← Chapters

ပြန်လာပြီ

Vol. 118 Ch. 4.1278

ပြန်လာပြီ

Vol. 118 Ch. 4.1278

"တိခွင်း? နတ်ခန္ဓာက မင်းရဲ့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းရဲ့ တပည့်ပေါ့လေ"

စကားပြောဆိုသူမှာ အဘွားအိုတစ်ဦး ဖြစ်ပြီး တာအိုဝတ်ရုံ၏ ယင်နှင့်ယန် အသွင်ကို ၀တ်ဆင်ကာ သူမက မယုံကြည်နိုင်စွာ အော်ဟစ်ခဲ့သည်။

တာအိုအဘိုးကြီးယန်: "သူ့ကိုသတိပေးရုံပဲ... သူ့ကိုအနိုင်ကျင့်မှာ မဟုတ်ဘူး ဟမ့် ငါတို့ရှေ့မှာ သူက ငါ့တပည့်တွေကို လိုက်ဖမ်းရဲတယ်လေ... တခြားတပည့်တွေဆိုရင် ဒီကလေးက လူသတ်မှာ သေချာတယ်"

တိုက်ခိုက်ခဲ့သူ တာအိုအဘိုးကြီးယန်က လုရွှမ်ကို ကြည်ညို လေးစားမှုအပြည့်နဲ့ အနီးကပ် စိုက်ကြည့်နေပေမယ့် ပန်းတစ်ပွင့်က နွားချေးထဲမှာ ကပ်နေတဲ့အတွက် နှမြောနေကြောင်း သိသာလှသည်။ ထိုသို့သော ကြီးမြတ်သော နတ်ခန္ဓာကိုယ် ပါရမီရှင်ကို ဒြပ်စင်ငါးပါး မဟာဂိုဏ်းက အမှန်တကယ် လက်ခံခဲ့မိသည်။

သူ့ပတ်ဝန်းကျင်က လှိုက်လှိုက်လှဲလှဲ အကြည့်တွေကို ခံစားလိုက်ရတော့ တိခွင်းလည်း ပိုပိုပြီး ဂုဏ်ယူလာခဲ့သည်။

"ဟမ့် တိခွင်း ဒီကလေးက ငါ့တပည့်တွေကို ရန်လိုက်ရှာနေတာ ပြဿနာကြီး တစ်ခုလို့ ငါထင်တယ်... ကောင်းကောင်းစစ်ဆေးဖို့ ငါတို့ ထျန်းယိ သန့်ရှင်းတဲ့မြေဆီ ခေါ်သွားဖို့ လိုမယ်ထင်တယ်"

တခြားလူတိုင်းက သူတို့၏ နှလုံးသားထဲတွင် ကျိန်ဆဲနေကြသည်။ တာအိုအဘိုးကြီးယန်က ထိုကဲ့သို့ အရှက်မဲ့သော စကားများကို အမှန်တကယ် ပြောနိုင်ခဲ့မယ်လို့ မထင်ထားကြချေ။

လုရွှမ် အကြောင်း သိပ်မသိသော်လည်း တိခွင်းရဲ့ အမူအရာကတော့ ပြောင်းလဲသွား​လေသည်။ ယခင်က နတ်နဂါး မိသားစု၌ အပြောင်းအလဲများ ရှိလာခဲ့သောအခါ ချီးဖုန့်ကျူနဲ့ တုံးဖန်းမုက ၎င်းတို့ပေးပို့သောလူမှာ လုရွှမ် ဖြစ်ကြောင်းနှင့် သူ့သတင်းကိုလည်း သဘာဝကျကျ အသိပေးခဲ့သည်။

ဤတပည့်သည် ကြီးမားသော အားသာချက်ဖြစ်သည့် တောင်တံခါးကို ဖွင့်၍ ဂိုဏ်းထဲသို့ အမှန်တကယ် ဝင်ရောက်ခဲ့သည်။ ဂိုဏ်းထဲမှာ လေးနှစ်ကျော်ပဲ ရှိသေးလို့ ဂိုဏ်းအပေါ် ဘယ်လောက်ထိ သဘောထားရှိလဲ မသိရသေးချေ။

