အစားထိုး
Vol. 117 Ch. 4.1274
"ရန်သူကို သတိမပေးမိစေနဲ့..."
လုရွှမ်က ထပ်မံ အသံလွှင့်ပြီးနောက် နောက်ပြန် လှည့်ပြန်သွားသည်။ ကျိုးယိလည်း ပြန်ပြေးလာပြီး။
"ထားလိုက်ပါတော့... အဲဒါက နေလနတ်ခန်းမ ဆိုတဲ့ နာမည်တစ်ခုပဲ.... ငါတို့ရဲ့ နတ်ဘုရားခန္ဓာကိုယ်နဲ့ ကိုက်ညီနေတယ် အဲဒါကို ဖယ်လိုက်ရင်လည်း ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်ဘူး"
ဟောက်ထျန်းက စပ်စုပြီး "ဟေး... မင်းဘာဖြစ်တာလဲ အစောတုန်းက မင်းတို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ"
လုရွှမ်က တိုးတိုးလေး အသံပြန်ပို့လိုက်သည်။
"တချို့လူတွေက ဟန်ချက်မညီဘူး... နေလနတ်ခန်းမ ဆိုကတည်းက ငါ့ရဲ့ အလားအလာက တခြားသူတွေထက် ပိုမြင့်တယ် ဆိုတာကို ပြနေတာပဲ!"
ကျိုးယိကလည်း သူ့အသံကို လူသတ်လိုသော အရိပ်အမြွက်ဖြင့် ပြောလေသည်။
"မကြီးပြင်းလာတဲ့ ပါရမီရှင်ကို အမှိုက်လို့ ခေါ်တယ်"
လုရွှမ်: "ဟားဟား... အရင်က ငါပြောခဲ့တာတွေကို မင်း လုံးဝ နားမထောင်ဘူး ထင်တယ်... ညီမကျိုးယန် အတွက်ကြောင့်သာ မဟုတ်ရင် မင်းရဲ့ မိသားစုနောက်ခံက ကြီးတယ်လို့ မင်းထင်လိမ့်မယ်... ဒါပေမဲ့ အဲဒါထက် ဘာမှ မပိုဘူး..."
ကျိုးယိက အသံကျယ်ကျယ်နဲ့ နတ်ဓားကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်။
"အိုး... မင်းက ပြိုင်ပွဲတစ်ခု လုပ်ချင်တယ်ပေါ့... မင်းရဲ့ လောင်းကြေးကို ငါဂရုမစိုက်ဘူး ငါအနိုင်ရမယ်ဆိုတာ ငါသိတယ်"
လုရွှမ်ကလည်း ချင်ထျန်းဓားကို ဆွဲထုတ်လိုက်သည်။ ဓားစွမ်းအင်များ စုစည်းကာ ဓားရည်ရွယ်ချက်က ကောင်းကင်အထိ ပျံတက်သွားသည်။
"အစ်ကိုတို့နှစ်ယောက် စကားများတာ ရပ်သင့်ပြီ!!"
ကျိုးယန် မကျေမနပ် ဖြစ်နေသော အကြည့်နှင့် မျက်လုံးများနီရဲကာ ပြေးထွက်လာခဲ့သည်။ လုရွှမ်နဲ့ ကျိုးယိကတော့ မရပ်တန့်ဘဲ စတင်တိုက်ခိုက်နေကြလေပြီ။ သူတို့နှစ်ဦး စိတ်စွမ်းအင်ဖြင့် အသံပို့နေမှန်း လူတိုင်းမသိခဲ့ပါ။
ကျိုးယိ: "ဖေးလော့ရဲ့ လှုပ်ရှားမှုကို မင်းမြင်ပြီးပြီလား"
"အင်း... သူမ ဟွေ့လင်နဲ့ အရမ်းနီးနေတယ်... သူတို့ကြားမှာ အမြဲတမ်း ရေကူးနေသလို ဖြတ်ပြေးနေတာ..."
