← Chapters

အဖြူအမည်း အဘိုးကြီး

Vol. 117 Ch. 4.1272

အဖြူအမည်း အဘိုးကြီး

Vol. 117 Ch. 4.1272

သူတို့ခြောက်ယောက်သည် လုရွှမ်ကို ကြည့်ကာ အနည်းငယ် ထိတ်လန့်သွားကြသည်။

အငွေ့အသက်ကို ပြောင်းလဲနိုင်သည်။ ဒါ့အပြင် အသွင်အပြင်ကိုပါ ပြောင်းလဲနိုင်သော်လည်း အဝတ်အစားကိုတော့ မပြောင်းလဲနိုင်ဘူးတဲ့။ အဝတ်အစားက အဖြူအမည်းရဲ့ အဆင့်အတန်းကို ကိုယ်စားပြုတာလား။

"ဟား ဟား ဟား!"

အဖြူရောင်ဝတ် အဖိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ရယ်သံက တဖြည်းဖြည်း ပို၍ ပို၍ ကျယ်လောင်လာသည်။

"မင်းပြောတာ ငါတို့က ကျား​စေ့တွေလား"

အဝေးက အသံတစ်သံ ထွက်လာပြီး အနက်ရောင်ဝတ် အဘိုးအိုတစ်ယောက် ပြေးလာသည်။ ထိုလူကလည်း အဖြူရောင်ဝတ် အဘိုးကြီးနှင့် ဆင်တူလေ၏။ လူခုနစ်ယောက်က သူတို့နှစ်ယောက်ကို အလိုက်တသိဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။

"တိုက်ပွဲကာလ ရှည်လျားတဲ့ ကာလမှာ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်တွေ ဆွေးမြေ့နေတာ ကြာပြီ... အခု နှစ်ယောက်လုံးက ဝိညာဉ်တွေ ဖြစ်ကုန်ပြီ။ သဘာဝအတိုင်း ခင်ဗျားတို့ ပုံစံပေါင်း ထောင်နဲ့ ချီပြီး ပြောင်းလဲသွားနိုင်တယ်... ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အရောင် ခြားနားမှုပဲ ကျန်တော့တယ်"

ကျိုးယန်က ရုတ်တရက် ပြောလိုက်သည်။

ရောက်လာသော လူမည်းအဖိုးအိုက ခေါင်းတညိတ်ညိတ်နဲ့။

"ဟုတ်တယ် မင်းပြောတာတွေထဲမှာ မှန်တာတွေ အများကြီးပဲ...တောင်ဝင်မင်းဆက် မိသားစုထဲက ကျိုးယိ ဖြစ်ရမယ် ဒီကောင်လေးက တကယ်ကို အရည်အချင်း ရှိတာပဲ"

ထို့နောက် အဖိုးအိုက လုရွှမ်ကို ထပ်မံကြည့်ရှုပြီး "ကလေးတို့... ဘေးကင်းအောင်နေကြပါ... မင်းတို့ လုပ်ခဲ့တဲ့အရာတွေက ငါ့စိတ်ကူးယဉ်ထားတာထက် အများကြီး ကျော်လွန်သွားပါပြီ"

"ဒါပေါ့... လောကမှာ ဘယ်သူကမှ ကျားစေ့ မဟုတ်သလို ဘယ်သူကမှ ကစားသမားလည်း မဟုတ်ဘူး ဒါတွေက အရေးမကြီးပါဘူး... အရေးကြီးတာက ဘယ်လိုခွန်အားမျိုးက ဘယ်လိုစည်းမျဉ်းတွေနဲ့ ကိုက်ညီလဲ ဆိုတာပဲ"

“ဥပမာပြောရရင် နတ်နဂါး မိသားစုထဲမှာ အခုလို ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားတွေသာ ရှိနေခဲ့ရင် သူ​တို့လည်း အခုလိုမျိုး အသက်နှင့် မရဏနည်းလမ်း ခြောက်သွယ်ကို ထူထောင်ထားဖို့ မလိုအပ်တော့ဘူး... သူတို့ရဲ့ အသက်ရှင်သန်မှုအတွက် အနာဂတ်မျိုးဆက်​တွေကို အားကိုးနေစရာ မလိုတော့ဘူး...မိသားစုအတွက် အမွေဆက်ခံဖို့ မိသားစုထဲက ရွေးချယ်လိုက်ရုံပဲ"

“အစပိုင်းမှာတော့ အာကာသသားရဲတွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ နဂါးလှောင်အိမ်ထဲ ဖမ်းပြီး ပိတ်မိနေတုန်းပဲမလား။ အဲဒီအခါမှာ ထိန်းချုပ်ထားတဲ့လူရဲ့ အင်အားတွေက တဖြည်းဖြည်း ကျဆင်းလာပြီး လက်ရှိ ကပ်ဘေးကို ဖြစ်ပေါ်စေတယ်.... ဒါတွေအားလုံးက စကားလုံးလေးလုံးကြောင့်ပဲ... ခွန်အားမွေးမြူ...”

