← Chapters

အိမ်ပြန်ဖို့ စိတ်ကူးတွေ

Vol. 118 Ch. 4.1279

အိမ်ပြန်ဖို့ စိတ်ကူးတွေ

Vol. 118 Ch. 4.1279

မုယွီအာနဲ့ ဖေ့ယိုးယွီတို့သည် လုရွှမ်နှင့်အတူ မီးထွက်တောင်ထွတ်သို့ ပြန်သွားကြ၏။ လုရွှမ်သည် တောင်ထိပ်သို့ အမှန်တကယ် ပျံသန်းကာ ဘေးကင်းစွာ ခြေချလိုက်တာကို တွေ့လိုက်ရတော့မှ စိတ်အေးသွားသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပြလိုက်ရင်း အငယ်တန်း ညီလေးက ကျော်ကြားမှုနှင့် ကံကြမ္မာကို လျစ်လျူရှုထားပုံရသည်။

နှစ်​ယောက်အနက် တစ်ယောက်မှာ ရေဒြပ်စင်၊ နောက်တစ်ယောက်က သစ်သားဒြပ်စင် ဖြစ်ကာ ၎င်းတို့နှစ်ဦးစလုံးက မီးထွက်တောင်ထွတ်ကို သဘာဝအတိုင်း မကြိုက်ပါ။ မီးထွက်တောင်ထွတ် အနားမှာ နေရတာကိုလည်း မကြိုက်ကြချေ။

"အစ်ကို ပြန်လာပြီ!"

ယွမ်ရှင်းနဲ့ ကျောက်ထောင်းတို့ ပြေးလာပြီး စိတ်လှုပ်ရှားစွာ အော်လိုက်ကြသည်။ ဆရာတူအကိုဖြစ်သူ ထွက်သွားပြီး တစ်လကျော်အတောအတွင်း သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် စိုးရိမ်ပူပန်ကာ အစ်ကိုတစ်ယောက် ဘေးကင်းစွာ ပြန်လာပါရန် ဆုတောင်းပေး​နေခဲ့ကြသည်။

လုရွှမ်သည် သူတို့ခေါင်းကို ပွတ်သပ်ကြည့်ရင်း သူတို့၏ အသက်ရှုသံများ ပြောင်းလဲလာသည်ကို ခံစားလိုက်ရသည်။ လွန်ခဲ့သည့်လ အတွင်း ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ကြပုံပဲ။

"အစ်ကို ဘာဖြစ်ခဲ့တာလဲ"

သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေက ကြယ်တွေပြည့်နေပြီး သိချင်စိတ်တွေ အပြည့်နဲ့။ လုရွှမ်လည်း ရယ်မော၍ အဖြစ်အပျက်ကို ပြောပြလိုက်တဲ့အခါ နှစ်ယောက်သားက အံ့သြတကြီး အော်ဟစ်နေခဲ့သည်။

"ကြိုးစားပါ.. အနာဂတ်မှာ မင်းတို့လည်း တောင်တွေ မြစ်တွေဆီကို သွားလည်လို့ရတယ် ကြိုးကြိုးစားစား ကျင့်ကြ"

လုရွှမ်သည် နောင်နှစ်တစ်ရာအတွင်းမှာ အာကာသ သတ္တဝါတွေ ကျူးကျော်လာလိမ့်မယ်လို့ သိနေသည်။ ဒီကလေးနှစ်ယောက်က ဘယ်အတိုင်းအတာအထိ ပြုစုပျိုးထောင်နိုင်မလဲ မသိဘူး။

"ဂိုဏ်းတူအစ်ကို လုရွှမ်"

လုရွှမ် နောက်ပြန် လှည့်ကြည့်လိုက်သော် သူ့ရင်ခွင်ထဲသို့ ပြေးဝင်လာသော ရှဲ့ဖေးဖေးကို တွေ့လိုက်ရသည်။

သူမအခုဆို အိမ်ကထွက်ပြီးရင် အပြင်မှာတစ်ယောက်တည်းနေရတာ ဘယ်လောက်အထီးကျန်နေတယ်ဆိုတာ သိလိုက်ရ​ပြီ။ မိသားစုကို အားမကိုးဘဲ ပြဿနာများစွာကို ကိုယ်တိုင်ရင်ဆိုင် ဖြေရှင်းရန် လိုအပ်သည်။

ထိုမှသာ သူမသည် မိသားစုအတွက် မည်မျှခက်ခဲသည်ကို သိရှိနားလည်လာပြီး သူမ၏ဖခင်အပေါ် အလွန်စိတ်မကောင်း ဖြစ်မိလာပါသည်။ ဒါ့အပြင် မိသားစုကိုလည်း အရမ်းလွမ်းနေပြီ။

