← Chapters

လမ်းခြောက်သွယ် လက်နက်သူတော်စင်၏ တပည့်

Vol. 41 Ch. 571

လမ်းခြောက်သွယ် လက်နက်သူတော်စင်၏ တပည့်

Vol. 41 Ch. 571

သူ့စိတ်ဝိညာဉ်အာရုံက ပြန်ကန်ထွက်လာသည့်အခါ ဟန်လိသည် အခု ရောက်လာသူများမျာ သာမန်ကျင့်ကြံသူများ မဟုတ်မှန်း ကောက်ချက်ချမိသည်။ သူ၏ ရွှေဝါးမြိုခြင်းပိုးတောင်မာများဖြင့် ခိုးကြောင်ခိုးဝှက် ရောက်လာသော အဖြူရောင်အရိပ်ကို တိုက်ခိုက်ပြီးသည့်နောက်မှာ ဟန်လိသည် အခုအခါ၌ အသစ်ရောက်လာသော အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူအပေါ် အာရုံအပြည့်အဝ စိုက်ထားတော့သည်။

ဟန်လိသည် တောင်ကြားထံသို့ ပြန်လှည့်ကြည့်လိုက်သည်။ မန္တာန်အစီအရင်သည် ပိန်းပိန်းနက်မှောင်နေသော အနက်ရောင် ယင်ချီ အရံအတားကို ဖုံးအုပ်ထားတာအား မြင်သည်။ ယွမ်ယောင်သည် စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ်ကို အသုံးပြုရာ၌ အရေးတကြီး အခိုက်အတန့်သို့ ရောက်နေပြီမှန်း သူ့အနေဖြင့် သိလိုက်သည်။ ဤအခိုက်အတန့်၌ သူမသည်သာ နှောက်ယှက်ခံရလျှင် ယွမ်ယောင်မှာ သူမ၏စီနီယာအစ်မဖြစ်သူ၏ စိတ်ဝိညာဉ်ကို တစ်သက်လုံး ခန္ဓာကိုယ် မဖွဲ့စည်းပေးနိုင်ရုံသာမ သူမကိုယ်တိုင်မှာလည်း တန်ပြန်ဒဏ်ခံရကာ အပြင်းအထန် ဒဏ်ရာ ရသွားပေလိမ့်မည်။

ဟန်လိက မျက်မှောင်ကြုတ်၏။ တစ်ဖက်သို့ အလေးအနက်အသွင်ဖြင့် ခေါင်းပြန်လှည့်သည်။ သူသည် ရုတ်တရက် ပေါ်လာ‌သော လူငယ်မှာ မည်သည့်နေရာကမှန်း မသိသော်ငြား ၎င်းလူငယ်အား အထင်မသေးဝံ့ပေ။ တကယ်တော့ ဟန်လိသည် အနှီလူငယ်ကို နည်းနည်းလေးမျှ မကြောက်ချေ။ သူ၏ အံ့ဖွယ်မှော်ရတနာများအပေါ် ယုံကြည်မှု ရှိသည်ဖြစ်၍ သူ့အမြင်၌ မည်သည့် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူမဆို သူ့အတွက် ခြိမ်းခြောက်မှုဟု မမြင်ပေ။

ထို့နောက်တွင် ဟန်လိသည် ထိုလူငယ်ကို လက်ဦးမှု ယူကာ ရှင်းထုတ်ပစ်ရင် ကောင်းမလား၊ မကောင်းမလား စဉ်းစားနေသည်။ တကယ်တော့ အသစ်ရောက်လာသူမှ သူ တစ်ဦးတည်းပင်လျှင် ပြဿနာ ပေးနိုင်နေပြီ ဖြစ်၏။ အကယ်၍ သူသာ အခြားကျင့်ကြံသူများနှင့် ပူးပေါင်းလိုက်လျှင် အလွန်အမင်း ဒုက္ခများသွားနိုင်၏။ ဟန်လိ၏ အမူအရာ၌ ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်သွားခြင်းနှင့်အတူ သူက မျက်လုံးမှေးစင်းလျက် ချက်ခြင်း ထရပ်သည်။

