← Chapters

အပိုင်းအစ

Vol. 117 Ch. 4.1269

အပိုင်းအစ

Vol. 117 Ch. 4.1269

"ဒါဆို လူစုခွဲကြရအောင်"

လုရွှမ် သူ့လက်ချောင်းတွေကို ပွတ်သပ်ပြီး ကျိုးယန်နဲ့ ဟွေ့လင်ကို ကြည့်လိုက်သည်။ လုရွှမ် လက်ချောင်းထိပ်က မီးတောက်ကြောင့် မိန်းကလေး နှစ်ဦးသည် ထိတ်လန့်တကြားဖြင့် လျင်မြန်စွာ နောက်ပြန်ဆုတ်သွားကြ၏။

"မလှုပ်နဲ့... မင်းတို့သာ တကယ်အစစ်ဆို​​ရင် ဝိညာဉ်မီးက မင်းတို့ကို ထိခိုက်​စေမှာ မဟုတ်ဘူး"

မိန်းကလေး နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း လှုပ်ရှားတာတွေ ရပ်တန့်သွားပေမယ့် ခုခံတဲ့ အနေအထားကို ပြင်ဆင်ထားကြပါသည်။

"ဒါဆို ရှင်က လုရွှမ် အစစ်အမှန်ဆိုတာ ကျွန်မတို့က ဘယ်လိုသိနိုင်မှာလဲ"

ကျိုးယန်က အော်လိုက်သည်။

ဒါကလည်း တကယ့် ပြဿနာပဲ​လေ။

သူများတွေ ကိုယ့်ကို ယုံကြည်စေချင်ရင် ကိုယ့်ကိုကိုယ် သူများတွေ ယုံကြည်လာအောင် ထားဖို့ကလည်း လိုပါ၏။ လုရွှမ် သူ့လက်ဖဝါးများကို ဖိလိုက်သည်နှင့် မီးတောက်များ တောက်လောင်လာသည်။

ကောင်းကင်မီး၊ မြေမီး၊ နတ်ဆိုးမီးလျှံ၊ စိတ်ဝိဥာဉ်မီး၊ ဆန်းကြယ်သော ရေခဲမီး​တောက်၊ ဖီးနစ်နတ်မီး၊ ကျီးကန်းမီး နတ်ဆိုးမီး၊ မီးတောက် ခုနစ်မျိုးက စီတန်းထားသည်။

နောက်ဆုံးမီးတောက်က ရှင်းရှင်းလင်းလင်း ပျောက်ကွယ်သွားပေမယ့် မီးတောက် ခုနစ်ခုကို မြင်လိုက်ချိန်မှာတော့ လူခြောက်ယောက်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။ ယိုးယန်မီးကတော့ ဝိညာဉ်ရေးရာ ကင်းမဲ့လုနီးပါး ဖြစ်နေပါပြီ။

သို့သော် အခြားမီးတောက်ငါးခု အနက်မှ တစ်ခုခုကို အလိုအလျောက် ထုတ်ဖော်လိုက်ရင်ပဲ ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်စေမှာ သေချာသည်။

လုရွှမ် ဤကိစ္စကို စိုးရိမ်နေခဲ့သော်လည်း မီးတောက်အချို့က ပေါ်လာနေခဲ့ပြီ ဖြစ်သည်။ ၎င်းကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ ဒါ့အပြင် ပို၍ကြီးမားသော လျှို့ဝှက်ချက် ဖြစ်သည့် နတ်ခန္ဓာကို ထုတ်ဖော်ပြသပြီး​ပြီ ဖြစ်ကာ လူများက ၎င်းကို မက်မောစပြုနေပြီ ဖြစ်သည်။

"လုရွှမ်... မျှော်လင့်ထားတဲ့အတိုင်း မင်းက တကယ်ကို အစွမ်းထက်တာပဲ မီးခုနစ်မျိုးလုံးကို ပေါင်းစပ်နိုင်တယ် မင်းရဲ့နတ်ခန္ဓာကိုယ်ကလည်း တကယ်ကို အစွမ်းထက်တယ်"

ကျိုးယိက ဦးစွာ အော်လိုက်သည်။ သူ့အသံမှာ ဘာခံစားချက်မှမရှိဘဲ အော်ပြောလိုက်သယောင် ရှိသော်လည်း အနည်းငယ် မနာလိုဖြစ်နေကြောင်း သိသာလှသည်။

ကျိုးယန်နဲ့ဟွေ့လင် တစ်ယောက်ကို တစ်ယောက် မကြည့်ဘဲ မနေနိုင်ကြ။ ဝိညာဉ်မီးများက လွင့်ပျံသွားကြသည်။ ၎င်းတို့နှစ်ဦးသည် ယခင်က စိတ်ဝိညာဉ်မီး၏ အကာအကွယ်ကို ရရှိထားသောကြောင့် စိတ်ဝိညာဉ်မီးရဲ့ စွမ်းအင်ကို သဘာဝအတိုင်း ခံစားသိရှိနိုင်မည် ဖြစ်သည်။

