← Chapters

ဘိုးဘွားခန်မသို့ ပြန်သွားခြင်း

Vol. 117 Ch. 4.1271

ဘိုးဘွားခန်မသို့ ပြန်သွားခြင်း

Vol. 117 Ch. 4.1271

အရှေ့က ပျံသန်းနေတဲ့ ကျိုးယိက အနည်းငယ် ရပ်လိုက်ပြီး အရှိန်လျှော့ကာ ဘုန်းကြီးခမ်ဟွေးနဲ့အတူ ဘေးချင်းကပ်လျက် ပျံသန်းသွားခဲ့သည်။ လုရွှမ်လည်း ကျိုးယန်နဲ့ ဟွေ့လင်ကို ခါးသီးစွာ ပုခုံးတွန့်ပြသည်။

တောင်တစ်လုံးတည်းတွင် ကျားနှစ်ကောင် ကြီးစိုးလို့ မရနိုင်ပါ။

ကျိုးယန်လည်း သူ့အစ်ကို၏ စရိုက်ကို အတတ်နိုင်ဆုံး နားလည်သည်။ သူသည် ခပ်ခွာခွာနေလေ့ ရှိသောကြောင့် ဖြစ်နိုင်သည်။ သူ့ဘက်ကနေ သာမန်လူများနှင့် ဆက်ဆံရန် အလွန်လွယ်ကူသော်လည်း သူ့ကို ခြိမ်းခြောက်နိုင်သည့်သူများနှင့် ဘယ်တော့မှ နီးကပ်စွာ နေလိမ့်မည် မဟုတ်ပေ။

ဟွေ့လင်သည် လုရွှမ်က သူမကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့လို့ ဆရာတူအစ်ကိုက လုရွှမ်နဲ့ လိုက်လျောညီထွေ ဆက်ဆံလိမ့်မယ်လို့ သူမမျှော်လင့်ထားပေမယ့် အခုအချိန်မှာတော့ သူမဘက်က လုံးဝကို စိတ်ကူးယဉ်နေခဲ့မိကြောင်း သဘောပေါက်လာသည်။

ကျိုးယန်လည်း သူမကို မည်သို့ ဆွဲဆောင်ရမည်ကို မသိနိုင်ပေ။ သူမအစ်ကိုရဲ့ စရိုက်က အပြင်မှာ ပျော့ပျောင်းသော်လည်း အတွင်းစိတ်က ဘယ်လိုလဲ ဆိုတာကို သူမ သိသည်။

ယခုက နေနှင့်လကို ခွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားပြီ။ ၎င်းတို့နှစ်ဦးက ပြိုင်ဆိုင်ရန် ရည်မှန်းထားပါပြီ။

ဒါပေမဲ့ သူ့အစ်ကိုကို လုရွှမ်အား လွှတ်​ပေးလိုက်ဖို့ နားချလိုက်ရင်လည်း ဟာသတစ်ခုလို ဖြစ်လာပါလိမ့်မည်။ သူမကို လုရွှမ်က အကြိမ်ပေါင်းများစွာ ကူညီခဲ့ဖူးပေမယ့် သူမကအစ်ကိုက သူမအတွက် အခက်အခဲတွေကို တက်ကြွစွာ ရှာဖွေနေခဲ့သည်။

ထို့အပြင် သူမကိုယ်တိုင်လည်း ခံစားချက်အချို့ရှိကာ အလွန်မောက်မာ အစ်ကိုဖြစ်သူကို ရိုက်နှက်ဆုံးမပစ်ချင်သည်။

လူခုနစ်ယောက်လုံးသည် အလွန်လျင်မြန်စွာဖြင့် ဘိုးဘွားခန်းမအနီးသို့ ပြေးသွားပြီးနောက် တည်ရှိနေဆဲ ဖြစ်သော ခန်းမကို မြင်လိုက်ကြရလေသည်။ ၎င်းက သူတို့ရောက်ရှိလာမှာကို စောင့်ဆိုင်းနေပုံရသည်။

လုရွှမ် လူတိုင်းကို တစ်ချက် နှုတ်ဆက်လိုက်ပြီး ပထမဆုံး ဝင်သွားလိုက်သည်။ ကျိုးယိက ဒုတိယလူနေရာကနေ လုရွှမ် ရဲ့နောက်ကို အနီးကပ်လိုက်သွား၏။ ထိုစဥ် ဟောက်ထျန်းက ဆိုသည်။

