← Chapters

အခန်း (၁၂၇၁)

Vol. 91 Ch. 1271

အခန်း (၁၂၇၁)

Vol. 91 Ch. 1271

ကြယ်စင်စုစကြဝဠာတွင် ကောင်းကင်တာအိုမရှိပေ။ သန်မာသူကသာ အရာအားလုံးကို ထိန်းချုပ်နိုင်သည်။

ယခုအချိန်တွင် ဆင်းသက်လာသော ကမ္ဘာဦးရုပ်သေးရုပ်၏ လက်ဝါးချက်က ယုထောင်မြို့ပျက်တွင်ရှိသော အရာအားလုံးကို ထိန်းချုပ်နိုင်သည်။

ထိုလက်ဝါးချက်ကြောင့် သူတော်စင်အဆင့်၏ အောက်တွင်ရှိသော ကျင့်ကြံသူများအားလုံးက ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။ အာရုံခံနိုင်စွမ်းလည်း ပျောက်ဆုံးသွားသည်။

ယန်ခယ့်အာ၏ မျက်နှာက ဖြူဖျော့နေပြီး ခြေထောက်များ တုန်ခါနေသည်။

သူမက ထိုစွမ်းအားနှင့် ရင်နှီးသည်။

ထိုစွမ်းအားကို တစ်ကြိမ်မြင်ခဲ့ပြီး တစ်သက်လုံး မမေ့နိုင်တော့ပေ။

နတ်ဘုရားအဆင့်ထက် ကျော်လွန်နေသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် ဖြစ်သည်။

ဟယ်ရန်စွန်းက နေရာတွင်ရပ်နေပြီး အံကြိတ်ထားသည်။ သူ့မျက်လုံးများက မီးတောက်နေသည်ဟု ထင်ရသည်။

သူက ယနေ့တွင် မသေဆုံးခဲ့လျှင် ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်နိုင်အောင် ကြိုးစားမည်။

အဝေးတစ်နေရာတွင် သိုလှောင်ရုံထဲမှ ပြေးထွက်လာသော နလန်မိုရန်က လက်သီးဆုပ်ထားသည်။ အကြီးအကဲချင်က အကောင်ဆုံးကြိုးစားပြီး သူ့ကို ကာကွယ်ပေးနေသော်လည်း လုံခြုံမှုကို အာမ မခံနိုင်သောကြောင့် ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးနေသည်။

အကျိုးအမြတ်ရထားသော ရွှယ်နင်းအာ၏ မျက်နှာက ဖြူဖျော့သွားသည်။ သူမက ရွှေရောင်လက်ဝါးကို ငေးကြည့်နေသည်။

‘အဲဒါက ကမ္ဘာဦးရုပ်သေးရုပ်လား’

ယခင်က ယုထောင်မြို့သည် ထိုရုပ်သေးရုပ်မျိုးကြောင့် ပျက်စီးသွားခဲ့သည်။

မည်သူက ထိုစွမ်းအားမျိုးကို ခုခံနိုင်မည်နည်း။

သူမက ဘဝတစ်လျှောက်လုံးတွင် ထိုစွမ်းအားမျိုးကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

“ကမ္ဘာဦးရုပ်သေးရုပ်လား”

ရွှေရောင်ငှက်က သံသယတချို့နှင့် ပြောသည်။

“ဒီကမ္ဘာဦးရုပ်သေးရုပ်က ဘာဖြစ်လို့ အားနည်းနေတာလဲ”

ခေးအော့ကပင် ရေရွတ်လိုက်သည်။

“ဘာမှ ကမ္ဘာဦးရုပ်သေးရုပ် မဟုတ်ဘူး။ ဒါက နတ်ဘုရားအဆင့်ပဲ။ အစိတ်အပိုင်းတွေကို ကမ္ဘာဦးအဆင့်နဲ့ အစားထိုးထားရုံပဲရှိတာ”

ဓာတ်စင်ငါးပါးမီးပြင်းဖိုက အထင်သေးစွာပြောသည်။

‘နတ်ဘုရားအဆင့်လား’

ရှေးခေတ်မှ ဆင်းသက်လာသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များသည် ယနေ့ခေတ်၏ နတ်ဘုရားအဆင့်နှင့် ကွာခြားသည်။

