← Chapters

နေနဲ့လက တညီတညွတ်တည်း ထွန်းလင်းနေပြီ

Vol. 117 Ch. 4.1266

နေနဲ့လက တညီတညွတ်တည်း ထွန်းလင်းနေပြီ

Vol. 117 Ch. 4.1266

"ဘယ်သူ့ ခြေထောက်ကြီးလဲ"

ဟွေ့လင် ကြောက်လန့်တကြားနဲ့ ထအော်လိုက်သည်။ ထိုခြေဖဝါးသည် ရှည်လျားသော အင်းဆက်ပိုးကောင်၏ ခြေဖဝါးနှင့်တူသည်။ ထိပ်ဖျားက ရှည်လျားပြီး သတ္တုရောင်လို တောက်ပြောင်မှုက ထင်ဟပ်စေသည်။

အက်ကြောင်းထဲက သေးငယ်သော အမှုန်အမွှားအလွှာများသည် ထိုအရွယ်အစား ကြီးသော ခြေဖဝါးများနှင့် ဆက်စပ်နေပြီး အဖုသေးသေးလေးများသည် သံမဏိဆူးများကဲ့သို့ ရှည်လျား​​ပေသည်။

ရှည်လျားသော ခြေတံများကို ဆန့်ထုတ်ပစ်လိုက်သည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်ခံရသူဟာ မသေလျှင်ပင် ဤအချွန်များဖြင့် အရှင်လတ်လတ် အထိုးခံရမည်ကို စိတ်ကူး​ကြည့်နိုင်သည်။

လုရွှမ် နောက်ကျောက ချင်ထျန်းဓားဖြင့် ယွမ်ယန်ဓားကိုးစင်း၏ စတုတ္ထဓားကို ခုတ်ထစ်လိုက်သည်။ ဓားစွမ်းအင်က ရှည်လျားသော ခြေဖဝါးကို ထိမှန်သွားသော်လည်း ခြေဖဝါးကြီးက လုံးဝ မလှုပ်ရှားသွားပေ။

ကျိုးယိ: "ငါတို့ ဒီလိုအာကာသသားရဲရဲ့ ဗိုက်ထဲကို ဝင်သွားလို့ မဖြစ်ဘူး... မဟုတ်ရင် ကျိန်းသေပေါက် သေလိမ့်မယ်"

လုရွှမ်ရဲ့ဓားဟာ ဘယ်လောက်တောင် အစွမ်းထက်တယ် ဆိုတာကို သူ့မျက်လုံးထဲမှာ မြင်လိုက်ရပြီးပါပြီ။ အခုဓားချက်နဲ့ဆို အာကာသသားရဲက ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ ဆိုလိုပေသည်။

အလျင်စလို ဝင်သွားလိုက်ရင် သူတို့ရဲ့ ခွန်အားကို အခြေခံပြီး ခံနိုင်ရည်ရှိမှာ မဟုတ်သလို အပြင်ထွက်လာပါကလည်း သူတို့ သေရမှာ သေချာပါ၏။ လူခြောက်ယောက် တညီတညွတ်တည်း ခေါင်းတညိတ်ညိတ် လုပ်နေသည်။ ကျိုးယိပြောတာက အမှန်ပင်။

လူခုနစ်ယောက် စကားပြောနေကြစဉ် ခြေဖဝါးကြီးက သူတို့ဆီသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများကို တဖြည်းဖြည်း ထုတ်ဖော်ပြသလာသည်။ ၎င်းဆီက အေးစက်သော သတ္တုအလင်းရောင်တို့ လင်းလက်လာသည်။ တစ်ချက်ကြည့်လိုက်လျှင် ၎င်းကိုယ်ပေါ်ရှိ အရာများသည် မြေကမ္ဘာနဲ့ မသက်ဆိုင်နိုင်သည်မှာ သေချာပါ၏။

ထူထဲ အေးစက်သော လေက တဖြည်းဖြည်း ပြန့်ကျဲသွားပြီး ကမ္ဘာတစ်ခုလုံးလည်း နားမလည်နိုင်သော အအေးဓာတ်များဖြင့် ပြည့်နှက်လာလေသည်။

အအေးဓာတ်က မိမိကိုယ်ပိုင် ဝိညာဉ်ဆီကနေ ထွက်လာသလိုပါပဲ။ ခံစားချက်က ဝိညာဉ်ကိုတောင် အေးခဲသွားတော့မတတ်။ လူတိုင်း တုန်လှုပ်ခြောက်ခြား၍ အလျင်အမြန် အပူဓာတ်ရအောင် လုပ်ကြသည်။ ၌အအေးဓာတ်ကို အနည်းငယ်မျှ ခံနိုင်ရည်မရှိပေ။