တာအိုအဘိုးကြီးယန်က လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး လုရွှမ်ကို ဖမ်းတော့မည်။ တိခွင်းကလည်း လုရွှမ်ကို လှမ်းဆွဲနေ၏။

"တိခွင်း... ငါမင်းကို အနိုင်ကျင့်နေတယ်လို့ ပြောပြီး မင်းရဲ့အားနည်းချက်တွေကို ကာကွယ်ဖို့ ကြိုးစားနေတာလား"

လုရွှမ် အနည်းငယ် အံသြသွားသော်လည်း နှစ်ယောက်ကြားရှိ စုပ်ဆွဲအားကြောင့် သူ လုံးဝ မလှုပ်နိုင်ပေ။ ထိုမှသာလျှင် သူသည် နတ်ခြေလှမ်းနယ်ပယ်က သခင်များ၏ စစ်မှန်သော ခွန်အားကို ခံစားခဲ့ရသည်။ အာကာသ သတ္တဝါများသည် ကောင်းကင်နှင့် မြေကြီး၏ အတွင်းက ဖိအားကို ကြုံတွေ့နေရသောကြောင့် လွန်စွာ အားပျော့သွားသည်ဟု အကြီးအကဲ လုံဝူကျီက ဆိုဖူးသည်။

ဒီအချိန်မှာတော့ လုရွှမ်လည်စ စကားတောင် မပြောနိုင်တော့ပါဘူး။

"တာအိုအဘိုးကြီးယန်.... ရှင်က နည်းနည်းလေး ကြီးကျယ်လွန်းတယ် !"

အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာ၏။ အကြီးအကဲ ချီးဖုန့်ကျူက ရှေ့သို့ တိုးလာပြီး တာအိုအဘိုးကြီးယန်ရဲ့ လက်ဖဝါးကို တိုက်ရိုက် ပုတ်လိုက်သည်။ လုရွှမ်လည်း အံ့သြလွန်းအားကြီးစွာ ကြည့်လိုက်သည်။

ထိုသူသည် သန့်ရှင်းတဲ့မြေ၌ အနည်းဆုံးတော့ အသက်ကြီးသူ ဖြစ်သည်။ သို့သော် ချီးဖုန့်ကျူက သူ့ကို မျက်နှာသာမ​ပေးဘဲ ဝင်တားလိုက်ရာ တိုက်ရိုက် ပါးရိုက်လိုက်သလိုပင်။ ဒါပေမဲ့ လုရွှမ် ပိုအံ့သြသွားတာက တာအိုအဘိုးကြီးယန်က သူ့အား တကယ်လွှတ်လိုက်ခြင်းပင်။ တိခွင်းက သူ့ကို နောက်ပြန်ဆွဲထုတ်ပြီး သူ့ဘေးနားမှာ အကာအကွယ် ပေးလိုက်လေသည်။

ချီးဖုန့်ကျူလည်း လက်စည်းတံဆိပ်ကြီးကို ဖယ်လိုက်သည်။ တာအိုအဘိုးကြီးယန်ရဲ့ မျက်နှာကတော့ အနည်းငယ် နီလာ၏။

"နတ်သမီးဖုန့်... နှစ်သုံးရာကြာပြီနော် မင်းအဆင်ပြေရဲ့လား"

"ဆူဆူညံညံ သခင်တွေ မရှိရင် ပိုပြီးတော့ သန့်ရှင်း တိတ်ဆိတ်တယ်"

