← Chapters

ဂိုဏ်းချုပ်တွေ အားလုံးရောက်လာပြီ

Vol. 118 Ch. 4.1277

ဂိုဏ်းချုပ်တွေ အားလုံးရောက်လာပြီ

Vol. 118 Ch. 4.1277

ဘိုးဘေးများ အပါအဝင် ရှေးဟောင်းမိသားစု၊ သန့်ရှင်းတဲ့ နယ်မြေတွင် သခင်စုစုပေါင်း တစ်ရာသာ ရှိပြီး မဟာဂိုဏ်းကြီးများ၏ ဂိုဏ်းခွဲများမှာ လူမည်မျှပင် ရှိပါစေ၊ ဂိုဏ်းဂဏ မည်မျှပင် ရှိပါစေ မေးစရာက လူနှစ်ထောင်လောက် နတ်ခြေလှမ်းနယ်ပယ်ကို တက်နိုင်သလား ဆိုတာပါပဲ။

လူပေါင်း နှစ်ထောင်ကျော်သည် ကြီးမားလှသော အာကာသ သားရဲများအတွက် ပိုးစုန်းကြူးများနှင့် တောက်ပသော ကြယ်လေးများ ကဲ့သို့ပင် ဖြစ်နေပါသည်။

"အကြီးအကဲ တခြားနည်းလမ်း မရှိဘူးလား?"

"ဟုတ်တယ်!... ငါတို့ ကောင်းကင်ဘုံရဲ့ ဒဏ္ဍာရီစာအုပ်ရှစ်အုပ်ကို စုဆောင်းနိုင်ရင်တော့ အာကာသသတ္တဝါတွေကို တိုက်ထုတ်နိုင်တယ်"

"၈အုပ်မြောက်... အခင်းအကျင်း ကောင်းကင်စာအုပ်က တစ်ခါမှ မပေါ်လာတာတော့ နှမြောစရာပဲ... ကျန်တဲ့ ကောင်းကင်စာအုပ် ခုနစ်အုပ်လည်း တစ်ခုပြီးတစ်ခု ဝိညာဉ်တွေအဖြစ် ပြောင်းလဲသွားပြီ... အဲဒါတွေက နတ်ဆိုးဂိုဏ်းရဲ့ နယ်မြေထဲကို ဝင်သွားတာ သနားစရာကောင်းလိုက်တာ"

"မေ့လိုက်ပါတော့ ဒါတွေက မင်းတို့ စိုးရိမ်စရာတွေ မဟုတ်ဘူး... မင်းတို့က ကောင်းကင်အထိ မာနကြီးတတ်​ကြတဲ့ သားတွေပဲ... မင်းတို့ရဲ့ ကျင့်ကြံမှု တိုးတက်လာဖို့ ကြိုးစားအားထုတ်နိုင်တယ်...အသက်နဲ့ မရဏဆိုတဲ့ လမ်းခြောက်လမ်း အခင်းအကျင်းကို ငါ ဖယ်ရှားလိုက်မယ်... မင်းတို့ သွားနိုင်ပြီ"

ထိုအခါ လုရွှမ်က မြန်မြန် လှမ်းအော်လိုက်သည်။

"အကြီးအကဲ... ကောင်းကင်စာအုပ် တစ်အုပ်ကို ရှာတွေ့ရင် တခြား ကောင်းကင်စာအုပ် ခုနစ်အုပ်ကိုရော ရှာတွေ့နိုင်မှာလား"

လုံဝူကျီ ခဏလောက် ထိတ်လန့်သွားတာကြောင့် ဆွံ့အသွားသော်လည်း ခေါင်းခါလိုက်လေသည်။

"မသိဘူး... နောက်ဆုံးတော့ ဘယ်သူမှ မယူလာဖူးဘူးလေ"

လုရွှမ် တိတ်ဆိတ်နေ၏။

လုံဝူကျီ၏ ခန္ဓာကိုယ်သည် အမှန်တကယ် လောင်ကျွမ်းသွားလေရာ လူခုနစ်ဦး တုန်လှုပ်သွားကြသည်။

"ငါ့အတွက် စိတ်မပူပါနဲ့... အသက်နဲ့ မရဏလမ်းကြောင်း ခြောက်သွယ်ကို ပုံဖော်ဖို့ ငါအသုံးပြုခဲ့တာ... သဘာဝကျကျ ငါသေရမှာပေါ့ ကလေးတို့ အလုပ်ကို ကြိုးစားလုပ်ကြ... အနာဂတ်က မင်းတို့အပေါ်မှာပဲ မူတည်တယ်"