သူတို့ခန္ဓာကိုယ် တစ်ဝိုက်တွင် ပျံ့လွင့်နေသော စိတ်ဝိညာဉ်မီးကို ခဏတာ မြင်လိုက်ပြီးနောက် ယန်စွမ်းအင်က ယင်အဖြစ်သို့ ပြောင်းလဲသွားပြီး မိန်းကလေး နှစ်ဦးကို ပေါ့ပေါ့ပါးပါး ရစ်ပတ်လိုက်သည်။ သူတို့နှစ်ဦးသည် ဝိညာဉ်မီး၏ ပြောင်းလဲမှုများကို အံ့အားသင့်စွာ ကြည့်ရှုလိုက်ကြပြီး ၎င်းက ဤမျှမှော်ဆန်နိုင်မည်ဟုလည်း မမျှော်လင့်ထားပေ။

လုရွှမ်: "ကောင်းပြီ မင်းတို့က ကျိုးယန်နဲ့ ဟွေ့လင် အစစ်ဆိုတာ အတည်ပြုနိုင်သွားပြီ"

"မင်းတို့နှစ်ယောက်... မင်းတို့ရဲ့ ဆရာတူအစ်ကိုနဲ့ အစ်ကိုကို စမ်းသပ်ချင်​သေးလား"

ကျိုးယန်နဲ့ဟွေ့လင်က သူတို့နှစ်ယောက်ဘေးကနေ ဖြတ်သွားတဲ့အခါ သိသာထင်ရှားတဲ့ သင်္ကေတတစ်ခုကို ရိုက်ထည့်လိုက်ကြသည်။ ဒါက သူတို့ကြားထဲက ဆက်သွယ်မှုတစ်မျိုးပင်။

နတ်သမီးဖေးလော့: "အတုငါးယောက်က တကယ့်အစစ်တွေလို လုပ်ထားမယ် ဆိုတော့ ငါတို့အားလုံးကလည်း တကယ့်အစစ်လို့ ထင်မိလိမ့်မယ်... ဒီအခင်းအကျင်းက ငါတို့ရဲ့စိတ်ကို ကစားနေတာပဲ ဖြစ်မယ်"

သူမက စုတ်တံတစ်ချောင်းကို ထုတ်ယူလိုက်သည်။

"ကောင်းကင်အခွင့်အလမ်း စုတ်တံ!"

နတ်သမီးဖေးလော့က မှန်တစ်ချပ်ကို တစ်ချက်ဆွဲထုတ်လိုက်သည်။ သူမကိုယ်ပေါ်ရှိ ရေခဲများနှင့် နှင်းများ အရည်ပျော်သွားသကဲ့သို့ အလင်းတန်းများ တဖျပ်ဖျပ် ခတ်သွားသော်လည်း သူမခန္ဓာကိုယ်သည် မလှုပ်မယှက်ဖြစ်နေ၍ ပို၍ပို၍ ကြည့်ကောင်းလာနေလေသည်။

"ဟူး...ဒီတစ်ခါတော့ အပြင်ထွက်တဲ့ အခါကျရင်တော့ ဆေးသောက်ရဦးမယ်"

ကျိုးယိနဲ့ ခမ်ဟွေး တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်သည်။

ဟောက်ထျန်း: "အဲဒါက ထျန်းကျီးသန့်ရှင်းတဲ့မြေက အမွေဆက်ခံထားတဲ့ ကောင်းကင်အခွင့်အလမ်း စုတ်တံပဲ.. အဲဒါက မူရင်းပစ္စည်းတော့ မဟုတ်ဘူး ချပ်ဝတ်တန်ဆာ တစ်ခုပဲ။ ဒါပေမဲ့ ကောင်းကင်အခွင့်အလမ်း စုတ်တံရဲ့ ချပ်ဝတ်တန်ဆာကိုတော့ ဘယ်သူကမှ သန့်စင်လို့ မရဘူး.... ကောင်းကင်ရဲ့ အလိုကို ရယူထားဖို့ လိုအပ်တယ် စုတ်တံရဲ့ အသိအမှတ်ပြုမှုက ကောင်းကင်နဲ့ မြေကြီးရဲ့ အငွေ့အသက်ကို စုပ်ယူထားတာဆိုတော့ အတုလုပ်လို့ မရဘူး..."

