အခန်း (၁၂၇၂)
Vol. 91 Ch. 1272
‘ငါက မင်းကို သခင်အဖြစ် အသိအမှတ်မပြုဘူး။ ငါတို့က တွဲဖက်တွေပဲ’
ဟန်မူယဲ့က လက်ဖမိုးတွင်ရှိသော အမှတ်အသားကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။
ကမ္ဘာဦးရုပ်သေးရုပ်၏ တိုက်ခိုက်မှုကြောင့် ယုထောင်မြို့ပျက်သည် လေဟာနယ်မြူခိုးများ၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး လေဟာနယ်လောကသို့ တည်နေရာရွှေ့ပြောင်းခံရတော့မည်ဟု ထင်ရသည်။
“ငါ့မှာ လုပ်စရာရှိတယ်။ နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က မင်းနဲ့အတူ နေကြတ်မြို့ကို သွားလိမ့်မယ်။ ငါက အလုပ်ပြီးရင် မင်းကို လာရှာမယ်”
ဟယ်ရန်စွန်းက ဟန်မူယဲ့၏အသံကို ကြားလိုက်ရသည်။
ယခုအချိန်တွင် ယုထောင်မြို့က တုန်ခါနေပြီး လေဟာနယ်သို့ ပြန်သွားတော့မည်ဖြစ်ကြောင်း အချက်ပြနေသည်။
အကယ်၍ သူတို့က လျင်မြန်စွာ ထွက်မသွားလျှင် ယုထောင်မြို့နှင့်အတူ လေဟာနယ်ထဲသို့ ပါသွားလိမ့်မည်။
“နားလည်ပါပြီ”
ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်ပြီး ယုထောင်မဟာမိတ်၏ ကျွမ်းကျင်သူများကို ကြည့်သည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“အားလုံးပဲ ငါက ကတိတည်မှာပါ”
“မင်းတို့အားလုံးက ဘုရားမြို့ရဲ့ ဟယ်မိသားစုကို သွားလို့ရပါတယ်”
ထို့နောက် သူက ပြေးထွက်လာသော ယန်ခယ့်အာနှင့် နလန်မိုရန်ကို ကြည့်သည်။
“အရင်ဆုံး ယုထောင်မြို့ပျက်ကနေ ထွက်သွားရအောင်”
ယုထောင်မြို့ပျက်မှ လူအားလုံး ထွက်လာသောအခါတွင် မြို့ပျက်က ပျောက်ကွယ်သွားပြီး ကန္တာရတစ်ခုကိုသာ ချန်ထားခဲ့သည်။
ပုံရိပ်များသည် မြို့ပျက်၏ အပြင်ဘက်တွင် ရပ်နေကြသည်။ တချို့က တိတ်ဆိတ်စွာ ထွက်သွားပြီး တချို့က ဟယ်ရန်စွန်းတို့အုပ်စုကို ကြည့်သည်။
နလန်မိုရန်က ဟယ်ရန်စွန်းနှင့်အတူ ဘုရားမြို့သို့ လိုက်မသွားခဲ့ပေ။ ဟယ်ရန်စွန်းကလည်း နလန်မိသားစုသို့ မသွားခဲ့ပေ။
သူက ဖခင်ဖြစ်သော ဟယ်ကျူကို ရန်ငြိုးမရှိဟု ပြောခဲ့သော်လည်း သွားတွေ့မည်ဟု မပြောပေ။
အကယ်၍ ဟယ်ကျူက ဘုရားမြို့၊ ဟယ်မိသားစုနှင့် သူတို့သားအမိကို စိတ်ထဲတွင် ရှိနေလျှင် လာတွေ့လိမ့်မည်။
နလန်မိုရန်က ယန်ခယ့်အာကို ပေးမည်ဟု ပြောထားသော ဆုကြေးကို မင်ဝူမြို့၏ အကြွေးနှင့် ချေလိုက်သည်။
ရွှယ်နင်းအာက လုယက်ခံရမည်ကို စိုးရိမ်နေသည့်အလား တိတ်ဆိတ်စွာ ထွက်သွားသည်။
