← Chapters

လုံဝူကျီ ပေါ်လာပြီ

Vol. 118 Ch. 4.1276

လုံဝူကျီ ပေါ်လာပြီ

Vol. 118 Ch. 4.1276

အံ့သြစွာ အော်ဟစ်သံနဲ့အတူ နတ်သမီးဖေးလော့ မြေပြင်ပေါ်မှ ရုန်းထလာသည်။ သူမ၏ နာကျင်နေသော မျက်နှာမှာ ချွေးသီးကြီးများဖြင့် ရွှဲနစ်နေကာ ဒဏ်ရာများ ရသွားကြောင်း သိသာပေသည်။ လူခြောက်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေကြပြီး ဘယ်သူမှ စကားမပြောကြပေ။ နတ်သမီးဖေးလော့ဆီကို ခဏလောက် ချဉ်းကပ်ဖို့ ဘယ်သူမှ မဝံ့ရဲကြပါ။

အလင်းတန်း အောက်မှာမို့ အနီးနားက ဖြစ်ပျက်ခဲ့တာကို ဘယ်သူမှ မသိကြသလို ရှင်းရှင်းလင်းလင်းလည်း မမြင်နိုင်ကြပါဘူး။ အလင်းရောင်က တကယ်ကို အစွမ်းထက်ပြီး ဒီသတ္တဝါကို ချက်ချင်း သတ်ပစ်နိုင်မယ်လို့ သူတို့ အရမ်းမျှော်လင့်ထားပေမယ့် တကယ်ပဲ သတ်နိုင်ပါ့မလား မသိ။

တကယ်တမ်း​တော့ ဘယ်သူကမှ မျှော်လင့်ချက်တွေ အများကြီး မထားဝံ့ကြဘူး။ လူခြောက်ယောက်လုံး နတ်သမီးဖေးလော့ရဲ့ ပတ်ဝန်းကျင်၌ ဝန်းရံကာ လက်နက်များဖြင့် ချိန်၍ အချိန်မရွေး သတ်ပစ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ဖေးလော့လည်း လန့်သွားပြီး ကောင်းကင်အခွင့်အလမ်း စုတ်တံကို ထုတ်ယူချင်သော်လည်း ထိုအကြံကို ချက်ချင်း လက်လွှတ်လိုက်ရသည်။ ဒီအတိုင်းဆို နောက်အခိုက်အတန့်မှာ သူမဟာ လူခြောက်ယောက်ဆီက အတူတူ သတ်ဖြတ်ခံရမယ် ဆိုတာ သိပါ၏။

"ဟင်? နင်တို့ ဘာလုပ်နေတာလဲ ငါ ဖေးလော့ပါ"

လုရွှမ်: "ကိုယ့်ကိုယ်ကို သက်သေပြမလား"

လူခြောက်ယောက်၏ အလွန်သတိထားနေသော အကြည့်ကို ကြည့်ရင်း ဖေးလော့လည်း အရာများစွာကို လွဲချော်ခဲ့ရကြောင်း သိကာ အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။

"ဒါဆို ငါ ကောင်းကင်အခွင့်အလမ်း စုတ်တံကို အခုပဲ ထုတ်လိုက်မယ်... ဘာမှ မလုပ်နဲ့"

သူမက ကောင်းကင်အခွင့်အလမ်း စုတ်တံကို ဂရုတစိုက် ထုတ်ယူပြီး မြေပြင်ပေါ် ပစ်ချလိုက်သည်။ သူမဟာ ဒဏ်ရာရထားတဲ့ အပိုင်းကို ဆွဲထုတ်လိုက်၏။ ပါးစပ်က ထိန်းမနိုင်သိမ်းမရ ညည်းညူရင်း သွေးတွေ ထပ်ထွက်လာ၏။

"ဟင်!"

ဖေးလော့ရဲ့ အမူအရာက ရုတ်တရက် ပြောင်းသွားပြီး သူမလက်ဖဝါးကို ရပ်လိုက်သည်။

"အဲဒီပစ္စည်းကို ဖယ်လိုက်!"