"စိတ်မပူပါနဲ့ လုရွှမ်ကို ငါနားလည်တယ်... ငါ့အစ်ကိုက အရမ်းရက်ရောပြီး လုပ်ကြံတာမျိုးတွေ ဘာမှ မလုပ်တတ်ဘူး"

ကျိုးယိ၏ ပါးပြင်များ မည်းမှောင်လာပြီး ကျိုးယန်ရဲ့ ပါးပြင်များကတော့ အနည်းငယ် နီရဲလာကာ နတ်သမီးဖေးလော့ကတော့ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ ကျိိုးယိ၏ ဖိနှိပ်ခြင်းကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီးနောက် ထိုလူလည်း ပြန်ခံစားသင့်ကြောင့် သူမ မျှော်လင့်ခဲ့သည်။

လုရွှမ်ကို နှစ်သက်ဖွယ် အထင်ကြီးခြင်း မရှိပေမယ့် ကျိုးယိနဲ့ ခမ်ဟွေးတို့ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်တာကြောင့် သူမကလည်း လုရွှမ်ကို တက်ကြွစွာ ရွေးချယ်ခဲ့လေသည်။

"အားလုံး သတိထားကြပါ...လေနုအေးကြောင့် ဒီနေရာက လေ​ကြမ်းတွေ မတိုက်မိပါစေနဲ့... မတူညီတဲ့ အခန်းတွေကို ငါတို့ ဝင်ရလိမ့်မယ်... မတူညီတဲ့ အခန်းတွေမှာ မတူညီတဲ့ အရာတွေကို တွေ့ရမှာမလို့ အားလုံးအာရုံစိုက်ပြီး ကျော်ဖြတ်ကြရအောင်"

ကျိုးယန်က အသံထွက်ဖို့ အစပြုပြီး သူမ စိတ်ထဲမှာ အနည်းငယ် ရုန်းကန်နေပေမယ့် သူမရင်ထဲက အစ်ကိုနှစ်ယောက်ကို ရန်မဖြစ်စေချင်သေးပါဘူး။

လုရွှမ် ခေါင်းညိတ်ပြသော်လည်း ကျိုးယိက ရှေ့ကို မကြည့်ဘဲ နောက်သို့သာ လှည့်လိုက်သည်။ ကျိုးယန် သူမအစ်ကိုအား အနည်းငယ် နှုတ်ခမ်းစူ​ပြလိုက်သည်။

လုရွှမ် ပြောပြီးပြီးချင်း မကြာခင်မှာပဲ လေပြင်းတစ်ခုက ကျယ်လောင်စွာ တိုက်ခတ်လာခဲ့သည်။ အားလုံးက အဆင်သင့်ဖြစ်နေပြီ ဖြစ်သလို အစောက အရာတွေကြောင့် အားလုံးက အလွန်တည်ငြိမ်နေပြီလေ။

"ငါတို့ ရှေ့ဆက်တိုးလာလေလေ ရှေ့ကအခန်းထဲမှာ လျှို့ဝှက်ချက်တွေ ပိုများလာလေလေပဲ... ငါက လုံဝူကျီနဲ့ တွေ့နိုင်ချေများတယ်"

လုရွှမ် လုံဝူကျီ အကြောင်း ပြောလိုက်တာကို ကြားသောအခါ နတ်နဂါး မိသားစုကို တည်ထောင်ခဲ့သော အရှင်သခင်အကြောင်းကို အလွန်သိချင်နေကြသည်။ သေသွားရင်တောင် နတ်ဘုရားကို ဖူးမြော်ချင်သေးတဲ့ လူတွေအတိုင်းပင်။

ထို့အပြင် လုံဝူကျီက မသေသေးဘဲ အသက်ရှင်နေသေးသည့် ဖြစ်နိုင်ခြေ မြင့်မားသည်။ ဒီလိုအရာမျိုးကို ဘယ်သူမှ လက်လွတ် မခံချင်ကြပါဘူး။

လေသည် ပိုမိုအားကောင်းလာကာ လူခုနစ်ဦး၏ အရှိန်အဟုန်သည်လည်း သဘာဝအတိုင်း နှေးကွေးသွား၏။ ပြင်းထန်သောလေသည် အတက်အဆင်း၊ လက်ဝဲ၊ ညာ၊ ရှေ့၊ နောက်၊ အမျိုးမျိုးသော သာမန်လူတွေသာဆို အပိုင်းပိုင်း ကွဲပြားသွားပေလိမ့်မည်။

