← Chapters

အခန်း (၁၂၇၃)

Vol. 91 Ch. 1273

အခန်း (၁၂၇၃)

Vol. 91 Ch. 1273

“ထပ်ကြည့်လိုက်အုံး။ အဲဒီရုပ်သေးရုပ်ရဲ့ တိုက်ခိုက်မှုတိုင်းက ဘယ်ရောက်သွားတာလဲ”

ဓာတ်စင်ငါးပါးမီးပြင်းဖိုကလည်း ပြောလိုက်သည်။

ဒဏ်ရာရနေသော ရုပ်သေးရုပ်၏ တိုက်ခိုက်မှုက ဖရိုဖရဲနိုင်သည်။

နေရာတိုင်းတွင် လှည့်ပတ်ခုတ်နေသည်။

သို့သော် ဓားမော့ခုတ်ချက်တိုင်းသည် ပြိုင်ဘက်ကို ထိသွားလိမ့်မည်။

သေချာသတိထားကြည့်လျှင် ရှေ့ဆုံးတွင်ရှိသော ရုပ်သေးရုပ်လေးရုပ်ကို အဓိကထား၍ တိုက်ခိုက်နေကြောင်း မြင်နိုင်သည်။

ထို့အပြင် ဓားချက်တိုင်းက ယခင်ဓားချက်နှင့် ပေါင်းစပ်သွားပြီး တစ်ဖက်ရုပ်သေးရုပ်တွင်ရှိသော ဒဏ်ရာကို နက်ရှိုင်းလာစေသည်။

တစ်နည်းပြောရလျှင် ဒါဇင်ချီသော ဖရိုဖရဲဖြစ်နေသည့် ဓားချက်တိုင်းသည် ပစ်မှတ်တစ်ခုကိုသာ ဦးတည်ထားသည်။

ဒဏ်ရာရနေသော ရုပ်သေးရုပ်က ရင်ပြင်တွင် လှည့်ပတ်သွားလာပြီး မခုခံနိုင်တော့သည့်အလား ပိုမို၍ ဖရိုဖရဲဖြစ်လာသည်။

နာရီဝက်အကြာတွင် လှံတစ်စင်းက ရုပ်သေးရုပ်ကို ထိုးဖောက်လိုက်သည်။

ထိုအချိန်တွင် ရုပ်သေးရုပ်၏ ဓားမော့အလင်းများက ရုပ်သေးရုပ်လေးရုပ်အပြင် တခြားရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ထိမှန်ထားခဲ့သည်။

ဓားမော့အလင်းများက ပိုက်ကွန်တစ်ခုသဖွယ် စုစည်းနေသည်။

ယခုအချိန်တွင် ရုပ်သေးရုပ်က အလွန်ဆိုးဝါးစွာ ထိခိုက်ထားသည်။

လက်မောင်းတစ်ဖက်က ပြတ်သွားပြီး ခန္ဓာကိုယ်တစ်ဝက်က ပျက်စီးနေသည်။

နေရာအနှံ့တွင် ဒဏ်ရာများရှိနေပြီး အပြင်ပိုင်းချပ်ဝတ်က အက်ကွဲသွားသည်။

“ဘန်း”

လှံရှည်က ရုပ်သေးရုပ်ကို ထိုးဖောက်ပြီး ကြမ်းပြင်တွင် စိုက်ထားလိုက်သည်။

ရုပ်သေးရုပ်က အပြည့်အဝ ပျက်စီးနေပြီး မခုခံနိုင်တော့ပေ။

ရင်ပြင်တွင်ရှိသော ရေခဲလမြို့၏ ကျွမ်းကျင်သူများက စိတ်လှုပ်ရှားမနေပေ။ သူတို့၏ မျက်နှာထားက လေးနက်နေသည်။

သူတို့က ထိုရုပ်သေးရုပ်ကို အနိုင်ယူရန်အတွက် အလွန်အားထုတ်ပြီး ပူးပေါင်းခဲ့ရသည်။

သို့သော် ထိုရုပ်သေးရုပ်က ကျောက်ချွမ်၏ ရုပ်သေးရုပ် ဖြစ်သည်။

‘တခြားလူရဲ့ရုပ်သေးရုပ်ကို ထိန်းချုပ်ပြီး ဒါဇင်ချီတဲ့ နတ်ဘုရားအဆင့်ကျွမ်းကျင်သူတွေကို တိုက်ခိုက်နိုင်တဲ့လူက ဘယ်လိုလူမျိုးလဲ’