တစ်ဖက်လူငယ်မှာလည်း စစ်ရထားလှည်းထဲမှ ထွက်လာကာ ဟန်လိထံသို့ မိန်းမလှနှင့်အတူ ယှဉ်တွဲ၍ ပျံသန်းလာနေပြီပင်။ ဟန်လိ၏အမူအရာက ပိုလေးနက်လာ၏။ သူ အပြင်ထွက်၍ တိုက်ခိုက်နေစဉ် တောင်ကြားကို ကာကွယ်နိုင်ရန် လက်ဝေ့ရမ်းပြီး သူ့ရုပ်သေးများကို ထုတ်ဖော်လိုက်၏။ ထို့နောက်တွင် သူသည် ဆက်၍ တွေဝေမနေတော့ဘဲ လူငယ်နှင့်မိန်းမပျိုတို့ထံ မိုးပြာအလင်းတန်းအဖြစ်သို့ ပြောင်းကာ ပျံသန်းလာခဲ့သည်။

သူသည် တောင်ကြားအနီးဝန်းကျင်ရှိ ကျင့်ကြံသူများနှင့် ပဍိပက္ခဖြစ်နေစဉ် ယွမ်ယောင်၏ အရေးတကြီး အခိုက်အတန့်ကို အနှောက်အယှက် ဖြစ်နိုင်သည် မဟုတ်လား။ ရန်သူက သန်မာသည်ဖြစ်၍ သူ့ကို သတ်မည်ဆို အချိန်တစ်ခုကြာနိုင်သည်။ သို့ဖြစ်၍ သူသည် တစ်ဖက်သူထံ အရင်ချဉ်းကပ်ကာ တောင်ကြားကနေ အဝေးသို့ မောင်းထုတ်နိုင်ပေလိမ့်မည်။

ကျော့ရှင်းသော လူငယ်သည် မြန်မြန်ဆန်ဆန် ပျံသန်းမလာခဲ့ပေ။ ခဏအကြာတွင် ကျွန်း၏ အစွန်းအဖျား၌ ဟန်လိနှင့် ထိုလူငယ်တို့ တွေ့ကြလေပြီ။ ဟန်လိသည် ယွမ်ယောင်ကို ကာကွယ်သူအဖြစ် လုပ်ဆောင်ပေးမည်ဟု ပြောခဲ့တည်းက သူ့ရုပ်သွင်ကို ပြောင်းလဲထားခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ သူ့ကို ကောင်းကင်လေဟာနယ်ဒယ်စောက်အား ရရှိထားသူအဖြစ် မှတ်မိသိရှိသွားမည့်အပေါ် မစိုးရိမ်ပေ။

သူတို့နှင့် မီတာလေးရာ အကွာလောက်သို့ ရောက်လာသည့်အခါ ဟန်လိက ထိုလူငယ်နှင့် သူ့နောက်မှ လိုက်ပါလာသော မိန်းမလှတို့ကို စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်သည်။ သူတို့ကို စူးစမ်းကြည့်ပြီးနောက်မှာ သူ့မျက်လုံးထဲ၌ အံ့အားသင့်ဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

လူငယ်၏နှဖူးထက်မှ ရွှေရောင်အလင်းသည် မျက်စိဖမ်းစားနိုင်စွမ်း ရှိသော်လည်း ၎င်းက သူ၏ကျင့်ကြံမှုပညာရပ်က ထူးခြားသည်ကို ပြသနေရုံမျှသာ။ ဟန်လိကို အံ့အားတသင့်ဖြစ်သွားစေသူကမူ သူ့ဘေးမှ မိန်းမလှပင်။ မည်သည့်အတွက်ကြောင့်မှန်း မသိရဘဲ ဟန်လိသည် သူမကို ရင်းနှီးသလိုလို ခံစားမိ၏။ အရင်တုန်းက သူမကို မြင်ဖူးသလိုပင်။ အထူးသဖြင့် သူမ၏ ကြည်လင်လှသော မျက်လုံးများပင်။

ဤအခိုက်တွင် ထိုနှစ်ယောက်ကလည်း ဟန်လိကို ကြည့်နေသည်ပင်။

ဝမ်ထျန်ရန်သည် လက်နောက်ပစ်ထား၏။ သူ့မျက်လုံးထဲ၌ ထူးခြားသောဟန်ပန်တစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားသည်။ ထို့နောက်တွင် သူက ပြုံး၍ ပြောသည်။