ဟောက်ထျန်းက အော်လိုက်သည်။ လက်နက်ကြီးပေါ်မှ အလင်းရောင်သည် ပြင်းထန်စွာ လင်းလက်သွားကာ ပြင်းထန်စွာ ထိုးနှက်တော့မည် ဖြစ်သည်။ ဖေးလော့က ရှိုက်ကြီးတငင် ပြုံးပြီး စာလိပ်တစ်လိပ်ကို ထုတ်ယူလိုက်သည်။

"အဲလို အရာမျိုး ရှိနေမယ်လို့ ငါလည်း မသိခဲ့ဘူး"

စာလိပ်သည် ဖေးလော့၏ လက်ဖဝါးမှ ရုတ်တရက် ကွဲထွက်သွားပြီး အလင်းရောင် ၆ခုက တိုက်ရိုက် ပြေးထွက်သွား၏။ စာလိပ်ထံမှ တိုးတိုးတိတ်တိတ် ဟစ်အော်နေသည့် အသံတစ်ခု ထွက်လာသော်လည်း စာလိပ်ကိုတော့ ထိခိုက်မှုမရှိစေပေ။

စာလိပ်အထဲမှာ ပုံတူ တစ်ပုံဖြစ်သွားကာ လူတိုင်း လှည့်ကြည့်လိုက်တော့ လုံဝူကျီ ဖြစ်သွားသည်။ အစိမ်းရောင် မီးခိုးငွေ့တွေက စာလိပ်ထဲမှ တွန့်လိမ်စွာ ထွက်ပေါ်လာရင်း ပုံတူထဲကနေ လုံဝူကျီ ထွက်လာလေသည်။

လုံဝူကျီသည် လူအုပ်ကို မကြည့်ဘဲ လွမ်းဆွတ်သော အကြည့်ဖြင့် အဝေးသို့ လှည့်ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူပြီး ဝမ်းနည်းစွာနဲ့ ဆိုလာသည်။

"အခုဆို နှစ်ပေါင်းထောင်ချီပြီး မရေမတွက်နိုင်အောင် ​ကြာသွားပြီပဲ!"

လုံဝူကျီ ခန္ဓာကိုယ်မှ ရိုင်းစိုင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ရောင်ဝါအတွင်းမှ ဖျတ်ခနဲ ပေါ်ထွက်လာသော ဖိအားသည် လူခုနစ်ဦးအား လွန်စွာ ပြင်းပြင်းထန်ထန် ရိုက်ခတ်သွား၏။ ကြီးကျယ်ခမ်းနားသော တောင်တန်းများနှင့် ကျယ်ပြန့်သော ပင်လယ်ကြီးကို ကြည်လင်ပြတ်သားစွာ မမြင်နိုင်တော့သလို ခံစားလာရစေသည်။

လုရွှမ်: "အဲဒါက ဝိညာဉ်ခန္ဓာပဲ..... ဒါပေမဲ့ အရမ်းသန်မာတယ်"

နောက်ဆုံးတွင် လုံဝူကျီက လူငယ်တွေဘက် လှည့်ကြည့်လိုက်ပြီး လုရွှမ်နဲ့ ကျိုးယိကို ကြည့်ကာ ပြုံးလိုက်သည်။

"မင်းတို့ စိတ်မပူပါနဲ့... အာကာသသတ္တဝါကြီး ပျက်စီးသွားတဲ့အတွက် ငါထွက်လာနိုင်ခဲ့တာ ဒါ ငါ့ရဲ့နောက်ဆုံး နောင်တပဲ အခု ငါထွက်လာတော့ နတ်နဂါး မိသားစုက နောက်ဆုံးမှာ အသက်နဲ့မရဏ လမ်းခြောက်လမ်းကို အသက်သွင်းလိုက်ပြီလို့ ဆိုလိုတာပဲ...နေနဲ့လကို မြင်ရပြီဆိုတော့ အသက်နဲ့မရဏ လမ်းခြောက်သွယ်က ပျက်စီးသွားပြီ ဆိုတာ ထင်ရှားတယ်....ဒီက သူငယ်​ချင်းနှစ်​​ယောက်​ ငါမင်းတို့ကို ​ကျေးဇူးတင်​ချင်​ပါတယ်..."

လုံဝူကျီဆီက ကျေးဇူးတင်တာမျိုးကို လုရွှမ် ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ။

"အကြီးအကဲ... ဒီအငယ်လေးတွေက မခံယူဝံ့ပါဘူး"

တစ်ဖက်တွင်တော့ ကျိုးယိသည်လည်း လုံဝူကျီ၏ ကျေးဇူးတရားကို လက်မခံဝံ့ဘဲ လျင်မြန်စွာ ဂါဝရပြုခဲ့သည်။

"ဟာဟား... ဖြစ်သင့်တာပါ"

လုံဝူကျီ သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ လုရွှမ်နဲ့ လုံဝူကျီလည်း ဦးမညွှတ်နိုင်တော့ပေ။ ယွမ်စွမ်းအင်က တံတိုင်းတစ်ခုလို ခိုင်ခံ့ပြီး အားကောင်းသည်။

"ဒါက မင်းတို့နဲ့ ထိုက်တန်တဲ့အရာပဲ... မင်းတို့ရောက်လာတာကို ငါစောင့်နေခဲ့တာ။ ထပ်ခါထပ်ခါ ရှုံးခဲ့ရတော့ ငါ့စိတ်ထဲမှာ နည်းနည်းလေးတောင် စိတ်ပျက်သွားခဲ့တယ်... ဒါပေမဲ့ နောက်ဆုံးတော့ မင်းတို့ကြောင့် နတ်နဂါး မိသားစုက ပြန်လည်မွေးဖွားလာနိုင်ခဲ့ပြီ..."

