အက်ကြောင်းတွေ ပျောက်သွားပြီ
Vol. 117 Ch. 4.1267
"လုရွှမ် နတ်ခန္ဓာကိုယ် ရှိတယ်ဆိုတာ တကယ်ကို မမျှော်လင့်ထားဘူး... နတ်ခန္ဓာရဲ့ သဘောသဘာဝအရဆို သူက ကျိုးယိထက်တောင် ပိုမြင့်တယ်"
စကားလုံးများ၏ အဓိပ္ပာယ်မှ အနည်းဆုံး သူမသည် နတ်ခန္ဓာကိုယ် မဟုတ်ကြောင်းကို ပြသနေသည်။
ဟောက်ထျန်း: "ဒီကလေးက ငါတို့ထက်တောင် အရည်အချင်း ရှိနေတယ်"
ဖေးလော့ ခေါင်းညိတ်လိုက်သည်။ ခမ်ဟွေးကတော့ ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ပြီး သူတို့နှစ်ယောက်အတွက် ဆုတောင်းပေးနေသလို ခံစားချက် လုံးဝမရှိဘဲ ပုတီးစေ့တွေနဲ့ ကစားနေခဲ့သည်။
သူတို့နှစ်ယောက်ဟာ လေထဲမှာ ကခုန်နေတဲ့ ငှက်နှစ်ကောင်လိုပါပဲ။ ဒါပေမဲ့ အာကာသ အက်ကြောင်းထဲက ထွက်လာတဲ့ သတ္တဝါဟာ လုံးဝ မထိခိုက်ဘူးဆိုတာ သိသာပါ၏။ ၎င်းက လျင်မြန်စွာ ဝင်လာနေဆဲပင်။
သူတို့နှစ်ယောက် ကောင်းကင်မှာ ပျံသန်းနေစဥ် ပိုလို့တောင် အေးစက်တဲ့ အသက်ရှုသံက သူတို့နှစ်ယောက်ကို ရိုက်ခတ်နေသည်။ ဒီအချိန်မှာ သူတို့ရဲ့ နတ်ခန္ဓာကိုယ်က အတိုင်းအဆမရှိ အလင်းပြနေပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်ဟာ အလွန်အေးစက်နေတယ်လို့ ခံစားမိနေတုန်းပါပဲ။
စိတ်ဝိညာဉ်၏ စွမ်းအားကို စုပ်ယူနေသော ထိုဝိညာဉ်စွမ်းအင်ထဲတွင် နားမလည်နိုင်သော အရာတစ်ခု ရှိနေသည့်အတိုင်းပင်။
လုရွှမ်သည် ယွမ်ယန်ကျင့်စဥ်ကြောင့် တစ်စုံတစ်ခုကို ပထမဆုံး မြင်လိုက်သူ ဖြစ်သည်။ သူ့စိတ်ဝိညာဉ်သည် အလွန်တည်ငြိမ်နေပြီး တခြားအရာများ ကျူးကျော်ဝင်ရောက်ခြင်းလည်း မရှိသေးပေ။
ဒီအချိန်မှာ လေထုထဲက စွမ်းအားတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်လို့ စတင် ခံစားလာရသည်။ ယွမ်ယန်ကျင့်စဥ်က အားအပြည့်နဲ့ ပြန်ပြီး လည်ပတ်နေတော့ စိမ့်ဝင်နေတဲ့ အအေးဓာတ်က လျော့ပါးသွားတယ်လို့ ခံစားလိုက်ရပေမယ့် သိသိသာသာ ပျောက်ကွယ်မသွားသေးပါဘူး။
"မင်းရဲ့ ယွမ်စွမ်းအားကို မျိုချသွားတယ်လို့ ခံစားရလား"
လုရွှမ် လှမ်းမေးလိုက်သည်။ ကျိုးယိက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး သူ့စိတ်တွေ တုန်လှုပ်သွား၏။ လုရွှမ်လည်း ထိုအခြေအနေတွင် ရှိနေသောကြောင့် တစ်ခုတည်းသော အကြောင်းပြချက်က ဤအာကာသသတ္တဝါကြောင့် ဖြစ်ရမည်။