သူမ စကားက တာအိုအဘိုးကြီးယန်ကို မျက်နှာသာ မပေးသေးပေ။ ယခုအချိန်တွင် လုရွှမ်၏ မျက်လုံးများသည် ချီးဖုန့်ကျူအား ကြည်ညိုလေးစားမှု အပြည့်ဖြင့် ကြည့်နေသည်။ ဤသည်မှာ တကယ့် နတ်ဘုရားမ ဖြစ်သည်။

"ဟီးဟီး ကောင်လေး... အဲဒီတုန်းကဆို တောင်ထွတ်သခင် ချီးဖုန့်ကျူက ထိပ်တန်း အလှမယ် ဆယ်ယောက်ထဲမှာ တတိယမြောက် ဖြစ်ခဲ့တယ်.... သူ့သလဲသီး စကတ်အောက် လူဘယ်လောက်ထိ သိက္ခာကျသွားတယ် ဆိုတာ မင်း မသိဘူးနော်... တာအိုအဘိုးကြီးယန်က သူတို့ထဲမှာ မထင်ရှားတဲ့ လူတွေထဲက တစ်ယောက်ပဲ"

တုံးဖန်းမုက အသံတစ်ခုနဲ့ ထွက်လာပြီး သူ့အသံက ကောက်ကျစ်ခြင်းတွေနဲ့ ပြည့်နေ၏။

လုရွှမ်: "ကောင်းလိုက်တာ!"

"ငါ့ကိုပြောစမ်း လုရွှမ်... မင်းဘာလို့ အဲဒီအရှုံးသမားကို လိုက်ရိုက်နေတာလဲ"

တာအိုအဘိုးကြီးယန်ရဲ့ မျက်နှာလည်း ကွက်ကနဲ ပျက်သွား၏။ နတ်မီးနယ်ပယ် တတိယအဆင့်က အဆင့်၁၁မှ တပည့်တစ်ဦးကို အမှန်တကယ်ပင် လိုက်ရိုက်နေရာ ရှက်စရာ ကောင်းလှသည်။ သို့နှင့် တာအိုအဘိုးကြီးယန်လည်း တပည့်ကို ဒေါသနဲ့ ပါးရိုက်လိုက်ပြီး။

"ပြောစမ်း! မင်းကို ဘာလို့ လိုက်နေတာလဲ"

ထိုလူငယ်မှာ ဘယ်လိုမှ မပြောဝံ့ပေ။ ထို့ကြောင့် လုရွှမ်ကပဲ အသံကျယ်ကျယ်နဲ့ မိတ်ဆက်ပေးလိုက်သည်။

"သူက သစ္စာဖောက် ဖြစ်နေလို့ပဲ... နတ်နဂါး မိသားစုထဲမှာ အသက်နဲ့မရဏ ဖွဲ့စည်းခြင်းလမ်းခြောက်သွယ် ရှိတယ်... သူက အာကာသသားရဲနဲ့ ပူးပေါင်းပြီး ကျင့်ကြံသူတွေကို လုပ်ကြံတယ်... ကျွန်တော်တို့ ကျရှုံးလုနီးပါး ဖြစ်သွားခဲ့တယ်"

အသက်နဲ့မရဏ လမ်းခြောက်သွယ်ကို တခြားလူတွေ မသိကြသော်လည်း နတ်ခြေလှမ်းနယ်ပယ်က လူတွေကတော့ ကောင်းကောင်း သိကြပါသည်။

နတ်နဂါး မိသားစုကို ရှာဖွေရန် အချိန်မရသေးမီ ဖြစ်ပျက်ခဲ့သမျှကို တွေးတောနေသူများလည်း ရှိသေးသည်။ လုရွှမ်ရဲ့ စကားကို ကြားလိုက်တာနဲ့ ဒါဟာ တကယ်တော့ အသက်နဲ့ မရဏ လမ်းကြောင်း ခြောက်သွယ် ဖြစ်တယ်ဆိုတာ ချက်ချင်း သဘောပေါက်သွား၏။

