စိန်ခေါ်မှု
Vol. 118 Ch. 4.1280
လုရွှမ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"ဒါဆို မင်းငါနဲ့ တိုက်ဖြစ်တော့ရော အတားအဆီးတွေ မထားတော့ဘဲ ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့ကို ဆွေမျိုးတွေဆီ သွားလည်ဖို့ အိမ်ပြန်ခွင့် ပြုမှာလား?"
ချန်ရှီး: "ဒါ အသေးအဖွဲ့ ကိစ္စပါပဲ... မင်းငါ့ကို တိုက်ရဲလားလို့ပဲ မေးချင်တယ်"
"ဒါဆို လာလေ..."
လုရွှမ်ဆိုရင်း သူ့ခန္ဓာကိုယ်က နောက်ပြန်ဆုတ်သွားပြီး ချင်ထျန်းဓားကိုလည်း ဆွဲထုတ်လိုက်သည်။
ချန်ရှီးသည် အကြွင်းမဲ့ ပါရမီရှင် တစ်ဦးဖြစ်ပြီး သူသည် နတ်မီးနယ်ပယ် အဆင့်၁၂ကို ဖြတ်သန်း၍ မျှော်စင် နယ်ပယ်သို့ ဝင်ရောက်သွားခဲ့သည်။ သန့်ရှင်းတဲ့မြေက မိသားစုတွင်ပင် နတ်မီးနယ်ပယ် အဆင့်၁၂ သို့ ရောက်ရှိနိုင်သော လူက နှစ်ဦး သို့မဟုတ် သုံးဦးသာ ရှိသည်ကို သင်သိထားရမည်။
တခြားမဟာဂိုဏ်းကြီး ဖြစ်သည့် ဟောက်ထျန်းတို့ဂိုဏ်းသည် ချန်ရှီးက မည်မျှ ထက်မြက်ကြောင်း ပြသသည့် နတ်မီးနယ်ပယ် အဆင့်၁၂သို့သာ ဝင်ရောက်ခဲ့သည်။
လုရွှမ်၏ မျက်နှာပေါ်က တည်ကြည်သော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ချန်ရှီးမှာ သူ့နှလုံးသားထဲက မာနကို ခံစားခဲ့ရပြီး လုရွှမ် သူ့ဆန္ဒကို လိုက်နာသည့်အတွက် တိတ်တဆိတ် ဝမ်းသာသွားခဲ့သည်။
"လာခဲ့!!"
“ခဏနေဦး” ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ကျင့်ကြံသူတစ်ယောက် ပျံသန်းတက်လာကာ ထိုလူ၏နောက်တွင် ကျင့်ကြံသူ အမြောက်အမြားလည်း ပျံသန်းလာသည်။
လုရွှမ်နဲ့ ချန်ရှီးတို့ အကြားက တိုက်ပွဲကို လူများစွာက အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ကြတာ ဖြစ်သည်။ လုရွှမ် သူ့နတ်ကိုယ်ခန္ဓာကို ဖော်ထုတ်ပြီးနောက် ဤတိုက်ပွဲက ရှောင်လွှဲ၍မရမှန်း လူတိုင်း သိကြသည်။
ချန်ရှီးရဲ့ အကြောင်းကို ရင်းနှီးပြီးသားမို့ လူတိုင်းက စောင့်မျှော်နေကြပြီ။ လုရွှမ်က အခုမှ ပြန်လာတာ ဖြစ်သော်ငြား ချန်ရှီးက သူ့ဆီ အမြန်ပြေးလာကာ စိန်ခေါ်နေတာကြောင့် စိတ်ဝင်စားစရာ ကောင်းပေသည်။
"ခဏစောင့်...."