လုရွှမ် ဟောက်ထျန်းရဲ့ လက်​ကောက်ဝတ်ကို တိုက်ရိုက် ဆုပ်ကိုင်လိုက်ပြီး လူတိုင်း ချက်ချင်း ပူးပေါင်း ပါဝင်လာကြသည်။ နောက်ဆုံးတော့ ပထမအခန်းထဲကို ခုနစ်ယောက်လုံး အတူတူ မျောပါသွားကြ၏။

အထဲမှာ လုံဝူကျီရဲ့ ရုပ်တုပါ၀င်တဲ့ ကျောက်ခန်းကြီး တစ်ခု ရှိသည်။

"ဒါဆို ဒါက လုံဝူကျီပေါ့... သူက အရမ်းချောမောပြီး သန်မာတဲ့ ပုံပေါက်တယ်"

ဟောက်ထျန်းက အော်ဟစ်ပြီး ချီးကျူးလိုက်ပါ၏။ ဖေးလော့ ဟောက်ထျန်းကို မျက်စောင်းထိုးကာ ရုပ်တုရှေ့သို့ လျှောက်သွားလိုက့သည်။

သူမ လန့်သွားပြီး "သူ တစ်ခုခု ဖြစ်နေသလိုပဲ?"

လုရွှမ်: "ဟုတ်တယ်... ဒီမှာရုပ်ထုတိုင်းက သူတို့ကို ကိုယ်စားပြုတဲ့ အရာတွေကို လုပ်ကြတယ်... တချို့က အရမ်းမှော်ဆန်တယ် တချို့က အဓိပ္ပာယ် သိပ်မရှိဘူး...အားလုံးက သူတို့ရဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေပဲ"

ရုပ်တုတွေရဲ့ သဘောသဘာဝ လှုပ်ရှားမှုကို သူ နားလည်နေပါ​ပြီ။

"ဒါက လျှို့ဝှက်နည်းလမ်း တစ်မျိူးပဲ"

ကျိုးယန် ရုတ်တရက် ထအော်လိုက်ပြီး ရုပ်တုကို အတုယူကာ တစ်ချက် လှုပ်လိုက်ပြီးနောက် ခုနစ်ရောင်ခြည် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ကာ ကျိုးယန်ကို စုပ်ယူသွား​တော့သည်။

"အားလုံးပဲ ငါအရင်သွားပြီနော်"

ကျိုးယန် ပြောပြီး ကျောက်နံရံထဲကို ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။

"ငါတို့ ဘယ်သူမှ ရန်ဖြစ်စရာ မလိုတော့ဘူးလို့ ထင်တယ်... ညီမကျိုးယန်က အရည်အချင်း အရှိဆုံးပဲ "

လုရွှမ်လည်း ပြောကာ ဝင်သွား၏။

လူတိုင်းတွင် ထူးကဲသော အရည်အချင်းများ ရှိကြသည်။ ၎င်းတို့အားလုံးသည် ဝိညာဉ်စွမ်းအင်ကို ပြောင်းလဲစေသည့် နည်းလမ်းဖြစ်သော ဤရုပ်တု လှုပ်ရှားမှု၏ လျှို့ဝှက်ချက်ကို နားလည်ခဲ့ကြသည်။

အခုအရာကို ရန်သူအား ဖျက်ဆီးပြီး အရှုံးကို အောင်ပွဲအဖြစ် ပြောင်းလဲပစ်ရန် နောက်ဆုံးလှည့်ကွက်အဖြစ် မှတ်ယူနိုင်သည်။ ဘယ်သူကမှ ဒီလိုအခိုက်အတန့်မျိုးမှာ ကျင့်စဥ်တစ်ခု ရလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။

မက်မွန်ပွင့် သစ်တောထဲ၌။

ဝင်​ရောက်ပြီးနောက် မက်မွန်ပွင့်သစ်တော တစ်ခုထဲကို ရောက်ရှိသွား၏။

ကျိုးယန်သည် မက်မွန်ပွင့်များ အလယ်ထဲတွင် ရပ်နေပြီး ရနံ့ကို တစ်ဝကြီး ရှူရှိုက်လိုက်သည်။ သူမသည် ကလေးမလေးကဲ့သို့ ပျော်ရွှင်နေကာ ထိုပန်းပွင့်များကို ကြည့်ရင်း ခေါင်းလောင်းသံလေးလို ရယ်မောသံများ ထွက်ပေါ်လာသည်။

"အိုး... မက်မွန်ပွင့်တွေ ဘယ်လောက်လှလဲ ကြည့်စမ်းပါဦး... အမ် သွားမကောက်နဲ့နော်"

ကျိုးယန် ပြေးလာပြီး လုရွှမ်ကို မျက်လုံးပြူးပြလိုက်သည်။ လုရွှမ်လည်း ရှိုက်ကြီးတငင် ပြုံးကာ သူ့နှာခေါင်းကို ပွတ်၍ ပန်းကောက်ချင်တဲ့ စိတ်ကူးကို စွန့်လွှတ်လိုက်သည်။

"ခဏနေဦး.... နားထောင်!"