"ဘာဖြစ်တာလဲ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်လို့လား"

မျက်လုံးများ နီရဲနေသော ရှဲ့ဖေးဖေးကို ကြည့်ရင်း လုရွှမ် ပြုံးလိုက်သည်။ ရှဲ့ဖေးဖေးက သူမရဲ့ နီရဲနေတဲ့ မျက်လုံးတွေကို ပွတ်သပ်ပြီး ခေါင်းခါလေသည်။

"မဟုတ်ပါဘူး... ညီမ နည်းနည်းလေး အိမ်ကိုလွမ်းနေလို့... ​​အခု စဉ်းစားကြည့်တော့ ဖေဖေအတွက်လည်း မလွယ်ခဲ့​လောက်ဘူး"

ရှဲ့ဖေးဖေး၏ မျက်နှာသည် အစပိုင်းတွင် ရှက်ကိုးရှက်ကန်း အမူအရာနှင့် ပြည့်နှက်နေသည်။ သူမ ထွက်ခွာရန် စိတ်ပိုင်းဖြတ်ထားသော်လည်း ယခုအခါတွင် လောကကြီးအကြောင်း အလွန်အမင်း မြင်လာရပြီး အခြားသက်ကြီးရွယ်အို ညီအကိုမောင်နှမများ၏ မိသားစုများကလည်း ၎င်းတို့အား ထောက်ပံ့ရန်အတွက် မိသားစုအရင်းအနှီးများကို အဖန်ဖန် စွန့်စားခဲ့ကြောင်း သိလာသည်။

မဟာဂိုဏ်းကြီးများတွင်ပင် လေ့ကျင့်ရန် လုံလောက်သော အရင်းအမြစ်များ မရှိသော်လည်း ပိုကောင်းအောင် လေ့ကျင့်လိုပါက အရင်းအမြစ်များကို ကိုယ်တိုင် ရှာဖွေရန် လိုအပ်သည်။

လုရွှမ် သာမာန်တပည့်များအတွက် ထူးထူးခြားခြား အရည်အချင်းရှိလို့ ၎င်းတို့သည် ဒြပ်စင်ငါးပါးမဟာဂိုဏ်းတွင် ခြေကုပ်ယူနိုင်သော်လည်း ကျင့်ကြံမှု တိုးတက်လိုပါက သူတို့မိသားစု၏ ပံ့ပိုးကူညီမှု လိုအပ်ကြောင်း လုရွှမ် နားလည်ပါသည်။

"ကိစ္စမရှိပါဘူး... မင်းမိဘတွေက မင်းကိုအမြဲခွင့်လွှတ်မှာပါ မင်းပြန်သွား ကြည့်ချင်တယ် ဆိုရင်တော့ ပြန်သွားကြည့်... ဒီအစ်ကိုက မင်းကိုလိုက်ပို့ပေးမယ်"

ရှဲ့ဖေးဖေး မထိန်းနိုင်ဘဲ ငိုချလိုက်သည်။

"အကိုကြီး.... ညီမနဲ့ ပြန်လိုက်ဖို့ ဆန္ဒရှိလား"

သူမ အိမ်ပြန်ချင်သော်လည်း လုရွှမ်ရဲ့ အကြောင်းကိစ္စကြောင့် သူမ အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။

ထိုအကြောင်းကို ပြောရလျှင် လုရွှမ်ဟာ လွန်ခဲ့သော နှစ်အနည်းငယ်က ဤမဟာဂိုဏ်းတွင်သာ လေ့ကျင့်ခဲ့ရလို့ သူလည်း လမ်းလျှောက်ထွက်ချင်သည်။ ဘာပဲဖြစ်ဖြစ် တစ်လအတွင်း ခရီးထွက်ပြီး ရှဲ့ဖေးဖေးကို လိုက်မယ်၊ ပြီးလျှင် နတ်နဂါး မိသားစုကို သွားမယ်။

"အစ်ကို... ကျွန်တော်တို့လည်း အပြင်ထွက်ပြီး ကစားချင်တယ်"

ကျန်နှစ်ယောက်ကလည်း တစ်ပြိုင်တည်း အော်လာသည်။ သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက ဂိုဏ်းကြီးတစ်ခုတွင် ကြီးပြင်းခဲ့ပြီး ဆယ်ကျော်သက်အရွယ်တွင် စတင်လေ့ကျင့်ခဲ့ကြပါသည်။ အခု မွေးရပ်မြေကို လွမ်းနေတာကြာပြီ။