ကျိုးယိ: "ငါတို့ အင်အားက မလုံလောက်သေးဘူး... ဆက်လုပ်ရအောင်"
သူ့ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်အလင်းတန်းများက ပိုမိုတောက်ပပြီးရင်း တောက်ပကာ လကို ကြီးမားသော ငွေဒစ်ပြားကဲ့သို့ ပြည့်စေကာ တဖြည်းဖြည်း ကြီးထွားလာသည်။
လုရွှမ်လည်း ယွမ်ယန်စွမ်းအင်ကို အားအပြည့်ဖြင့် ပြေးနေပြီး သူ့နောက်မှ နေက ပိုပူလာပြီး တောက်ပလာသည်။ အနီရောင် နေရောင်နှင့် ငွေလရောင်တို့က အပြန်အလှန် ပဲ့တင်ထပ်ကာ ကောင်းကင်နှင့် မြေကြီး၏ ကျယ်ပြောသော ထွက်သက်ဝင်သက်များကို အာကာသသားရဲဆီသို့ ရိုက်ခတ်သွားစေသည်။
အာကာသသားရဲ၏ ဟောက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးတွင် ၎င်း၏အရှိန်များ နှေးသွားသည်။ ခြေဖဝါးများက သူတို့နှစ်ဦးဆီသို့ ဓားဖြင့် ထိုးချလိုက်သလို ဝင်လာ၏။ ထင်ရှားသည်မှာ နောက်ဆုံးတွင် အာကာသသားရဲက ၎င်းတို့ကို သတ်ပစ်ရန် ခြိမ်းခြောက်လာခဲ့ပြီ။
သူတို့နှစ်ဦးစလုံး ရှောင်ထွက်သွားသည်။ အာကာသသားရဲကို နှေးကွေးသွားအောင် လုပ်နိုင်လိုက် သောကြောင့် အလွန်ပျော်ရွှင်ခဲ့ကြသည်မှာ ထင်ရှားလှသည်။
လုရွှမ်သည် ကောင်းကင်မီးကိုပင် ပစ်ခတ်ခဲ့သည်။ ကျိုးယိက သူ့နောက်မှ လရောင်ကို ထွန်းလင်း၍ အောက်မှလူတို့အပေါ် ငွေရောင်ကို တောက်ပနေစေတာမို့ လူတိုင်း တိတ်ဆိတ်နေသော လရောင်ကို ခံစားနိုင်သည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များက သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် မှုတ်ထုတ်သွားသည်။
မြင်ကွင်းက တကယ့် တောက်ပတဲ့လကို ကြည့်နေသလိုပါပဲ။
လုရွှမ်ရဲ့ အနီရောင် နေက ကျိုးယိရဲ့ ငွေလရောင်လောက် မကြီးပေမယ့် အနီရောင် အလင်းကလည်း ပူလောင် တောက်ပနေရာ သူတို့ကို အလွန်နွေးထွေးစေတယ်လို့ ခံစားရစေပါ၏။
လုရွှမ်၏ ကျွမ်းကျင်မှုမှာ အနည်းငယ် ယုတ်ညံ့သည်တော် မဟုတ်ပါ။ လုရွှမ်၏ နတ်ခန္ဓာနှင့် သဘာဝလွန် စွမ်းအားများက ကျိုးယိထက် သာလွန်ကြောင်း ထင်ရှားပါသည်။ နေလုံးက သူနဲ့ အမှန်တကယ် လိုက်ဖက်လှသည်။
ဟောက်ထျန်း: "ဒီနှစ်ယောက်ရဲ့ အရည်အချင်းနဲ့ မလုံလောက်ဘူး..."
