← Chapters

အခန်း (၁၂၆၃)

Vol. 91 Ch. 1263

အခန်း (၁၂၆၃)

Vol. 91 Ch. 1263

သူမက အသက်နှစ်ဆယ်ခန့်သာ ရှိသည်ဟု ထင်ရသော လှပသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူမ၏ ချပ်ဝတ်က အဆင့်ခုနစ် မဟုတ်ခဲ့လျှင် မြို့သခင်မဟု ယုံကြည်နိုင်မည်မဟုတ်ပေ။

‘ယုထောင်မြို့မှာ သခင်မရှိတာလား’

ခန်းဆောင်က ဆူညံသွားသည်။

ယုထောင်မြို့က အပျက်အစီးတစ်ခု ဖြစ်နေသည်။ မည်သို့ မြို့သခင်မ ရှိနိုင်မည်နည်း။

“ခေါင်းဆောင်၊ သူက ယုထောင်မြိုသခင်ဟောင်းရဲ့ မျိုးဆက်၊ လက်ရှိမြိုသခင်မ ရွှယ်နင်းအာပါ”

ကျူးရှန်လင်းက ဟယ်ရန်စွန်းကို ဦးညွတ်လိုက်ပြီး ပြောသည်။

“ကျွန်တော်တို့ ကျူးမိသားစုက ယုထောင်မြို့သခင်ရဲ့ မျိုးဆက်တွေကို အမြဲတမ်း ကာကွယ်ပေးခဲ့ပါတယ်”

“မြို့သခင်မရွှယ်က ခေါင်းဆောင်နဲ့ အရေးတကြီးပြောစရာ ရှိနေပါတယ်”

ထို့နောက် သူက ဘေးတွင်ရှိသော အနီရောင်ချပ်ဝတ်နှင့် မိန်းမပျိုကို ကြည့်သည်။

သူက ယုထောင်မဟာမိတ်၏ လက်ထောက်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အပြင်လူတစ်ယောက်ကို ဤနေရာသို့ ခေါ်လာခြင်းဖြင့် တတ်နိုင်သမျှ ကြိုးစားပေးခဲ့သည်။ အများအပြား ဝင်မပါသင့်ပေ။

အကယ်၍ ရွှယ်နင်းအာဟုခေါ်သော မိန်းကလေးက အရေးကြီးကိစ္စကို မပြောနိုင်လျှင် သူက မဟာမိတ်မှ ထွက်ပေးရလိမ့်မည်။

ဟယ်ရန်စွန်းက တည်ငြိမ်နေပြီး မိန်းကလေးကို ကြည့်လိုက်သည်။

သူက ထိုချပ်ဝတ်ကို မှတ်မိသည်။ မီးတောက်ချပ်ဝတ် ဖြစ်သည်။

မီးတောက်ချပ်ဝတ်ကို ယုထောင်မြို့၏ အစောင့်အကြပ်များက ဝတ်ဆင်ခဲ့ကြသည်။

သို့သော် မိန်းကလေး၏ မီးတောက်ချပ်ဝတ်က သာမန်မဟုတ်ပေ။ အရည်အသွေးပိုကောင်းသည်။

သူမက အမှန်တကယ်ပင် ယုထောင်မြို့သခင် ဖြစ်နိုင်သည်။

ဟယ်ရန်စွန်းက အကဲခတ်ကြည့်နေသည်။ မိန်းကလေးကလည်း သူ့ကို ကြည့်နေသည်။

မိုင်တစ်သန်းပတ်ဝန်းကျင်တွင် နံပတ်တစ်ပါရမီရှင် ....

အကယ်၍ ဟယ်ရန်စွန်းက လုံလောက်စွာ မသန်မာလျှင် သူမက ဤနေရာသို့ ရောက်လာမည်မဟုတ်ပေ။

“ခေါင်းဆောင်ဟယ်၊ မင်ဝူမြို့ရဲ့ လက်ထောက်မြို့သခင် သူတော်စင်အဆင့် ချပ်ဝတ်သခင် စုယန်နဲ့ မင်ဝူမြို့ရဲ့ သခင်မလေးဖြစ်တဲ့ အဆင့်ကိုးရုပ်‌သေးသခင် ယန်ခယ့်အာတို့က ယုထောင်မြို့ပျက်ကို လာနေကြပါတယ်”

ရွှယ်နင်းအာ၏စကားကြောင့် ခန်းဆောင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။

သူတော်စင်အဆင့် ချပ်ဝတ်သခင်နှင့် အဆင့်ကိုး ရုပ်သေးသခင် ....