"အထူးသဖြင့် နတ်သမီးဖေးလော့က သူ့ကိုယ်သူ ခွဲထုတ်ပြီး ကောင်းကင်အခွင့်အလမ်း စုတ်တံရဲ့ မှော်အစွမ်းကို ပြသတဲ့အတွက် သူမရဲ့ စစ်မှန်မှုကို သဘာဝအတိုင်း သက်သေပြခဲ့ပါပြီ"

နတ်သမီးဖေးလော့: "ငါ့အကြောင်းပဲ ပြောမနေနဲ့... နင်ကိုယ်တိုင်လည်း လုပ်ဦးလေ... နင့်ရဲ့မှန်ကို ထုတ်ပစ်လိုက်"

ဟောက်ထျန်းကလည်း ရယ်ပြီး မှန်တစ်ချပ်ကို ထုတ်လိုက်သည်။ ၎င်းသည် ရှေးကြေးဝါမှန်တစ်ချပ် ဖြစ်သော်လည်း မှန်၏မျက်နှာပြင်သည် လုံးဝ အနက်ရောင်ဖြစ်သည်။ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

"ကမ္ဘာကြီး မွေးဖွားတုန်းက ဒီမှန်က ကောင်းကင်ကနေ ပြုတ်ကျလာခဲ့တယ်တဲ့... နောက်တော့ ပရမ်းပတာပြည်ကထွက်ဖို့ ငါ့ဘိုးဘွားတွေကို သင်ပေးပြီး ဒီကြေးမုံကို ဟောက်ထျန်းမှန်လို့ ခေါ်တယ်....ငါ့ရဲ့ နာမည်အတိုင်းပဲ ကျယ်ဝန်းတဲ့ကောင်းကင်ဆိုတဲ့ သဘောပေါ့..."

"ဟောက်ထျန်းမှန်ရဲ့ အကြီးမားဆုံး လုပ်ဆောင်မှုကတော့ နတ်ဆိုးတွေ အားလုံးကို ခွဲခြားသိမြင်နိုင်တာပဲ... ဖြောင့်မတ်ခြင်းတရားက ပရမ်းပတာ အခြေအနေ အတွင်း သဘာဝအတိုင်း ပေါက်ဖွားလာမှာဖြစ်လို့ ပြင်ပအရာတွေကြောင့် ညစ်ညမ်းသွားမှာ မဟုတ်ဘူး"

ဟောက်ထျန်းက မှန်ကို ကိုင်ပြီး အလင်းတန်းတွေကို လှမ်းပစ်လိုက်သည်။

"ဟောက်ထျန်းမှန်ရဲ့ စွမ်းအားကို အသုံးချဖို့ ငါ့ရဲ့ စွမ်းရည်က မလုံလောက်ပါဘူး... မှော်အစွမ်းတွေ အများကြီးလည်း သုံးလို့မရဘူး ဒါပေမဲ့ ဟောက်ထျန်းမှန်က ငါ့ကို အကာအကွယ်ပေးမှာမို့ မင်းတို့ငါ့ကို အခု တိုက်ခိုက်လို့ရတယ်"

ဟောက်ထျန်းမှန်ဆီက အလင်းတန်းတစ်ခု လင်းလက်နေပြီး ဟောက်ထျန်းကို ခေါင်းကနေ ခြေဖျားအထိ အလင်းတန်းများဖြင့် ဖုံးအုပ်ပစ်လိုက်သည်။

"လာ...စိတ်မပူပါနဲ့ အားလုံး အဆင်ပြေသွားလိမ့်မယ် ဒါပေါ့...ဟောက်ထျန်းမှန်ဆီက မီးပြန်ပွင့်လာမှာကိုတော့ ကြိုပြီးသတိပေးပါ့မယ်.... ဒါကြောင့် ရှောင်တတ်ဖို့တော့ လိုမယ်"

"စကား များလိုက်တာ!!"

နတ်သမီးဖေးလော့က သူမ လက်ကို ဝှေ့ယမ်းလိုက်ပြီး ဓားစွမ်းအင်များ ပြေးထွက်သွားစေသည်။ ဟောက်ထျန်းက လူတိုင်း၏ အမြင်ဘက်သို့ တိုက်ရိုက် လှည့်ကြည့်ပြီးနောက် ဓားစွမ်းအင်သည် သူ့ခန္ဓာကိုယ်ကို ဗုံးကြဲလိုက်သောအခါတွင် အလင်းတန်းများ တောက်ပလာပြီး ဓားစွမ်းအင်များ ပြန်ကန် ထွက်လာသည်။

နတ်သမီးဖေးလော့က အသင့်ပြင်ထားပြီးသား ဖြစ်တာမို့ နောက်ထပ် ဓားစွမ်းအင်ကို ထုတ်ပစ်ကာ ပြန်ကန်လာသော စွမ်းအင်ကို ပိတ်ဆို့လိုက်သည်။