ဖေးလော့: "ကျွန်မတို့ စွမ်းအင်ကို လွှဲပေးကြမယ်"
သူတို့နှစ်ယောက် ပြေးတက်လာပြီး လုရွှမ်နောက်သို့ ပြေးသွားကာ လုရွှမ်ခန္ဓာကိုယ်ထဲသို့ ၎င်းတို့၏ စွမ်းအားကို တစ်ဖြည်းဖြည်းချင်း ထည့်သွင်းပေးကြသည်။ ခမ်ဟွေးကလည်း ကျိုးယိခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ ပေါင်းစည်းပေး၏။
နှိုင်းယှဉ်ကြည့်လျှင် ခမ်ဟွေး၏ စွမ်းပကားသည် ပို၍ ဖြူစင်ပြီး သူ၏ တာအိုဘာသာ အရည်အချင်းများသည် အမျိုးမျိုးသော အရည်အချင်းများနှင့် ယှဉ်နိုင်သည်။
သို့သော် ဟောက်ထျန်းတို့နှစ်ဦးသည် ခမ်ဟွေး ကဲ့သို့ပင် စွမ်းအင် အနည်းငယ်မျှသာ ထုတ်လွှင့်နိုင်ခဲ့သည်။ ငွေလ တဖြည်းဖြည်း ကြီးမားလာသော်လည်း အနီရောင် နေလုံးသည် ယခင်အတိုင်းပင် ရှိနေသေးသည်။
ဖေးလော့: "ခမ်ဟွေး... အရှိန်လျှော့ဦး နှစ်ဖက်စလုံးကို ဟန်ချက်ညီအောင် ထိန်းရမယ်"
ခမ်ဟွေးမှာ အခုအချိန်ထိ ဖေးလော့အပေါ် အနည်းငယ် အပြစ်ရှိစိတ်ကို ခံစားမိသေးသည်။ ဒါကြောင့် သူ နှေးကွေးသွားသည်နှင့် လူနှစ်ယောက်၏ အနီရောင် နေနှင့် ငွေလက တစ်ဖန် လိုက်ဖက်လာကာ ကောင်းကင်နှင့် မြေကြီး၏ ရောင်ဝါကလည်း ပိုပြင်းထန်လာသည်။
ဝူး!
ဟစ်အော်သံနှင့်အတူ အာကာသသားရဲက သူ့ရဲ့ ခြေထောက်ကို ဆွဲထုတ်လိုက်သည်။ ထိုခြေဖဝါးသည် ကောင်းကင်နှင့် မြေကြီး၏ ထွက်သက်ကြောင့် အရည်ပျော်သွားသည်ကို သူတို့ ရှင်းရှင်းလင်းလင်း သိလိုက်ရပြီး အသားစ အနည်းငယ်ပင် ပြုတ်ကျသွား၏။
"ဆက်လုပ်ကြရအောင်!"
လုရွှမ်နဲ့ ကျိုးယိတို့ အတူတူအော်လိုက်ကြပြီး အဲ့ဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့ အတွေးတွေက တစ်ယောက်နဲ့တစ်ယောက် တစ်သားတည်း ဖြစ်နေသလို ခံစားလိုက်ရသည်။
ဤနေရာရှိ အာကာသအက်ကြောင်းများကို မပိတ်ရသေးပေ။ အနည်းငယ်မျှသော အက်ကြောင်း ရှိနေသရွေ့ ဤအာကာသသတ္တဝါများဟာ ဤအက်ကြောင်းများမှတဆင့် ဝင်ရောက်လာနိုင်သည်။
ဤနေရာ အက်ကြောင်းများ အားလုံးကို ပိတ်ရန် ၎င်းတို့နှစ်ဦး လုပ်ဆောင်ခဲ့သည့်အရာမှာ မလုံလောက်သေးချေ။ ဒါပေမဲ့ နေနဲ့လ ဟာ အတူတူ လိုက်ဖက်ညီအောင် လူနှစ်ယောက် တွဲလုပ်ထားတဲ့အခါ သူတို့ရဲ့ စွမ်းအားက အပြင်းထန်ဆုံး ဖြစ်လာခဲ့သည်။