ကျိုးယန်နဲ့ ဟွေ့လင်တို့ အနည်းငယ် အားပျော့သွားသည်။ လုရွှမ် နှင့် တခြားသူများက ခုခံနိုင်စွမ်း မရှိသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်များမှာ တုန်တုန်ယင်ယင် ဖြစ်လာကာ လဲကျလုနီးပါး ဖြစ်လာသည်။ အသက်ရှူသံများမှာလည်း မတည်ငြိမ်တော့ချေ။

လုရွှမ် မီးလုံးတစ်လုံးကို လျင်မြန်စွာ ပစ်လွှတ်လိုက်သည်။ ဖီးနစ်နတ်မီးက မိန်းကလေး နှစ်ဦးကို ဝိုင်းရံလိုက်သည်။ ဖီးနစ်မီး၏ မီးတောက်များက ပူပြင်းပြီး ၎င်း၏အဆင့်ဖြင့် ဤအေးခဲမှုကို ခဏတာခံနိုင်ရည်ရှိလို့ ပြဿနာ မရှိလောက်ပေ။

"မင်းတို့ မြန်မြန် ထွက်သွားကြ!"

လုရွှမ် ဆိုရင်း မီးတောက်တစ်ခုကို ထပ်မံ ပစ်ခတ်လိုက်ပေမယ့် စိတ်ဝိညာဥ် မီးတောက်ဖြစ်သွားပြီ။ ဖီးနစ်နတ်မီးသည် အမှန်တကယ်ပင် အစွမ်းထက်သော မီးလျှံ ဖြစ်သော်လည်း စိတ်ဝိညာဥ်မီးတောက်လောက် မကောင်းပါ။

"သူတို့နှစ်ယောက်နောက်ကို လိုက်...သူတို့ကို ကာကွယ်ပေး!"

ဖီးနစ်နတ်မီးသည် အအေးဒဏ်ကို ခံနိုင်ရည်ရှိသော မီးတောက်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ လုရွှမ်ကို ခေါင်းညိတ်ပြပြီးနောက် တစ်ယောက်ကို တစ်ယောက် ဖေးမပြီး အမြန်ထွက်ခွာသွားကြသည်။

"လုရွှမ် မင်းသူတို့ကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက် မရှိဘူးလား"

ဟောက်ထျန်းက မိန်းကလေး နှစ်ယောက် အဝေးကို ထွက်သွားပြီးတဲ့နောက် လေကို ရှူရှိုက်ရင်း ပြုံးပြလိုက်သည်။ ကျိုးယိနဲ့ ခမ်ဟွေးတို့ ချက်ချင်း မကျေမနပ်ဖြစ်ကာ လှည့်ကြည့်လိုက်သည်။

လုရွှမ်ရ ရယ်ရင်း "သူမတို့ကို ငါ့ညီမလေးတွေလို ဆက်ဆံတယ်... သူတို့က ငါ့ညီမ အရင်းတွေလိုပါပဲ"

ဟောက်ထျန်း: "မှန်တယ်... သူတို့ရဲ့ အကိုကြီးနဲ့ ဆရာတူအစ်ကိုက မျှော်မှန်းချက်အတိုင်း မလိုက်ဘဲ မင်းကိုပဲ နှောင့်ယှက်နေ​ကြတာ"

ကျိုးယိနဲ့ ခမ်ဟွေးတို့ နှစ်ဦးစလုံး၏ မျက်နှာများ နီရဲသွားသော်လည်း ယခင်က လုပ်ခဲ့သည့်အတိုင်း မလုပ်နိုင်ကြ​တော့ပေ။ အခြားမည်သည့်အရာမျှ မပြောနှင့်။ လုရွှမ်က ဖီးနစ်နတ်မီးကို သုံး၍ မိန်းကလေးနှစ်ဦးကို ကာကွယ်ပေးခဲ့သည်လေ။