“ခင်ဗျား နာမည်ကိုများ ကျုပ် သိနေလောက်မလား။ ကောင်းကင်ဖိဆန်တဲ့ပညာရပ်ကို အသုံးပြုနေတဲ့သူဟာ ခင်ဗျားရဲ့ တာအိုလက်တွဲဖော်များလား…”

ဟန်လိက ထိုစကားကို ကြားသည့်အခါ စိတ်ထဲ၌ တုန်ရင်သွားသည်။ ထိုလူချောသည် ကောင်းကင်နိမိတ်၏ ဇစ်မြစ်ကို သိနေတာ ထင်ရှားသည်။ ဤသည်ကပင် သူသည် ရှိန်စရာကောင်းလှသူမှန်း ဖော်ပြနေသည်။

“ကျုပ် နာမည်က ဘာမှ အရေးမပါလှပါဘူး။ ဒါပေမဲ့လို့ ရောင်းရင်းတို့ နောက်ပြန်ဆုတ်ပေးဖို့ ကျုပ် တောင်းဆိုချင်ပါတယ်။ ဒီကောင်းကင်နိမိတ်ဟာ ရတနာတစ်ခု ပေါ်ထွက်လာခဲ့တာကြောင့် မဟုတ်မှန်းလည်း ခင်ဗျားတို့က သိထားပြီးမှတော့ ဘာကြောင့်များ ဒီကျွန်းပေါ်ကို ရောက်လာကြရတာလဲ…”

ဟန်လိသည် စိတ်ခံစားချက်တစွန်းတစမျှ မပေါ်လေဘဲ ထိုသို့ မေးသည်။

လူငယ်က မထူးခြားနားဟန်ဖြင့် ပြန်ဖြေသည်။

“ကျုပ်က ကောင်းကင်နိမိတ်ကြောင့် ဒီကို ရောက်လာခဲ့တာ မဟုတ်ဘူး။ ခင်ဗျားကြောင့် ရောက်လာခဲ့တာ…”

“ကျုပ်ကြောင့် ဟုတ်လား…” ဟန်လိက မျက်မှောင်ကြုတ်သွား၏။ ထိုသို့ပြောလာမည်ဟု သူ မမျှော်လင့်ထားမိခဲ့ပေ။ ဝမ်ထျန်ရန်၏ ကြည့်ကောင်းလှသော မျက်နှာ၌ ရန်လိုဟန် ပေါ်လာပြီး သူက အေးတိအေးစက် ပြောလိုက်သည်။

“အမှန်ပါပဲ။ ခင်ဗျားက နာမည် မပြောချင်မှတော့ ကျုပ်ကလည်း အတင်းအကြပ် မေးမနေတော့ဘူး။ ဒါပေမဲ့ ကျုပ်က ဂိုဏ်းတိုင်းရဲ့ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတွေအကြောင်း အနည်းနဲ့အများ သိထားတယ်။ ခင်ဗျားရဲ့ ပုံစံကိုတော့ သိပ်မရင်းနှီးတဲ့အတွက် ခင်ဗျားဟာ လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်။ ဒီလိုဆိုမှတော့ ကျုပ်က ခင်ဗျားနဲ့ ခင်ဗျားရဲ့ တာအိုလက်တွဲဖော်တို့ကို ရွေးချယ်စရာနှစ်ခု ပေးမယ်။ မဟာမိတ်အဖွဲ့ထဲ ဝင်ပြီး ကျုပ်တို့ နတ်ငြိမ်းချမ်းရေးခန်းမရဲ့ ကြီးကြပ်သူတစ်ယောက် လုပ်ပြီး ကျုပ် အမိန့်ကို နာခံမလား။ ဒါမှမဟုတ် ကျုပ်လက်ချက်နဲ့ ဒီမှာ သေချင်လား…”

“မင်း အမိန့်ကို နားထောင်ရမှာလား။ မဟာမိတ်အဖွဲ့ထဲ ဝင်ရမှာ ဟုတ်လား။ မင်းက ကြယ်ကြွေမဟာမိတ်အဖွဲ့ ဝင်တစ်ယောက်ပေါ့…”