တခြားလူတွေကလည်း တခြားတောင်ထိပ်တွေကနေ ပျံဝဲလာကြ၏။ များမကြာမီမှာပင် လူအများသည် နတ်မီးနယ်ပယ် အဆင့်ကနေ မျှော်စင်နယ်ပယ်အထိ ပိုမိုများပြားလာသည်။
"ဂိုဏ်းချုပ်ကက မင်းတို့နှစ်ယောက်ကြားက တိုက်ပွဲကို ကိုယ်ခံပညာခန်းမရှေ့မှာ ကျင်းပဖို့ အမိန့်ပေးခဲ့ပါတယ်"
တပည့်တစ်ယောက်က ပြေးလာပြီး ရုတ်တရက် အော်လိုက်သည်။ လုရွှမ် အနည်းငယ် ထိတ်လန့်သွား၏။ ဂိုဏ်းချုပ်ကပင် အာရုံစိုက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အမှန်မှာ သူ့ရဲ့ နတ်ခန္ဓာကိုယ်က ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ သခင်များစွာကို ထိတ်လန့်နေစေပြီ ဖြစ်သည်။
နတ်ခန္ဓာတစ်ခု၏ သဘောတရားက ဘာလဲ။ အနောက်ဖက် နယ်မြေများ၌ နတ်ခန္ဓာတစ်ခုသည် အနှစ်တစ်ထောင်အတွင်း တစ်ခါတရံ၌ပင် ပေါ်လာလိမ့်မည် မဟုတ်ပေ။ နတ်ခန္ဓာရဲ့ ဖော်ပြချက်က အမြဲမရေရာချေ။
ထို့ပြင် နတ်ခန္ဓာရှိသော ဂိုဏ်းများသည် သန့်ရှင်းတဲ့နယ်မြေနဲ့ ရှေးဟောင်းမိသားစုတွေမှာသာ ရှိတတ်ပြီး မဟာဂိုဏ်းကြီးများ၌ နတ်ခန္ဓာကို လုံးဝ မမြင်ရပေ။ ယခု နောက်ဆုံးတွင် နတ်ခန္ဓာကိုယ်နဲ့ တစ်ယောက်က ကြီးမားသော ခက်ခက်ခဲခဲဖြင့် ဂိုဏ်းထဲသို့ ဝင်ရောက်လာပေပြီ။
ချန်ရှီး: "ကောင်းလိုက်တာ... လူတိုင်းရှေ့မှာ ငါမင်းကို အနိုင်ယူလိုက်တဲ့အခါ မင်းဘယ်လိုပုံစံလဲဆိုတာ လူတိုင်း မြင်သွားလိမ့်မယ်"
ချန်ရှီးရဲ့ ခန္ဓာကိုယ်က တစ်ချက် တုန်လှုပ်သွားပြီး အလယ်ပိုင်း စစ်ပွဲမြေတောင်ထွတ်က ကိုယ်ခံပညာခန်းမဆီသို့ ပျံသန်းသွားခဲ့သည်။ လုရွှမ်ကသာ အမှီလိုက်နိုင်ခဲ့ပြီး ကျောက်ထောင်းနဲ့ ယွမ်ရှင်း၊ ရှဲ့ဖေးဖေးတို့က အနောက်တွင် ကျန်ခဲ့သည်။
သက်ကြီးရွယ်အိုများကိုပင် စေလွှတ်လိုက်ကြပြီး တပည့်များသည် သဘာဝအတိုင်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာကြသော ဂိုဏ်းနှင့် မနီးမဝေးမှ အကြီးတန်းတွေလည်း ချက်ချင်း ပြန်ပြေးကြသည်။ တပည့်တချို့သည် ဂိုဏ်းမှ အဝေးသို့ ထွက်ခွာသွားကြရာ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော အဖြစ်အပျက်ကို လွတ်သွားသည့်အတွက် နောင်တရကြသည်။
လုရွှမ် ယန်ဝူခန်းမရှေ့သို့ ရောက်လာသောအခါတွင် တောင်ထွတ်ပေါင်းစုံက တပည့်များဟာ ဤနေရာတွင် သောင်းနှင့်ချီပြီး စုရုံးထားပြီ ဆိုတာကို သူတွေ့လိုက်ရသည်။
ခန်းမရှေ့က ကွင်းပြင်က ကြီးမားကျယ်ဝန်းသည်။ လူအားလုံးကို နေရာချနိုင်သည့် ကြီးမားလှသည့် ရင်ပြင်ကြီးသည် မြေပြင်မှ ကောင်းကင်သို့ ပြန့်ကျဲသွားကာ အလွှာလိုက် အနေအထားဖြင့် အားလုံးက နေရာယူရင်း စောင့်မျှော်နေကြသည်။
"အကိုကြီး... အဲဒီလူယုတ်မာကို အနိုင်ယူရမယ်နော်!"