သို့သော် သူမက ဟယ်ရန်စွန်းကို လာရှာမည်ဟု ပြောခဲ့သည်။
ဟယ်ရန်စွန်းက လှံရှည်ကို ဈေးနှစ်ဆပေးမည်ဟု စာချုပ်ချုပ်ထားသည်။
မြို့ပျက်သို့ ဝင်ရောက်လာသော ကျင့်ကြံသူအများစုသည် တိုက်ပွဲကို အာရုံခံမိခဲ့သည်။
အဆင့်ရှစ်နှင့် အဆင့်ကိုး ကျွမ်းကျင်သူများသာမက သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် ကျွမ်းကျင်သူလည်း ရှိနေသည်။ အဆုံးတွင် ကမ္ဘာဦးရုပ်သေးရုပ်ပင် ပေါ်ထွက်လာခဲ့သည်။
သို့သော် သူတို့က တိုက်ပွဲ၏ ရလဒ်ကို မသိကြပေ။
သူတို့က တိုက်ပွဲကိုလည်း မကြည့်နိုင်ကြပေ။
သူတို့အတွက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြင်းသည် ကံကောင်းနေပြီဖြစ်သည်။
ဟယ်ရန်စွန်းက ဘုရားမြို့၏ ကျင့်ကြံသူများကို ဦးဆောင်ပြီး ပြန်သွားသည်။
ဤခရီးသည် သူတို့အတွက် အလွန်အကျိုးရှိခဲ့သည်။
သူတို့က ယုထောင်မဟာမိတ်ကို တည်ထောင်ပြီး မြို့ပျက်တွင်ရှိသော ရတနာများကို စုဆောင်းနိုင်ရုံသာမက ကျွမ်းကျင်သူများ၏ တိုက်ပွဲကိုလည်း မြင်တွေ့နိုင်ခဲ့သည်။
အပြန်လမ်းတွင် လူတိုင်းက တိတ်ဆိတ်နေသည်။
ဆရာဟန်က ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် တိုက်ခိုက်ခဲ့သည်။ သူက လှံရှည်ကို အသုံးပြုပြီး ရုပ်သေးကို ထိုးဖောက်ခဲ့သည်။ လူတိုင်းက ထိုမြင်ကွင်းကြောင့် ရင်တုန်သွားခဲ့သည်။
‘အဲဒါက အစစ်အမှန်ကျွမ်းကျင်သူပဲ’
သူတို့က ဘုရားမြို့တွင် ဆက်ရှိနေလျှင် ထိုသို့ ဖြစ်လာနိုင်မည်မဟုတ်ပေ။
လူအများက ဘုရားမြို့သို့ ပြန်ရောက်ပြီးလျှင် မြို့ကြီးများသို့သွားရန် ဆုံးဖြတ်ခဲ့သည်။
သို့မဟုတ် သူတို့က အခကြေးငွေပေးပြီး ကျောင်းတော်သို့ ဝင်ရောက်နိုင်သည်။
မည်သို့ပင်ဖြစ်စေ သူတို့က တိုးတက်လာလိမ့်မည်။
ရေခဲလမြို့ ....
ထိုမြို့သည် နေကြတ်မြို့၏ အနောက်ဘက် မိုင်တစ်သိန်းအကွာတွင် တည်ရှိသည်။
လူတိုင်းက ရေခဲလမြို့ကို မသိကြပေ။
အဘယ်ကြောင့်ဆိုသော် ထိုမြို့က ကောင်းကင်ထက်တွင် ရှိနေသည်။
ထို့မြို့သည် ခမ်းနားသော မြို့ကြီးတစ်မြို့ ဖြစ်ခဲ့သည်ဟု ပြောကြသည်။
သို့သော် ယခုအချိန်တွက် ကျဆင်းနေပြီး လေဟာနယ်တွင် မနေနိုင်တော့ဘဲ မြေပြင်နှင့် ပေတစ်သိန်းအကွာတွင် လွင့်မျောနေသည်။
နေကြတ်မြို့နှင့် တခြားမြို့များက ရေခဲလမြို့ကို တိုက်ခိုက်ဖူးသည်။ သို့သော် မအောင်မြင်ခဲ့ပေ။
ရေခဲလမြို့၏ အကာအကွယ်ဝင်္ကပါသည် ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူကိုပင် ခုခံနိုင်သည်။