ထိုနှစ်ယောက်သည် ယုထောင်မြို့ပျက်တစ်ခုလုံးကို လွှမ်းမိုးနိုင်သည်။

ယုထောင်မြို့ပျက်သည် အဆင့်ကိုးသာဖြစ်သည်။

“သူတော်စင်အဆင့်လား”

နလန်မိုရန်က မျက်မှောင်ကြုတ်လိုက်ပြီး ဟယ်ရန်စွန်းကို ကြည့်သည်။

“အစ်ကိုကြီး၊ သူတော်စင်အဆင့်က မြို့ကြီးတွေမှာ ဘာမှမဟုတ်ပေမဲ့ ဒီနေရာမှာတော့ မတူဘူး။ ကျွန်တော်တို့ နောက်ဆုတ်သင့်လား”

ယုထောင်မြို့ပျက်မှ ဆုတ်ခွာမည်။

ဟယ်မိသားစုက လိုချင်သောရတနာကို ရခဲ့သည်။

ဤနေရာတွင် နေထိုင်ပြီး သန်မာသောရန်သူများနှင့် ရင်ဆိုင်မည့်အစား ထွက်သွားလျှင် ပိုကောင်းသည်။

သူက ဟယ်ရန်စွန်းကို ယုံမင်မြို့သို့ ဖိတ်ခေါ်ထားသော်လည်း အငြင်းခံလိုက်ရသည်။

“သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိနေရင်တောင် ငါတို့က တိုက်ခိုက်ဖို့ သတ္တိရှိသင့်တယ်”

ဟယ်ရန်စွန်းက ခေါင်းခါသည်။ သူ့အကြည့်က ပြတ်သားနေသည်။ သူက တစ်ယောက်တည်းဆိုလျှင် နောက်ဆုတ်ရန် ရွေးချယ်လိမ့်မည်။

သို့သော် ဆရာဟန်က ဤနေရာတွင် ရှိနေသောကြောင့် မည်သည့်အရာကိုမှ ကြောက်နေရန် မလိုပေ။

ဆရာဟန်၏ ရုပ်သေးရုပ်သည် သူ့ကို အမြဲတမ်း တိုက်ကွက်ဆယ်ခုအတွင်း အနိုင်ယူခဲ့သည်။

သူက အဆင့်ရှစ်သို့ ရောက်နေသော်လည်း ထိုအချက်က ပြောင်းလဲမသွားပေ။

သူက ကုန်သွယ်ရေးအဖွဲ့၏ အဆင့်ကိုးကျွမ်းကျင်သူများနှင့် တိုက်ခိုက်ဖူးသည်။ သူက သူတို့ကို တိုက်ကွက်တစ်ရာအတွင်း အနိုင်ယူနိုင်သည်။

သူ့ကို တိုက်ကွက်ဆယ်ခုအတွင်း အနိုင်ယူနိုင်သော လူမျိုးက မည်သည့်အဆင့်တွင် ရှိနေမည်နည်းဟု လိုက်မေးဖူးသည်။

အဆင့်ကိုးကျွမ်းကျင်သူများ အားလုံးက သူတော်စင်အဆင့်ဟု ပြောခဲ့ကြသည်။

သူတော်စင်အဆင့် ....