ဟောက်ထျန်း ပြေးထွက်လာသည်။ သူသည် ကျိုးယိအပေါ် လွန်စွာ မကျေမနပ်ဖြစ်ပြီး အထင်အမြင်သေးချင်သည့် အရိပ်အမြွက်ပင် ရှိသော်လည်း အစောက အခြေအနေအရ နှစ်ယောက်ကြားတွင် ခိုက်ရန်ဖြစ်နိုင်ချေ လုံးဝ မရှိသည်ကို သူ ကောင်းကောင်းသိသည်။
သူ ပြေးထွက်သွားပြီး လုရွှမ် ပြန်ဆွဲထုတ်လိုက်တဲ့အခါ ခမ်ဟွေးလည်း ပြေးထွက်လာကာ ကျိုးယိကို ပြန်ဆွဲထုတ်လိုက်၏။ ကျိုးယိ ပြန်ဆုတ်လာစဥ် ကျိုးယန်လည်း ပြေးလာခဲ့သည်။ တစ်ဆက်တည်း နတ်သမီးဖေးလော့ကလည်း သူမကို နှစ်သိမ့်ပေးဖို့ အမြန် လှမ်းပြောသည်။
ခဏလောက်တော့ လူခုနစ်ယောက်ကြားက အငွေ့အသက်တွေက တစ်ဖက်ကို တစ်ဖက် ရန်မူတော့မလို ဖြစ်လာတော့သည်။
နတ်သမီးဖေးလော့: "ကောင်းပြီ.... ငါတို့ဒီထက်ပိုပြီး မြင်ချင်ရင် ဆက်လျှောက်သွားရအောင်။း"
ကျိုးယိ: "ဆက်လျှောက်သွားမယ်... ယန်လေး ဒီကိုလာခဲ့....လုရွှမ် နဲ့ ငါက သဘောထားကွဲလွဲနေပြီ ငါတို့ထဲက တစ်ယောက်က အရွေးခံထားရတဲ့ ကျားစေ့ပဲ... မင်းဘယ်ဘက်မှာ နေမှာလဲ?"
ကျိုးယိကဆိုရင်း သူ့ညီမကို ဆွဲထုတ်ရန် သူ့လက်များကို တိုက်ရိုက် ဆန့်ထုတ်လိုက်လေ၏။ သူက စိတ်စွမ်းအင်ဖြင့် လုရွှမ်ဆီကိုလည်း အသံပို့လိုက်သေးသည်။
"ငါ သည်းမခံနိုင်တော့ဘူး... ဖေးလော့ရဲ့ အနားမှာဆိုရင် ယန်လေး ဘယ်လိုဒုက္ခမျိုး ခံရမယ်ဆိုတာ ဘုရားပဲသိမယ်.... ညတာရှည်ရင် အိပ်မက်များနေမှာ.... ငါက အစ်ကိုတစ်ယောက်အနေနဲ့ အရည်အချင်း မပြည့်မီဘူး အရင်က မင်းအတွက် ယန်အာ အချိန်အတော်ကြာအောင် တွက်ချက်ထားပေမယ့် အခုတော့ ငါ သည်းမခံနိုင်တော့ဘူး"
လုရွီမ် လျှို့ဝှက်စွာ စိုးရိမ်နေသော်လည်း ယခုအချိန်တွင် ကျိုးယိ၏ ခံစားချက်ကိုလည်း နားလည်နိုင်သည်။ ကျိုးယန်၊ ဟွေ့လင်တို့နဲ့ အတူ လမ်းတစ်လျှောက်မှာ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ကာ သူတို့အစ်ကိုနှစ်ယောက်နဲ့ သဘောထားချင်း မတိုက်ဆိုင်ပေမယ့် တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲမှာလည်း ပူပန်နေခဲ့သည်။
ယခု ကျိုးယိဘက်က အပြောင်းအရွေ့ တစ်ခုပြုလုပ်ပြီးသည်နှင့် သဘာဝအတိုင်း သူ့ဘက်ကလည်း လမ်းကြောင်းကို လိုက်ကြည့်ရုံဖြင့် လိုက်ပြောင်းပေးရတော့မည်။
ကျိုးယန် အလွန်ဒေါသထွက်ကာ အော်ဟစ်လိုက်၏။ သူ့အစ်ကိုက ဆင်ခြင်တုံတရား မဲ့လာသည်နှင့်အမျှ ပိုပိုပြီး ဆိုးရွားလာသလို ခံစားလာရသည်။ ဤအခိုက်အတန့်တွင် အစ်ကိုသည် သူမကို တိုက်ရိုက် ဖမ်းကိုင်လိုက်ရာ သူမနှလုံးသားထဲက အစ်ကိုဖြစ်သူ၏ နူးညံ့သိမ်မွေ့သော ပုံရိပ်က ရုတ်တရက် ပြိုကျသွားသည်။
"ဟင့်အင်း...ညီမ ကိုကိုနဲ့ လိုက်မှာ မဟုတ်ဘူး... ကိုကို လုရွှမ်ကို တိုက်ရင် ညီမလည်း ကိုကို့ကို ရိုက်မယ်!"