‘သူက ကိုယ်ပိုင်ရုပ်သေးကို ထိန်းချုပ်ထားရင် ဘယ်လောက်တောင် အားကောင်းနေမလဲ’

သူတို့က တွေးမကြည့်ရဲတော့ပေ။

ထို့ကြောင့် သူတို့က ကျောက်ချွမ်၏ ရုပ်သေးရုပ်ကို ဖိနှိပ်ပြီးသောအခါ ရုပ်သေးရုပ်၏နောက်မှ ထွက်လာသော ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

လှံရှည်က တုန်ခါသွားပြန်သည်။

‘အခု ငါတိုက်ခိုက်ဖို့ အချိန်ကျလာပြီလား’

သို့သော် ဟန်မူယဲ့က သူ့ကို မြင်ပုံမရပေ။

ဟန်မူယဲ့က ရေခဲလမြို့၏ ကျွမ်းကျင်သူများကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ဒီနေရာမှာရှိတဲ့ ဝင်္ကပါက မဆိုးဘူးပဲ”

ထို့ကြောင့် သူက စိုးရိမ်စရာမလိုဘဲ တိုက်ခိုက်နိုင်မည်။

သူက စကားပြောလိုက်ပြီး မရေမတွက်နိုင်သော ဓားအလင်းများကို ထုတ်လွှတ်သည်။

သူက ကြယ်စင်စုစကြဝဠာတွင် နှစ်ပေါင်းများစွာကြာအောင် နေခဲ့ပြီး ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း မေ့လျော့လုနီးပါး ဖြစ်နေသည်။

ဓားအလင်းက တောက်ပစွာ ပေါ်ထွက်လာသည်။

ဓားအလင်းများသည် လေထုကို ထိုးခွဲပြီး ရှေ့တွင်ရှိသော ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ထိုးဖောက်သည်။

သူ၏ ဓားအလင်းကို မည်သူမှ မတားဆီးနိုင်ပေ။

သူ၏ ဝိညာဉ်၊ ရုပ်ခန္ဓာစွမ်းအားနှင့် စည်းမျဉ်းစွမ်းအားသည် ဓားအလင်းများကို ထောက်ပံ့ပေးထားသည်။

ကောင်းကင်တာအို၏ ဖိနှိပ်မှုမရှိ‌သော ကြယ်စင်စုစကြဝဠာတွင် သူက စည်းမျဉ်းစွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်သည်။

သူ၏ ဓားအလင်းတိုင်းသည် အင်မော်တယ်ဘုရင်ကို ဖိနှိပ်နိုင်သည်။

ကြယ်စင်စုစကြဝဠာ၏ နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်က ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်ကို ထိန်းချုပ်ထားလျှင် မူလစကြဝဠာ၏ အင်မော်တယ်ဘုရင်ထက် သန်မာသည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များသည် အင်မော်တယ်ဘုရင်ကို ဖိနှိပ်နိုင်သည်။

သို့သော် ထိုပစ္စည်းများ မရှိလျှင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူက သာမန်အဆင့် အင်မော်တယ်ဘုရင်နှင့် ယှဉ်နိုင်ရုံသာ ရှိသည်။

သူတို့က အင်မော်တယ်သခင်ထက် သန်မာသော်လည်း အင်မော်တယ်ဘုရင်များကိုတော့ ဖိနှိပ်နိုင်မည်မဟုတ်ပေ။ သူတော်စင်အဆင့် ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များသည် အင်မော်တယ်သခင်အဆင့်ကို လွှမ်းမိုးနိုင်သည်ဟု ဟန်မူယဲ့က ထင်ခဲ့သည်။

သို့သော် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များ မရှိလျှင် ကြယ်စင်စုစကြဝဠာ၏ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက သူထင်ထားသည်ထက် အားနည်းနေကြောင်း သိခဲ့ရသည်။

အရေးအကြီးဆုံး အကြောင်းအရင်းသည် ကြယ်စင်စုစကြဝဠာ၏ ကျဆင်းမှု ဖြစ်သည်။

ယခင်က ကြယ်စင်စုစကြဝဠာ၏ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များသည် စကြဝဠာအဆင့်များ၏ ဦးဆောင်မှုအောက်တွင် တခြားစကြဝဠာများကို သိမ်းပိုက်ခဲ့သည်။ သူတို့က အလွန်ခမ်းနားပြီး တိုးတက်ခဲ့သည်။