သူခန့်မှန်းထားသည့်အတိုင်း ဆရာဟန်၏ ရုပ်သေးရုပ်သည် သူတော်စင်အဆင့်တွင် သေချာပေါက် ရှိနေလိမ့်မည်။

ထို့အပြင် ဆရာဟန်မှာ တခြားရုပ်သေးများလည်း ရှိနေသည်။

ဆရာဟန်၏ ဘေးတွင်ရှိနေသော ရွှေရောင်ငှက်ကလေးက တောင်တန်း၏တစ်ဝက်ကို မီးတောက်များဖြင့် ပြာချပစ်ဖူးသည်။ ထို့အပြင် ရွှေရောင်ပုတီးစေ့က တောင်တန်းနှင့်မြစ်များကို တစ်ချက်တည်း ပေါက်ကွဲသွားစေနိုင်သည်။

ဓာတ်စင်ငါးပါးဟုခေါ်သော လူအိုကြီးတစ်ယောက်လည်း ရှိနေသေးသည်။ သူက ပန်းပဲပညာရပ်အား သင်ကြားရာတွင် ခွန်အားထုတ်ပြခဲ့သည်။ သူ၏ ခွန်အားကလည်း ရွှေရောင်ငှက်၊ ပုတီးစေ့တို့နှင့် ယှဉ်နိုင်သည်။

ဟယ်ရန်စွန်း၏ သုံးသပ်ချက်အရ ဆရာဟန်၏ခွန်အားသည် အလွန်နက်ရှိုင်းသည်။

အဘယ်ကြောင့်ဆိုသော် ဓာတ်စင်ငါးပါးက ဆရာဟန်ကို အနည်းငယ် ကြောက်ရွံ့နေပုံပေါ်သည်။

ထို့ကြောင့် အနည်းဆုံး ဆရာဟန်က ဓာတ်စင်ငါးပါးထက် ပိုမိုသန်မာလိမ့်မည်။

ဟယ်ရန်စွန်းက တိုက်ခိုက်မည်ဟု ပြောလိုက်သောအခါ ခန်းဆောင်ထဲတွင်ရှိသော လူများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။

တချို့က စိုးရိမ်နေသည်။

တချို့ကတော့ ပြတ်သားသည်။

နလန်မိုရန်က မျက်မှောင်ကြုတ်လိုက်သည်။

ရွှယ်နင်းအာ၏မျက်လုံးများက တောက်ပလာပြီး လေးစားနေပုံပေါ်သည်။

“ထင်ထားတဲ့အတိုင်းပါပဲ။ သူတော်စင်အဆင့် ကျွမ်းကျင်သူကိုတောင် ရင်ဆိုင်ရဲတယ်”

သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဟယ်ရန်စွန်းကို ဆက်ကြည့်သည်။

“ကျွန်မက ခေါင်းဆောင်ဟယ်နဲ့ သီးသန့်ဆွေးနွေးစရာ ရှိတယ်”

ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ထွက်သွားကြသည်။

ကျူးရှန်လင်းကလည်း ထွက်သွားသည်။

နလန်မိုရန်ကသာ ကျန်ရစ်ခဲ့သည်။

နလန်မိုရန်က ရွှယ်နင်းအာကို ကြည့်လိုက်ပြီး ပြောသည်။

“မင်းက ငါ့အစ်ကိုနဲ့ နှစ်ယောက်တည်း ဘာပြောချင်တာလဲ”

ရွှယ်နင်းအာက ခေါင်းခါလိုက်သည်။

“ခေါင်းဆောင်ဟယ်နဲ့ပဲ ဆွေးနွေးနိုင်မယ်”

သူမ၏စကားကြောင့် နလန်မိုရန်က မျက်လုံးပြူးသွားသည်။

ဟယ်ရန်စွန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။ နလန်မိုရန်က နှာမှုတ်လိုက်ပြီး ခန်းဆောင်ထဲမှ ထွက်သွားသည်။

“မင်းက ဘာပြောချင်တာလဲ”

ဟယ်ရန်စွန်း နေရာတွင် ရပ်နေပြီး တည်ငြိမ်စွာ ပြောသည်။ သူက လွှမ်းမိုးနိုင်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ရွှယ်နင်းအာက တိတ်ဆိတ်နေပြီး ညင်သာစွာပြောသည်။

“ကျွန်မက လှံရှည်ကို ထုတ်ယူဖို့ ရှင်နဲ့ ပူး‌‌ပေါင်းချင်တယ်”

“လှံကို ထိန်းချုပ်နိုင်ရင် မင်ဝူမြို့ရဲ့ ကျွမ်းကျင်သူတွေကို တားဆီးနိုင်လိမ့်မယ်”

လှံရှည် ....