ထိုစကားကို ကြားကြားချင်း ဟန်လိသည် မင်သက်သွားသေးသည်။ သို့သော် ခဏအကြာတွင် သူသည် ထိုအမျိုးသားဖြစ်သူအား သံသယဝင်ဟန်ဖြင့် ထပ်မံ စူးစမ်းသည်။

မိန်းမပျိုက ပုံမှန်လေသံဖြင့် ပြောလာ၏။

“သခင်လေးဝမ်ဟာ ကြယ်ကြွေမဟာမိတ်အဖွဲ့က လမ်းခြောက်သွယ် လက်နက်သူတော်စင်ရဲ့ တပည့်ကျော်တစ်ယောက်ပဲ။ နင့်အနေနဲ့ သူ့လက်အောက်ဝင်တာဟာ သိက္ခာကျစရာမျိုးလို့ မယူဆလေနဲ့။ ဒါ့အပြင် ဒီက တာအိုရောင်းရင်းရဲ့ ကျင့်ကြံမှုနဲ့ဆို မဟာမိတ်အဖွဲ့ထဲမှာ အရေးပါတဲ့ နေရာတစ်ခုတော့ ရနိုင်မှာပါ…”

“မင်းက လမ်းခြောက်သွယ်လက်နက်သူတော်စင်ရဲ့ တပည့်လား…”

ဟန်လိ၏မျက်နှာအမူအရာသည် လှုပ်ခတ်သွား၏။ သူသည် တစ်ဖက်သူ၏ နောက်ခံမှာ သာမန်မဟုတ်မှန်း သိသော်ငြား ဤမျှ မြင့်မားနေလိမ့်မည်ဟု မမျှော်လင့်မိခဲ့ပေ။

ဝမ်ထျန်ရန်သည် ဟန်လိ၏ တုန်လှုပ်သွားဟန်ကို မြင်သည့်အခါ၌ သူ့အမူအရာမှာ နဂိုအတိုင်းပင်။ သူ့မျက်လုံးထဲတွင်မူ ဂုဏ်ယူဟန် တစွန်းတစ ရှိနေ၏။ သူသည် သူ၏နောက်ခံပုံရိပ်ကို ကြား၍ ဟန်လိ အံ့အားသင့်သွားတာ မြင်သည့်အခါ ကျေနပ်သွားသည်။ သူသည် လက်နက်သူတော်စင်၏ တပည့်ဟု ထုတ်ဖော်ပြောရခြင်းအပေါ် မည်သည့် အရှက်ရစိတ်မှ မရှိနေပေ။

သို့ပေမည့် ဝမ်ထျန်ရန်၏ စိတ်အားတက်ကြွမှုသည် ဟန်လိ၏ အမူအရာက လှောင်ပြောင်ဟန်သို့ ပြောင်းသွားသည့်အခါ လျင်မြန်စွာ ပြန်ရုတ်လျော့သွားတော့သည်။

ပြတ်သားသည့်လေသံဖြင့် ဟန်လိက ပြောလာသည်။

“ဒီတော့ ခင်ဗျားက ကြယ်ကြွေမဟာမိတ်အဖွဲ့ရဲ့ သခင်လေးပေါ့။ ကျုပ်ရဲ့ မယဉ်မကျေးဖြစ်သွားတဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျုပ်က ခင်ဗျားတို့ အဖွဲ့ထဲ ဝင်ရောက်ချင်စိတ် မရှိသလို သေချင်စိတ်လည်း လုံးဝ မရှိပါဘူး။ ကျုပ်မှာ နောက်ထပ် ကမ်းလှမ်းချက်တစ်ခု ရှိပါသေးတယ်။ သခင်လေးဝမ်ရဲ့ အသက်ကို ဒီမှာ ထားခဲ့ရင်ကော အဆင်ပြေလောက်လား…”