ရှဲ့ဖေးဖေးက အရင်ဦးဆုံး အော်ဟစ်ကာ လုရွှမ်ကို အားပေးလိုက်သည်။
"ဟုတ်တယ် ဂိုဏ်းတူအစ်ကို... ဂိုဏ်းတူအစ်ကိုချန်ရှီးက အမြဲတမ်း နံနံပင်နဲ့တူတယ် ဟမ့် ငါတော့ သူ့ကို မကြိုက်ဘူး"
လုရွှမ်သည် သူ့ပတ်ဝန်းကျင်ရှိ ခမ်းနားသော မြင်ကွင်းကို ကြည့်ပြီး ယခုအချိန်တွင် သူ၏ခွန်အားကို ဖုံးကွယ်ရန် အလွန်ခက်ခဲလိမ့်မည်ဟူသော အချက်ကို တွန့်ဆုတ်စွာ လက်ခံခဲ့သည်။
ချန်ရှီးက ထိုနေရာတွင် စောင့်ဆိုင်းနေပြီ။ သူ့နှုတ်ခမ်းပေါ်ကနေ လုရွှမ်ကို လှောင်ပြောင်ကာ ကြည့်နေလေသည်။ ဒါပေမဲ့ စိတ်ထဲမှာတော့ အရမ်းမနာလိုဖြစ်မိ၏။ ၎င်းသည် နတ်ခန္ဓာတစ်ခုမျှသာ ဖြစ်သော်လည်း အချိန်အတော်ကြာ မတွေ့ဖူးသော သက်ကြီးရွယ်အိုအချို့ကိုပင် စည်းရုံးစေခဲ့သည်။
ဒီလူတွေက သူ့ကိုတွေ့ဖို့ ဒီမှာလာတာ မဟုတ်ဘူး။ လုရွှမ်ကို တွေ့ဖို့ပဲ။ မနာလိုစိတ်နဲ့ ရူးသွပ်သွားစေတဲ့ နတ်ခန္ဓာကိုယ်ကို မြင်ဖို့ဆိုတာ သေချာပါ၏။
"ဂိုဏ်းချုပ်၊ တောင်ထွတ် သခင်နဲ့ အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်"
လုရွှမ် တစ်ချက်ကြည့်လိုက်ရုံနဲ့ နတ်သမီးတွေ အများကြီး အချင်းချင်း တီးတိုးပြောနေကြတာကို တွေ့ရသည်။ ချန်ရှီးက ဟစ်အော်လိုက်ပြီး သူ့မျက်နှာက အနည်းငယ် နီလာ၏။ သူက သက်ကြီးရွယ်အိုများကို အလျင်အမြန် ဂါရဝပြုလိုက်သည်။
ဒါပေမဲ့ ချန်ရှီးရဲ့အသံကို တိတ်တဆိတ် ရောက်လာသည်။
"လူလေး... မင်းငါ့ကို တမင်ဖုံးကွယ်ထားတာပဲ.... ခဏပဲစောင့်....ငါ မင်းကို ကြည့်ကောင်းအောင် လုပ်ပေးမယ်!"
လူနှစ်ယောက်ရဲ့ အပြုအမူကို လူတိုင်း မြင်ဖူးကြရသည်။ အထူးသဖြင့် ဂိုဏ်းချုပ်နဲ့ အကြီးအကဲများ အားလုံး၏ အမြင်တွင် လုရွှမ်ရဲ့ လျစ်လျူရှုမှုနှင့် နှိုင်းယှဉ်ပါက ချန်ရှီးသည် သူ့အပေါ် အကြီးတွေရဲ့ အမြင်ကို သိသာထင်ရှားစွာ ဆုံးရှုံးသွားခဲ့ပါပြီ။
"အောင့်ယန် မင်းရဲ့သားက အရမ်းမာနကြီးတုန်းပဲ"
ဂိုဏ်းချုပ် အနီးနားက စစ်ပွဲမြေတောင်ထွတ်၏ တောင်ထွတ်သခင်က တိုးတိုးလေး ပြောသည်။ တောင်ထွတ်သခင် ငါးဦးအနက်မှ တစ်ဦးအနေဖြင့် အောင့်ယန်ကလည်း အနီးနားတွင် သဘာဝအတိုင်း ထိုင်နေခဲ့သည်။
သူက ခေါင်းညိတ်ပြပြီး သူ့သားရဲ့ အသွင်အပြင်ကို ကြည့်နေသည်။ သူ့သားက စိတ်သဘောထား မမှန်ကန်ကြောင်း တခြားသူတွေထက် သူက ပိုသိ၏။ ဒီအတိုင်း ဆက်သွားနေရင် သူပါ ရူးသွားလိမ့်မယ်။ သူ့သားက ဘယ်လောက်ထူးချွန်တယ်ဆိုတာ သူသိပါသည်။ သူက အမြဲတမ်း အရမ်းဂုဏ်ယူနေပေမယ့် မာနကြီးလွန်းပြီး ရိုသေမှုတွေက နည်းလွန်းတယ်။