နတ်သမီးဖေးလော့: "ကောင်းပြီ.... အခုက လူတိုင်းက တကယ့်လူဖြစ်ကြောင်း သက်သေပြပြီးပြီ ဘယ်လိုလဲ... လုပ်ကြံမှုတစ်ခု ရှိနေတယ်လို့ ထင်လား"

ဟောက်ထျန်း: "ငါတို့ အချင်းချင်း သတ်ဖို့က အခြေခံအကျဆုံးပဲ ဖြစ်နိုင်တယ်... အားလုံးရဲ့ ခွန်အားနဲ့ အရည်အချင်းတွေကို ငါတို့ တဖြည်းဖြည်း သိလာလိမ့်မယ်"

လုရွှမ်က ရုတ်တရက် "ငါတို့မှားနေတာ ဖြစ်နိုင်တယ်... ငါတို့ စစ်တုရင် အပိုင်းအစတွေ ဖြစ်ခဲ့တယ်.... အရင်အဆင့်နှစ်ဆင့်ကို ကျော်ဖြတ်ပြီးပြီဆိုတော့ ငါတို့အခု စစ်တုရင် ကစားသမားတွေ ဖြစ်လာကြပြီ... ငါတို့က နတ်နဂါး မိသားစုရဲ့ ကံကြမ္မာကို ထိန်းချုပ်ထားရတာ... တစ်ဖက်ကနေ ကြည့်ရင် ငါတို့က ကိုယ့်ကံကြမ္မာကို ထိန်းချုပ်ထားနိုင်ပေမယ့် တခြားလူဆီကလည်း ထိန်းချုပ်ခံနေရတယ်... အခုဖြစ်ပျက်သမျှအားလုံးက ငါတို့ရဲ့ တာဝန်ဆိုပြီး ငါတို့ဆီကို ပေးအပ်သွားတာမျိုး ဖြစ်လိမ့်မယ်"

လုရွှမ်၏ စကားများသည် အလွန် ဆိုးရွားလွန်းသဖြင့် လူများစွာက ၎င်းကိုခဏလေး အတွင်း လုံးဝ နားမလည်နိုင်ပေ။

"စစ်တုရင်ကစားနေတဲ့ အဘိုးကြီးနှစ်ယောက်အကြောင်း ငါပြောခဲ့တာကို မင်းတို့ မှတ်မိသေးလား"

လူတိုင်းက ခေါင်းညိတ်လိုက်၏။

"ဒါဆို စစ်တုရင် အပိုင်းအစတွေက ဘယ်သူတွေလဲ... သေချာပေါက် ငါတို့ထဲက တစ်ယောက်ပေါ့ ဒါမှမဟုတ် ငါတို့ဝင်လာတဲ့ အခါကတည်းက လုံဝူကျီက အာကာသသားရဲတွေကို တိုက်ခိုက်ဖို့ ငါတို့ကို ရွေးချယ်ထားတာ.. ငါတို့က စစ်တုရင်အပိုင်းအစတွေ ဖြစ်နေပြီ....သူတို့ကတော့ ငါတို့နောက်ကနေ အခြေအနေကို ထိန်းချုပ်​နေတဲ့သူပဲ”

လူပေါင်းများစွာ၏ မျက်လုံးများသည် တုန်လှုပ်ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။ ဒီအတိုင်းသာဆိုလျှင် သူတို့ပြုသမျှ အရာအားလုံးသည် အချည်းနှီး ဖြစ်သွားပေမည်။ ယခုမူကား အဆုံးကို ရောက်ရှိတော့မှာ ဖြစ်သော်လည်း ၎င်းတို့သည် အာကာသသားရဲများလို တစ်ဖက်ခြမ်းကို ကိုယ်စားပြု​​နေကြောင်း တွေ့ရှိလိုက်ရရာ အရာအားလုံးက သဘာဝအတိုင်း ပျက်စီးသွားသလိုပင် ခံစားလာရသည်။

နတ်နဂါသ မိသားစုက ပျက်သုဉ်းသွားပြီး​ပြီ။ မိမိတို့က ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသော်လည်း တခြားသူများ၏ လက်ခုပ်ထဲကရေလို အစအဆုံး တီးခတ်ခံခဲ့ကြရသည်။

"ငါတို့ကရော?"

"ငါတို့က တခြားလူတွေ ငါတို့ရဲ့ ကံကြမ္မာကို ထိန်းချုပ်ဖို့အတွက် စစ်တုရင် ကစားသမားတွေလို လုပ်ပေးမယ့်ကစား ကိုယ့်ကံကြမ္မာကို တစ်ဖန်ပြောင်းလဲပစ်ရမှာ..."

All Chapters