ဝမ်ထျန်ရန်၏ လွှမ်းမိုးနိုင်စွမ်းရှိသည့် အပြုအမူအရ ထိုသူသည် နည်းနည်းလေးမျှ အားနာတတ်သူမဟုတ်မှန်း ဟန်လိအနေဖြင့် ကောင်းကောင်း နားလည်သည်။ အခြားသူများသည် ကြယ်ကြွေမဟာမိတ်အဖွဲ့ကို ကြောက်ချင်ကြောက်ကြပေလိမ့်မည်။ သို့ပေမည့် သူ့အတွက်ကမူ ထိုအဖွဲ့နှင့် ပတ်သက်ပြီး အများကြီး တွေးမထားပေ။ တကယ်တော့ သူ့လက်ထဲ၌ ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ပိုင်ဆိုင်ထားပြီး ဖြစ်၍ အတွင်းကြယ်ပင်လယ်များမှ လူတိုင်း၏ တရားခံ ဖြစ်နှင့်ပြီးဟု ယူဆိုင်နိုင်သည် မဟုတ်လား။

“ကောင်းတယ်…သိပ်ကောင်းတယ်…” ဝမ်ထျန်ရန်သည် ရန်လိုစွာ ပြုံး၍ ဟန်လိကို ရေခဲတမျှ အေးစက်သည့်အကြည့်ဖြင့် စိုက်ကြည့်လာသည်။ သူက စကားဆိုပြီးသည်နှင့် အပြာရောင်အလင်းတန်းတစ်ခုကို ချက်ခြင်းလက်ငင်း ထွေးထုတ်သည်။

ထိုအလင်းက သူ့ပါးစပ်မှ ထွက်လာရုံရှိသေး တလျှံလျှံ လင်းလက်တောက်ပကာ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ ဟန်လိ၏မျက်နှာက တင်းမာသွား၏။ သူ့လက်ထဲရှိ ကျောက်စိမ်းတောင်ဝှေးကို အလိုလို ဝေ့ရမ်းကာ အနီနှင့်အဝါအလင်းအရံအတားတစ်ခုကို သူ့အား ချက်ခြင်း လွှမ်းခြုံသွားစေသည်။

အရံအတား ပေါ်လာသည်နှင့် အပြာရောင်အလင်းက ၎င်းအား ဝင်တိုက်ခိုက်သွားသည်။ ခပ်အုတ်အုတ်မြည်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုထိုးနှက်မှုကြောင့် ဆယ်မီတာလောက်ထိ နောက်ဆုတ်လိုက်ရပြီးနောက်မှာ ဟန်လိ၏ အမူအရာသည် မသိမသာ ပြောင်းလဲသွားသည်။

ထိုအခိုက်တွင် ယင်းအပြာရောင်အလင်းသည် လေးငါးလက်မလောက် အရှည်ရှိသည့် ထူးခြားသော ဆူးတစ်ချောင်းဖြစ်မှန်း သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ၎င်းပတ်ပတ်လည်၌ အဆောင်သင်္ကေတများစွာ လှည့်ပတ်လျက် ရှိ၏။

နောက်ထပ် စဉ်းစားမနေတော့ဘဲ ဟန်လိက သူ့လက်ချောင်းများကို တောက်ထုတ်ကာ မိုးပြာဓားချီတန်းဆယ်ခုကျော်ကို အနှီအပြာရောင်ဆူးထံ စေလွှတ်သည်။ ရလဒ်ကိုစောင့်မနေဘဲ ဟန်လိက သူ့သိုလှောင်အိတ်ကို ပုတ်ပြီး သူ၏ဓာတ်ငါးပါးကြိုးမျှင်များကို ထုတ်ယူသည်။ ၎င်းတို့က သက်တံရောက်လင်းလက်ပြီး မြည်သံ ပေးလာသည်။ အခြားလက်တစ်ဖက်ဖြင့် သူက ဝမ်ထျန်ရန်ထံ ဓားအလက်နှစ်ဆယ်ကျော်ကို ပစ်သွင်းလိုက်ပြန်သည်။

ဝမ်ထျန်ရန်သည် သူ၏တိုက်ခိုက်မှုက တားဆီးခံရသည့်အပေါ် နည်းနည်းလေးမျှ အံ့အားဖြစ်သွားဟန် မပေါ်ပေ။ သူက သူ့လက်နှစ်ဖက်ကို တည်ငြိမ်စွာ ဖိကပ်ပြီး အလံငယ်တစ်ခုကို ဆင့်ခေါ်သည်။ လေးလက်မလောက် အရှည်ရှိမည့် ထိုအလံငယ်သည် အပြာရောင်အလင်းတောက်ပကာ အံ့ချီးဖွယ် စိတ်ဝိညာဉ်ချီတစ်ခု ပိုင်ဆိုင်ထားသည်။