ကျိုးယန် ဒေါသတကြီး အော်လိုက်သည်။ ဖေးလော့ကလည်း ရှေ့သို့ ထွက်လာပြီး ကျိုးယိကို လှမ်းဆွဲလိုက်၏။
"ကျိုးယိ... ဘာလို့ စိတ်ရှုပ်ခံနေတာလဲ ယန်အာလေးကို ငါ ဆွဲဆောင်ပါရစေ"
"မင်းနဲ့ ဘာမှမဆိုင်ဘူး"
ဖေးလော့ရဲ့ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး။
"ဒါက ငါ့ကိစ္စ မဟုတ်ဘူးပေါ့လေ... နင့်ညီမနဲ့ ဟွေ့လင်ကို ငါ ဂရုစိုက်တယ်"
ထိုစကားကို ကြားတော့ ကျိုးယိက ကျယ်လောင်စွာ ရယ်မောချလိုက်လေသည်။
"မင်းက ဘာမလို့လဲ? ခမ်ဟွေး ဟွေ့လင်က မင်းတို့ နျဲ့ဖန်သန့်ရှင်းတဲ့မြေကမလား? မင်း သူမကိုရော တကယ် ဂရုမစိုက်နိုင်တာ ဖြစ်ပါ့မလား"
ခမ်ဟွေး မျက်မှောင်ကြုတ်သွားသည်။ ကျိုးယိ အခုဘာကို ရူးသွပ်နေလဲလို့ သူ သိချင်လာ၏။
"ကျိုးယိ.... နတ်သမီးဖေးလော့က အမြဲတမ်း ရည်ရွယ်ချက်ကောင်း ရှိပါတယ် မင်းဘာလို့ အခုလို လုပ်နေတာလဲ"
"ဟမ့် မင်း ငါ့ရဲ့ကိစ္စတွေကို ဂရုစိုက်နေစရာ မလိုဘူး။ မင်းရဲ့ မိသားစု ကိစ္စကိုလည်း ငါ ဂရုမစိုက်နိုင်ဘူး... ဒါပေမဲ့ ယန်အာ မင်း ငါနဲ့ လိုက်ခဲ့ရမယ်!"
လုရွှမ် ပြေးလာပြီး ကျိုးယန်ရှေ့မှာ ပိတ်ရပ်လိုက်သည်။
"ကျိုးယိ... မင်းတိုက်ချင်ရင် ငါတိုက်ပေးမယ်... မင်းညီမရှေ့မှာ မင်းဘာလို့ အင်အားကြီးဟန်ဆောင်နေတာလဲ ယန်အာ... ငါ့ဆီလာခဲ့"
ပြောပြီးနောက် ကျိုးယန်ကို လှမ်းဖမ်းလိုက်သည်။ သို့သော် ကျိုးယန်က ဒေါသတကြီး အော်လိုက်ပြီး။
"ပါးစပ်ပိတ်ထား.... ငါဘယ်သူနဲ့မှ မလိုက်တော့ဘူး"
လုရွှမ်ရဲ့ လက်ဖဝါးကို လှမ်းမြင်လိုက်ပေမယ့် သူမဘက်မှာတော့ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူမ အထိတ်တလန့်ဖြင့် နတ်သမီးဖေးလော့ကို လှမ်းဖမ်းဆုပ်လိုက်လေ၏။ လုရွှမ် ပျံသွားချိန်မှာပဲ သူမက နတ်သမီးဖေးလော့ရဲ့ ဘေးနားကို ရောက်သွားခဲ့ပြီ။
နတ်သမီး ဖေးလော့ကလည်း အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ကျိုးယန် သူမကို ဖမ်းလိုက်သကဲ့သို့ သူမလည်း လှမ်းဆွဲလိုက်ကာ လူအနည်းငယ်ကြား ရန်ဖြစ်မှုကြောင့် ဟွေ့လင်လည်း နောက်ဆုတ်သွားသည်။
သူမက ကြင်နာတတ်သည်။ အနည်းငယ်ရှက်တတ်သည်ပင်။ သူမသည် ထိုအရာများကို မည်သို့ကိုင်တွယ်ရမည်ကို မသိသောကြောင့် သဘာဝကျကျ ခပ်ဝေးဝေးမှာ နေခဲ့သည်။ ဒီအချိန်မှာ လုရွှမ်ရဲ့ လှုပ်ရှားမှုတွေကိုလည်း မြင်ခဲ့ရပြီး လုရွှမ် ဘာလုပ်မယ်ဆိုတာ မသိလိုက်ချေ။
ကျိုးယိလည်း သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာတာကြောင့် ရုတ်တရက် ရှေ့သို့ ပြေးသွားကာ နတ်သမီးဖေးလော့ရဲ့ လက်ကို တွန်းထုတ်လိုက်ပြီး သူမကို ဓားစွမ်းအင်ဖြင့် လွှဲခုတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ လုရွှမ်ဆီက အသံ ထွက်လာ၏။
"ဖေးလော့က သေသွားတာကြာပြီ... ဒါက အာကာသသားရဲပဲ!"