ယနေ့ခေတ်၏ နတ်ဘုရားအဆင့်သည် ကမ္ဘာဦးအဆင့်နှင့် မယှဉ်နိုင်ပေ။

ယခုအချိန်တွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို တစ်ဦးတည်း ထိန်းချုပ်နိုင်သောလူများ မရှိတော့ပေ။ ရှေးခေတ်၏ အမွေအနှစ်များကို မျိုးဆက်သစ်များက အပြည့်အဝ အသုံးမချနိုင်တော့ပေ။

“ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာ ရှိနေတယ်။ အဲဒီရုပ်သေးရုပ်ရဲ့ လက်မောင်းကို ဘယ်သူက သန့်စင်ခဲ့တာလဲ သိလား”

ဓာတ်စင်ငါးပါးမီးပြင်းဖိုက ရယ်ချင်နေပုံရသည်။

‘လက်မောင်းလား’

ရွှေရောင်ငှက်နှင့် ခေးအော့က ပြင်းထန်စွာ ဆင်းသက်လာသော လက်ဝါးကို ကြည့်လိုက်သည်။

“အဲဒါက ဟန်မူယဲ့လုပ်ထားတဲ့ လက်မောင်းနဲ့ တူနေတာပဲ”

“အဲဒီလက်မောင်းလား။ မင်ဝူမြို့ကို ရောက်သွားတာမဟုတ်ဘူးလား”

ရွှေရောင်ငှက်နှင့် ခေးအော့က အံ့အားသင့်စွာ ပြောသည်။

ခေးအော့နှင့် မဟာနေမင်းရွှေကျီးကန်းက အားကောင်းသော်လည်း ပန်းပဲပညာရပ်တွင် မကျွမ်းကျင်ပေ။

“ဟားဟား၊ အဲဒီလက်ကို ကောင်လေးဟန်က အတုလုပ်ခဲ့တာပဲ”

“လက်မောင်းကို တပ်ဆင်ခဲ့တဲ့လူက အတုဆိုတာကိုတောင် သတိမထားမိဘူး။ လက်အစစ်လို့ ထင်နေကြတယ်”

ဓာတ်စင်ငါးပါးမီးပြင်းဖိုက ခပ်ဟဟရယ်လိုက်ပြီး ဟန်မူယဲ့၏ ဦးခေါင်းဆီသို့ ကျဆင်းလာသော လက်ဝါးချက်ကို ကြည့်သည်။

လက်မောင်းက အတုဖြစ်နေပြီး ကမ္ဘာဦးအဆင့် အစိတ်အပိုင်းများနှင့် နတ်ဘုရားအဆင့် ရုပ်သေးရုပ် ဖြစ်နေလျှင်ပင် ယုထောင်မြို့ပျက်ကို တစ်ခါတည်း ချုပ်နှောင်ထားနိုင်သော ခွန်အားကောင်းသည့် ရုပ်သေးရုပ် ဖြစ်သည်။

ရုပ်သေးရုပ်၏ လက်ဝါးချက်ကို နတ်ဘုရားအဆင့် ကျွမ်းကျင်သူကပင် ခုခံနိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့က လက်ဝါးချက်ကို ကြည့်လိုက်ပြီး တည်ငြိမ်နေသည်။ သူက လက်ထဲတွင်ရှိသော လှံကို မြှောက်လိုက်သည်။

သူက ကိုယ်ပိုင်စွမ်းအားကို ထုတ်မသုံးခဲ့ပေ.

လှံရှည်က သူ့ကို ခုခံနေသည်။

ပိုင်ရှင်မရှိသော လှံရှည်က ရုပ်သေးရုပ်၏ လက်ဝါးချက်ကို တားဆီးနိုင်မည်မဟုတ်ပေ။

လက်ဝါးချက်နှင့် ထိတွေ့လျှင် လှံရှည်က အပြင်းအထန် ထိခိုက်သွားလိမ့်မည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် စုစည်းလာသော စွမ်းအားများလည်း ပျောက်ကွယ်သွားလိမ့်မည်။

“ဝီ”

လှံရှည်က တုန်ခါလာသည်။

နတ်ဘုရားအင်းကွက်များက ရွှေအလင်းကို ထုတ်လွှတ်ပြီး ဟန်မူယဲ့၏လက်ကို လွှမ်ခြုံသည်။

‘ပူးပေါင်းချင်တာလား’

လှံရှည်က ပူးပေါင်းရန် အချက်ပြလာသည်။

ကမ္ဘာဦးရုပ်သေးရုပ်၏ လက်ဝါးချက်ကို ခုခံရန် တစ်ကြိမ်ပူးပေါင်းမည်။

ဟန်မူယဲ့ကို ခုခံထားသော လှံရှည်၏စွမ်းအားက ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။ ထို့နောက် ခုန်ထွက်သွားသည်။