ထို့နောက် သူသည် စိတ်ဝိညာဥ်မီးကို ထုတ်ပစ်ပြီး မိန်းကလေး နှစ်ဦးဘေးတွင် ထားခဲ့သည်။ ၎င်းမှာ ထူးဆန်းသော မီးဖြစ်ပြီး လက်နက် သန့်စင်ရန် အကောင်းဆုံး မီးတောက် သုံးခုအနက် ထိပ်ဆုံးမှ ပါဝင်သည်။ မမျှော်လင့်ဘဲ လုရွှမ်ကတော့ မဆိုင်းမတွဘဲ ထိုနှစ်ဦးထံ လွှဲပေးလိုက်သည်။

လုရွှမ်လို သူတို့ မလုပ်နိုင်ဘူး ဆိုတာ သူတို့ဘာသာသူတို့ သိကြပေမယ့် ဟောက်ထျန်းက ဒီလိုပြောတဲ့အခါ သူတို့ရဲ့ မျက်လုံးတွေ ပူ​လောင်လာသည်။ သူတို့ပြောတဲ့ စကားလုံးတိုင်းက မိမိတို့ကို ရှင်းရှင်းလင်းလင်း လှောင်ပြောင်နေတယ် မဟုတ်လား။

"ကောင်းပြီ... လေးယောက်ဆို လုံလောက်ပြီ... အခု ပိုအရေးကြီးတာက ဒီအာကာသ သားရဲကို ဘယ်လို နှင်ထုတ်ရမလဲ"

သူတို့လေးယောက် အသီးသီး အော်ဟစ်​နေ​ကြပြီး အာကာသထဲက ကွက်လပ်ကို ကြည့်နေကြသည်။

ဒီအချိန်မှာ ကွာဟချက်ကြီးက ပိုကြီးလာပြီး အတွင်းမှာရှိတဲ့ သတ္တဝါရဲ့ဝမ်းက တဖြည်းဖြည်း ပေါ်လာပါ​ပြီ။ ရပ်တန့်မည်ဟု ဆိုသော်လည်း မည်သို့ရပ်တန့်ရမည်မှာ ကြီးမားသော ပြဿနာ ဖြစ်​နေသည်။

"ငါတို့ ဒီနေရာနဲ့ အကွဲအပြဲကို ပိတ်ဖို့ ကြိုးစားကြမလား"

လူလေးယောက်က ဘယ်လို လည်ပတ်နေမှန်း မသိအောင် ခေါင်းရှုပ်နေကြ၏။

"အာကာသ သားရဲ ကိုယ်တိုင်က သူ့ကိုယ်သူ ကုစားနိုင်တဲ့ အစွမ်းရှိတယ်...အရင်က ဘာကြောင့် ဒီလို မလုပ်ဆောင်နိုင်ရတာလဲ အကြောင်းရင်းက အာကာသတွေကြားက ဆက်နွယ်မှုတွေ ပြတ်တောက်သွားလို့ပဲ။ ဒီတော့ အဲဒါတွေကို ဖြတ်လိုက်ရရင်..."

လုရွှမ်၏ မျက်လုံးများသည် အလင်းရောင်များဖြင့် တောက်ပလာပြီး ဆိုသည်။

"အေးလို့ ဖြစ်မယ်... ဒီလေအေးကို ငါတို့ တွန်းထုတ်ရမယ်"

လူတော်တော်များများက လုရွှမ် ဒီလိုကိစ္စတွေကို ဘယ်လိုလုပ် သိနေတာလဲလို့ တွေးနေကြ၏။

"အာကာသရဲ့ တစ်ဖက်ခြမ်းက စုပ်ယူမှုကို ခံစားမိလား... ယုတ္တိနည်းအရ ပြောရရင် ဒါက မြေကမ္ဘာပဲ အာကာသအက်ကြောင်းရဲ့ စုပ်ယူမှုအားက ဘယ်လောက်ပြင်းထန်မယ် ဆိုတာ မသိပေမယ့် အခုအချိန်မှာတော့ ငါတို့က နတ်မီးနယ်ပယ်ပဲ ရှိသေးတယ်... နတ်ခြေလှမ်းနယ်ပယ်တွေကို ငါတို့တကယ် တွန်းလှန်နိုင်တာက အာကာသရဲ့ စုပ်ယူမှုစွမ်းအားက မလုံလောက်ဘူး ဆိုတာကို ပြသနေတာပဲ... အာကာသသားရဲရဲ့ မိမိကိုယ်ကို ကုသနိုင်တဲ့ စွမ်းအားကလည်း အပြင်းအထန် ကန့်သတ်ခံထားရတယ်"