"ကောင်းပြီ.... တောင်ထွတ်သခင်က သဘောတူနိုင်သရွေ့တော့ အစ်ကိုက မင်းတို့ကို လိုက်ပို့ပေးမယ်"

သူတို့ နှစ်ယောက် အော်ဟစ်ပြီး အလျင်အမြန် ဆင်းလာကာ ​တောင်ထွတ်သခင်ဆီက ခွင့်ပြုချက် တောင်းရန် ပြေးသွားကြသည်။ စိတ်လှုပ်ရှားနေသော လူနှစ်ယောက်ကို မြင်လိုက်ရတော့ လုရွှမ်လည်း ရယ်မောမိ၏။ ယခုအခါတွင် သူသည် ဂိုဏ်းထဲရှိနေပြီ ဖြစ်သောကြောင့် တောင်ထွတ်သခင်ဆီက အကြံဉာဏ်တောင်းရန် သဘာဝကျကျ လိုအပ်လာပါ​ပြီ။

သူသည် တောင်ထွတ်သခင် ချီးဖုန့်ကျူထံ ဆက်သွယ်၍ ရှဲ့ဖေးဖေးအတွက် ခွင့်တောင်းခဲ့သည်။ ရှဲ့ဖေးဖေးသည် ဂိုဏ်းထဲတွင် နှစ်အနည်းငယ်သာ နေထိုင်ခဲ့ပြီး ဂိုဏ်းမှ ထွက်ခွာရန် အရည်အချင်း မပြည့်မီခဲ့ပေ။ လုရွှမ် အကူအညီပါလျှင် သဘာဝအရ ပိုလွယ်ပါလိမ့်မယ်။

ကျောက်ထောင်းနဲ့ ယွမ်ရှင်းက စိတ်ပျက်လက်ပျက် မျက်နှာအမူအရာဖြင့် အမြန်ပြန်လာခဲ့ကြသည်။

"အစ်ကို... ဂိုဏ်းတူအစ်ကို ချန်ရှီးက မလွှတ်​ဘူး...အစ်ကိုလည်း ထွက်လို့မရဘူးလို့ ပြောတယ်..."

သူတို့နှစ်ယောက် စကားမဆုံးခင်မှာ ချန်ရှီးရဲ့အသံက ထွက်ပေါ်လာသည်။

"မင်းငါနဲ့ မတိုက်နိုင်ဘူးဆိုရင်ပေါ့... မင်းရဲ့နတ်ခန္ဓာကိုယ်က လူပြောသူပြော စကားတွေလို ဟုတ်ရဲ့လား ငါကြည့်ချင်တယ်"

ချန်ရှီး ပြေးတက်လာသည်။ သူ့နောက်တွင် တပည့်များစွာရှိကာ လုရွှမ်အား ငြူစူမုန်းတီးစိတ်ဖြင့် တစ်ယောက်ပြီး တစ်ယောက် ကြည့်နေကြသည်။

သူတို့၏ ထင်မြင်ယူဆချက်တွင် နောက်ခံ သို့မဟုတ် ခွန်အား လုံးဝမရှိသော ယောက်ျားလေးတစ်ဦးသည် အမှန်တကယ် နတ်ခန္ဓာကိုယ်ရှိကြောင်း သက်သေပြရမည်။ ယခုအခါ ၎င်းသည် တိုက်ကြီးတစ်တိုက်လုံးသို့ ပျံ့နှံ့သွားပြီး ရှေးဟောင်းတော်ဝင် မင်းဆက်မိသားစု ကျိုးယိနှင့်အတူ ထူးချွန်သော နတ်ခန္ဓာအမွှာများ ဖြစ်လာသည်။

အဲဒါကို ဂိုဏ်းဆရာကြီးတွေ အားလုံးက စိစစ်ပြီးပြီမို့ အတုမဟုတ်တာ သေချာ၏။ သခင်လေးချန်ရှီးကို ချော့မော့ပြီး လုရွှမ်ကို စော်ကားခဲ့သူများကလည်း လုရွှမ် နောက်ပိုင်း အမှတ်မပြေမည်ကို စိုးရိမ်လာကြသည်။