သို့သော် ယခုအချိန်တွင် ကျဆင်းနေပြီဖြစ်သည်။

ဟန်မူယဲ့က ဓားအလင်းကို ထုတ်လွှတ်သည်။ ဓားအလင်းတိုင်းသည် ဓားမော့ခုတ်ချက်ကို ထိမှန်သွားသည်။

ပျက်စီးသွားသော ရုပ်သေးရုပ်၏ ဓားမော့ခုတ်ချက်များ ဖြစ်ကြသည်။

ဓားအလင်းတိုင်းသည် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို လွယ်ကူစွာ ထိုးဖောက်ခဲ့သည်။

ဓားအလင်းများ၏ သတ်ဖြတ်ခြင်းစွမ်းအားသည် အလွန်သန်မာသည်။

ရုပ်သေးရုပ်များအားလုံးက ချက်ချင်း ရပ်တန့်သွားသည်။

ချပ်ဝတ်များက အက်ကွဲနေပြီး ချပ်ဝတ်သခင်များ၏ မျက်နှာက ဖြူဖျော့သွားသည်။

ကောင်းကင်ခွဲလှံက ထိတ်လန့်စွာ အသံပေးသည်။

ထိုဓားနည်းစနစ်က အဓိပ္ပာယ်မရှိအောင် သန်မာသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ဓားတစ်ချက်ကြောင့် ရှုံးနိမ့်သွားသော ရေခဲလမြို့၏ ကျွမ်းကျင်သူများကို ကြည့်သည်။

သူက လက်မြှောက်ပြီး ရှေ့တွင်ရှိသော ကမ္ဘာဦးရုပ်သေးရုပ်၏ ခန္ဓာကိုယ်ကို ညင်သာစွာ ထိတွေ့သည်။

“ဝီ”

ဟန်မူယဲ့က မှတ်ဉာဏ်များကို မြင်လိုက်ရသည်။

ရုပ်သေးရုပ်၏ မှတ်ဉာဏ်များက အလွန်ရှေးကျပြီး များပြားသည်။

ထို့အပြင် အံ့အားသင့်စရာကောင်းစွာ မူလစကြဝဠာကို မြင်လိုက်ရသည်။

ထိုရုပ်သေးရုပ်သည် မူလစကြဝဠာအား သိမ်းပိုက်ရာတွင် ပါဝင်ခဲ့သည်။

အားကောင်းသော ပန်းပဲပညာရှင်က ထိုရုပ်သေးရုပ်ကို ဖန်တီးခဲ့သည်။

ထိုအချိန်တွင် အားကောင်းသော ပန်းပဲပညာရှင်များသည် ကြယ်စင်စုစကြဝဠာတွင် ပေါများနေသည်။

ကြယ်စင်စုစကြဝဠာက တခြားစကြဝဠာများကို သိမ်းပိုက်ပြီး အဖိုးတန်ဝိညာဉ်သတ္တုများအား ယူဆောင်ခဲ့သည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များသည် အစတစ်ခုသာ ဖြစ်သည်။

ပန်းပဲပညာရှင်များအားလုံးက စကြဝဠာအဆင့် ရုပ်သေးရုပ် သို့မဟုတ် ချပ်ဝတ်ကို ဖန်တီးရန် ကြိုးစားကြသည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို စစ်ပွဲတွင် အသုံးပြုကြသည်။

ပန်းပဲပညာရှင်အများအပြားက ရုပ်သေးသခင်၊ ချပ်ဝတ်သခင်များနှင့်အတူ တခြားစကြဝဠာများဆီသို့ သွားခဲ့သည်။ သူတို့က ထိုစကြဝဠာကို သိမ်းပိုက်ပြီးလျှင် စကြဝဠာအဆင့် ရုပ်သေးရုပ် သို့မဟုတ် ချပ်ဝတ်၏ အစိတ်အပိုင်းတစ်ခုကို ဖန်တီးပြီး ပျိုးထောင်ပေးရန် ချန်ရစ်ခဲ့သည်။

စကြဝဠာအဆင့် ပစ္စည်းများကို ပျိုးထောင်ပေးရန် လိုအပ်သည်။

မဟာလောကတစ်ခုသည် စကြဝဠာအဆင့် လက်နက်တစ်ခုကိုသာ ပျိုးထောင်ပေးနိုင်သည်။

သို့သော် ပန်းပဲပညာရှင်များက အချိန်ကြာမြင့်စွာ စောင့်မနေခဲ့ပေ။

သူတို့က လောကကို ပျက်စီးစေပြီး လက်နက်နှင့် ချပ်ဝတ်များကို ပျိုးထောင်ခဲ့သည်။

ဟန်မူယဲ့က ရုပ်သေးရုပ်၏ မှတ်ဉာဏ်ထဲတွင် အနည်းဆုံး လောကသုံးခု၏ ပျက်စီးမှုကို မြင်ခဲ့ရသည်။

