ရန်သူကို ဖျက်ဆီးမယ်
Vol. 117 Ch. 4.1275
ယခုအချိန်တွင် နတ်သမီးဖေးလော့၏ အငွေ့အသက်သည် သူမ၏ နဂိုခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားသော်လည်း သူမ၏ မျက်ခုံးကြားတွင် ချွန်ထက်သော ဦးချိုတစ်ခုက ထွက်ပေါ်လာသည်။ ၎င်းဦးချိုက အပေါ်ကို ကွေ့ပတ်ထား၏။
အနီရောင်ဦးချိုက နတ်ဆိုးနှင့်တူပြီး ခန္ဓာကိုယ်ကို ပိုပို၍ ဆွဲဆောင်မှု ရှိစေသည်။ လွင့်သွားတဲ့ အခိုက် လုရွှမ်ကပါးစပ်မှ သွေးများ ထွက်လာခဲ့သည်။ ထိုအဖြစ်ကြောင့် ဖေးလော့က မကောင်းဆိုးဝါး တစ်ကောင်လို ရယ်မောလိုက်ပေ၏။
"ဟုတ်တယ်.... ငါ မင်းရဲ့ ခန္ဓာကိုယ်ထဲက ရှေးဦးရောင်ရမ်းမှုကို ခံစားရတယ် ဟူး.... နှစ်ပေါင်းများစွာ ကြာပြီးတာတောင် မင်းလို ဉာဏ်ကောင်းတဲ့ အကြွင်းအကျန်တွေ ရှိနေဦးမယ်လို့ မမျှော်လင့်ထားဘူး"
လုရွှမ် စိတ်က သိသိသာသာ ပြောင်းလဲသွားသည်။ ယခင် တိုက်ကွက်ထဲက စွမ်းအင်လှိုင်းဟာ အခြားသူများအပေါ် များစွာအကျိုးသက်ရောက်ပုံ မပေါ်သော်လည်း လုရွှမ်ကတော့ နားမလည်နိုင်သော ဒေါသကို ခံစားရသည်။
ဒါ့အပြင် ဖေးလော့ကို လုံးလုံး သတ်ပစ်ချင်နေသော သူ့ကိုယ်ထဲက ယွမ်ယန်စွမ်းအင်ရဲ့ နာကြည်းမှု အရိပ်အယောင်များ ရှိနေသည်ကိုလည်း သဘာဝကျကျ ခံစားရပါ၏။ လုရွှမ်မှာ စိတ်လှုပ်ရှားလွန်းတာကြောင့် အသက်ရှုတာကို ကောင်းကောင်းမထိန်းနိုင်ဘဲ ပါးစပ်ထဲကပင် သွေးတွေ ထွက်ကျလာသည်။
ဟောက်ထျန်း: "လုရွှမ် မင်း အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်!"
ဟောက်ထျန်း ကျိုးယန်နဲ့ဟွေ့လင်ကို ကာကွယ်ပေးနေချိန်၌ ဘုန်းတော်ကြီး ခမ်ဟွေး နဲ့ ကျိုးယိတို့က နတ်သမီးဖေးလော့ကို ဝိုင်းတိုက်နေသည်။ ဒါပေမဲ့ သူတို့ နှစ်ယောက် အတူတူ အလုပ် လုပ်တဲ့အခါ ကျတော့ အားနည်းချက်တွေ ရှိလာ၏။
လုရွှမ် အမြန်ထလာပြီး ဝင်ကူလိုက်တာတောင် သုံးယောက်သား လိုက်ဖက်ရုံမျှသာ ရှိသည်။
ဟောက်ထျန်း: "ဒီကောင်က ဘယ်လိုကောင်လဲဟ...နတ်သမီးဖေးလော့ရော အသက်ရှင်သေးလား"
ကျိုးယိနဲ့ ခမ်ဟွေးလည်း တစ်ချိန်တည်း ခေါင်းကို ခါလိုက်ကြသည်။
"မသိဘူး"
ကျိုးယိ: "သူမကို ခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်ထားတာပဲ ဖြစ်မယ် မဟုတ်ရင် အရင် ထျန်းကျီးစုတ်တံကို သုံးဖို့ မဖြစ်နိုင်ဘူး"
လုရွှမ်: "ငါတို့က သူ့ရဲ့ပြိုင်ဘက်တွေ မဟုတ်ဘူး"
လုရွှမ် တစ်ချက်ပဲ ခံလိုက်ရပေမယ့် သူတို့သုံးယောက်ဟာ ဒီဖေးလော့နဲ့ မယှဉ်နိုင်ဘူးဆိုတာ ကောင်းကောင်း သိသွားပါပြီ။ နတ်သမီးဖေးလော့၏ ခန္ဓာကိုယ်သည် ယခုအခါတွင် စွမ်းအားတွေ ပြည့်နေသည်။
လုရွှမ်: "ငါတို့ နတ်သမီးဖေးလော့ရဲ့ ဝိညာဉ်ကို ပြန်ခေါ်ကြမလား?"