သို့သော် သူတို့နှစ်ဦးလို ကြယ်များ၏ တန်ခိုးကို ပြသနိုင်သော နတ်ခန္ဓာကိုယ်မျိုး ကျန်သုံးဦး၌ ရှိလျှင် ပူးပေါင်းဆောင်ရွက်မှုက ပိုမိုပြီးပြည့်စုံလိမ့်မည် ဖြစ်ကြောင်း တွေးရင်း နှစ်ဦးစလုံး အနည်းငယ် စိတ်ပျက်သွားကြသည်။
ဒါ့အပြင် သူတို့နှစ်ဦးကြားတွင် ကွဲလွဲမှုအချို့ ရှိနေသေးသည်။ ဒါပေမဲ့ ဒီအချိန်မှာ တခြားနည်းလမ်းမရှိတော့ဘူး။ သူတို့နှစ်ယောက်ကသာ ကိုယ့်အစွမ်းအစကို အားကိုးရတော့မည်။
သူတို့နှစ်ဦးသည် ယခုအခိုက်အတန့်တွင် အာရုံပျံ့လွင့်နေသော အတွေးများကို စွန့်လွှတ်ကာ ဤအက်ကြောင်းများကို ပြန်လည်ပိတ်ဆို့ရန်သာ အာရုံစိုက်ခဲ့သည်။ ယွမ်စွမ်းအားကို နောက်ကွယ်မှ လူသုံးဦးက လွှဲပြောင်းပေးခြင်းဖြင့် သူတို့နှစ်ဦးမှာ ယွမ်စွမ်းအင်အတွက် စိတ်ပူစရာမလိုဘဲ ယင်းအတွက် စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားနိုင်သည်။
တဖြည်းဖြည်းနဲ့ လူနှစ်ယောက်ရဲ့ စိတ်တွေ လွတ်လာသလို ခံစားလာရသည်။ လုရွှမ်သည် ဒီအချိန်မှာ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲက ထွက်ပြီး နီရဲနေတဲ့ နေရောင်ဆီကို ရောက်လာသယောင်ပင် ခံစားနေရ၏။
မျက်လုံးကို ဖွင့်လိုက်သည်နှင့် ငွေလ၏အထက်တွင် ကျိုယိး၏ အငွေ့အသက်ကို မြင်လိုက်ရသည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြလိုက်သည်။ တစ်ယောက်စွမ်းအင် တစ်ယောက် ချိတ်ဆက်ကာ အာကာသအတွင်း နောက်ဆုံး အက်ကြောင်းဆီသို့ တစ်ချိန်တည်း ပျံသန်းသွားကြသည်။
အနီရောင် နေနှင့် ငွေလတို့သည် ပေါင်းစပ်ကာ အာကာသအတွင်း အက်ကြောင်းများကို ပိတ်ဆို့သည်။ အလင်းရောင်တွေ တောက်ပစွာ လင်းလက်လာပြီး ကောင်းကင်နှင့်မြေကြီး၏ လေထုကြောင့် လေအေးများမရှိတော့ဘဲ နွေးထွေးသော လေထုကသာ ပတ်ဝန်းကျင်ဆီသို့ တစ်ဖန်ပြန်လည် ရောက်ရှိလာ၏။
လုရွှမ် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်မှ အလွန်ပြင်းထန်သော အားနည်းသွားတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။ ဟောက်ထျန်းက သူ့ကို လျင်မြန်စွာ ဖမ်းထားလိုက်သည်။
တစ်ဖက်က ကျိုးယိလည်း အတူတူပါပဲ။
ဖေးလော့လည်း လေထုကို အလွန်ရှင်းလင်းစွာ ခံစားရသည်။ ဆိုလိုသည်မှာ အာကာသတွင်းရှိ အက်ကွဲကြောင်းကို နောက်ဆုံးတွင် ပြုပြင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိသာထင်ရှားပြီး ၎င်းတို့ ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ကြပါပြီ။