တစ်ချိန်တည်းမှာ သူက သူ့ထံ ပျံသန်းဝင်လာသော ဓားအုပ်ကို တစ်ချက်လှမ်းကြည့်၏။ သူ့အမူအရာ၌ အံ့အားသင့်ဟန် ဖြစ်ပေါ်သွားသည်။ သူသည် လစ်လျူမရှုဝံ့ဘဲ လက်ထဲရှိ ခရမ်းရောင်အလံငယ်ကို ခပ်မြန်မြန် ဝေ့ရမ်းသည်။ ထိုအခါ မရေမတွက်နိုင်သော ခရမ်းတိမ်တိုက်များ ပေါက်ကွဲထွက်၏။ ၎င်းတို့က သူ့အား လုံးဝ ထွေးခြုံပေးသွားပြီး မြင်ကွင်းမှ သူ ပျောက်ကွယ်သွားသည်။ ဟန်လိ၏မျက်လုံးထဲ၌ စိတ်ပျက်ဟန် ဖြစ်ပေါ်သွား၏။ သူက ဝမ်ထျန်ရန်ကို ဓာတ်ငါးပါးကြိုးမျှင်များဖြင့် ထိန်းချုပ်ချင်နေတာပင်။ သူက ၎င်းကြိုးမျှင်များကို အဝိုင်းတစ်ခုအသွင်သို့ ပေါင်းစည်းစေပြီး သူ့ခန္ဓာကိုယ်ကိုသာ အကာအကွယ် ပြုလုပ်ထားတော့၏။ တစ်ချိန်တည်းမှာ သူ့လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေပြီး ဓားအရိပ်တစ္ဆေပညာရပ်ကို အသက်သွင်းသည်။

ဓားနှစ်ဆယ့်လေးလက်သည် ရုတ်တရက် ဝေဝါးသွားပြီး ကိုးဆယ့်ခြောက်လက်ထိ ဖြစ်သွားကာ ခရမ်းရောင်တိမ်တိုက်များကို ဖြတ်၍ လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် ထိုးနှက်တိုက်ခိုက်လာသည်။ အကွာအဝေးတစ်ခုမှ မိန်းမပျိုက ထိုမြင်ကွင်းကို မြင်သည့်အခါ အလွန်အမင်း တုန်လှုပ်သွား၏။ သူမ၏အမူအရာသည် တုန်လှုပ်မှု၊ မယုံကြည်နိုင်ဖြစ်မှုတို့ကြောင့် ဖြူရော်သွားသည်။ သည့်နောက်မှာ သူမ၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်လာ၏။

မိုးပြာအလင်းတန်းများကာ တိမ်တိုက်များကို အဆက်မပြတ် ထိုးထောက်လာ၏။ သို့ပေမည့် ထိုတိုက်ခိုက်မှုများသည် တိမ်တိုက်များကို ဖြတ်ကျော်သွား၏။ မည်သည့်အရာမျှ မရှိနေသည့်အလားပင်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိက အလိုလို မျက်မှောင်ကြုတ်သွားသည်။ သူက သုန်မှုန်သွား၏။ သူသည် ဝမ်ထျန်ရန်ကို လွယ်လင့်တကူ ရှင်းထုတ်ပစ်၍ မရမှန်း သိထားသော်လည်း တစ်ဖက်သူသည် သူ ထင်ထားတာထက် သာနေသည်။

ထိုအတွေးဖြင့် ဟန်လိက သူ့ဓားများထံ လက်ညွှန်ကာ လည်ပတ်စေပြန်သည်။ ဓားများသည် ဆယ်မီတာအရှည်ရှိ ဓားများအဖြစ်သို့ ပြောင်းလဲသွားပြီး ဖိအားတစ်ခုကို ထုတ်လွှတ်လာသည်။ တစ်ချိန်တည်းမှာ ဟန်လိသည် သူ့ခါးမှ စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ကို ထိရိုက်လိုက်သည်။

All Chapters