“ဘုန်း”
ကျယ်လောင်သော ပေါက်ကွဲသံသည် ရေခဲလမြို့တွင် ပေါ်ထွက်လာသည်။
ခန်းဆောင်ထဲတွင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးများက ဖြူဖျော့နေသော မျက်နှာထားဖြင့် ပျံထွက်လာကြသည်။
“အဲဒီလူက ကျောက်ချွမ်ကို သတ်ရဲတယ်လား”
“ရေခဲလမြို့ကို ရန်စနေတာပဲ”
သူတို့၏ အငွေ့အသက်က လေးနက်သည်။ အနည်းဆုံး သူတော်စင်အဆင့်တွင် ရှိနေကြသည်။
သူတို့က သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်ထားသည်။
“ကျောက်ချွမ်က အမှိုက်ပဲ။ ကမ္ဘာဦးရုပ်သေးရုပ်ကို ထိန်းချုပ်ထားတာတောင် သေသွားတယ်”
အဖြူရောင်မုတ်ဆိတ်များနှင့် လူအိုကြီးတစ်ယောက်က အံကြိတ်ထားပြီး သိပ်မဝေးသောနေရာတွင်ရှိသည့် ရင်ပြင်ကို ကြည့်သည်။
ထိုနေရာတွင် အားကောင်းပုံရသော ပျက်စီးနေသည့် ရုပ်သေးရုပ်များ ရှိသည်။ သို့သော် ယခုအချိန်တွင် ထိန်းချုပ်မည့်လူ မရှိသောကြောင့် အသုံးမဝင်တော့ပေ။
“ရေခဲလမြို့က နောက်ထပ် ကမ္ဘာဦးရုပ်သေးရုပ်ကို တည်ဆောက်ရတော့မယ်”
လူအိုကြီးက ဒေါသတကြီး ပြောလိုက်ပြီး ရှေ့တက်သွားရန် ပြင်ဆင်သည်။ သို့သော် သူ့မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားသည်။
“အဲဒီမှာ ဘယ်သူလဲ”
သူက မျက်လုံးပြူးသွားပြီး ရင်ပြင်တွင်ရှိသော ရုပ်သေးရုပ်များ၏ဘေးတွင် ဖျတ်ခနဲပေါ်လာသော လူရိပ်ကို ကြည့်သည်။
လူတစ်ယောက်က ရေခဲလမြို့သို့ တိတ်ဆိတ်စွာ ရောက်လာပြီး ချိပ်ပိတ်ထားသော ရုပ်သေးရုပ်များ၏ဘေးတွင် ရှိနေသည်။
‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
ရုပ်သေးရုပ်များ၏ရှေ့တွင် ရပ်နေသော ဟန်မူယဲ့က နောက်သို့ လှည့်မကြည့်ခဲ့ပေ။ သူက ပြုံးနေသည်။
“ကမ္ဘာဦးရုပ်သေးရုပ်တွေ အများကြီးပါလား”
“ငါ့ဟာတွေပဲ”
“အကုန်လုံးက ငါ့ဟာပဲ”
သူက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ကြိုးစား၍ ရှာဖွေခဲ့သည်။ သို့သော် ယခုအချိန်တွင် လွယ်ကူစွာ တွေ့လိုက်ရသည်။
သူက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များအတွက် ကြယ်စင်စုစကြဝဠာသို့ ရောက်လာခြင်းဖြစ်သည်။
ဤနေရာတွင် ပေထောင်ချီကြီးမားသော ခမ်းနားလှသည့် ကမ္ဘာဦးရုပ်သေးရုပ်များ အနည်းဆုံး ငါးရုပ် ရှိနေသည်။
ထိုရုပ်သေးရုပ်များက ဤနေရာတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့ပြီး မည်သူကမှ မထိန်းချုပ်နိုင်ခဲ့ပေ။