ကမ္ဘာဦးရုပ်သေးရုပ်၏ စွမ်းအားသည် သူ့အပေါ်တွင် သက်ရောက်မှုမရှိပေ။

ယခုအချိန်တွင် သူက နဂါးမိကျောင်း၏ စွမ်းအားကို အသုံးပြုထားသည်။ အစစ်အမှန် ကမ္ဘာဦးရုပ်သေးရုပ် ရောက်လာလျှင်ပင် သူ့ကို ဖိနှိပ်ထားနိုင်မည်မဟုတ်ပေ။

လှံရှည်က တုန်ခါနေသည်။ အဆုံးမရှိသော သွေးချီသည် လှံကို လွှမ်းခြုံသွားသည်။

၁၃ပေရှည်လျားသော လှံက ပေတစ်ထောင်အလင်းကို ထုတ်လွှတ်သည်။

လှံရှည်က ရေပြင်ညီအတိုင်း ပျံသန်းနေပြီး နတ်ဘုရားအင်းကွက်များက အေးစက်မှုကို ထုတ်လွှတ်သည်။

နတ်ဘုရားအင်းကွက် တစ်ခုချင်းစီသည် စည်းမျဉ်းတစ်ခု ဖြစ်သည်။

အလင်းတန်းများသည် သွယ်ယှက်နေပြီး အဆုံးတွင် အင်းကွက်သုံးဆယ် အသက်ဝင်လာသည်။

သို့သော် လုံလောက်သည်။

လှံရှည်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ထိုခွန်အားမျိုးကို ထုတ်မသုံးဖူးပေ။

ဟန်မူယဲ့၏ သွေးနှင့်ချီက အလွန်သန်မာပြီး စကြဝဠာအဆင့် ရုပ်သေးရုပ်ကပင် သူနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

ထိုစွမ်းအားသည် ကောင်းကင်ခွဲလှံ၏ စွမ်းအားကို အပြည့်အဝ ဖော်ပြရန် လုံလောက်သည်။

လှံရှည်သည် ပြေးဝင်လာပြီး ရုပ်သေးရုပ်ကို ထိုးဖောက်သွားသည်။

ဟန်မူယဲ့က လှံ၏‌နောက်မှ တစ်လှမ်းချင်းစီ လိုက်လာသည်။

သူ၏ ခြေလှမ်းတိုင်းသည် မရေမတွက်နိုင်သော လေဟာနယ်အတားအဆီးများကို ကျော်ဖြတ်သွားသည်။

ရွှေ‌ရောင်ငှက်၊ ခေးအော့နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုတို့က သူ့နောက်မှ နီးကပ်စွာ လိုက်လာကြသည်။

သူတို့က ရန်သူကို မြင်ချင်သည်။

လှံရှည်၏ ထိုးဖောက်မှုကို ခံထားရသော ရုပ်သေးရုပ်က ယိမ်းယိုင်နေသည်။ သူ၏ လှုပ်ရှားမှုတိုင်းသည် လေဟာနယ်ကို ပြိုကျသွားစေသည်။

“မင်းကို တွေ့ပြီ”

ဟန်မူယဲ့က ရေရွတ်သည်။ သူက လက်မြှောက်ပြီး ရှေ့တွင်ရှိသော လေဟာနယ်ကို ထိုးခွဲသည်။

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ကြောက်ရွံ့နေပြီး ဟန်မူယဲ့၏လက်ကို တားဆီးရန် ကြိုးစားသည်။ သို့သော် မတားဆီးနိုင်ခဲ့ပေ။

“ခလွမ် ....”