လုံဝူကျီ သူ့လက်ဖဝါးကို ဝေ့ယမ်းလိုက်ရာ အလင်းတန်းနှစ်စင်း ပြေးထွက်သွား၏။ ယန်စွမ်းအင်နဲ့ ယင်စွမ်းအင်က လုရွှမ်နဲ့ ကျိုးယိတို့၏ ကိုယ်ခန္ဓာထဲသို့ အသီးသီး ပျံ့လွင့်သွားသည်။

"မင်းတို့နဲ့ ထိုက်တန်တဲ့ အကျိုးကျေးဇူးတွေ ရမှာပါ!"

လုရွှမ်သည် သူ့ခန္ဓာကိုယ်ထဲတွင် လောင်ကျွမ်းနေသော အပူဒဏ်ကို ခံစားလိုက်ရသည်။ နေလုံးလေးတွေက သေးငယ်သော သလင်းကျောက်များ အဖြစ်သို့ ချုံ့ထားသကဲ့သို့ပင်။ သူ မော့ကြည့်လိုက်တော့ ကျိုးယိလည်း အဆမတန် ဝမ်းသာသွားပုံပေါ်တာ တွေ့လိုက်ရသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

နှစ်ယောက်သား တညီတညွတ်တည်း အော်ဟစ်ပြီး ဒီတစ်ခါတော့ လုံဝူကျီလည်း သူတို့ကို မတားတော့ပေ။

"မင်းတို့လည်း ကြီးကြီးမားမား ပံ့ပိုးမှုတွေ လုပ်ခဲ့ကြတယ်"

လုံဝူကျီသည် ကျန်ငါးယောက်ဘက် လှည့်ပြောလိုက်တာကြောင့် လုရွှမ်နဲ့ ကျိုးယိတို့ရဲ့ မျက်နှာတွေကို ကြည့်ပြီး ငါးယောက်လုံး အံ့သြသွားကြ၏။

အလင်းတန်းငါးခုသည် လူငါးဦး၏ ခန္ဓာကိုယ်ထဲသို့ ပျံလွင့်လာသဖြင့် အားလုံး ဝမ်းသာသွားကြသည်။ နတ်သမီးဖေးလော့ရဲ့ ခန္ဓာကိုယ်က ချက်ချင်း ပြန်လည်ကောင်းမွန်လာပြီး သူမ၏စွမ်းရည်များသည် မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားတာကြောင့် ဦးညွှတ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။

လုရွှမ်: "အကြီးအကဲ တကယ်ပဲ ဘာဖြစ်နေတာလဲ"

လုံဝူကျီက သက်ပြင်းချရင်း "မင်းမမေးရင်တောင် ငါပြောပြမှာပါ.... အဲဒီသတ္တဝါတွေ အားလုံးက အာကာသသားရဲတွေပဲ... မြေကြီးရဲ့အပြင်ဘက်မှာ အဲဒီလွတ်နေတဲ့ နေရာတွေမှာ ကြောက်စရာကောင်းတဲ့ အကောင်တွေ အများကြီး ပေါက်ဖွားလာပြီး သူတို့အားလုံးကလည်း အမြဲတမ်း ရှိနေခဲ့ကြတာ... ပြောရမယ်ဆိုရင် ဒီသာယာဝပြောတဲ့ ကမ္ဘာကို လိုချင်နေကြတာပေါ့"

"သူတို့ မြေကမ္ဘာကြီးကို တိုက်ခိုက်နေတာကြာပြီ အာကာသ ကွာဟချက်တစ်ခု ဖွင့်ပြီးတာနဲ့ ပြေးဝင်လာကြမှာပဲ... မင်းတို့အားလုံးက သူတို့ရဲ့ ခွန်အားကို ခံစားခဲ့ကြရတယ်...အဲဒီအကောင်တွေက အရမ်းအစွမ်းထက်တယ် ကံကောင်းချင်တော့ သူတို့မှာ ဒီကမ္ဘာကြီးအကြောင်း ဗဟုသုတ တစ်ခုခုတောင် မရခဲ့ဘူးလေ... သူတို့အစွမ်းက အားနည်းသွားတဲ့အတွက် ငါတို့ လူသားတွေရဲ့ ပေါင်းစပ်အားထုတ်မှုကြောင့် သူ့ကို နှင်ထုတ်ခံခဲ့ရပြီ"