ရေခဲလမြို့တွင် လုံလောက်သော နတ်ဘုရားအဆင့် ရုပ်သေးသခင်နှင့် ပန်းပဲပညာရှင်များ မရှိခဲ့ပေ။
ထို့ကြောင့် ပျက်စီးနေသော ကမ္ဘာဦးရုပ်သေးရုပ်များ၏ အစိတ်အပိုင်းကို ခွာယူပြီး အဆင့်နိမ့်သော ရုပ်သေးရုပ်များတွင် တပ်ဆင်လိုက်သည်။ ဟန်မူယဲ့က လက်မောင်းအတုတပ်ထားသော ရုပ်သေးရုပ်မှတစ်ဆင့် ထိုမှတ်ဉာဏ်များကို မြင်ခဲ့ရပြီး စောင့်မနေနိုင်တော့ဘဲ ရေခဲလမြို့သို့ တိုက်ရိုက်ရောက်လာခဲ့သည်။
ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကို အစိတ်အပိုင်းများအတွက် အသုံးပြုနေခြင်းသည် ဖြုန်းတီးခြင်း ဖြစ်သည်။
‘ကမ္ဘာဦးရုပ်သေးရုပ် အကြွင်းအကျန်တွေနဲ့ ငါ့အတွက် ကမ္ဘာဦးရုပ်သေးရုပ်အသစ် လုပ်ပစ်လိုက်မယ်’
“ဘယ်သူလဲ”
အသံအများအပြား ပေါ်ထွက်လာသည်။ ရေခဲလမြို့၏ ပတ်ဝန်းကျင်တွင်ရှိသော တိမ်တိုက်များက လှုပ်ရှားလာခဲ့သည်။
နတ်ဘုရားအဆင့် ရုပ်သေးသခင်နှင့် ချပ်ဝတ်သခင်များက ဟန်မူယဲ့ကို ဝိုင်းရံထားခဲ့သည်။
အားကောင်းသောစွမ်းအင် ပေါ်ထွက်လာပြီး သက်တံရောင်အလင်းအဖြစ် ပြောင်းလဲသည်။
ရေခဲလမြို့၏ ဝင်္ကပါက အသက်ဝင်လာသည်။ ထို့ကြောင့် ဤနေရာတွင်ရှိသော ဖြစ်ရပ်ကို အပြင်လူများက မသိနိုင်တော့ပေ။
ဟန်မူယဲ့က မစိုးရိမ်ပေ။
သူက ဝင်္ကပါအလင်း လွှမ်းခြုံသွားသည်အထိ စောင့်လိုက်ပြီး ပြုံးသည်။
“ဘုန်း”
အနည်းငယ် ပျက်စီးနေသော ရုပ်သေးရုပ်တစ်ရုပ် ကျဆင်းလာသည်။
ထိုရုပ်သေးရုပ်၏ ပခုံးတွင် အပေါက်တစ်ပေါက် ရှိနေခဲ့သည်။ ထို့အပြင် လက်မောင်းတစ်ဖက်က ရွှေအလင်းကို ထုတ်လွှတ်နေသည်။
“ကျောက်ချွမ်ကို သတ်လိုက်တာ သူပဲ”
ရုပ်သေးရုပ်များ အသက်ဝင်လာသော အသံနှင့်အတူ ဒေါသတကြီး အော်ဟစ်သံကို ကြားရသည်။
နတ်ဘုရားအဆင့် ရုပ်သေးရုပ်များက ဟန်မူယဲ့ဆီသို့ ပြေးဝင်လာကြသည်။
ဝင်္ကပါ၏ စွမ်းအားက ပတ်ဝန်းကျင်ကို ဖိနှိပ်ထားသောကြောင့် ဟန်မူယဲ့က ထွက်ပြေးနိုင်မည်မဟုတ်ပေ။
တည်နေရာစွမ်းအားကို ကျွမ်းကျင်လျှင်ပင် မလွတ်မြောက်နိုင်ပေ။
“ရေခဲလမြို့ရဲ့ အကြီးအကဲကို သတ်ဖြတ်ပြီး ရန်စခဲ့တဲ့အတွက် သေရမယ်”
ဟန်မူယဲ့၏ လက်ဖမိုးတွင်ရှိသော လှံအမှတ်အသားက တုန်ခါလာသည်။
သူက တိုက်ခိုက်ချင်ပုံရသည်။
“ကောင်လေး၊ သူက မင်းကို လိုအပ်တယ်လို့ ထင်နေတာလား”
ရွှေရောင်ငှက်က လှောင်ပြောင်သည်။
သူ့ဘေးတွင်ရှိသော ပုတီးစေ့ကလည်း ခပ်ဟဟရယ်သည်။
လှံအမှတ်အသားက အနည်းငယ် စိတ်ရှုပ်သွားသည်။