ထို့ကြောင့် အနည်းဆုံး စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့်ချပ်ဝတ် သုံးခု ရှိနေလိမ့်မည်။

မူလစကြဝဠာကလည်း လက်နက်တစ်ခုကို ပျိုးထောင်ပေးနေရသည်။

စကြဝဠာအဆင့် ရုပ်သေးရုပ် ဖြစ်သည်။

ထိုရုပ်သေးရုပ်ကို နှစ်ပိုင်းခွဲပြီး ပျိုးထောင်ထားသည်။ ထိုနှစ်ပိုင်းကို ပေါင်းစပ်မှသာ အပြည့်အဝ ဖြစ်လာလိမ့်မည်။

တစ်ခုသည် နဂါးမိကျောင်း၏ ဦးခေါင်းတွင် ရှိသည်။

နောက်တစ်ခုက ကောင်းကင်စက်ဝန်းစစ်မြေပြင်တွင် ရှိနေသည်။

နဂါးမိကျောင်း၏ ဦးခေါင်းက ခွန်းဝူတွင် ရှိသည်။

ခွန်းဝူက မူလကမ္ဘာခေတ်၏ အကြွင်းအကျန် ဖြစ်သည်။ မဟာတာအိုက ပျောက်ကွယ်သွားသောကြောင့် ကမ္ဘာဦးချီက ပျောက်ကွယ်သွားသည်ဟု ထင်ခဲ့ကြသည်။

သို့သော် ထိုသို့ မဟုတ်ခဲ့ပေ။

စကြဝဠာအဆင့် ရုပ်သေးရုပ်၏ အစိတ်အပိုင်းက ခွန်းဝူ၏ အဆီအနှစ်ကို စုပ်ယူနေခြင်း ဖြစ်သည်။

ဟန်မူယဲ့က တခြား စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကိုလည်း မြင်ခဲ့ရသည်။

ထိုရုပ်သေးရုပ်၏နောက်သို့ လိုက်လာသော ပန်းပဲပညာရှင်က စကြဝဠာအဆင့် ပစ္စည်းများကို ဖန်တီးနိုင်သည်။

သူတို့အားလုံးက နတ်ဘုရားတစ်သောင်း ဘုရားကျောင်းမှ ဖြစ်သည်။

နောက်ပိုင်းတွင် နတ်ဘုရားတစ်သောင်း ဘုရားကျောင်းက ကြယ်စင်စု စကြဝဠာတွင်လည်း စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ပျိုးထောင်နေကြောင်း တစ်ယောက်ယောက်က ရှာတွေ့ခဲ့သည်။

ထိုသို့ဖြင့် တိုက်ပွဲကြီးတစ်ခု ဖြစ်လာသည်။

အဆုံးတွင် ကြယ်စင်စုစကြဝဠာ၏ ကုန်းမြေက ပြိုကွဲသွားပြီး ကျွမ်းကျင်သူများက ကိုယ်ပိုင်မြို့ကြီးများကို ထိန်းချုပ်၍ လေဟာနယ်ထဲတွင် ပြန့်ကျဲနေကြသည်။

ကြယ်စင်စုစကြဝဠာသည် ပျက်စီးနေခဲ့သည်။

အကြွင်းအကျန် အင်အားစုတချို့မှလွဲ၍ ကျန်လူများအားလုံးက လေဟာနယ်မြို့ကြီးများဆီသို့ ရောက်သွားကြသည်။

သို့သော် ထိုမြို့များ၏တိုက်ပွဲက ပိုမိုပြင်းထန်သည်။

မြို့အများအပြားသည် အရင်းအမြစ်အတွက် ရုန်းကန်နေရသည်။

ရေခဲလမြို့သည်လည်း ထိုသို့ ဖြစ်ခဲ့သည်။

နတ်ဘုရားတစ်သောင်း ဘုရားကျောင်းကလည်း ပုန်းကွယ်နေပြီး ကူးသန်းရောင်းဝယ်ရေးခန်းဆောင်ကိုသာ ချန်ထားခဲ့သည်။