ကျိုးယိနဲ့ ခမ်ဟွေး လုရွှမ်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ နတ်သမီးဖေးလော့ရဲ့ ဝိညာဉ်ကို ခေါ်မှာလား။
လုရွှမ်: "ငါဆိုလိုတာက နတ်သမီးဖေးလော့ရဲ့ ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှာ တကယ်ကို ချုပ်နှောင်ခံထားရတယ်.... ငါတို့က ဒီအာကာသသတ္တဝါနဲ့ မယှဉ်နိုင်ပေမယ့် နတ်သမီးဖေးလော့သာ သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်ရင် ရန်ဖြစ်စရာမလိုဘဲ သဘာဝအတိုင်း အနိုင်ယူနိုင်လောက်တယ်"
"ဟား ဟား ဟား!"
နတ်သမီးဖေးလော့က တိုးတိုးလေး ရယ်လိုက်လေသည်။
"မင်းတို့တွေမှာ အစီအစဥ်ကောင်းတွေ ရှိတာပဲ... မင်းတို့ အဲ့ဝိညာဉ်ကို ဆွဲထုတ်ချင်ရင် လုပ်ကြည့်ပေါ့ ဒါပေမဲ့ မင်းတို့ တတ်နိုင်ဦးမလား ကြည့်ရသေးတာပေါ့"
သူမသည် ထိုအကြောင်းကို အရွှန်းဖောက်ကာ လက်ဝါးစွမ်းအင်တစ်ချက် ရိုက်ချလိုက်လာတာကြောင့် သုံးယောက်သား ရှက်ရွံ့စွာ ပြန်ဆုတ်သွားခဲ့သည်။ ဒီဖေးလောက လက်နက်များပင် မသုံးဘဲ တွန်းလှန်ရန် သူ့လက်ခြေများကိုသာ အားကိုးခဲ့သည်။
သို့သော် ယခုအချိန်တွင် နတ်သမီးဖေးလော့၏ အငွေ့အသက်သည် ကောင်းကင်ဘုံ၌ ရှိနေဆဲဖြစ်ပြီး ၎င်းတို့ သုံးဦးကတော့ မြေကြီးထဲ နစ်နေ၏။ သူတို့ နတ်မီးနယ်ပယ်က ထိုကဲ့သို့ ရက်စက် ကြမ်းကြုတ်သော စွမ်းအားကို အသုံးချနိုင်ပါ့မလား။
မဟုတ်ရင် နတ်သမီးဖေးလော့ရဲ့ ခန္ဓာကိုယ်ဟာ ဒီအချိန်မှာ ပေါက်ကွဲသွားပါလိမ့်မယ်။
ဖေးလော့: "ငါအရမ်းသိချင်နေတာ... မင်းတို့ငါ့ကို ဘယ်လိုများ ခွဲခြားနိုင်သွားတာလဲ"
လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။ အလင်းရောင်နှင့်အတူ ကျိုးယိ၏ မျက်လုံးများကလည်း တောက်ပနေ၏။ အမှန်မှာ ကမ္ပည်းပြားသည် နတ်သမီးဖေးလော့၏ ထူးဆန်းသောအခြေအနေကို ဖော်ထုတ်နိုင်သောကြောင့် ၎င်းတို့ သိသွားခဲ့ရခြင်းပင်။
နတ်သမီးဖေးလော့ကို ကယ်ဆယ်နိုင်လောက်သေးသည်။
"ငါ ထိန်းထားလိုက်မယ်"
ကျိုးယိက လှမ်းအော်လိုက်သည်။ လုရွှမ် သူ့အား ခေါင်းညိတ်ပြကာ တိုက်ပွဲဝိုင်းမှ ထွက်ခွာသွားသည်။ သူက ပင်မခန်းမဆီသို့ ပြေးသွားကာ နေလနတ်ခန်းမ ဟူသော ကမ္ဗည်းပြားကို ဖြုတ်ယူလိုက်သည်။
"ဒီကမ္ဗည်းပြားက ဘာလဲ... အဲဒါကြောင့်လား?"
