပြန်သွားကြရအောင်"

ဟောက်ထျန်း: "ဒါတင်မကဘူး...အဲဒီလူယုတ်မာရဲ့ အသွင်အပြင်ကို မှတ်ထားကြပါ... ပြီးသွားရင် ထွက်မလာမချင်း စောင့်... အဲဒီ ထန်းယိသန့်ရှင်းတဲ့နယ်မြေကို သွားပြီး အဲဒီလူယုတ်မာကို တွေ့ရင် သူ့ကို အရှင်လတ်လတ် ရိုက်နှက်ပြီး မသေမချင်း ခုတ်သတ်ရမယ်!"

ဖေးလော့: "ဘာဖြစ်နေတာလဲ?"

ဟောက်ထျန်းက အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြောပြပြီး အာကာသသားရဲနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကောင်လေးအကြောင်း ကြားတော့ သူတို့ သုံးယောက်ရဲ့ မျက်နှာအရောင်လည်း ရုတ်တရက် အရောင်ပြောင်းသွားပါတယ်။ ထိုလူယုတ်မာကြောင့် သူတို့၏ ကြိုးစားအားထုတ်မှု အားလုံး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။

"အများကြီး မပြောနဲ့တော့... မြေမီးရှိတဲ့ နေရာကို သွားကြရအောင်... ကျိုးယန်နဲ့ ဟွေ့လင်က ငါတို့ကို စောင့်နေတုန်းပဲ"

ကျိိုးယိ: "ယန်အာနဲ့ ဟွေ့လင် အသက်ရှင်နေသေးတာလား?"

ကောင်မလေး နှစ်ယောက်ရဲ့ အရည်အချင်းတွေက အရမ်းအားကောင်းပေမယ့် သူတို့ရဲ့ ခွန်အားက နည်းနည်း နောက်ကျနေပါသေးသည်။ ထုံးစံအတိုင်း ကျိုးယိနဲ့ ခမ်ဟွေးတို့သည် သူမနှစ်ယောက် အာကာသသားရဲကို တိုက်ခိုက်နိုင်စွမ်း ရှိသည်ကို မယုံနိုင်ပေ။

ဖေးလော့: "သူတို့ကို ကယ်ခဲ့တဲ့လူက လုရွှမ်ပဲ ဖြစ်မယ်...."

ထိုနတ်သမီး​တွေရဲ့ အစွမ်းသတ္တိကို သူမ သိပါသည်။ နတ်သမီးယောင်ကျားတောင် အာကာသသားရဲနှင့် တိုက်ပွဲတွင် သေဆုံးသွားခဲ့တယ် မဟုတ်ပါလား။

နှစ်ယောက်သား ခေါင်းညိတ်ပြလိုက်သည်။ အမှန်ပင် လုရွှမ်ပဲ ဖြစ်မည်။ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တော့ နှစ်ယောက်စလုံး၏ မျက်လုံးများထဲတွင် လုရွှမ်အပေါ် ကြောက်ရွံ့မှု အရိပ်အယောင်ကို တွေ့လိုက်ရသည်။

လုရွှမ် အာကာသသားရဲ တစ်ကောင်ကို သတ်နိုင်ခဲ့လျှင် ၎င်းတို့နှစ်ဦးသည် သဘာဝအတိုင်း သံသယမရှိသော်လည်း အခြားအာကာသသားရဲနှစ်ကောင်ကိုပါ သတ်နိုင်ခဲ့ပြီမလို့ ယင်းစွမ်းအားသည် ၎င်းတို့ထက် မနိမ့်တော့ပေ။

လုရွှမ်ဟာ နတ်မီးနယ်ပယ်၏ တတိယအဆင့်တွင်သာ ရှိနေသော်လည်း ဤနယ်ပယ်သည် ၎င်းတို့အနားကို နီးကပ်နေပြီဖြစ်သည်။ လုရွှမ်သာ သူ၏ ခွန်အားကို မြှင့်တင်မည်ဆိုပါက တွေးကြည့်၍ မရနိုင်ပေ။

"သွားကြရအောင်"

လူငါးယောက်တစ်ဖွဲ့သည် လက်နက်သန့်စင်ရေး တောင်ကြားသို့ ပြန်လာပြီး ကျိုးယိနဲ့ ခမ်ဟွေးလည်း ညီမနှစ်ယောက် ဘေးကင်း​နေတာကို တွေ့လိုက်ရသည်။ သို့သော် လေထုက ရုတ်တရက် အဆင်မပြေ ဖြစ်လာသည်။