ပြီးတော့ "အာကာသသားရဲ" ဟူသော စကားလုံးသည်လည်း လူတိုင်း၏ မျက်နှာ အရောင်ကို ချက်ချင်း ပြောင်းသွားစေသည်။ တာအိုအဘိုးကြီးယန်က ဒေါသတကြီးနဲ့ သူ့တပည့်ကို ပုခုံးပေါ် ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြန်၏။

"ပြောစမ်း! ဟုတ်လား"

ထိုတပည့်က ဝန်မခံရဲပေ။

"အကြီးအကဲရေ ဒါအမှန်ပဲနော်"

ဟောက်ထျန်းကလည်း "အကြီးအကဲယန် ဒီကိစ္စက အမှန်ပဲ... သူက အာကာသသားရဲနဲ့ ပူးပေါင်းပြီး ကျွန်​တော့်ကိုတောင် သတ်လုနီးပါးပဲ... ကံကောင်းစွာနဲ့ပဲ အစ်ကိုလုရွှမ်က အချိန်မီ ပေါ်လာပြီး ကျွန်​တော့်အသက်ကို ကယ်ဆယ်ခဲ့တယ်"

“အော်မီတော်ဖော်... ဒီရဟန်းငယ်ကလည်း သက်သေခံနိုင်ပါတယ်”

ခမ်ဟွေး၊ ဟွေ့လင်၊ ကျိုးယိနဲ့ ကျိုးယန်၊ နတ်သမီးဖေးလော့ကပါ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြပြီး သက်သေထွက်ဆိုကြ၏။ ထိုအခါ ထိုတပည့်ငယ်က လုံးဝကို ထိတ်လန့်သွားပြီး ထိတ်လန့်တကြား လှည့်ထွက်ပြေးသွားတော့သည်။

"လူယုတ်မာ... ငါတို့မှာ သန့်ရှင်းတဲ့မြေမှာ မင်းလို အညစ်အကြေးတွေကို လက်မခံဘူး! ငရဲကို သွားစမ်း!"

တာအိုအဘိုးကြီးယန်က အော်ပြောပြီး ထိုတပည့်ကို လက်ဖဝါးနဲ့ ရိုက်ချကာ အပိုင်းပိုင်း ခွဲပစ်လိုက်သည်။ သူက ဒေါသအရမ်း ထွက်နေတာကြောင့် မီးပါ ရှို့ပစ်လိုက်၏။

တခြားဂိုဏ်းများ၏ အကြီးအကဲများသည် အဓိကဂိုဏ်းများ အကြားတွင် ပြိုင်ဆိုင်မှု မကင်းမဲ့ကြောင်း အားလုံး သိကြသော်လည်း အာကာသသားရဲတွေဆီမှာ ခိုလှုံလိုသူတိုင်းက သစ္စာဖောက်သူ ဖြစ်ကာ ထိုသူကို သတ်ကြရလိမ့်မည်။

တာအိုအဘိုးကြီးယန်ရဲ့ မျက်နှာမှာ မှုန်မှိုင်းနေပြီး လုံယွင်ဖုန်းထံသို့ ဂါဝရပြုလိုက်လေသည်။

"အစ်ကိုကြီးလုံ... ဒီနေ့မှာတော့ ကျွန်တော့်ရဲ့ ထျန်းယိသန့်ရှင်းတဲ့မြေက အဆင်မပြေ​တော့ဘူး.... ကျွန်တော်တို့ အရင်ထွက်သွားပါ့မယ် တစ်နေ့ကျရင် ခင်ဗျား​ဆီ ပြန်လာနှုတ်ဆက်ပါ့မယ်"

သူသည် တပည့်အားလုံးကို ခေါ်ဆောင်ကာ ထွက်သွားခဲ့သည်။ ဤကဲ့သို့ ရုပ်ဆိုးသော လူဆိုးတစ်ယောက် ထျန်းယိသန့်ရှင်းတဲ့မြေမှာ ပေါ်လာခဲ့တာကြောင့် လုံယွင်ဖုန်းကို နှုတ်ဆက်ရန် ရှက်ရွံ့သွားခဲ့သည်။