လုရွှမ် အနေနှင့်မူ သူသည် နတ်ခန္ဓာကိုယ် ရှိသဖြင့် တခြားသူများက သူတို့ တပည့်ဖြစ်စေရန် တွန်းအားပေးနိုင်တဲ့ အရည်အချင်းမရှိပေ။ နတ်ခန္ဓာကိုယ် မရှိတဲ့ အကျပ်အတည်းကို ယခုမှနှစ်တစ်ရာအတွင်း သိရှိခဲ့ရပြီးပြီ။ လုရွှမ်က အနာဂတ်တွင် ဂိုဏ်း၏ ကျောရိုး ဖြစ်လာနိုင်သည်။ ဂိုဏ်း၏ မျိုးဆက်သစ် လူငယ်များကို ထောက်ပံ့ရန်အတွက် တပည့်တစ်စုကို ဦးဆောင်ရန် လုရွှမ်ကို လိုအပ်လိမ့်မည်။
သူ့သားကို ဂိုဏ်းချုပ်လို့ မခေါ်နိုင်ရင်တောင် တောင်ထွတ်သခင် အတွက် အရွေးခံမယ့်သူတွေအထဲ သေချာပေါက် ကောင်းကောင်း ပူးပေါင်းပြီး သူ့ရဲ့ ခွန်အားကို မြှင့်တင်ပေးမယ်လို့ သူမျှော်လင့်မိသည်။
"ဒီရှုံးနိမ့်မှုက ချန်ရှီးအတွက် ကောင်းတာ ဖြစ်နိုင်မလား ဒါပေမဲ့ ကံမကောင်းစွာနဲ့ အများစုကတော့ သူ အောင်နိုင်လိမ့်မယ်လို့ ထင်နေကြတယ်"
အောင့်ယန် တိုးတိုးလေး ပြောလိုက်သည်။
တခြား သခင်များစွာသည် အနည်းငယ် ထိတ်လန့်သွားသော်လည်း အောင့်ယန်ရဲ့ ပုံစံက သာမန်ထက် သာလွန်မေကြောင်းကိုလည်း ခံစားခဲ့ရသည်။ သူ့ရဲ့သား အောင်မြင်မယ်လို့ သူ မျှော်လင့်ထားသည်။ မိဘတစ်ယောက် အနေနဲ့ အောင့်ယန် နည်းနည်း စိတ်လှုပ်ရှားနေပေမယ့် သူ့သားကို ဘယ်လိုဆက်ဆံရမလဲ ဆိုတာလည်း သူ သိပါ၏။
တုံးဖန်းမု: "တကယ်တော့ လုရွှမ်မှာ ခန္ဓာကိုယ်ရှိပေမယ့် သူ့နယ်ပယ်က နည်းနည်း နောက်ကျနေပါသေးတယ်.... သူ ချန်ရှီးကို အနိုင်ယူချင်ရင်တော့ နည်းနည်း လိုနေသေးတယ်"
ချီးဖုန့်ကျူ: "ဒီပြိုင်ပွဲကို ဆယ်နှစ်လောက် ရွှေ့ဆိုင်းလိုက်မယ်ဆိုရင် ရလဒ်က လုံးဝကို ကွဲပြားသွားလိမ့်မယ်"
ရွှေသက်တမ်းတောင်တွတ်က တောင်ထွတ်သခင် တျယ်ဝူရွှမ်းက ပြုံးပြီး "ရွှေ့ဆိုင်းမယ်? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... တစ်လအတွင်းမှာ နတ်နဂါး မိသားစုက တပည့်ဘယ်နှစ်ယောက် ထွက်လာပြီး လုရွှမ်ကို စိန်ခေါ်မလဲ မသိဘူး.... အခု ချန်ရှီးကို တိုက်ခိုက်တာက ပိုကောင်းပါတယ်... ဒီအဆင့်မှာ ခွန်အားကို အရင်ကြည့်ကြတာပေါ့"
လူအနည်းငယ်က ခေါင်းညိတ်ပြပြီး သူတို့ပြောတာတွေက အဓိပ္ပာယ် ရှိလှကြောင်း ထောက်ခံလိုက်သည်။
သူတို့၏အမြင်နှင့် ကျင့်ကြံမှု လောကတစ်ခုလုံး၏ အမြင်တွင် လုရွှမ်တို့ လူခုနစ်ယောက်က နတ်နဂါး မိသားစုကို ကယ်တင်ခဲ့သည်။ သို့သော် နတ်နဂါး မိသားစုက တစ်လဆိုတာက ဂိုဏ်းတိုင်း ခမ်းနားသောပွဲသို့ တက်ရောက်လာအောင် ပြင်ဆင်ရန် အချိန်လုံလောက်နေပြီ ဖြစ်သည်။
သို့သော် လုရွှမ်သည် ကမ္ဘာပေါ်တွင် ရုတ်တရက် ထွန်းလင်း တောက်ပလာသော ကြယ်တံခွန်ကဲ့သို့ပင် ဖြစ်နေပြီ။ အရည်အချင်းရှိသော လူငယ်များမည်မျှ မနာလိုဖြစ်ကာ ရန်စမှုများစွာကို ပြုလုပ်မလဲ မသိ။ အခု လုရွှမ်ရဲ့ ခွန်အားကို ထုတ်ပြလိုက်တာကလည်း ကောင်းပေသည်။