ကျိုးယိက ရုတ်တရက် ဝင်ရောက် သတိပေးလိုက်သည်။ လူခြောက်ယောက်လုံး တစ်ယောက်မှ စကားမပြောကြဘဲ အားလုံးက ဂရုတစိုက် နားထောင်​နေကြသည်။

တာ! ဒါ !

လုရွှမ်: "အဲ့လူက ကျား ကစားနေတာ"

သူတို့ခြောက်ယောက်လုံး လုရွှမ်ကို ကြည့်ပြီးနောက် ကစားသံ ထွက်လာသည့် နေရာဆီသို့ ပြေးသွားကြသည်။ ရှေ့က မက်မွန်ပွင့်သစ်တောကို ဖြတ်ပြီးနောက် အဖြူရောင်ဝတ် အဘိုးကြီးတစ်ယောက် ကျား ကစားနေတာကို မြင်လိုက်ရသည်။ ထိုလူက လုရွှမ်တို့အဖွဲ့ အနားကို ရောက်လာတော့ ပြုံးပြီး လက်ဝှေ့ယမ်းပြ၏။

"ငါ့သူငယ်ချင်းလေးတို့... မင်းတို့ နေကောင်းကျန်းမာပါရဲ့လား"

ဒီလူက လုံဝူကျီလား။

လူအနည်းစုက ရုပ်တုကို ပြန်လည် နှိုင်းယှဥ် ကြည့်လိုက်သောအခါ အမှန်ပင် ထိုရုပ်တုထဲက လူပင် ဖြစ်လေသည်။

"အကြီးအကဲကို ဂါဝရပြုပါတယ်"

လူခြောက်ယောက်က တညီတညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။

"အိုး... ဒီကသူငယ်ချင်း မင်းက ငါ့ကို မမှတ်မိဘူးလား"

အဖြူရောင် အဘိုးကြီးက ပြုံးပြုံးလေးနဲ့ ပြော​လေသည်။

လုရွှမ်၏ နှလုံးခုန်သံက မြန်ဆန်လာသည်။ ဤအဘိုးအိုသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ယခင်က လုံဝူကျီဟာ အနက်ရောင်ကို ဝတ်ဆင်ထားခဲ့သူပဲ ဖြစ်လေသည်။

"ခင်ဗျားက အကြီးအကဲ လုံဝူကျီ မဟုတ်ဘူး... ခင်ဗျား ဘယ်သူလဲ"

လူခြောက်ယောက်သည် ရုတ်တရက် နောက်ပြန်ဆုတ်သွားကာ လုရွှမ်ရှေ့မှ အဘိုးအိုကို ရဲရဲကြီး စိုက်ကြည့်နေသည်။

အဘိုးအိုက ရယ်ပြီး "ငါက လုံဝူကျီ မဟုတ်ဘူးဆိုရင် ငါက ဘယ်သူလို့ ထင်​​နေ​သေးလို့​လဲ"

"မဟုတ်ဘူး... ခင်ဗျားက မဟုတ်ဘူး အငွေ့အသက်ကို ပြောင်းလဲနိုင်ပေမယ့် အဝတ်အစားက.... ခင်ဗျားက စိတ်ဝိညာဉ်ပဲ သက်ဆိုင်တဲ့ စစ်တုရင်ခုံမှာ ခင်ဗျားက အပိုင်းအစတွေလို့ ဆုံးဖြတ်ထားပြီးသား....ခင်ဗျားတို့ကလည်း ကျားစေ့တွေပဲ... အငွေ့အသက်က ခင်ဗျားတို့လက်ထဲက အဖြူရောင် ကျားစေ့ကနေလာတာ...အခု အနက်ရောင်ကို ကိုင်ထားတယ်...ခင်ဗျားတို့ရဲ့ အဝတ်အစားတွေကလည်း ပြောင်းလဲလို့ မရနိုင်တဲ့ အရာပဲ....."

All Chapters