"အမှားအမှန် တရားမျှတမှု မရှိသလို အဆိုးလည်း မရှိဘူး... ခွန်အား၊ အောင်ပွဲနဲ့ ရှုံးနိမ့်ပွဲတွေပဲ ရှိတယ်.... မင်းတို့လိုပါပဲ ထွက်သွားချင်ရင် မင်းတို့ရဲ့ကိုယ်ပိုင်ခွန်အားကို အားကိုးရမယ်"

အနက်ရောင် ဝတ်ဆင်ထားသော အဘိုးအိုသည် မူလက ဤကဲ့သို့ ခိုင်မာသော အကြံပြုချက်ကို ပြုလုပ်ခဲ့သော်လည်း လုရွှမ်၏ မျက်လုံးများတွင် သံသယများ တဖြည်းဖြည်း ပြည့်လာခဲ့သည်။ ဒီလူကြီးနှစ်ယောက်က သူ့ကို ကျားကစားခဲ့တုန်းကလောက် ပြတ်ပြတ်သားသား ခံစားချက်မျိုး မရှိပေးတော့ပေ။

အစပိုင်းတွင် သူသည် တရားမျှတမှု၊ ဆိုးယုတ်မှု၊ အဖြူအမည်းကို ခံစားခဲ့ရသော်လည်း ယခုအခါ အရာအားလုံးသည် ရောထွေးနေပုံရသည်။

"ကျွန်​တော်တို့ဘာတွေ တွေးနေတာလဲ သိလား"

ကျိိုးယိက ရုတ်တရက် ပြန်မေးလိုက်၏။

အဘိုးအို နှစ်ယောက်က တစ်ချိန်တည်းမှာ ရယ်မောရင်း။

“မသိဘူး ဒါပေမဲ့ ကွယ်လွန်သွားတဲ့ မင်းတို့ရဲ့သူငယ်ချင်းတွေ ညီအကိုတွေက မင်းတို့အကြောင်း အများကြီး သိ​​ကြတယ် သူတို့ရဲ့ အတွေးတွေကို ငါတို့သိဖို့ပဲလိုတာပါ... အနှစ်ချုပ်ပြီးရင် မင်းတို့ ဘယ်သူလဲဆိုတာ အလွယ်တကူ ခန့်မှန်းလို့ရတယ်မလား?"

"မင်းတို့တွေ ငါတို့ကို စိတ်မပျက်စေနဲ့... မင်းတို့ဒီကို မြန်မြန်ရောက်လာခဲ့တယ် ဆိုတော့... ငါတို့လောင်းတာ ဘယ်သူလဲဆိုတာ မင်းတို့ သိချင်လား ဟားဟား... ဒါကို မင်းကိုယ်တိုင် ခွဲခြားသိဖို့ လိုပါသေးတယ်"

အဘိုးကြီးနှစ်ယောက် ရယ်မောပြီး ပျောက်ကွယ်သွားကြသည်။

၎င်းတို့ဝန်းကျင်ရှိ အရာအားလုံးကလည်း ဖယောင်းတိုင်အငွေ့များ အဖြစ်သို့ ပြောင်းလဲသွားသည်။ လူတိုင်းသည် ၎င်းတို့၏ အမြင်အာရုံ ပြောင်းလဲခြင်းကို ခံစားခဲ့ရပြီးနောက် မြင်ကွင်းက ရှင်းလင်းသွားတဲ့အခါ လက်နက်သန့်စင်ရေး တောင်ကြားထဲ၌ ရှိနေဆဲ ဖြစ်တာကို တွေ့လိုက်ရသည်။

"အခု တကယ် စိတ်ဝင်စားဖို့ ကောင်းလာပြီ"

လူတိုင်း လုရွှမ်နဲ့ ကျိုးယိကို ကြည့်ပြီး ဆုံးဖြတ်ချက် မချနိုင်ကြပါဘူး။ သူတို့ အမှားလုပ်မိရင် ဒီနေရာကို ရောက်ဖို့ သူတို့ရဲ့ ကြိုးစားအားထုတ်ခဲ့သမျှ အားလုံးဟာ အချည်းနှီး ဖြစ်သွားလိမ့်မည်။