ရေခဲလမြို့၏ ကျွမ်းကျင်သူအများစုသည် တိုက်ပွဲတွင် သေဆုံးသွားခဲ့သည်။

သူတို့၏ ကျန်ရှိနေသော ရုပ်သေးရုပ်နှင့် ချပ်ဝတ်များသည် ရင်ပြင်တွင် စုပုံနေသည်။

အား‌ကောင်းသော ပန်းပဲပညာရှင်များကလည်း မသေဆုံးလျှင် ထွက်သွားကြသည်။ ထိုသို့ဖြင့် ရေခဲလမြို့ကို ဆက်ခံမည့်လူ မရှိတော့ပေ။

တစ်နည်းပြောရလျှင် ရေခဲလမြို့တွင် အမှန်တကယ်ပင် သခင်မရှိပေ။

ဟန်မူယဲ့က လက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်ပြီး ကြောက်ရွံ့နေသော ကျွမ်းကျင်သူများကို ကြည့်သည်။ သူက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ငါက မင်းတို့ကို အခွင့်အရေးပေးလိုက်မယ်”

“နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေ ပူးပေါင်းပြီး ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ထိန်းချုပ်တာက ဘယ်လိုမျိုးလဲ ငါသိချင်တယ်”

ရှေးခေတ်၏ ရုပ်သေးရုပ်များသည် ကောင်းကင်နှင့်မြေကြီးကို တစ်ချက်တည်း ဖျက်ဆီးနိုင်သည်။

နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နတ်ဘုရားအလင်းကို ထုတ်လွှတ်သည်။

“ဘုန်း”

အဝေးတစ်နေရာ၏ ခန်းဆောင်ထက်တွင် လပြည့်ဝန်းတစ်ခု ပေါ်ထွက်လာသည်။

ဘီးလုံးနှင့်တူသော လပြည့်ဝန်းက ရင်ပြင်သို့ ရောက်လာသည်။

ထို့နောက် လည်ပတ်နေပြီး အနက်ရောင်ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားသည်။

ရုပ်သေးရုပ်က ရှစ်ပေခန့် အရပ်ရှည်ပြီး လူသားနှင့်ဆင်တူသော မျက်နှာကို ပိုင်ဆိုင်သည်။ လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ထားသည်။

ရုပ်သေးရုပ်က အလွန်အသေးစိတ်ကျသည်။

သူက ဟန်မူယဲ့ကို ဓားရှည်ဖြင့် ညွှန်ပြသည်။

ရုပ်သေးရုပ်၏နောက်တွင် ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များက အစွမ်းကုန်ထုတ်သုံးထားသည်။

သူတို့၏ ဝိညာဉ်က ကမ္ဘာဦးရုပ်သေးရုပ်၏ လှုပ်ရှားမှုကို ထောက်ပံ့ပေးနေသည်။

“ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ပဲ။ ဒီတစ်ခါတော့ အစစ်ပဲ”

ဟန်မူယဲ့က အသံတစ်သံကို ကြားလိုက်ရသည်။

“ငါစမ်းကြည့်ချင်တယ်”

‌ရွှေရောင်ငှက်က တောင်ပံခတ်သည်။

“ငါရော ပါလို့ရလား”

ခေးအော့က စိတ်အားထက်သန်စွာ ပြောသည်။

“အဟမ်း၊ အမှန်အတိုင်းပြောရရင် ငါလည်း တိုက်ခိုက်နိုင်ပါတယ်”

ဓာတ်စင်ငါးပါးမီးပြင်းဖို၏ လူအိုကြီးက ရင်ကော့ထားသည်။

ကောင်းကင်ခွဲလှံက တုန်ခါနေပြီး ဟန်မူယဲ့၏ လက်ထဲသို့ ဝင်သွားချင်သည်။

သို့သော် ဟန်မူယဲ့က သူတို့ကို လျစ်လျူရှုထားသည်။

အနက်ရောင်ချပ်ဝတ်သည် သူ့ကိုယ်ပေါ်တွင် ပေါ်လာသည်။

ကမ္ဘာဦးချပ်ဝတ် ဖြစ်သည်။

ဟန်မူယဲ့က ပျက်စီးနေသော ကမ္ဘာဦးချပ်ဝတ်ကို ကောင်းကင်တစ်သောင်းချောက်နက်တွင် ရခဲ့သည်။

နောက်ပိုင်းတွင် ပြန်လည်ပြုပြင်ပြီး ခွေသားရဲ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်၍ ပိုမိုအားကောင်းလာစေသည်။

All Chapters