"ဒါပေမဲ့ ဒီသတ္တဝါတွေရဲ့ အစွမ်းထက်ဆုံးအရာက ဆင့်ကဲဖြစ်စဉ်ပဲ ဒါကြောင့် အာကာသ သတ္တဝါတစ်စုကို ဖမ်းယူပြီးရင် သူတို့ကို လေ့လာဖို့ ပြန်ခေါ်လာခဲ့တယ်... ဒီသတ္တဝါတွေက ငါထင်ထားတာထက် ပိုအစွမ်းထက်နေမယ်လို့ ဘယ်သူကသိမှာလဲ... သူတို့က ငါ့ဆီကနေ တဖြည်းဖြည်း လှည့်ထွက်သွားပြီး လှောင်အိမ်ကိုတောင် အာဟာရအဖြစ် ပြောင်းလဲပြီး ကြီးထွားလာကြတယ်..."

"အခြေအနေအရ အသက်နဲ့မရဏ လမ်းခြောက်သွယ် ထူထောင်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး... ငါ့ရဲ့တွက်ချက်မှုတွေ အရဆို အဲဒီအာကာသသတ္တဝါတွေက အနှစ်တစ်ရာထက်မနည်း အချိန်တိုအတွင်းမှာ တစ်ဖန် ပြန်ပြေးလာလိမ့်မယ်... ကောင်းကင်နဲ့မြေကြီးရဲ့ ထွက်သက်ဝင်သက်ကပဲ သူတို့ကို ထိခိုက်စေနိုင်မှာ....မဟုတ်ရင် ဘေးဥပဒ်​တွေ ဖြစ်လာလိမ့်မယ်”

ကျိုးယိ: "အကြီးအကဲ... သန့်ရှင်းတဲ့မြေက မိသားစုတွေနဲ့ မဟာဂိုဏ်းတွေရဲ့ အကူအညီနဲ့တောင် သူတို့ကို အနိုင်ယူလို့ မရခဲ့ဘူးလား"

"ဟူး... မသေမျိုး အဆင့်အောက်မှာဆို အားလုံးက ပုရွက်ဆိတ်တွေပဲလေ"

လူခုနစ်ယောက်သည် မြေကမ္ဘာ၌ပင်လျှင် မသေမျိုး အဆင့်တွေထဲ ရောက်လိုပါက ထိပ်တန်း ပါရမီရှင်များသာ အောင်မြင်နိုင်ကြောင်း နားလည်ထားပါသည်။ ဂိုဏ်းကြီးတစ်ခုတွင် အဲဒီလိုလူ ဘယ်လောက် ရှိမှာလဲ။ သန့်ရှင်းတဲ့နယ်မြေက ရှေးဟောင်းမိသားစုတွေလည်း ရှိပေမယ့် စုစုပေါင်း သန့်ရှင်းတဲ့မြေက ခုနစ်ခုသာ ရှိသည်။

အဲဒီနေရာက ထူးချွန်တဲ့ လူတွေသယ တက်နိုင်မယ်လို့ မျှော်မှန်းထားပေမယ့် အနှစ်တစ်ရာအတွင်းမှာ မသေမျိုးနယ်ပယ်ထဲကို ဝင်ဖို့ဆိုတာ မသေချာချေ။

ထို့အပြင် မသေမျိုးနယ်ပယ်သို့ ဝင်ရောက်ခြင်းက အပြောနဲ့ အတွေးလောက် မလွယ်ကူချေ။ တိုက်ပွဲတစ်ခုတွင် အားကောင်းသော ရန်သူများကို တိုက်ခိုက်လိုပါက အဆင့်ပိုမြင့်လေ ပိုကောင်းလေဖြစ်သည်။

လုရွှမ် နတ်ခြေလှမ်းနယ်ပယ် အကြောင်း သိပ်မသိသော်လည်း အခြားလူများက ကောင်းကောင်းသိသည်။

သူတို့မိသားစုများ၏ သန့်ရှင်းတဲ့မြေရှိ မသေမျိုးနယ်ပယ် ဝင်ရောက်ထားသော အရှင်သခင်များသည် အနှစ်တစ်ရာအတွင်း သေးငယ်သော နယ်ပယ်တစ်ခုသို့ မတက်နိုင်တော့ဘဲ အချို့မှာ အနှစ်တစ်ထောင်အထိပင် ပိတ်မိနေခဲ့သည်။

All Chapters