ထိုလှံသည် ယုထောင်မြို့ပျက်၏ မြေအောက်တွင် ရှိနေသည်။

ဟယ်ရန်စွန်းက ဟန်မူယဲ့မှတစ်ဆင့် လှံရှည်၏အကြောင်းကို သိထားခဲ့သည်။

“ငါတို့ ဘယ်လိုပူးပေါင်းမှာလဲ။ လှံရှည်ကိုရော ဘယ်လိုခွဲယူမှာလဲ”

ဟယ်ရန်စွန်းက ရွှယ်နင်းအာကို ကြည့်လိုက်သည်။

ဟယ်ရန်စွန်း၏ ပွင့်လင်းသောတုံ့ပြန်မှုကြောင့် ရွှယ်နင်းအာက ကြောင်အသွားသည်။

သူမက အသက်ရှူသွင်းလိုက်ပြီး ပြောသည်။

“ကျွန်မမှာ ဝင်္ကပါကို အသက်သွင်းနိုင်တဲ့နည်းလမ်း ရှိတယ်။ ဒါပေမဲ့ ရှင်က ရွှေနက်ရုပ်သေးရုပ်ကို ထိန်းချုပ်ပြီး လျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ လှံရှည်ကို ထုတ်ယူရမယ်”

“ရွှေနက်ရုပ်သေးရုပ်ကို အသုံးပြုမှ လျှို့ဝှက်နယ်မြေကို ဝင်ရောက်နိုင်မယ်”

“လှံရှည်ကို စောင့်ကြပ်တဲ့နေရာမှာ ရွှေနက်ရုပ်သေးရုပ်တွေကို သုံးခဲ့တယ်”

သူမက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ရှင်တို့ ဟယ်မိသားစုက ‌ရွှေနက်ရုပ်သေးရုပ်ကို ရထားတယ်”

‘ဆရာဟန်ကို ပေးလိုက်တဲ့ ရွှေနက်ရုပ်သေးရုပ်လား’

ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်သည်။ သို့သော် စကားဆက်မပြောပေ။

ရွှယ်နင်းအားက ပူးပေါင်းမည့်ကိစ္စနှင့်ပတ်သတ်၍ အများအပြား ပြောခဲ့သော်လည်း လှံရှည်အား ခွဲယူမည့်ကိစ္စကို မပြောခဲ့ပေ။

လှံရှည်က တစ်ခုသာရှိသည်။

ဟယ်ရန်စွန်းက သူမကို တည်ငြိမ်စွာ ကြည့်နေသောကြောင့် အနည်းငယ် စိတ်ရှုပ်သွားသည်။

‘သူက လူငယ်လေးဖြစ်နေတာတောင် မြေခွေးအိုကြီးတွေလို ပြုမူနေတာပဲ’

သူမက ဘုရားမြို့၏ ဟယ်မိသားစုကို ကြားဖူးသည်။ သို့သော် ဝေးကွာသောကြောင့် အ‌သေးစိတ် မသိခဲ့ပေ။ ထို့အပြင် ပန်းပဲပညာရှင်အစည်းအရုံး၏ ဖုံးကွယ်မှုကြောင့် ဟယ်ရန်စွန်း၏ ကြွယ်ဝမှုကိုလည်း မခန့်မှန်းနိုင်ပေ။

ဟယ်ရန်စွန်းက အလွန်ချမ်းသာသောကြောင့် တည်ငြိမ်စွာ နေနိုင်သည်။

“ကျွန်မတို့က လှံရှည်ကို ရလာရင် မြို့ကြီးတွေဆီမှာ ရောင်းစားလို့ရတယ်”

ရွှယ်နင်းအာက အသက်ရှူသွင်းလိုက်သည်။

“ကျွန်မတို့ ရွှယ်မိသားစုက ကျဆင်းနေပြီ။ အဲဒီလှံကို ထိန်းသိမ်းမထားနိုင်ဘူး”