ဟန်မူယဲ့၏ လက်ဝါးချက်က လူအိုကြီး၏ ပခုံးကို ချိုးချလိုက်သည်။

ကြယ်စင်စုစကြဝဠာ၏ ကျင့်ကြံသူအများစုသည် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များမရှိလျှင် အားနည်းသည်။

သူ့ရှေ့တွင်ရှိသော လူအိုကြီးက နတ်ဘုရားအဆင့်ကျွမ်းကျင်သူ ဖြစ်သော်လည်း ရုပ်သေးရုပ်က ထိခိုက်သွားသောကြောင့် သူက အားနည်းနေသည်။

လူအိုကြီးက အဆင့်ရှစ်၊ အဆင့်ကိုးနှင့် ရင်ဆိုင်မိလျှင်ပင် ခုခံနိုင်မည်မဟုတ်ပေ။

ထို့အပြင် ဟန်မူယဲ့က နတ်ဘုရားသားရဲများနှင့် ယှဉ်ပြိုင်နိုင်သော မူလစကြဝဠာ၏ အစစ်အမှန်ကျွမ်းကျင်သူ ဖြစ်သည်။ သူက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကိုပင် ကိုယ်ပိုင်ခွန်အားနှင့် တိုက်ခိုက်နိုင်သည်။

ဟန်မူယဲ့က လူအိုကြီး၏ ခန္ဓာကိုယ်ကို လက်ဝါးချက်ဖြင့် အပြည့်အဝ ဖျက်ဆီးပစ်ခဲ့သည်။

သူက လူအိုကြီးကို မေးနေရန် မလိုအပ်ပေ။

ရုပ်သေးရုပ်က အရာအားလုံးကို ပြောပြနိုင်သည်။

နတ်ဘုရားအဆင့်ကျွမ်းကျင်သူ သေဆုံးသွားသောကြောင့် လှံရှည်၏ ထိုးစိုက်မှုကို ခံထားရသော ရုပ်သေးရုပ်က ရပ်တန့်သွားသည်။

ဟန်မူယဲ့က လက်ဟန်ပြလိုက်ပြီး လှမ်းခေါ်သည်။ လှံရှည်နှင့် ရုပ်သေးရုပ်က သူ့ရှေ့သို့ ရောက်လာသည်။

လှံရှည်က သူ့ကို မျက်နှာချိုသွေးချင်နေပုံရသည်။

“ကောင်လေး၊ မင်းခွန်အားက လိုအပ်နေတုန်းပဲ”

ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး ပြောသည်။

ခေးအော့က ရွှေရောင်ငှက်၏နောက်တွင် ရှိနေပြီး လှံရှည်ကို ခြေဆုံးခေါင်းဆုံး ကြည့်သည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုက ဆိုးယုတ်သောအကြည့်ဖြင့် ရေရွတ်သည်။

“ဒီလှံက မဆိုးဘူးပဲ။ အရည်ဖျော်လိုက်ရင် ....”

သူတို့သုံးယောက်၏အကြည့်ကြောင့် လှံရှည်က အေးစက်မှုကို ခံစားလိုက်ရပြီး ဟန်မူယဲ့၏ဘေးသို့ တိုးသွားသည်။

ဟန်မူယဲ့က ရုပ်သေးရုပ်ကို ဆုပ်ကိုင်သည်။

“ဝီ”

သူက ပုံရိပ်များကို မြင်လိုက်ရသည်။

ထိုရုပ်သေးရုပ်၏ မှတ်ဉာဏ်များက အလွန်ရှုပ်ထွေးသည်။

ရုပ်သေးရုပ်၏ အစိတ်အပိုင်းတချို့ ကမ္ဘာဦးအဆင့် ဖြစ်သော်လည်း စွမ်းအင်ဗဟိုချက်နှင့် အခြေခံအစိတ်အပိုင်း အများစုက နတ်ဘုရားအဆင့် ဖြစ်သည်။

သူတော်စင်အဆင့် အစိတ်အပိုင်း အနည်းငယ်ပင် ရှိနေသည်။

သူသတ်လိုက်သော လူအိုကြီးက ကျောက်ချွမ်ဖြစ်ပြီး ပတ်ဝန်းကျင်တွင်ရှိသော မြို့တစ်မြို့တွင် ပုန်းအောင်းနေသည့် နတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။

ထိုမြို့က နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ အခြေစိုက်စခန်း ဖြစ်သည်။

ထိုနေရာတွင် ကူသန်းရောင်းဝယ်ရေးခန်းဆောင်လည်း ရှိနေသည်။

သို့သော် ထိုခန်းဆောင်သည် ချိပ်ပိတ်ခံထားရပြီး အသုံးပြုရန် မဖြစ်နိုင်ပေ။

ဟန်မူယဲ့က မှတ်ဉာဏ်များထဲတွင် စိတ်ဝင်စားစရာကောင်းသော အချက်နှစ်ချက်ကို မြင်ခဲ့ရသည်။

