← Chapters

မာနကြီးနေတဲ့ ချန်ရှီး

Vol. 118 Ch. 4.1281

မာနကြီးနေတဲ့ ချန်ရှီး

Vol. 118 Ch. 4.1281

တုံးဖန်းမု: "ကောင်းပြီ... အခု ပြိုင်ပွဲစပြီ လိုအပ်တာတွေ မရှိဘူး မင်းတို့ရဲ့ ခွန်အားကို ပြသလိုက်ရုံပဲ"

တခြားတောင်ထွတ်သခင် များစွာ၏ စူးစူးစိုက်စိုက် ကြည့်ခြင်းကို ခံနေရသော တုံးဖန်းမုက တခစ်ခစ်ရယ်ပြီး ပြောလေ၏။

"သူတို့ မလုပ်နိုင်ဘူးလို့ ထင်လို့လား... ငါတို့ရော အခု ဘာကြည့်နေတာမလို့လဲ... နောက်နောင် တခြားလူတွေနဲ့ တိုက်ခိုက်ရင် အဲဒီလူတွေက ညှာမယ်ထင်လို့လား”

နောင်နှစ်တစ်ရာလောက်မှာ ကျရောက်မယ့် ဘေးဥပဒ်က ဘယ်သူ့ကိုမှ သနားမှာ မဟုတ်ဘူး။

ချန်ရှီးကလည်း ပြုံးပြီး ဒီလူကြီးတွေက သူအခုလို ကြီးပြင်းလာအောင် တမင်တကာ ဂရုစိုက်ခဲ့တာလို့ ထင်လာ၏။ လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်သော်လည်း တုံးဖန်းမု၏ အဓိပ္ပာယ်ကို သူနားလည်ပါသည်။ တိုက်ပွဲတိုင်းကို အသက်နှင့်သေခြင်းရဲ့ တိုက်ပွဲအဖြစ် တိုက်ခိုက်ရမည်။ ဒါမှ နောင်တွင် ဒုက္ခရောက်မည် မဟုတ်ချေ။

"မီးထွက်လောင်ကျွမ်း!!"

ချန်ရှီးက အော်လိုက်ပြီး သူ့ဓားပျံနဲ့ သူ့ဓားကျွမ်းကျင်မှုဆီကနေ မီးတောက်တွေ တောက်လောင်လာခဲ့သည်။ မီးတောက်များက လျင်မြန်စွာ ပျံ့နှံ့သွားပြီး လုရွှမ်ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်သည်။ လုရွှမ်၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် ဖြစ်နေပြီး ရန်သူ့မီးတောက်များက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။

ဒါက အသွင်ပြောင်း မီးတောက်တစ်ခုမျှသာ ဖြစ်သည်။ အမှန်တကယ်ပင် အစွမ်းထက်သော်လည်း သူဟာ မီးတောက်ခြောက်မျိုး သို့မဟုတ် ခုနစ်မျိုးရှိသည့်လူ ဖြစ်ပြီး ဤအဆင့်ရှိ မီးထွက်က သူ့ကို လုံးဝ မထိခိုက်နိုင်ပေ။

"ဟမ့်!" ချန်ရှီးက အော်ဟစ်လိုက်ပြီး သူ့ဓားသိုင်းကလည်း ပြောင်းလဲသွား၏။

"မီးထွက်...ရက်စက်!"

မီးထွက် မီးတောင်များက တောက်လောင်ကာ အပူချိန်က နှစ်ဆတိုးလာသည်။ ထိုစဥ် လေထု တစ်ခုလုံး လောင်ကျွမ်းသွားကာ အာကာသပင် အက်ကွဲသွားသလို ခံစားလာရသည်။ မီးတောက်၏ အရောင်သည်လည်း ပြောင်သွားကာ မမြင်နိုင်လောက်အောင် ဖြူသွား၏။

လုရွှမ် နည်းနည်းလေး ရွေ့သွားသည်။ ထိုအပူချိန်က အတော်လေး ပူနေပြီ။ မီးကျီးကန်း နတ်ဆိုးမီးလျှံ၏ အပူချိန်က ၎င်းထက်ကျော်လွန်နေပြီး မျှော်စင်နယ်ပယ်ရှိ ကျင့်ကြံသူ များအတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။

လုရွှမ်: "မီးတွေကို ရပ်လိုက်ပါတော့ ဘာမှ အသုံးမဝင်ဘူး"

သူ့လက်ဖဝါးကို ဖြန့်လိုက်သောအခါ မီးလုံးကြီးတစ်ခု ထလာပြီး ချက်ချင်းပင် အအေးဓာတ်က သူ့တစ်ကိုယ်လုံး လွှမ်းခြုံသွား၏။ ၎င်းက ချန်ဖျင်လက်မှ လုယူထားသော ဆန်းကြယ်ရေခဲမီးတောက်ပဲ ဖြစ်သည်။

လုရွှမ် သူ့လက်ဖဝါးကို ထပ်လှည့်လိုက်သော် ဆန်းကြယ်ရေခဲမီးတောက်က ပျောက်ကွယ်သွားပြီးနောက် သူ့လက်ဖဝါးတွင် ဝိညာဉ်မီးဘောလုံးတစ်ခု ပေါ်လာသည်။