သူမက အမှန်အတိုင်း ပြောခဲ့သည်။

ရတနာကို ထိန်းသိမ်းရန်အတွက် သင့်တော်သော ခွန်အားကို လိုအပ်သည်။

သူမက အဆင့်ခုနစ် ကျွမ်းကျင်သူတစ်ဦးသာ ဖြစ်သည်။

ထိုခွန်အားဖြင့် နတ်ဘုရားအဆင့်အား ကျော်လွန်နေသော လှံရှည်ကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

“ငါက လှံရှည်ကို လိုချင်တယ်”

ဟယ်ရန်စွန်းက တည်ငြိမ်စွာပြောသည်။

“မြို့ကြီးတွေထက် နှစ်ဆပေးမယ်”

ရွှယ်နင်းအာက စိတ်ရှုပ်ထွေးနေပြီး အံ့အားသင့်စွာ ခေါင်းမော့ကြည့်သည်။

သို့သော် ချက်ချင်းဆိုသလိုပင် ဟယ်ရန်စွန်းက လက်မြှောက်ပြီး ရွှေရောင်စာရွက်ကို ထုတ်ယူသည်။

“ရွှေစာရွက်က ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ထိပ်တန်းစာချုပ်ပဲ။ ဒီမှာရေးထားတဲ့ သဘောတူညီချက်ကို ဖောက်ဖျက်မယ်ဆိုရင် ကြယ်စင်စုစကြဝဠာတစ်ခုလုံးမှာရှိတဲ့ ပန်းပဲပညာရှင်အစည်းအရုံး၊ ရုပ်သေးသခင်အစည်းအရုံးနဲ့ ချပ်ဝတ်သခင်အစည်းအရုံးတွေက လိုက်ဖမ်းလိမ့်မယ်”

ဟယ်ရန်စွန်းက တုံ့ဆိုင်းမနေဘဲ ကိုယ်ပိုင်ဝိညာဉ်အမှတ်အသားကို စာချုပ်တွင် ရေးထိုးလိုက်သည်။

ရွှယ်နင်းအာက စိတ်ရှုပ်ထွေးနေပြီး စာရွက်ကိုယူ၍ ရေရွတ်သည်။

“ဒီစာချုပ်က အရမ်းအဖိုးတန်တယ်။ တကယ်ကို ထူးခြားတာပဲ”

တစ်နာရီအကြာတွင် စာချုပ်က ဟန်မူယဲ့ဆီသို့ ရောက်သွားသည်။

နလန်မိုရန်က ရိုသေစွာရပ်နေသော သွေးတစ်ဝက်အစ်ကိုကြီးကို စိတ်ဝင်စားစွာ ကြည့်သည်။

ဆရာဟန်သည် ဟယ်မိသားစု၏ နောက်ခံဖြစ်ပြီး ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံး၏ ခေါင်းဆောင် ဖြစ်သည်။

သူက ပန်းပဲပညာရှင်တစ်ယောက်သာ ဖြစ်သည်။ ယုံမင်မြို့တွင် အားကောင်းသော သူတော်စင်အဆင့် ပန်းပဲပညာရှင်များပင် ရှိနေသည်။

သို့သော် သူ့အစ်ကိုက ဆရာဟန်ကို အလွန်အကျူး လေးစားနေသည်။

ယုထောင်မြို့သခင်မနှင့် ချုပ်ဆိုထားသော အရေးကြီးစာချုပ်ကို ဟန်မူယဲ့ကြည့်နိုင်ရန် ပေးခဲ့သည်။

“ဆရာဟန်၊ ရွှယ်နင်းအာပြောတဲ့ လှံရှည်က ဆရာဟန်ပြောတဲ့ ကောင်းကင်ခွဲလှံ ဖြစ်လိမ့်မယ်”

“ကျွန်တော်က စာချုပ်မှာ လက်မှတ်ထိုးပြီးပြီ။ လှံရှည်ကို ကျွန်တော်တို့ ယူလို့ရတယ်”

ဟန်မူယဲ့က စာချုပ်ကို ကြည့်လိုက်ပြီး ပြုံးသည်။

“မင်းက မူလဒင်္ဂါးတွေကို အသုံးပြုပြီး လူတွေကို ဖယ်ထုတ်တဲ့နေရာမှာ ပိုကျွမ်းလာတာပဲ”

သူက ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။

“မင်းက အဲဒီလှံရှည်ရဲ့တန်ဖိုးကို သိလား”

နလန်မိုရန်ကတော့ မသိပေ။

သို့သော် သူက မြို့ကြီးမှ ရောက်လာသောကြောင့် ရတနာများ၏တန်ဖိုးကို နားလည်သည်။

အကယ်၍ ထိုလှံကို ရောင်းလိုက်လျှင် အနည်းဆုံး မူလဒင်္ဂါး သန်းတစ်ထောင်ခန့် ရလိမ့်မည်။

“လွန်ခဲ့တဲ့ဆယ်နှစ်မှာ ပိုင်ယွဲ့မြို့က ကမ္ဘာဦးရုပ်သေးရုပ်ရဲ့ ဓားရှည်ကို မူလဒင်္ဂါး သန်းတစ်ထောင်နဲ့ ရောင်းခဲ့တယ်”

“လွန်ခဲ့တဲ့ရှစ်နှစ်မှာ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို မူလဒင်္ဂါး သန်းရှစ်ထောင်နဲ့ ဈေးသတ်မှတ်ခဲ့တယ်။ ပြီးတော့ နတ်ဘုရားအဆင့် ပန်းပဲပညာရှင်က သူတော်စင်အဆင့် ရုပ်သေးရုပ်သုံးရုပ်ကို ပေါင်းထည့်ပေးမယ်လို့ ပြောခဲ့တယ်”

ဟယ်ရန်စွန်း၏ ပေါ့ပါးသောစကားကြောင့် နလန်မိုရန်က မျက်လုံးပြူးသွားသည်။

‘ငါက အဲဒါတွေကို ဘာဖြစ်လို့ မသိတာလဲ’

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းသည်။

“လှံရှည်ရဲ့တန်ဖိုးက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ထက် ဆယ်ဆပိုတယ်”

ဆယ်ဆ ....

ကမ္ဘာဦးအဆင့် ရုပ်‌‌သေးရုပ်အတွက် မူလဒင်္ဂါး သန်းရှစ်ထောင်နှင့် သူတော်စင်အဆင့် ရုပ်သေးရုပ်သုံးရုပ် ပေးခဲ့ရသည်။

သူတော်စင်အဆင့် ရုပ်သေးရုပ်များသည် မူလဒင်္ဂါး သန်းနှစ်ထောင်ခန့် တန်ဖိုးရှိသည်။ ထို့ကြောင့် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်သည် အနည်းဆုံး မူလဒင်္ဂါး သန်းတစ်သောင်း တန်ဖိုးရှိသည်။

သန်းတစ်သောင်း၏ ဆယ်ဆဆိုလျှင် သန်းတစ်သိန်း ဖြစ်သွားလိမ့်မည်။

နလန်မိသားစုတစ်ခုလုံး ပေါင်းလိုက်လျှင်ပင် သန်းတစ်သိန်းကို ထုတ်မပေးနိုင်ပေ။ ထို့အပြင် ဟယ်ရန်စွန်းက နှစ်ဆပေးမည်ဟု စာချုပ်ချုပ်ခဲ့သည်။

ထိုသို့ဆိုလျှင် သန်းနှစ်သိန်း ဖြစ်နေလိမ့်မည်။

‘ဒါကို ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ’

“မူလဒင်္ဂါး သန်းနှစ်သိန်းလား”

ဟယ်ရန်စွန်းက တည်ငြိမ်စွာ ဆက်ပြောသည်။

“ဒါက ဈေးမကြီးပါဘူး။ ရွှယ်နင်းအာက မူလဒင်္ဂါးကို မလိုချင်ဘဲ တခြားအရာကို လိုချင်မှာပဲ စိုးရိမ်ရတယ်”

ဟန်မူယဲ့က ရယ်လိုက်ပြီး ဟယ်ရန်စွန်းကို ကြည့်သည်။

“မင်းက သူ့ကို လက်ထပ်စရာမလိုဘူးဆိုရင် ကျန်တာအားလုံးက လွယ်ပါတယ်”

All Chapters