ပထမတစ်ချက်သည် မင်ဝူမြို့၏ လက်ထောက်ခေါင်းဆောင် စုယန်က ရုပ်သေးရုပ်၏ လက်မောင်းကို ယူသွားသော်လည်း လမ်းတွင် တိုက်ခိုက်ခံရသည်။ လက်မောင်းက မင်ဝူမြို့သို့ မရောက်ခဲ့ပေ။ အဆုံးတွင် ကျောက်ချွမ်က ဝင်ပါပြီး လုယူခဲ့သည်။

ကျောက်ချွမ်က ထိုလက်မောင်းကို ကိုယ်ပိုင်ရုပ်သေးရုပ်တွင် တပ်ဆင်ခဲ့သည်။

လက်မောင်း၏ခွန်အားက ကမ္ဘာဦးအဆင့်တွင် မရှိသောကြောင့် ထူးဆန်းသည်ဟု ခံစားရသော်လည်း ကျောက်ချွမ်က သံသယမဝင်ခဲ့ပေ။

သူက အတုဖြစ်နေမည်ဟု တစ်ခါမှ မတွေးမိပေ။

လောကတွင် ကမ္ဘာဦးရုပ်သေးရုပ်၏ လက်မောင်းအတု မည်သို့ ရှိနိုင်မည်နည်း။

ထိုလက်မောင်းက အပျက်အစီးကြားတွင် နှစ်ပေါင်းများစွာကြာအောင် ရှိနေသောကြောင့် အားနည်းသွားသည်ဟုသာ ထင်ခဲ့သည်။

ထို့အပြင် လက်မောင်း၏ အစိတ်အပိုင်းအများအပြားက ပျက်စီးနေသည်။ သူက အရင်ဆုံး အသုံးပြုပြီး မြို့ကြီးသို့ ရောက်သောအခါ ပြုပြင်ရန် စီစဉ်ထားသည်။

မင်ဝူမြို့က လက်မောင်း အလုခံလိုက်ရသောကြောင့် ဒေါသထွက်နေသော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။

ထို့နောက် ကျောက်ချွမ်က လှံရှည်ကို ခိုးယူရန် တိတ်ဆိတ်စွာ ရောက်လာသည်။

ကောင်းကင်ခွဲလှံကို သူတို့၏ မြို့သခင်က ချန်ထားခဲ့သည်။ ထိုလှံက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို စုပ်ယူပြီး အားဖြည့်နေသည်။

ယုထောင်မြို့၏ ကျဆင်းမှုနှင့် ပတ်ဝန်းကျင်မြို့များ၏ ကျဆင်းမှုသည် ထိုလှံနှင့် ပတ်သတ်နေသည်။

ဒုတိယအချက်သည် ပိုင်ရှင်မဲ့နေ‌သောမြို့ ဖြစ်သည်။

“သူတို့မြို့က ပိုင်ရှင်မရှိဘူးလား”

“ဒီလှံရဲ့ပိုင်ရှင်က ကျဆုံးသွားပြီး မျိုးဆက်သစ်တွေက အသုံးမကျတာကြောင့် ကူးသန်းရောင်းဝယ်ရေးခန်းဆောင်ကိုတောင် မသုံးနိုင်တော့တာလား”

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပလာသည်။

“ပြီးတော့ အဲဒီမြို့က နေကြတ်မြို့နဲ့ သိပ်မဝေးဘူး”

ဟန်မူယဲ့က ပြုံးသည်။

သူက နေကြတ်မြို့သို့သွားရန် စီစဉ်ထားသည်။

ထိုမြို့သို့ သွားလိုက်လျှင် စိတ်ဝင်စားစရာကောင်းလိမ့်မည်။

ရုပ်သေးရုပ်က သံမဏိပြားအဖြစ် ပြောင်းလဲသွားသည်။ ဟန်မူယဲ့က လှံရှည်ကို ဆုပ်ကိုင်လိုက်သည်။

လှံရှည်က အနည်းငယ် တုန်ခါပြီး ဟန်မူယဲ့၏လက်ဖမိုးတွင် ရွှေရောင်အမှတ်အသားအဖြစ် နာခံမှုရှိစွာ ပြောင်းလဲသွားသည်။

သို့သော် သန့်စင်ခံလိုက်ရခြင်း မဟုတ်ပေ။ ပူးပေါင်းနေခြင်းသာ ဖြစ်သည်။

ကောင်းကင်ခွဲလှံ၏ နောက်ဆုံးခေါင်းမာမှုလေး ဖြစ်နိုင်သည်။

All Chapters