လုရွှမ် သူတို့ကိုကြည့်ရုံနဲ့ ဒီလူတွေ ဘာတွေတွေးနေလဲဆိုတာ သိပါသည်။ အရင်တုန်းကဆိုရင် ဒီလူတွေက သူတို့နဲ့ စာရင်းရှင်းဖို့ တစ်ယောက်ပြီး တစ်ယောက် လာပြောကြသည်။ ကျင့်ကြံမှု အဆင့် မြင့်လာတာနဲ့အမျှ ဒီလူတွေရဲ့ စိတ်နေစိတ်ထားက ပိုမြင့်လာလိမ့်မယ်။

ထို့အပြင် အနှစ်တစ်ရာအတွင်း အလွန်ရက်စက် ကြမ်းကြုတ်သော အာကာသသတ္တဝါများ ကျူးကျော် ဝင်ရောက်လာမည်။ ယခု လုရွှမ်သည် သူ၏ စွမ်းအားကို တတ်နိုင်သမျှ မြှင့်တင်ရန် ပိုမိုစိုးရိမ်လာ၏။ ဒါမှ နောက်နှစ်တစ်ရာတွင် ထိုအာကာသသတ္တဝါများကို တွန်းလှန်ရာတွင် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မည် ဖြစ်သည်။

"အသေးအဖွဲ့ ကိစ္စတွေအတွက် ဒီလူတွေနဲ့ ငြင်းခုံဖို့က အရမ်းစျေးပေါလွန်းတယ်...ချန်ရှီး ငါ့ရဲ့ ကျင့်ကြံမှုက မင်းရဲ့နောက်မှာ ဝေးနေသေးတယ်... မင်းကို အနိုင်ယူနိုင်မယ်လို့ မင်းထင်လား ဒါ့အပြင် မင်းအဖေက မင်းကို အနာဂတ်အခြေအနေအကြောင်း ပြောပြပြီးပြီလို့ ငါယုံကြည်တယ်... အချိန်ရဲ့ အရေးတကြီးနဲ့ အတိတ်ရဲ့ ရန်ငြိုးတွေကို မင်းခွဲခြားနိုင်မယ်လို့ ထင်ပါတယ်..."

ချန်ရှီး၏ မျက်နှာသည် အနည်းငယ် နီသွားကာ သူ့ဒေါသများ တိုးလာကြောင်း သိသာသည်။ လုရွှမ် ပြောတာ မှန်ပါ၏။ ဒါပေမဲ့ လုရွှမ်ကို အနိုင်ယူပြီးတဲ့ နောက်မှာ သူ့ရဲ့အမြင်အရ ဒါက အောင်နိုင်သူသာ ပိုင်တယ်လို့ ပြောချင်တာကြောင့် ဖြစ်သင့်တယ်လို့ ထင်ခဲ့သည်။

လုရွှမ် ဒီလိုပြောလာတာက သူ့ကိုယ်သူ အောင်နိုင်သူလို့ ထင်နေသလား။ ဒါမှမဟုတ် မိမိကို လုံးဝအလေးအနက် မထားဘူးလား။

"ဟမ့်... မင်းပြောတဲ့ လေသံက မင်းအနိုင်ရမယ်လို့ ထင်​နေတာလား... ဒီတော့ နတ်ခန္ဓာက ငါနဲ့ ရန်ဖြစ်မှာ မဟုတ်ဘူးပေါ့လေ"

လုရွှမ်က နတ်ခန္ဓာကိုယ် ရှိကြောင်း သိပြီးနောက်တွင် သူသည် မပျော်မရွှင် ဖြစ်လာပြီး အနည်းငယ် မနာလိုဖြစ်မိသည်။ ဒီနေ့ကစပြီး ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်က သူမဟုတ်တော့ဘဲ လုရွှမ် ဆိုတာကို သူနားလည်ခဲ့၏။

လူတိုင်း လုရွှမ်ကို မှတ်မိလာကြမည်။ သူဆိုတဲ့ ပါရမီရှင်တစ်ဦးကို မေ့ပျောက်သွားမည်။ မိမိအကြောင်း ပြောရင်တောင် ဘယ်သူလဲ မှတ်မိသေးလား မပြောတတ်။ တစ်ချိန်က သူတို့ဟာ မိန်းမတစ်ယောက်အတွက် ပါရမီရှင် လုရွှမ်နဲ့ ယှဉ်ပြိုင်ခဲ့ပြီး ရှက်စရာကောင်းတဲ့ နောက်ခံကိုသာ မှတ်မိလာကြလိမ့်မည်။

လုရွှမ်က သူဘယ်လောက် အရည်အချင်း ရှိတယ်ဆိုတာ သက်သေပြချင်တာလား။ ဒါဆို သူ့ရှေ့မှာ အရှုံးပေးရမယ်။

All Chapters