နတ်သမီးဖေးလော့က အော်ဟစ်လိုက်ပြီး သူမရဲ့ အသံက မယုံနိုင်တဲ့ အငွေ့အသက်တွေ ရောပါနေ၏။ သူတို့နှစ်ယောက်က အခုပဲ ကမ္ပည်းပြားကို လှမ်းကြည့်ကြပေမယ့် အဲဒါက သူမရဲ့ အထောက်အထားကို ဖော်ထုတ်ပေးတဲ့ ကမ္ဗည်းပြား ဖြစ်နေမယ်လို့ မမျှော်လင့်ထားပါဘူး။
လုရွှမ်ကလည်း အသံကျယ်ကျယ် အော်ပြောလိုက်သည်။
"မသေခင်မှာ အကြီးအကဲက ထောင်နဲ့ချီတဲ့ ပစ္စည်းတွေကို သုံးနှစ်အတွင်း ရှာဖွေခဲ့ပြီး မင်းလိုအရာကို ဖော်ထုတ်နိုင်တဲ့ အရာကို ဖန်တီးဖို့ တစ်နည်းနည်းနဲ့ ကြိုးစားခဲ့တယ်လေ"
ဒါကိုကြားတော့ အကြီးအကဲ လုံဝူကျီက သူတို့ကို ကူညီပေးနေတာကို သိသွားရာ လူတိုင်း တုန်လှုပ်သွားကြသည်။ သူတို့ဒီကိုလာရတဲ့အကြောင်းရင်းက ဒီကမ္ပည်းပြားကို ရှာပြီး တကယ့်ရန်သူကို ရှာဖို့အတွက် ဖြစ်ကာ အဲဒါကလည်း အကြီးအကဲ လုံဝူကျီရဲ့အကူအညီကြောင့်ပါပဲ။
ဒါကိုတွေးရင်း လုရွှမ် ထိုအကြီးအကဲအပေါ် ကျေးဇူးတင်စိတ်တွေနဲ့ ပြည့်လာ၏။ လူတိုင်းရဲ့ မျက်လုံးများ လင်းလက်တောက်ပနေပြီး သူတို့၏ နှလုံးသားများကတော့ တုန်လှုပ်သွားကြသည်။
"ဟမ့်... အဲဒါက ကမ္ဗည်းပြား တစ်ခုပဲလေ... ဒီဟာက ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလဲဆိုတာ ကြည့်ရသေးတာပေါ့"
ဖေးလော့ ကျိန်ဆဲလိုက်သော်လည်း သူမ၏မျက်နှာပေါ်ရှိ နီရဲနေသော အငွေ့အသက်များက သူမနှလုံးသားကို ထုတ်ဖော်ပြသလိုက်သည်။ ထိုအချိန်က သူမသည် အရာအားလုံးကို အစီအစဉ်ဆွဲထားပြီးသား ဖြစ်၏။ နှစ်များစွာကြာအောင် အရာအားလုံးသည် သူမ၏ထိန်းချုပ်မှု အောက်တွင် ရှိနေသည်ဟုသာ သူမ ထင်ခဲ့သည်။
မမျှော်လင့်ဘဲ သူတို့သည် တိတ်တဆိတ် အရန်ပြင်ဆင်မှုများပင် ပြုလုပ်ခဲ့သည်။ နတ်သမီးဖေးလော့၏ လက်ဖဝါးမှ ချွန်ထက်သော လက်သည်းများနဲ့အတူ ဒေါသကြောင့် သူမ၏ မူလပုံစံကို မထိန်းသိမ်းနိုင်တော့ပေ။ ဒီအချိန်မှာ နတ်သမီးဖေးလော့ရဲ့ ခန္ဓာကိုယ်ဟာ သနားစရာလို့ ထင်ရပေမယ့် အပိုင်းပိုင်း မကွဲသေးပါဘူး။
လုရွှမ်သည် ဤအရာအားလုံးကို မြင်လိုက်ရပါက ထိုနတ်သမီးလေး မည်မျှ ဝမ်းနည်းပြီး စိတ်ဆိုးမည်ကို စိတ်ကူးကြည့်နိုင်သည်။
"ကျိုးယိ... ဒီကမ္ဗည်းပြားက ငါတို့နှစ်ယောက်စလုံးရဲ့ နတ်ခန္ဓာကိုယ် စွမ်းအားတွေ လိုတယ်..."