နတ်သမီးဖေးလော့က ချောင်းဆိုးပြီး ကျိုးယန်နဲ့ ဟွေ့လင် ဘေးတွင် ထိုင်လိုက်သည်။

"ငါတို့ ဒီအဆင့်ကို ကျော်သွားပြီ... နောက်မှာ ဘာအန္တရာယ်တွေ ရှိလာမှာလဲ မသိဘူး"

အနည်းဆုံးတော့ အခုချိန်ထိ သူတို့ဟာ လုံခြုံမှုနဲ့ ဝေးနေသေးသလို အပြင်ထွက်ဖို့ ဘယ်လောက်ဝေးလဲလည်း မသိရသေး။ လုရွှမ်က ညကောင်းကင်ကို မော့ကြည့်ကာ ကောင်းကင်ပေါ်က ကြယ်တွေကို ကြည့်ပြီး တဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

"ငါလည်း မသိဘူး... ယုတ္တိနည်းအရပြောရရင် နတ်နဂါးမိသားစုက ငါတို့ကို သဲလွန်စတွေ ချန်ထားခဲ့သင့်ပေမယ့် အခုအချိန်မှာ..."

လုရွှမ် စကားမဆုံးခင်မှာပဲ လေပြင်းတွေက ရုတ်တရက် ဟောက်ပြီး သူတို့ပတ်ဝန်းကျင်ကို ကွဲကြေသွားပုံရပြီး အနက်ရောင် လေတွေ ရိုက်ခတ်သွားလေသည်။

ဟွေ့လင် အော်ဟစ်လိုက်ပြီး သူမရဲ့ ခန္ဓာကိုယ်က လွင့်ထွက်သွားသည်။ နတ်သမီးဖေးလော့က သူမဘေးမှာ ထိုင်နေသူမို့ သူမကို နောက်ပြန် ဆွဲထုတ်လိုက်ပေမယ့် သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ သူတို့ကိုယ်သူတို့ မထိန်းနိုင်ဘဲ လေထဲမှာ လွင့်ထွက်သွားပါ၏။

လုရွှမ်၏ မျက်လုံးများသည် အလင်းရောင်ဖြင့် ဖျတ်ခနဲ လင်းလာပြီး သူ့ခန္ဓာကိုယ်သည်လည်း အနည်းငယ် တုန်လှုပ်သွားသည်။ အမျိုးသမီး သုံးဦးရှေ့တွင် လေထုက အက်ကွဲသွား၏။ လေပြင်းတိုက်ခတ်မှုကြောင့် မည်သူမျှ မမြင်လိုက်ရပေ။

"သူတို့ကို မြန်မြန်ကိုင်ထား... မင်းတို့ရှေ့မှာ အက်ကွဲနေတဲ့ နေရာတစ်ခုရှိတယ် မင်း လေလွင့်သွားရင် သေမှာ သေချာတယ်"

လုရွှမ် ပြောပြီးတာနဲ့ မိန်းကလေး နှစ်ယောက်ရဲ့ ခန္ဓာကိုယ်က ရှေ့ကို ဆက်လွင့်သွားပြီး ကျိုးယန်လည်း သူမတို့နှစ်ယောက်ကို အလျင်အမြန် လှမ်းဆုပ်ကိုင်လိုက်သည်။ ဒါပေမဲ့လည်း သူမဟာ အားနည်းနေတာကြောင့် အကြာကြီး မထိန်းနိုင်ခဲ့ပါဘူး။

သို့သော် လူအနည်းငယ်က မလှုပ်ကြချေ။ လုရွှမ်သည်လည်း လူတိုင်းကို စိုက်ကြည့်နေသည်။ မထင်မှတ်ဘဲ လူတိုင်း ဤပြဿနာကို ကြုံတွေ့​​နေခဲ့ရပြီး ဟောက်ထျန်း၏ ရှေ့နှင့်ဘေးတွင် နေရာလွတ်နှစ်ခု ကွဲအက်သွားသည်။

လူတွေက သူ့ကို ကယ်တင်ချင်ပေမယ့် မလုပ်နိုင်ဘူး။

ကျိုးယိနဲ့ ခမ်ဟွေးတို့၏ အခြေအနေက ပိုကောင်းလာသော်လည်း သူတို့ရှေ့တွင် အက်ကြောင်းများ ရှိနေသည်။ သူတို့နှစ်ယောက်လုံး အဲဒါကို မမြင်နိုင်ပေမယ့် သူတို့ရဲ့ ဝိညာဉ်အသိ အာရုံတွေနဲ့ ရှင်းရှင်းလင်းလင်း ခံစားနိုင်ကြပါ၏။