လူခုနစ်ယောက်ကို အလင်းတန်းများက ဝိုင်းရံပြီး လွှတ်လိုက်ကြသည်။

အလင်းတန်းများ ထွန်းတောက်လာကာ နတ်နဂါး မိသားစုတစ်ခုလုံးက မြေကြီးများလည်း တုန်ခါသွားသည်။ အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရပြီးနောက် အတိတ်က သေနေသော နေရာများ တဖြည်းဖြည်း ပြန်လည်အသက်ဝင်လာကာ သေသွားခဲ့သူများလည်း လေထုထဲမှ ပြန်လည် ပေါ်ထွက်လာကြသည်။

တချို့မှာ စိတ်ရှုပ်ထွေးနေပြီး တချို့မှာလည်း ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို အချင်းချင်း ရှင်းပြနိုင်စွမ်း မရှိကြပေ။

လုရွှမ်တို့ လူခုနစ်ယောက်တို့သည် ၎င်းတို့၏ စွမ်းအားများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ အဲဒီနောက် နတ်နဂါး မိသားစုရဲ့ ကောင်းကင်အထက်တွင် ပေါ်လာတာကို တွေ့လိုက်ကြရပြီး အောက်ဖက်ရှိ နတ်နဂါး မိသားစုသည်လည်း ပြောင်းလဲနေပါ​ပြီ။

အဝေးက လေ​ပြင်းများ တိုက်ခတ်လာတာကြောင့် ကျင့်ကြံသူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ဟစ်အော်ကုန်သည်။

"ဟေး အသက်ရှင်နေသေးတာလား"

"နတ်နဂါးမိသားစုမှာ ဘာအပြောင်းအလဲတွေ ဖြစ်ခဲ့တာလဲ"

ပျံသန်းလာသူများသည် ထိပ်တန်း ရှေးဟောင်းမိသားစုနှင့် မဟာ ဂိုဏ်းပေါင်းစုံမှ တပည့်များဖြစ်ပြီး ရှေ့ဆုံးမှ ပျံသန်းသူမှာ သဘာဝအားဖြင့် ခေါင်းဆောင်​တွေ ဖြစ်သည်။ လုရွှမ်လည်း မုယွီအာနဲ့ ဖေ့ယိုးယွီကို မြင်ပါ၏။ ၎င်းတို့က အံ့အားသင့်စွာဖြင့် ပြေးထွက်လာကြကာ မုယွီအာက သူ့ကို တိုက်ရိုက် ပွေ့ဖက်လိုက်သည်။

"ဟားဟား ကောင်လေး....မင်း အသက်ရှင်နေသေးတာပဲ ကောင်းတယ် ငါတို့မှာ ဆရာတွေကို ဘယ်လိုရှင်းပြရမှန်းတောင် မသိတော့လောက်အောင်ကို စိတ်ပူသွားတာကွ!"

ဖေ့ယိုးယွီ: "ဟုတ်တယ်... နတ်နဂါး မိသားစုက နားမလည်နိုင်တဲ့ အပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ရတာ... ဂိုဏ်းချုပ်တွေတောင် စိတ်ပူနေကြတာ.. သူတို့အားလုံး အခု ဒီကိုလာနေကြပြီ"

သူစကားပြောနေစဉ်တွင် အလွန်အစွမ်းထက်သော ရောင်ဝါများ အဝေးကနေ သူတို့ဆီသို့ ပြေးလာလေရာ မုယွီအာက ပြုံးကာ ဆိုသည်။

“သူတို့ ရောက်နေပြီ ထင်တယ်”

လာသူများသည် ရှေးဟောင်း မိသားစုက အကြီးအကဲများ ဖြစ်ကြ၏။ လုရွှမ် ၎င်းတို့ကို တစ်ချက် ကြည့်လိုက်ရာ လုံး၀ ကြောက်ရွံ့ထိတ်လန့်စရာ ကောင်းတဲ့ အကြီးအကဲတွေ ဖြစ်နေတာ တွေ့လိုက်ရသည်။ ဂိုဏ်းချုပ်တွေ အကုန်နီးပါးရောက်နေပြီ။

၎င်းတို့က နယ်ပယ်ကို ချုပ်နှောင်ထားသော်လည်း နတ်ခြေလှမ်း နယ်ပယ်သို့ တက်လှမ်းထားသည့် ရက်စက်ကြမ်းကြုတ်သော ရောင်ဝါများက အစွမ်းထက်မြက်ဆဲ ဖြစ်သည်။

လူတစ်​​ယောက်​ အမြန်​​ ပြေးထွက်လာကာ လုရွှမ်ဆီသို့ ​ရောက်​လာပြီး လုရွှမ်ကို ကြည့်​လိုက်​သည်။