လုရွှမ်: "ငါတို့နှစ်ယောက်လုံး သေသွားရင် ဘာဖြစ်လာမလဲ"

ကျိုးယိ တစ်ခဏလောက် ထိတ်လန့်သွားသည်။

"အခြေအနေ နှစ်ခု ရှိတယ်.... သူတို့ရဲ့ လောင်းကြေးက ဆက်သွားရင်တော့ တခြားတစ်ယောက် ဖြစ်တဲ့ ကျိုးယန်နဲ့ဟွေ့လင်ကို အစားထိုးမှာလား"

ကျိုးယန်နဲ့ဟွေ့လင်တို့၏ မျက်လုံးများ အေးစက်သွားသည်။ အမှန်ပင် ထိုအခြေအနေမျိုး ဖြစ်လာနိုင်ချေ ရှိ၏။

"ဒုတိယ ရွေးချယ်မှုကတော့ ဘာမှမဖြစ်ဘူး ဒါမှမဟုတ် ဒါက သူတို့ လိမ်နေတာပဲ... လူကြီးနှစ်ယောက်က ငါတို့စိတ်ကူးတွေ မှန်ကန်တယ်ဆိုတာကို အခုနတုန်းက ဝန်မခံခဲ့ဘူး.... နောက်ဆုံးတော့ ငါတို့က ဒီဖွဲ့စည်းပုံထဲမှာ ပိတ်မိနေတာ ပြီးတော့ ဖွဲ့စည်းမှုကို ဘယ်သူက ထိန်းချုပ်တယ်၊ ငါတို့စကားပြောတာကို မကြားနိုင်ကြဘူးလား ဆိုတာလည်း မသိရသေးဘူး"

ကျိုးယန်: "တကယ်ပဲ.... အဲဒီလူကြီးနှစ်ယောက်က ငါတို့ကို လှည့်စားနေတယ်ဆိုရင်...."

ကျိုးယန် ရယ်လိုက်သည်။ သူမ လိုချင်တဲ့ နောက်ဆုံးအရာက ကျိုးယိနဲ့ လုရွှမ်ပဲ။

လုရွှမ် ခေါင်းခါလိုက်ပြီး: "ကျိုးယိ... မင်းပြောတဲ့ ပထမ အခြေအနေက တကယ် ဖြစ်နိုင်ချေရှိတယ်... ဒါပေမဲ့ သူတို့ ငါတို့ကို လောင်းကြေးထပ်ပေးတယ် ဆိုတာတော့ ငါသေချာတယ်.... ငါဘယ်လိုသိလဲ ဆိုတာကို မမေးနဲ့ တစ်ခါတလေ ရုတ်တရက် အလိုလိုအသိစိတ်က သိတာလို့ ပြောတာက အရမ်းရယ်စရာ ကောင်းရင်တောင်မှ အမှန်ပဲ”

"အဲဒါက ဘာလဲဆိုတာ ငါမသိဘူး....အခုက ကောင်းကင်ရဲ့ အလိုအတိုင်းပဲ"

လုရွှမ်သည် ယွမ်ယန်ကျင့်စဥ်ကို လေ့ကျင့်ပြီးနောက် သူဟာ ကောင်းကင်မြေကြီးနဲ့ ပိုပြီး လိုက်လျောညီထွေ ရှိနေတယ်လို့ ခံစားလာရလေသည်။

စကြဝဠာကြီးတစ်ခုလုံး ဖြစ်ပေါ်လာတာကို မြင်ပြီး ကမ္ဘာငယ်လေး တစ်ခုကို ကယ်တင်ပြီး၊ စကားလုံးမဲ့ စာအုပ်ကို မြင်လိုက်ရပေမယ့် နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေက အမှန်တကယ် ဖြစ်နေတာတွေပါပဲ။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ခန့်မှန်းချက် မှန်ကန်ဖို့ အနည်းဆုံး 90% ဖြစ်နိုင်ချေ ရှိတယ်လို့ သူသေချာပေါက် ခံစားနေရသည်။

"ဟမ့်!" ကျိုးယိက ဟစ်အော်ပြီး။

"မင်း ငါနဲ့ တိုက်ချင်ရင် စမ်းကြည့်လိုက်လေ... ငါကတော့ အကြီးအကဲ လုံဝူကျီက ငါ့ကို အရှုံးပေးလိုက်မယ်လို့ မထင်ဘူး"