နှစ်ယောက်သား ကမူးရှူးထိုး မလုပ်ဝံ့ကြပေ။

လုရွှမ် အနီးတစ်ဝိုက်တွင်လည်း အာကာသအက်ကြောင်းများ ရှ်သည်။ ခြားနားချက်မှာ သူသည် ဤအက်ကွဲကြောင်းများကို မြင်နိုင်ပြီး အနည်းဆုံး တွန့်ဆုတ်စွာ ရွေ့သွားနိုင်သည်။

"မင်းတို့သုံးယောက် ကိုင်ထား" လုရွှမ် လှမ်းအော်သည်။

ကျိုးယန်၏ ဆွဲထုတ်မှုကြောင့် နတ်သမီးဖေးလော့နဲ့ ဟွေ့လင်တို့ လွင့်ပျံလာခဲ့ပြီး သူမ၏ခန္ဓာကိုယ်သည်တော့ ၎င်းတို့ကို တဖြည်းဖြည်း ထောက်ပံ့နိုင်စွမ်း မရှိတော့ပေ။

"လွှတ်လိုက်ပါ... အားလုံးကို မပင်ပန်းစေချင်ဘူး"

ဟွေ့လင်ကလည်း ပြန်၍ လှမ်းအော်သည်။

"အရှုံးမပေးနဲ့... ငါတို့နင့်ကို ကယ်မယ်"

ဖေးလော့က အော်ပြောသည်။ သူမသည် ယောင်ကျား အာကာသသားရဲရဲ့ အသတ်ခံရတာကို ကြည့်​နေခဲ့ရပြီးပြီမလို့ သူ့သူငယ်ချင်းကို နောက်ထပ် ဘယ်တော့မှ အသတ်မခံ​စေရတော့ဘူးလို့ စိတ်ထဲကနေ ကျိန်ဆိုလိုက်ပါသည်။

လုရွှမ်၏ မျက်လုံးများဟာ ကောင်းကင်မီးဖြင့် တောက်ပလာပြီး ခြေလှမ်း လှမ်းလာခဲ့သည်။ နောက်ဆုံးတော့ သူတို့သုံးယောက် ပျံတက်ခါနီးမှာပဲ လုရွှမ် ကျိုးယန်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို အတင်းဆွဲထုတ်လိုက်သည်။

သူ့မျက်လုံးများထဲတွင် မီးတောက်များ တောက်လောင်လာပြီး မြေကြီးပေါ်တွင် လမ်းကြောင်း တစ်ခုကို ဆွဲကာ ပြောလိုက်သည်။

"ဒီလမ်းကို သွား"

မိန်းကလေး သုံးယောက်လည်း လျင်မြန်စွာ ဂရုတစိုက်နှင့် ရှောင်ထွက်သွားကြကာ လုရွှမ်လည်း အက်ကြောင်းတွေကြားက ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ ထို့နောက် သူက ဟောက်ထျန်းတို့ သုံးယောက်ကို အာကာသ အက်ကြောင်းများကြား ဖြည်းဖြည်းချင်း ရှောင်ရှား​စေကာ ဘေးကင်းသော နေရာသို့ ရောက်ရှိရန် လမ်းညွှန်​ပေးခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ... အာကာသသားရဲတွေနဲ့ တခြားသူတွေရဲ့ တိုက်ပွဲတွေကြောင့် ပတ်ဝန်းကျင်က ပျက်စီးသွားတာလား"

မဟုတ်ဘူး!

လုရွှမ် ရုတ်​တရက်​​ လှည့်အော်​လိုက်​သည်​။

"​ဒီကပ်ဘေးကို ငါတို့ မကျော်လွှားနိုင်သေးဘူး... ဟုတ်​တယ်​ မင်း​တို့လေကို သည်းမခံနိုင်​​တော့ဘဲ လွင့်​​နေတယ်​ဆိုရင်​ မင်းတို့​သေဖို့ ထိုက်​တန်​သွားပြီ... ဘာလို့လဲဆိုတော့ တစ်​ခုခုက လာနေပြီမလို့ပဲ..."

သူတို့အားလုံး တခဏအတွင်း ဘာတွေ တွေးခဲ့ကြသလဲ။ အာကာသ အက်ကြောင်းများကို ထိတ်လန့်စွာ ကြည့်ရင်း လုရွှမ်၏ တောက်ပနေသော နတ်မျက်လုံးများ အောက်တွင် လူတိုင်းသည် အာကာသအက်ကြောင်းများကို တစ်ခုပြီးတစ်ခု ပြတ်ပြတ်သားသား မြင်လာနိုင်သည်။

ထိုအခိုက် အလွန်ကြီးမားသော ခြေဖဝါးကြီးက အတွင်းမှ တွားသွား ထွက်​​ပေါ်​လာ​တော့သည်။

All Chapters