လုရွှမ် ဟောက်ထျန်းရဲ့ အသက်ကို ကယ်တင်ခဲ့ပြီး ဟောက်ထျန်းကလည်း လုရွှမ်ကို စိတ်နှလုံး အောက်ခြေမှ အသိအမှတ် ပြုထားခဲ့သည်။ သူ၏ မွေးရာပါ အခြေအနေကြောင့်နဲ့ လုရွှမ်ရဲ့ အရည်အချင်းကြောင့်လည်း ပါသည်။ အရင်ကလုရွှမ်ဟာ သူ့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သူ့ရှေ့မှာ ထုတ်ဖော်ခဲ့ပြီး ဒီယုံကြည်မှုက ဟောက်ထျန်းကို 100% ထောက်ခံသွားစေသည်။

"ပြောပါ ငါဘာလုပ်ရမလဲ"

ကျန်နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သော်လည်း နှစ်ယောက်စလုံး၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများကို တွေ့လိုက်ရသည်။ အာကာသ စွမ်းအင်က သူတို့လေးယောက် ပူးပေါင်းလျှင်ပင် အဆပေါင်းများစွာ နိမ့်ကျနေသေးသည်။ ဒီအကြောင်းကို လုရွှမ်က ဘယ်လိုလုပ် သိမှာလဲ။

လုရွှမ်ဟာ အာကာသ အက်ကြောင်းတွေကို မကြာခဏမြင်ဖူးနေသလိုပဲ အသံက အရမ်းရင်းနှီးနေသယောင် ရှိသည်။ သို့သော် ယခုအချိန်တွင် လုရွှမ်၏ နည်းလမ်းသည် အနည်းဆုံး ကြိုးစားကြည့်ရန် လိုအပ်ပေသည်။

"အာကာသရဲ့ လုပ်ဆောင်ချက်ကို ပြန်ရယူချင်ရင် ဒီသတ္တဝါကို မောင်းထုတ်နိုင်မှ ရလိမ့်မယ်... အခုလောလောဆယ်တော့ အလုပ်မဖြစ်ဘူး ကောင်းကင်နဲ့ မြေကြီးရဲ့ ထွက်သက်ကို ခိုင်ခံ့အောင် လုပ်ဖို့ လိုသေးတယ်... ကျိုးယိ ဒီအချိန်က ငါနဲ့ မင်းအပေါ်မှာပဲ မူတည်တယ်"

ကျိုးယိ: "မင်းက ဘာကိုဆိုလိုတာလဲ"

ဒါပေမဲ့ လုရွှမ်ရဲ့ ဆိုလိုရင်းကို ဟောက်ထျန်းက အရင် နားလည်သွားသည်။

"မင်းတကယ် ပြမှာလား?"

လုရွှမ် ပြုံးပြီး "ဘာမှမဖြစ်ပါဘူး ငါ အဲဒါကို ပြဖို့ သတ္တိရှိမှတော့ တခြားသူတွေရဲ့ လုပ်ကြံ တွက်ချက်မှုတွေကိုလည်း ကြောက်နေမှာ မဟုတ်ဘူး...."

"ကျိုးယိ... မင်းရဲ့ခန္ဓာကိုယ်ကို ပြလိုက်"

လုရွှမ် ဆိုပြီး သူ့ခန္ဓာကိုယ်ရဲ့ ချုပ်တည်းမှုကို လွှတ်လိုက်လေရာ သူ့ခန္ဓာကိုယ်ထဲက အလင်းတန်းတွေ ထွက်လာတော့သည်။

"မင်းတကယ် နတ်ခန္ဓာကိုယ်ပဲ!"

ကျိုးယိ ရေရွတ်ရင်း နတ်ခန္ဓာကို ဆွဲထုတ်လိုက်ရာ နှစ်ယောက်သား အပြန်အလှန် ဆက်သွယ်ကြပြီး ကျိုးယိအနောက်တွင် ငွေလရောင်က လင်းလက်သွားသည်။

နေနှင့်လသည် အပြန်အလှန် ရောင်ပြန်ဟပ်ကာ အလင်းရောင်များ ထွန်းတောက်လာ၏။ နေနှင့်လတို့ တညီတညွတ်တည်း ထွန်းတောက်လာစဥ် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည်လည်း မြေကမ္ဘာထဲသို့ ပြန်လည် ပေါင်းစည်းသွားသကဲ့သို့ လူနှစ်ယောက်ထံမှ အရှိန်အဟုန်ပြင်းစွာ ထွက်လာသည်။

All Chapters