‘ဒီမှာ နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေ အများကြီး ရှိနေတယ်လေ။ သူက ငါ့ကို မလိုဘူးလား’
“ဝီ”
ကျောက်ချွမ်၏ ပျက်စီးနေသော ရုပ်သေးရုပ်က တုန်ခါသံကို ထုတ်လွှတ်သည်။
ရုပ်သေးရုပ်က အသက်ဝင်လာပြီး ရန်လိုစိတ်နှင့် ချီစွမ်းအင်ကို ထုတ်လွှတ်သည်။ ပတ်ဝန်းကျင်က အလင်းရောင်ဖြင့် တောက်ပလာသည်။
ထို့နောက် ရုပ်သေးရုပ်က ဓားမော့တစ်လက်ဖြင့် ခုတ်ချသည်။
ထိုရုပ်သေးရုပ်က ဒဏ်ရာရထားသောကြောင့် လှုပ်ရှားမှုများက ကမောက်ကမ ဖြစ်နေသည်။
သို့သော် ဓားမော့က အလွန်လျင်မြန်ပြီး ပြေးဝင်လာသော နတ်ဘုရားအဆင့် ရုပ်သေးရုပ်ကို ခုတ်ပိုင်းသည်။
“ရွှပ်”
ဓားမော့သည် ရုပ်သေးရုပ်ပေါ်တွင် အရာတစ်ခုကို ချန်ထားခဲ့ပြီး တွန်းကန်အားကို အသုံးပြု၍ နောက်ဆုတ်သည်။
အခုတ်ခံလိုက်ရသော ရုပ်သေးရုပ်က ခဏတာ ရပ်တန့်သွားသော်လည်း ထိခိုက်မှု မရှိပေ။
“ငါထင်ထားသလိုမျိုး မသန်မာဘူးပဲ”
နတ်ဘုရားအဆင့် ရုပ်သေးသခင်က ပြောသည်။
ထို့ကြောင့် တစ်ဖက်လူကို ကြောက်ရွံ့နေရန် မလိုတော့ပေ။
ရုပ်သေးရုပ်နှင့် ချပ်ဝတ်သခင်များအားလုံးက ပြေးဝင်လာကြသည်။
ပျက်စီးနေသော ရုပ်သေးရုပ်က ဓားမော့ဖြင့် တိုက်ခိုက်နေပြီး နောက်ဆုတ်သည်။
“ဝီ”
ဟန်မူယဲ့၏ လက်ဖမိုးတွင်ရှိသော လှံအမှတ်အသားက တုန်ခါနေပြီး အပြင်ထွက်လာသည်။
သူက မစောင့်နိုင်တော့ပေ။
နတ်ဘုရားအဆင့် ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ချင်သည်။
ရွှေရောင်ငှက်နှင့် ခေးအော့၏ ပုတီးစေ့က ရယ်သည်။
ဓာတ်စင်ငါးပါးမီးပြင်းဖို၏ လူအိုကြီးက မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ပြီး ညင်သာစွာ ခေါင်းခါသည်။
လှံရှည်က လမ်းပျောက်နေသည်။
‘ငါက အမှားလုပ်မိလို့လား’
“သူထိန်းချုပ်ထားတဲ့ ရုပ်သေးရုပ်ကို ကြည့်လိုက်ပါအုံး။ အဲဒီရုပ်သေးရုပ်က နောက်ဆုတ်နေရပေမဲ့ ထိခိုက်သွားလို့လား”
ရွှေရောင်ငှက်က ပြောသည်။
‘ထိခိုက်တာလား’
ထိခိုက်မှု မရှိပေ။
ရုပ်သေးရုပ်က ဒဏ်ရာရထားသောကြောင့် လှုပ်ရှားမှုများ ဖရိုဖရဲ ဖြစ်နေသော်လည်း ခြေလှမ်းတိုင်းက စည်းချက်ကျသည်။
ပြိုင်ဘက်များ၏ တိုက်ခိုက်မှုတိုင်းကို ရှောင်တိမ်းနိုင်သည်။
ကောင်းကင်ခွဲလှံက အံ့အားသင့်သွားသည်။
‘ထိန်းချုပ်နိုင်စွမ်း ကောင်းလိုက်တာ’
‘ဒါဇင်ချီတဲ့ နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုအောက်မှာ တကယ် ရှောင်တိမ်းနိုင်တာပဲ’