ထိုသူသည် အရပ်ရှည်ပြီး အငွေ့အသက်သည် အလွန်နက်ရှိုင်းသည်။ လေးလံသော ခံစားချက်ကို လုရွှမ်မှ ခံစား သိရှိသောကြောင့် ၎င်းမှာ ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ သခင်များသည် များသောအားဖြင့် ဗဟိုအလယ်ရှိ စစ်ပွဲမြေတောင်ထွတ်မှ ဆင်းသက်လာကြပြီး ယခုလူက သီလရှိသူဖြစ်သည်။

ကျွမ်းကျင်မှု အမြင့်မားဆုံး မဟုတ်ပေမယ့် အယုံအကြည်ဆုံးကတော့ တောင်ထွတ် လေးခုရဲ့ ပြဿနာတွေကို ဟန်ချက်ညီအောင် ထိန်းနိုင်တာပါပဲ။ လုရွှမ် တုံ့ဆိုင်းမနေဝံ့ဘဲ အလျင်အမြန် ဂါရဝပြုလိုက်သော်လည်း ထိုသခင်ကိုယ်တိုင်က ကူညီပေးခဲ့သည်။

"ကောင်းပါပြီ ကောင်းပါပြီ..."

သူ့မျက်လုံးတွေက ပူလောင်နေ၏။ လုရွှမ်လည်း တစ်ဖက်လူက သူ့ခန္ဓာကိုယ်ကို ဖြတ်ကျော် မြင်နေရပြီ ဆိုတာကို သိလိုက်သည်။ တခြားတောင်ထိပ်က သခင်နှစ်ယောက်ကတောင် လှမ်းမြင်နေရရာ ဒီသခင်ဆီကနေ ဖုံးကွယ်လို့ မရနိုင်တော့ပါဘူး။

"ငါတို့ တောင်ပေါ်ကို ပြန်ရောက်ပြီးရင် အရာအားလုံးကို ပြောကြမယ်... အခုတော့ သူငယ်ချင်းဟောင်း​တွေကို အရင်သွားကြည့်​ကြမယ်"

အမှန်တော့ ဤအခိုက်အတန့်တွင် သခင်အားလုံးသည် တစ်နေရာဆီသို့ ပျံသန်းသွားကာ အဝေးကပင် ထိုသန်မာသော ကျင့်ကြံမှု စွမ်းအင်ကို ခံစားနိုင်ကြပါ၏။ လုရွှမ်လည်း ထိုလူက လုံယွင်ဖုန်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။

အောက်ရှိ နတ်နဂါး မိသားစုမှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ပျံတက်လာကြသည်။ အသီးသီးက အလွန်ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေပုံရ၏။ အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရပြီး သေသွားပြီလို့ ထင်ခဲ့ကြပေမယ့် အသက်ရှင်နေမယ်လို့ မမျှော်လင့်ခဲ့ကြရာ အချင်းချင်း ခေါင်းချင်းဆိုင်နေကြသည်။

"ဆရာတူညီလေး... အဲဒါ နတ်နဂါး မိသားစုထဲကလား"

မုယွီအာ အံ့သြလွန်းလို့ အော်လိုက်မိသည်။ အောက်မှ ပျံတက်လာသူတွေက ပိုပိုများလာကြ၏။ ထို့ပြင် ၎င်းတို့သည် တန်ခိုးကြီးပြီး မျှော်စင်နယ်ပယ်နဲ့ နတ်ခြေလှမ်းနယ်ပယ်သို့ပင် ရောက်နေကြပြီ။

လုရွှမ်လည်း နတ်နဂါး မိသားစုမှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရှင်ပြန်ထမြောက်လာသည်ကို ကြည့်ရင်း သူနားလည်သွားခဲ့သည်။ ဂိုဏ်းခွဲကြီးများမှာ သူတို့ကို နှုတ်ဆက်ရန် ဤနေရာလာခဲ့ခြင်း မဟုတ်ပေ။

လုရွှမ် အထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြတော့ မုယွီအာနဲ့ ဖေ့ယိုးယွီလည်း မယုံနိုင်စွာ မျက်လုံးပြူးသွားကြသည်။ သူတို့သည် နတ်နဂါး မိသားစုထဲ၌ ဤမျှကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိခဲ့လိမ့်မည်ဟု မထင်ခဲ့ချေ။

လုရွှမ်လည်း သူသည် နတ်ခန္ဓာ ဖြစ်ခြင်းအကြောင်းကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပါ။ အကြောင်းမှာ သတင်းများက မကြာမီ ပျံ့နှံ့လာမည်ဟု ယုံကြည်ပါသည်။