ဖေးလော့ တကယ်သေသွားသလား လုရွှမ်လည်း မသေချာပေမယ့် လောလောဆယ်မှာတော့ ဖေးလော့၌ တစ်ခုခုမှားနေပြီဆိုတာ သေချာပါ၏။ ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ခမ်ဟွေးနဲ့ ဟောက်ထျန်းတို့ရဲ့ အမူအရာများလည်း ရုတ်တရတ် ခက်ထန်သွားကြသည်။
ခမ်ဟွေးက အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ဟွေ့လင်ကို ကာကွယ်ရန် သူမအနားသို့ ပြေးသွားခဲ့သည်။ ကျိုးယိက ကျိုးယန်ကို စောင့်ကြပ်နေပြီး လုရွှမ်ကတော့ နတ်သမီးဖေးလော့နဲ့ တိုက်ခိုက်နေပြီ ဖြစ်သည်။
ဒါပေမဲ့ လှုပ်ရှားမှုအနည်းငယ်ကို မြင်လိုက်ပြီးနောက်မှာတော့ လူပေါင်းများစွာရဲ့ အမူအရာတွေ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ လုရွှမ်ရဲ့ ခွန်အားကို သူတို့ မြင်ဖူးသည်။ သာလွန်သည်ဟု မဆိုလိုသော်လည်း နတ်ခန္ဓာကိုယ်ကို မသုံးဘဲတောင် ခွန်အားက မနိမ့်ပေ။
သို့သော် ယခုအချိန် ဖေးလော့ကို တိုက်ခိုက်ရသောအခါတွင် သူ့ကို အတင်းအကြပ် ဖိအားပေးခံနေရသလို ဖြစ်နေ၏။ သူတို့ နှစ်ယောက် အချင်းချင်း လက်ဝါးချင်း ရိုက်ခတ်ပြီးနောက် လုရွှမ်ခန္ဓာကိုယ်က ဆယ်ပေကျော်အထိ လွင့်သွားခဲ့သည်။
"ဟမ့် မင်းတို့နှစ်ယောက်... ဒါကို တကယ်မြင်နိုင်မယ်လို့ မမျှော်လင့်ထားဘူး ဘယ်လိုလုပ် မြင်လိုက်တာလဲ"
ဤစကားပြောလာသော နတ်သမီး ဖေးလော့သည် အမှန်ပင် သူတို့ သိသော ပုဂ္ဂိုလ် မဟုတ်ကြောင်း ထင်ရှားသွား၏။
"ယန်လေး... မင်းအဆင်ပြေရဲ့လား ကိုကိုက သတိလက်လွတ်ဖြစ်ပြီး မင်းကို ဒုက္ခပေးမိသွားပြီ... ကိုကို မင်းကို မီးတွင်းထဲတွန်းချလုနီးပါး ဖြစ်သွားတယ် တောင်းပန်ပါတယ်...."
ကျိုးယိ ညီမဖြစ်သူကို ကာကွယ်ပြီး အမြန်တောင်းပန်ခဲ့သည်။ ကျိုးယန်လည်း ကိုကိုက သူမကို ကယ်တင်လိုက်တာကြောင့် ဝမ်းသာအားရ အော်ငိုပစ်လေ၏။
"ညီမ အဆင်ပြေပါတယ်.... တောင်းပန်ပါတယ်ကိုကို... ညီမ မှားပြီး အပြစ်တင်မိတယ်... အစ်မဖေးလော့က ဘာဖြစ်တာလဲ သူဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ"