← Chapters

အခန်း (၁၂၆၈)

Vol. 91 Ch. 1268

အခန်း (၁၂၆၈)

Vol. 91 Ch. 1268

ထိုအချိန်တွင် ဒါဇင်ချီသော အဆင့်ခုနစ် ကျွမ်းကျင်သူများက အလင်းတံခါးဆီသို့ ပြေးလာကြသည်။

ယုထောင်မဟာမိတ်၏ ကျွမ်းကျင်သူများက သူတို့ကို တားဆီးရန် ကြိုးစားလိုက်သော်လည်း ဟယ်ရန်စွန်းက ရပ်တန့်လိုက်သည်။

“သူတို့ကို သွားခွင့်ပေးလိုက်ပါ”

ဟယ်ရန်စွန်းက တည်ငြိမ်စွာပြောသည်။

“ငါတို့က အခွင့်အရေးကို လက်ဝါးကြီးအုပ်ထားလို့မရဘူး”

သူက ပေါ့ပါးစွာ ပြောခဲ့သည်။

အမှန်အတိုင်းပြောရလျှင် ရိုးရှင်းသည်။ သူက ယုထောင်မြို့ပျက်၏ တခြားရတနာများကို တန်ဖိုးမထားပေ။

သူ၏ ကြွယ်ဝမှုနှင့်ဆိုလျှင် ရုပ်သေးရုပ်၏လက်မောင်းနှင့် လှံရှည်ကို ရှာဖွေရန် မလိုအပ်လျှင် ယုထောင်မြို့ပျက်သို့ ရောက်လာမည်မဟုတ်ပေ။

ဟယ်ရန်စွန်း၏ ပေါ့ပါးသောလေသံကြောင့် ရွှယ်နင်းအာက ကြောင်အသွားသည်။

သိပ်မဝေးသောနေရာတွင် ယန်ခယ့်အာက သက်ပြင်းချသည်။

‘ငါက အမြင်ကျဉ်းနေတုန်းပဲ’

ယုထောင်မဟာမိတ်က အလင်းတံခါးထဲသို့ ဝင်သွားသောလူများအား မတားဆီးသောကြောင့် ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေသော ကျင့်ကြံသူများက ပျံသန်းလာကြသည်။

“သွားကြမယ်”

ဟန်မူယဲ့က ပြောသည်။ သူ့ပုံရိပ်က လေပြေလေညင်းတစ်ခုအဖြစ် ပြောင်းလဲပြီး အလင်းတံခါးထဲသို့ ဝင်သွားသည်။

သူက တခြားလူများကို စောင့်မနေပေ။ နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်ကို ဆင့်ခေါ်ပြီး ဟယ်ရန်စွန်း၏ဘေးသို့ ပို့လိုက်သည်။

ထို့နောက် ဟန်မူယဲ့၊ ရွှေရောင်ငှက်၊ ခေးအော့နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုတို့က အလင်းတံခါးထဲတွင် ပျောက်ကွယ်သွားသည်။

ဟယ်ရန်စွန်းက ဘေးတွင်ရှိသော နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး ပြုံးသည်။

ဆရာဟန်က သူ့ကို ကာကွယ်ပေးရန်အတွက် ရုပ်သေးရုပ်ကို ထားခဲ့သည်။

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ် ပေါ်လာသောအခါ ရွှယ်နင်းအာ၊ ယန်ခယ့်အာနှင့် တခြားကျွမ်းကျင်သူများက တုန်ခါသွားသည်။

ထိုရုပ်သေးရုပ်က အလွန်သန်မာသောကြောင့် သူတို့က မျက်နှာချင်းမဆိုင်နိုင်ပေ။

သူတို့၏ နှလုံးသားအောက်ခြေတွင်ရှိသော ကြောက်ရွံ့စိတ်ကြောင့် နဖူးတွင် ချွေးထွက်လာသည်။

ကံကောင်းစွာဖြင့် ထိုခံစားချက်သည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က အစိမ်းပုပ်ရောင်သံမဏိပြားအဖြစ် ပြောင်းလဲပြီး ဟယ်ရန်စွန်း၏ပခုံးပေါ်တွင် ရှိနေသည်။

“ဒီရုပ်သေးရုပ်က ....”

ရွှယ်နင်းအာက ဟယ်ရန်စွန်း၏ ပခုံးပေါ်တွင်ရှိသော သံမဏိပြားကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

ထိုရုပ်သေးရုပ်၏ ဖိအားသည် သူမ၏ ဆရာထက် ပြင်းထန်သည်။

သူမ၏ ထူးခြားသောဆရာက အနည်းဆုံး အဆင့်ကိုး အထွတ်အထိပ်တွင် ရှိနေသည်။ သူတော်စင်အဆင့်ပင် ဖြစ်နိုင်သည်။

‘ဆရာဟန်ရဲ့ ရုပ်သေးရုပ်က အဲဒီလောက်တောင် သန်မာတာလား’

မင်ဝူမြို့၏ မျိုးဆက်သည် ကျဆင်းနေသော ယုထောင်မြို့သခင်၏ မိသားစုထက် အဆပေါင်းများစွာ သန်မာသည်။

မင်ဝူမြို့၏ သခင်မလေးဖြစ်သော ယန်ခယ့်အာက နေကြတ်ကျောင်းတော်တွင်လည်း နည်းပြတစ်ယောက် ဖြစ်သည်။ သူမ၏ အတွေ့အကြုံကို ရွှယ်နင်းအာက မယှဉ်နိုင်ပေ။

ထို့ကြောင့် သူမက မယုံကြည်နိုင် ဖြစ်နေသည်။

ထိုရုပ်သေးရုပ်၏ ဖိအားသည် နေကြတ်ကျောင်းတော်၏ အသန်မာဆုံး ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည်။ သို့မဟုတ် ပိုမိုသန်မာလိမ့်မည်။

ထိုလူများသည် နတ်ဘုရားအဆင့် ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များ ဖြစ်ကြသည်။

‘အဲဒီရုပ်သေးရုပ်ကလည်း နတ်ဘုရားအဆင့်ပဲလား’

‘အဲဒါဆိုရင် ဆရာဟန်က နတ်ဘုရားအဆင့် ကျွမ်းကျင်သူလား’

နလန်မိုရန်က လူတိုင်းကို ကြည့်လိုက်သည်။ သူက ရွှယ်နင်းအာနှင့် ယန်ခယ့်အာ၏ မျက်နှာထားကို မြင်ရသောအခါတွင် ပြုံးသည်။

သူကလည်း ထိုရုပ်သေးရုပ်ကို မြင်ခဲ့သည်။

နလန်မိသားစုတွင် ထိုသို့ သန်မာသောရုပ်သေးရုပ်မျိုး မရှိပေ။

ထို့ကြောင့် သူက ဆရာဟန်၏အကြောင်းကို ပိုသိချင်နေသည်။

ဟယ်ရန်စွန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ရတနာအလင်းဖြင့် တောက်ပနေသောနေရာကို ညွှန်ပြသည်။

“အဲဒီကို သွားကြမယ်”

သူက အလင်းတံခါးကို ကျော်ဖြတ်လာသောအခါ နတ်အာရုံနှင့် အကြည့်များကို ခံစားရသည်။

ဆရာဟန်က စစ်ပွဲသုံးလှံကို လိုချင်နေသည်။ သူက လူအများကို ဦးဆောင်ပြီး အာရုံလွှဲထားရမည်။

ဟယ်ရန်စွန်းတို့ လှုပ်ရှားလိုက်သောအခါ အဝေးတစ်နေရာတွင်ရှိသော လူများက သူတို့ဆီသို့ လိုက်လာကြသည်။

ဟယ်ရန်စွန်းတို့က လျင်မြန်စွာ ရွေ့လျားလာသည်။ ပိုမိုများပြားသော ကျွမ်းကျင်သူများက သူတို့၏နောက်သို့ လိုက်လာကြသည်။

“ဘုန်း”

ရှေ့တွင် ပေတစ်ရာရှည်လျားသော ဓားမော့အလင်းသည် ဟယ်ရန်စွန်းကို ခုတ်ချလိုက်သည်။

ပေသုံးဆယ်မြင့်မားသော အနက်ရောင်ရုပ်သေးရုပ်က ဓားမော့ကိုင်ထားပြီး အေးစက်သောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ထိုရုပ်သေးရုပ်က နှစ်ပေါင်းမရေမတွက်နိုင်အောင် အိပ်စက်နေသည်။ ယခုအချိန်တွင် ဝင်္ကပါစွမ်းအားကြောင့် နိုးထလာပြီး ကျူးကျော်သူများကို တားဆီးရန် ကြိုးစားသည်။

ရုပ်သေးရုပ်၏ ဓားမော့ခုတ်ချက်သည် အနည်းဆုံး အဆင့်ခုနစ်တွင် ရှိနေသည်။

ဟယ်ရန်စွန်းက လှုပ်ရှားရန် မလိုအပ်ခဲ့ပေ။ အဆင့်ခုနစ် ကျွမ်းကျင်သူများက ပြေးထွက်သွားပြီး ဓားမော့ခုတ်ချက်ကို တားဆီးသည်။

အလင်းတန်းများ ပေါ်ထွက်လာသည်။ တချို့က မီးတောက်များကို ထုတ်လွှတ်ပြီး ရုပ်သေးရုပ်ကို တားဆီးသည်။ တချို့ကတော့ ဓားမော့ဖြင့် ရုပ်သေးရုပ်၏ ဓားချက်ကို လမ်းလွှဲသည်။

ချက်ချင်းဆိုသလိုပင် ဓားမော့ခုတ်ချက်က တားဆီးခံလိုက်ရသည်။ ရုပ်သေးရုပ်ကလည်း ပေဆယ်ချီအကွာအထိ နောက်ဆုတ်ပေးလိုက်ရပြီး ရှေ့တိုးမလာနိုင်တော့ပေ။

ဟယ်ရန်စွန်းက မလှုပ်ရှားခဲ့ပေ။ ရုပ်သေးရုပ်၏ စွမ်းအင်များ ကုန်ဆုံးသွားသည်အထိ စောင့်ကြည့်နေခဲ့သည်။

‌ရှေးခေတ်၏ ရုပ်သေးရုပ်နှင့် ချပ်ဝတ်များသည် ယနေ့ခေတ်နှင့် မကိုက်ညီဟု ဆရာဟန်က ပြောခဲ့သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

ထိုရုပ်သေးရုပ်သည် သန်မာသော်လည်း စွမ်းအင်ကုန်ကျမှု များသည်။

ယနေ့ခေတ်၏ ရုပ်သေးရုပ်များနှင့် ယှဉ်လိုက်လျှင် ပိုမိုအားကောင်းသော်လည်း နှေးကွေးသည်။

နှစ်ခုကြားတွင် အကြီးမားဆုံး ကွာခြားမှုသည် လျင်မြန်သွက်လက်ခြင်း ဖြစ်သည်။ မျိုးဆက်သစ်များက ပန်းပဲလမ်းစဉ်တွင် လျင်မြန်သွက်လက်မှုကို အောင်မြင်ခဲ့သည်။

ယနေ့ခေတ်တွင် ဝိညာဉ်သတ္တုနှင့် ချီစွမ်းအင်က ရှားပါးလာသည်။ ‌ရှေးခေတ်၏ စံနှုန်းများအတိုင်း မလုပ်နိုင်တော့ပေ။

မျိုးဆက်သစ်များက ခွန်အားကို မတိုးမြှင့်နိုင်သောကြောင့် သွက်လက်မှုနှင့် အသွင်ပြောင်းမှုကို ဦးတည်ခဲ့သည်။

သူတို့၏ ဦးတည်ချက်သည် မမှားပေ။

ဟယ်ရန်စွန်း သိသလောက်ဆိုလျှင် ဆရာဟန်၏ လေ့လာချက်က ထိုဦးတည်ချက်နှင့် ဆင်တူသည်။

ပိုမိုသေသပ်ပြီး သွက်လက်သည်။ သက်ရှိများနှင့် နီးစပ်လာသည်။

“ဘုန်း”

နောက်ဆုံးတွင် အဆင့်ခုနစ် ရုပ်သေးရုပ်က စွမ်းအားကုန်ပြီး လဲကျသွားသည်။

ဟယ်ရန်စွန်းက ပြောစရာမလိုဘဲ လူတိုင်းက ရုပ်သေးရုပ်ကို သိမ်းလိုက်ကြသည်။

အဆင့်ခုနစ် ရုပ်သေးရုပ်သာ ဖြစ်သည်။ ဆရာဟန်က စိတ်ဝင်စားမည်မဟုတ်ပေ။

ဟယ်ရန်စွန်း၏ အဖွဲ့က အဆင့်ခုနစ်ရုပ်သေးရုပ်ကို လွယ်ကူစွာ ဖြေရှင်းလိုက်သောကြောင့် နောက်မှလိုက်လာသော လူများက အနည်းငယ် တုံ့ဆိုင်းသွားသည်။

ဟယ်ရန်စွန်းတို့အဖွဲ့က အလွန်အားကောင်းသည်။

ဟယ်ရန်စွန်းက နောက်သို့ လှည့်မကြည့်ပဲ ရှေ့ဆက်သွားခဲ့သည်။

သူတို့က ဒါဇင်ချီသော အနက်ရောင်ရုပ်သေးရုပ်နှင့် ချပ်ဝတ်ပုံရိပ်များကို ကျော်ဖြတ်ခဲ့ပြီး အကောင်းအတိုင်း ရှိနေသော သိုလှောင်ရုံသို့ ရောက်လာခဲ့သည်။

“ဘန်း”

အဆင့်ခုနစ်ချပ်ဝတ်သခင် တစ်ယောက်က ပေသုံးဆယ်မြင့်မားသော အစိမ်းပုပ်ရောင်တံခါးကို လက်သီးထိုးချလိုက်သည်။

တံခါးက အနည်းငယ် တုန်ခါသွားပြီး ဖုန်မှုန့်များကို ခါချသည်။

ချပ်ဝတ်သခင်၏ မျက်နှာက နီရဲသွားပြီး နောက်သို့ လှည့်ကြည့်သည်။

သူက တံခါးကို မဖွင့်နိုင်ပေ။

“ငါလုပ်မယ်”

လက်ထောက်ခေါင်းဆောင်ဖြစ်သော အဆင့်ရှစ်ကျွမ်းကျင်သူ ချောင်ယန်က ရှေ့တက်လာသည်။ သူ့လက်ထဲတွင်ရှိသော အစိမ်းရောင်သံမဏိပြားက ချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။ သူက ဆယ်ပေရှည်လျားသော ဓားမော့ဖြင့် ခုတ်ချသည်။

“ဘုန်း”

ဓားမော့အလင်းက ဆင်းသက်လာသည်။ တံခါးက တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။ ကြွယ်ဝသော ချီစွမ်းအင် ပေါ်ထွက်လာသည်။

“မူလကျောက်တုံးတွေ”

“အဆင့်ကောင်းတဲ့ မူလကျောက်တုံးတွေပဲ။ ဒါက မူလကျောက်တုံး သိုလှောင်ရုံပဲ”

နောက်မှလိုက်လာသော ကျွမ်းကျင်သူများက မနေနိုင်ဘဲ ပြေးလာကြသည်။

ဟယ်ရန်စွန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး ထိုလူများကို လှည့်ကြည့်သည်။

“ခလွမ်”

သူက ဓားမော့နှစ်လက်ကို ထုတ်ယူပြီး ချပ်ဝတ်ကို အသက်သွင်းသည်။ ရုပ်သေးရုပ်ကလည်း သူ့နောက်တွင် ပေါ်လာသည်။

သူက လေထုထဲသို့ ခုန်တက်လိုက်ပြီး ဓားမော့အလင်းဖြင့် လူတိုင်းကို တားဆီးသည်။

“အားလုံးပဲ ဒါက ငါတို့ရှာထားတာပါ”

ဓားအလင်းသည် လေထုကို ထိုးခွဲပြီး ပြေးဝင်လာသော လူများကို ရပ်တန့်သွားစေသည်။

အဆင့်ရှစ်ကျွမ်းကျင်သူ ....

ထိုလူငယ်က အဆင့်ရှစ်ကျွမ်းကျင်သူ ဖြစ်သည်။

လူတိုင်းက နေရာတွင် ထိတ်လန့်စွာ ရပ်နေကြသည်။

လူအများက နောက်ဆုတ်လိုက်ကြသည်။

ဟယ်ရန်စွန်းက ပြုံးသည်။

သူက လူများကို ပိုမိုဆွဲဆောင်ရန် လှုပ်ရှားခဲ့သည်။ တားဆီးရန်သာ မဟုတ်ပေ။

ဓားမော့နှစ်လက်သည် လေပြင်းကို သယ်ဆောင်ထားပြီး သူက ပြေးထွက်လာသည်။ ရပ်တန့်နေသော လူများက ရွေးချယ်စရာမရှိဘဲ တုံ့ပြန်လိုက်ရသည်။

“ဘုန်း”

ပေါက်ကွဲသံ ပေါ်ထွက်လာသည်။

သူတို့က ဤနေရာသို့ ရောက်လာသောကြောင့် စကားပြောနေရန် မလိုတော့ပေ။

ယန်ခယ့်အာက ဟယ်ရန်စွန်းကို ကြည့်လိုက်သည်။

လူတစ်ယောက်က ဓားနှစ်လက်ကိုင်ထားပြီး ဒါဇင်ချီသော အဆင့်ခုနစ်နှင့် အဆင့်ရှစ် ကျွမ်းကျင်သူများကို ရုပ်သေးရုပ်နှင့် ပူးပေါင်း၍ တိုက်ခိုက်နေသည်။

သူက အလွန်အားကောင်းသည်။

သူမက စဉ်းစားကြည့်လိုက်ပြီး ရုပ်သေးရုပ်ကို စေလွှတ်သည်။

ကျွမ်းကျင်သူနှစ်ယောက်က သူမကို လျင်မြန်စွာ ကာကွယ်ပေးလိုက်သည်။

တစ်ဖက်တွင် ရွှယ်နင်းအာက တုံ့ဆိုင်းနေသည်။ သူမက နှုတ်ခမ်းကိုက်ထားပြီး သိုလှောင်ရုံထဲသို့ ပြေးဝင်သွားသည်။

သိုလှောင်ရုံထဲတွင် များပြားသော မူလကျောက်တုံးများ ရှိသည်။

ဟယ်ရန်စွန်းက မူလကျောက်တုံးများကို စိတ်မဝင်စားပေ။ ယန်ခယ့်အာကလည်း မူလကျောက်တုံးများ မရှိလျှင် ဖြစ်သည်။ သို့သော် ရွှယ်နင်းအာနှင့် သူမ၏နောက်ကွယ်တွင်ရှိသော အင်အားစုက လိုအပ်သည်။

သူမက ဟယ်ရန်စွန်းနှင့် တိုက်ခိုက်ချင်သော်လည်း မဖြစ်နိုင်ခဲ့ပေ။

နလန်မိုရန်က အရာအားလုံးကို စောင့်ကြည့်နေပြီး အပြုံးတစ်ခုနှင့်အတူ သိုလှောင်ရုံထဲသို့ ဝင်သွားသည်။

ဤနေရာတွင်ရှိသော မူလကျောက်တုံးများသည် အရည်အသွေးကောင်းသည်။ ကောင်းမွန်စွာ အသုံးပြုနိုင်လိမ့်မည်။

သိုလှောင်ရုံထဲတွင်ရှိသော မူလကျောက်တုံးများကို စုစည်းပြီးသောအခါ ဟယ်ရန်စွန်းက ဓားမော့နှစ်လက်ဖြင့် လွတ်လပ်စွာ ဆက်လက်တိုက်ခိုက်နေသည်။

ထိုတိုက်ပွဲသည် ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်ခဲ့သည်။

ဟယ်ရန်စွန်းက ထိုရလဒ်ကို လိုချင်သည်။

ထိုအချိန်တွင် ဟန်မူယဲ့သည် ခန်းဆောင်တစ်ခု၏ရှေ့တွင် ရပ်နေသည်။

ခန်းဆောင်တွင် အလင်းရောင်မရှိပေ။

မှောင်မည်းနေသော ပတ်ဝန်းကျင်သည် ဤနေရာနှင့် မသက်ဆိုင်ဟု ထင်ရသည်။

“ဝင်္ကပါက ဒီနေရာမှာရှိတယ်လို့ ထင်ရပေမဲ့ မိုင်ထောင်ချီအကွာမှာ ရှိနေတယ်”

ခေးအော့က ပြောသည်။

ကြယ်စင်စုစကြဝဠာသည် ကောင်းကင်တာအို၏စွမ်းအားကို သိမ်းဆည်းထားသောကြောင့် လေဟာနယ်စွမ်းအားနှင့် ပတ်သတ်လာလျှင် ပြိုင်ဘက်ကင်းသည်။

ဟန်မူယဲ့က ခန်းဆောင်ကို အတင်းအကျပ် မတိုက်ခိုက်နိုင်ပေ။

“ငါက ဒီဝင်္ကပါကို ခဏလောက် ဖိနှိပ်ထားဖို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ တခြားပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်”

ခေးအော့က တုံ့ဆိုင်းစွာ ပြောသည်။

ကြယ်စင်စုစကြဝဠာက တခြားစကြဝဠာများကို သိမ်းပိုက်နိုင်ခဲ့သည်။

သူတို့၏ ခွန်အားကို အသိအမှတ်ပြုရမည်။

သို့သော် ကြယ်စင်စုစကြဝဠာက လျင်မြန်စွာ ကျဆင်းသွားသည်။ ထို့ကြောင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်ကဲ့သို့ အဓိကအင်အားစုများသာ ကျန်တော့သည်။

All Chapters