ယခု လုံယွင်ဖုန်းက အဓိကနေရာအဖြစ် ထည့်သွင်းခံလိုက်ရပြီ။

"အားလုံးပဲ.... ဟုတ်ပါတယ် ကျုပ်တို့ရဲ့ နတ်နဂါး မိသားစုဟာ အရင်က အာကာသသားရဲကြောင့် အသက်နဲ့ မရဏလမ်းခြောက်လမ်းမှာ ပိတ်မိနေခဲ့တာ အမှန်ပါပဲ... အခု ဒီသူငယ်ချင်း ခုနစ်ယောက်ရဲ့ ကူညီပေးမှုကြောင့် နောက်ဆုံးတော့ ကျုပ်တို့ ပြန်ရှင်နိုင်ခဲ့ပါတယ်... ဒီနေရာက သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်”

လုရွှမ် နဲ့ တခြားသူတွေက သူတို့ကို ဂုဏ်ပြုတာမျိုး မခံယူဝံ့တာကြောင့် မြန်မြန်လေး အလေးပြုလိုက်သည်။

"ဒီနေ့ နတ်နဂါးမိသားစုက အခင်းအကျင်းထဲကနေ လွတ်မြောက်လာခဲ့ပေမယ့် အရာအားလုံးက အရမ်းရှုပ်ထွေးနေလို့ အားလုံးကို အရှက်မဲ့စွာနဲ့ ဖိတ်ခေါ်တာမျိုး မပြုဝံ့တော့ပါဘူး.... တစ်လအတွင်း ကျုပ်တို့ နတ်နဂါး မိသားစုက တောင်တံခါးတွေကို ဖွင့်ပြီး ညစာစားပွဲ လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်.... "

နတ်နဂါး မိသားစု ဖြစ်ပျက်နေသမျှကို လူတိုင်းလည်း နားလည်ကြသောကြောင့် တစ်ယောက်ပြီးတစ်ယောက် နားလည်မှုကို ထုတ်ဖော်ပြသကာ လက်ပြနှုတ်ဆက်၍ တစ်လအတွင်း လူကိုယ်တိုင် လာရောက်တွေ့ဆုံမည်ဟု ပြောဆိုကြသည်။

ခွဲထွက်ပြီးနောက် လုရွှမ်လည်း တောင်ထွတ် သခင်ငါးပါးနှင့်အတူ ဂိုဏ်းဆီသို့ ပြန်သွားခဲ့သည်။

ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် လုရွှမ်၊ မုယွီအာနဲ့ ဖေ့ယိုးယွီတို့ကို ဂိုဏ်းဆရာခန်းမသို့ ခေါ်ဆောင်ခဲ့ပြီး နတ်နဂါး မိသားစုထဲတွင် ဖြစ်ပျက်ခဲ့သမျှ အသေးစိတ်ကို ဂိုဏ်းဆရာများနှင့် ထိပ်တန်းသခင်များအား ရှင်းပြခဲ့သည်။

"အကြီးအကဲ လုံဝူကျီ လုပ်ခဲ့တာ ဆိုမှတော့ ဖွဲ့စည်းမှု ဖြစ်လာတာ အံ့သြစရာ မရှိပါဘူး.... ဒါက နှစ်ထောင်ပေါင်းများစွာ ကြာအောင် လုပ်နိုင်တယ်ဆိုတာလည်း အံ့သြစရာ မရှိပါဘူး"

"လွန်ခဲ့တဲ့ နှစ်တစ်ရာကလည်း ဒီလိုပဲ.... အာကာသသားရဲတွေ ထပ်ပြီး တိုက်ခိုက်လိမ့်မယ် ဟူး... ကပ်ဆိုးကြီး ရောက်လာတော့မယ်"

All Chapters