လုရွှမ်ကို ကြည့်နေသော သူတို့နှစ်ဦး၏ မျက်လုံးများက အရောင်ပြောင်းသွားပြီ။ စျေးပေါသော အငယ်တန်းညီလေး အသွင်အပြင်မှာ နတ်ခန္ဓာတစ်ခု ဖြစ်ပြီး နံပါတ်တစ် ပါရမီရှင် ကျိုးယိ၏ နတ်ခန္ဓာကိုယ်ကိုပင် ကျော်လွန်သွားခဲ့သည်။ မျိုးဆက်သစ် နှစ်ယောက် ရှိတယ် ဆိုတာကို လူတိုင်း ခဏအတွင်း လက်မခံနိုင်ပေ။

ဒါပေမဲ့ သူတို့ဆရာသခင်က လုရွှမ်ကို ပါဝင်ဖို့ ထပ်ခါတလဲလဲ တောင်းဆိုခဲ့တာကိုလည်း အခုတော့ နားလည်ခဲ့ကြပါပြီ။ လုရွှမ်ကို စောင့်ရှောက်ထားဖို့လည်း သူတို့နှစ်ယောက်ကို တောင်းဆိုခဲ့တဲ့ အကြောင်းရင်းကတော့ လုရွှမ်ဟာ နတ်ဘုရားတစ်ပါး ဖြစ်နေလို့ပါပဲ။

"ဆရာကြီး ဒီမှာ ရောက်နေပြီ!!"

တခြား ထိပ်တန်းသခင် လေးယောက်လည်း ရောက်လာတာကို မြင်လိုက်ရကာ နတ်နဂါး မိသားစုမှ လူများနှင့် စကားစမြည် ပြောနေတာ တွေ့ရ၏။ လုရွှမ်၏ မျက်လုံးများမှာ ငြူစူခြင်းများဖြင့် ပြည့်နှက်နေသည်။ ဤလူများ အားလုံးသည် တစ်ချိန်က နတ်ခြေလှမ်းနယ်ပယ်သို့ ရောက်ရှိခဲ့ကြသော တန်ခိုးကြီးသူများ ဖြစ်ကြသည်။

"ခဏစောင့်... ကျွန်တော် လူတစ်​ယောက်ကို သတ်လိုက်ဦးမယ်!"

လုရွှမ် ရုတ်တရက် အော်ပြောလိုက်သည်။ မုယွီအာနဲ့ ဖေ့ယိုးယွီတို့ အံ့သြနေကြစဥ် လုရွှမ်က ဖျတ်ခနဲ လှုပ်ရှားသွားလေသည်။ နှစ်ယောက်သား တုံ့ပြန်ချိန် မရလိုက်။ လုရွှမ်က သန့်ရှင်းတဲ့ နယ်မြေက လူတစ်ယောက်ကို ဆွဲယူလိုက်လေသည်။

တစ်ဖက်လူက အံ့ဩသွားသော်လည်း လှည့်ထွက်ပြေးသွားလေသည်။

"ကယ်ကြပါဦး!"

ခဏလောက်တော့ လူတိုင်း အံ့အားသင့်သွားပြီး အားလုံးက ဟိုကြည့်ဒီကြည့်နဲ့ ဖြစ်ကုန်သည်။ နတ်မီးနယ်ပယ် တတိယအဆင့်က နတ်မီးနယ်ပယ် အဆင့်၁၁က တပည့်တစ်ဦးကို လိုက်ဖမ်းနေတာ မြင်လိုက်ရတဲ့အခါ ထျန်းယိသန့်ရှင်းတဲ့နယ်မြေက ကျင့်ကြံသူတွေရဲ့ မျက်နှာက မည်းမှောင်သွားလေ၏။

"အတင့်ရဲလိုက်တာ!"

ထျန်းယိသန့်ရှင်းတဲ့ နယ်မြေက နတ်ခြေလှမ်းနယ်ပယ် သခင်တစ်ဦးက ဒေါသတကြီး ဟစ်အော်လိုက်ပေသည်။ ခဏလောက်ကြာတော့ လုရွှမ်ဟာ သူ့အသက်ရှုသံတွေ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရပြီး သူအနောက်မှာ အနီရောင် နေရောင်တစ်ခုက အလိုလို ထွက်လာလေ၏။

ပတ်ဝန်းကျင်ရှိ လူတိုင်း: "နတ်ခန္ဓာကိုယ်!"

အလွန်တောက်လောင်နေသော မျက်လုံးတစ်စုံ။

"ဟားဟား.... အဘိုးကြီးတောက်ယန် မင်းက ငါ့တပည့်တစ်ယောက်ကို တကယ် တိုက်ခိုက်ရဲတယ်ပေါ့လေ... မင်း အငယ်တန်း ကလေးတွေကို အနိုင်ကျင့်နေတယ်လို့ မထင်ဘူးလား"

ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး တိခွင်းက အော်ဟစ်လိုက်သည်။ လုရွှမ်လည်း ထိုအခွင့်အရေးကို ယူပြီး နောက်ပြန် ဆုတ်လိုက်သည်။

All Chapters