လုံဝူကျီက ဘာကြောင့် သူတို့ထဲက တစ်ယောက်ကို ကယ်တင်ရှင်အဖြစ် ရွေးချယ်ခဲ့တာလဲ။

အကြောင်းပြချက်ကတော့ လုံဝူကျီဟာ တစ်ချိန်က မိသားစုအတွက် အာကာသသားရဲတွေကို ဆန့်ကျင်ခဲ့သူမလို့ပါပဲ။ ထိုသို့သော လူသည် ခြေလှမ်းတစ်လှမ်း လှမ်းပြီးတာနဲ့ ခြေလှမ်းတစ်ရာကို ကြိုတွေးရန် ရည်မှန်းထားပြီးသား ဖြစ်ကာ ယခုရွေးချယ်မှုမှာ ၎င်းအပေါ်တွင်သာ မူတည်နေပါသည်။

ထို့ကြောင့် လုံဝူကျီကသာ နတ်နဂါး မိသားစုကို ကယ်တင်မည့်သူ ဖြစ်ရမည်။

ဤနည်းဖြင့် လုရွှမ်၏ စကားများသည် ကျိုးယိကို လှောင်ပြောင်သယောင် ပေါ်လွင်လာခဲ့သည်။ သူသည် မိသားစု၏ မာနကြီးသော သားတစ်ယောက်ဖြစ်ပြီး ခွန်အားက နတ်မီးနယ်ပယ် အဆင့်၁၂ကို ရောက်နေပြီ။ နတ်နဂါး မိသားစုသို့ သွားရာ ခရီးစဉ်၌ မပါဝင်ခဲ့ပါက သူသည် မျှော်စင်နယ်ပယ်သို့ ရောက်ရှိသွားလောက်ပြီ။

ပြိုင်ဘက်က နတ်မီးနယ်ပယ် တတိယအဆင့်တွင် ရှိသော ဒြပ်စင်ငါးပါး မဟာဂိုဏ်းက တပည့်တစ်ယောက် ဖြစ်နေလေ၏။

လုရွှမ်၏ အဆင့်မှာ သိသာထင်ရှားစွာ နိမ့်ကျနေသော်လည်း သူ လုရွှမ်အား မယုံကြည်ပေ။ နောက်ဆက်တွဲ လုပ်ငန်းစဉ်မှာ ထိုသူက ကြီးပြင်းလာပြီး ရက်စက်ကြမ်းကြုတ်တဲ့ တိုးတက်မှုကို ထိန်းသိမ်းနိုင်မလား ဘယ်သူက အာမခံနိုင်မလဲ။

လမ်းတစ်လျှောက်တွင် သူသည် လုရွှမ်၏ အရည်အချင်းသည် မကောင်းမွန်ကြောင်း သဘာဝကျကျ ဆုံးဖြတ်ထားသကဲ့သို့ ဟောက်ထျန်းနှင့် အခြားသူများကိုလည်း သူမည်မျှ သန်မာကြောင်း သက်သေပြချင်သည်။

"ငါ့ရဲ့ ကျင့်ကြံမှုကို နတ်မီးနယ်ပယ် တတိယအဆင့်အထိ နိမ့်ထားနိုင်တယ်.... ပြိုင်လိုက်ရအောင"

လုရွှမ်ကို နှိမ်နှင်းရန် သူ့နယ်ပယ်ကို ပြန်ချထားရတဲ့အထိတော့ ကျိုးယိ သူ့ကိုယ်သူ လေးစားမှု ရှိနေပါသေးသည်။ လုရွှမ်လည်း သူ့နှာခေါင်းကို ပွတ်သပ်ပြီး ခါးသက်စွာ ပြုံးလိုက်သည်။

"အင်း.... ငါတို့ကို ပြိုင်ခိုင်းဖို့ ဆုံးဖြတ်လိုက်ကတည်းက ပြိုင်ရတော့မှာပဲ... ဒါက လောင်းကစားတစ်ခု ဖြစ်နိုင်တယ် ငါတို့ အောင်မြင်မလားဆိုတာ လောင်းကြေး ထပ်ထားလိမ့်မယ်.... အချင်းချင်း တိုက်ခိုက်တာကလည်း အလောင်းအစား ဖြစ်လိမ့်မယ်”

လူတိုင်း အံ့အားသင့်သွားသည်။ လုရွှမ်စကားက ရှင်းပြချက် တစ်ခုသာ ဖြစ်သည်။

ကျိုးယိကလည်း ပြန်ပြော၏။

"မင်းပြောတာမှန်တယ်...."

All Chapters