ဤကမ္ပည်းပြားကို အကြီးအကဲ လုံဝူကျီက နေလနတ်ခန်းမဟု အထူးအမည် ပေးထားရသည့် အကြောင်းရင်းက ဒီလိုဖြစ်နိုင်သည်ဟု ကျိုးယိလည်း နားလည်ခဲ့သည်။ အထဲမှာ အနီရောင် နေနဲ့ ငွေလရောင် ရှိကာ သူတို့နှစ်ယောက်နဲ့ အတိအကျ လိုက်ဖက်ပါ၏။
လုရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင် နေရောင် လင်းလက်နေပြီး ငွေလရောင်သည်လည်း ကျိုးယိ ခန္ဓာကိုယ်ပေါ်တွင် ထွန်းတောက်လာခဲ့သည်။ နေနှင့်လသည် အပြန်အလှန် ပဲ့တင်ထပ်ကာ အလင်းတန်းနှစ်ခုကို ကမ္ဗည်းပြားက စုပ်ယူသွား၏။ နောက်အခိုက်အတန့်တွင် ၎င်းတို့သည် ယင်နှင့်ယန်ပုံစံ ငါးအဖြစ်သို့ ကူးပြောင်းသွားကြသည်။
"ပါကွား... ယင်နဲ့ယန် သူ့ဘာသာသူ စုစည်းလာတာလား"
လုရွှမ် မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။ ဤကမ္ပည်းပြား၏ စွမ်းအားသည် သူတို့၏ စိတ်ကူးထက် များစွာ ကျော်လွန်သွားပြန်ပါပြီ။ နတ်သမီးဖေးလော့က ဂုဏ်ယူစွာ မတ်တပ်ရပ်နေဆဲပင်။ သူမ၏မျက်နှာမှာတော့ မကျေနပ်မှုများက သိသိသာသာ ပေါ်နေသည်။
ယင်ယန်ငါးတို့သည် လျင်မြန်စွာ ကွဲကွာသွားပြီးနောက် အလင်းတန်းတစ်ခု လင်းလက်လာသည်။ ထိုအလင်းရောင်က တောက်ပလွန်းကာ အစွမ်းထက်လွန်းတဲ့ တစ်ချိန်တည်းမှာ လုရွှမ်ခမျာ သူ့မျက်လုံးတွေ ကန်းသွားသလားလို့တောင် ခံစားလိုက်ရ၏။
သူ့တွင် ကောင်းကင်မီးကလာသော နတ်မျက်စိရှိသည်။ ကံကောင်းထောက်မစွာနဲ့ ကောင်းကင်မီးရဲ့ အလင်းစွမ်းအင်င အလွန်စူးရှနေ၏။ မဟုတ်ပါက လုရွှမ် ထိတ်လန့်သွားပြီး ချက်ချင်းပင် မျက်စိကွယ်သွားနိုင်သည်။
အလင်းရောင်များ လင်းထိန်သွားသည်နှင့် လုရွှမ် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ကောင်းကင်တွင် အမှုန်အမွှားများ ပြေးလွှားနေတာ တွေ့ရလေသည်။ အလင်းမှုန်တွေကြားက နတ်သမီးဖေးလော့ရဲ့ ခန္ဓာကိုယ်က ပျော့ပျောင်းလာပြီး သူမခန္ဓာကိုယ်အောက်တွင် အနက်ရောင်ရေများ ထုထည်တစ်ခု ရှိနေ၏။
မီးတောက်တစ်ခု ဝုန်းကနဲ ပေါက်ကွဲပြီး အနက်ရောင်ရေကို ပြာအဖြစ် လောင်ကျွမ်းစေတာကြောင့် ဘာမှ မကျန်တော့ပေ။
"ဘာဖြစ်သွားတာလဲ?"