လုရွှမ် စိတ်ဝိညာဉ်မီး ပိုင်ဆိုင်ကြောင်း ဂိုဏ်းတွင်းရှိ လူများစွာက သိသော်လည်း ဝိညာဉ်မီးကို မမြင်ရသောအခါ အလေးအနက် မထားခဲ့ကြပေ။ ဒါပေမဲ့ အခုအားလုံးက စိတ်ဝိညာဥ်မီးကို စူးစူးစိုက်စိုက် ကြည့်နေကြ၏။

လုရွှမ်ရဲ့ ပါးစပ်ထောင့်မှာ အပေါ်သို့ ကွေးတက်သွားစဥ် သူ့လက်ဖဝါးပေါ်က ဝိညာဉ်မီးကလည်း ရုတ်တရက် လှုပ်ရှားသွားသည်။ ၎င်းက ချန်ရှီး၏ အရိပ်လို ​ပြောင်းသွားပြီး တစ်ဖန် လုရွှမ်၏ အရိပ်ကလည်း တစ်ဖက်မှာ ပေါ်လာ၏။

လုရွှမ်ရဲ့ အရိပ်က ချန်ရှီးရဲ့အရိပ်ကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်လေရာ အရိပ်ချန်ရှီးက မခုခံနိုင်ဘဲ အော်ဟစ် ညည်းတွားနေသည့် အသံကို ထွက်ပေါ်လာစေကာ အလွန်လည်း စိတ်တိုနေပုံရသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး သက်ကြီးရွယ်အိုများ အားလုံးက ရွှင်မြူးစွာ ကြည့်နေကြသည်။

စိတ်ဝိညာဥ်မီးကတော့ အလွန်ထက်မြက်ပြီး သူ့ဂုဏ်သတင်းနှင့် ကိုက်ညီ​​ပေသည်။

ချန်ရှီးက ဒေါသတကြီးနဲ့ "မင်းငါ့ကို လှောင်ပြောင်ရဲတယ်ပေါ့လေ"

လုရွှမ် သူ့လက်ဖဝါးကို နောက်တစ်ကြိမ် လှန်လိုက်ပြီး စိတ်ဝိညာဉ်မီး ပျောက်သွားသည်။ လက်ဖဝါး နှစ်ဖက်စလုံးကို ဖြန့်ကျက်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်မီးနှင့် မြေကြီးမီးများ တောက်​လောင်လာ​လေသည်။

တစ်ချိန်တည်းမှာပဲ အကြီးအကဲများနှင့် တောင်ထွတ် သခင်များ၏ အမူအရာများ အားလုံးသည် ကောင်းကင်မီးနှင့် မြေကြီးမီးကြောင့် အရောင်​ပြောင်းသွားရ၏။

လုရွှမ်: "အခု မင်းတစ်ယောက်တည်း မီးနဲ့ တိုက်ခိုက်နိုင်ပြီလို့ ထင်​​နေ​လား"

မီးတောက်တွေက လုရွှမ်အပေါ် ထိရောက်မှု မရှိတော့ကြောင်း သိလိုက်ရတာကြောင့် ချန်ရှီး မကျေမနပ်ဖြင့် ဟစ်အော်လိုက်သည်။ သို့နှင့် တခြားဓားသိုင်းကိုပြောင်းကာ လုရွှမ်ကို တိုက်ခိုက်ခဲ့သည်။

လုရွှမ်ကလည်း သူ၏လက်ဖဝါးထဲရှိ မီးတောက်နှစ်မျိုးကို သိမ်း၍ ချင်ထျန်းဓားကို သူ့လက်ထဲတွင် ကိုင်ဆောင်ကာ ချန်ရှီးအား ရင်ဆိုင်လိုက်သည်။ လုရွှမ်က စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို အသုံးပြုခဲ့ပြီး ချန်ရှီးကတော့ ဒြပ်စင်ငါးပါး ဓားသိုင်းကို အသုံးပြုခဲ့သည်။

ထန်း ထန်း ထန်း!

သူတို့ နှစ်ယောက်စလုံး လက်ထဲမှ နတ်ဓားတွေ ဆက်တိုက် ပွတ်တိုက်မိပြီး မီးပွားတွေ နေရာအနှံ့ ပျံ့သွားသည်။

"တုံးဖန်းမု... သူ့ဓားသိုင်းက ဘာလဲ?"

ရွှေသက်တမ်းတောင်တွတ်ရဲ့ အထွတ်အထိပ်သခင်ဖြစ်တဲ့ တျယ်ဝူရွှမ်းက စူးစိုက်ကြည့်ပြီး မျက်မှောင်ကြုတ်နေ၏။

"ဒါ နတ်နဂါး မိသားစုကနေ ဆုံးရှုံးသွားတဲ့ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား ဖြစ်လိမ့်မယ်"

ဤဓားသိုင်း အတတ်ပညာသည် အမှန်တကယ် ပေါ်လာပြီ ဖြစ်တာကြောင့် ထိတ်လန့်သွားသော ချီးဖုန့်ကျူအား ခေါင်းညိတ်ပြလိုက်သည်။

"ဒါက စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား ဖြစ်ရမယ်... သူ နတ်နဂါး မိသားစုဆီက ရခဲ့တာ ဖြစ်နိုင်တယ်"

"ဒါပေမဲ့ အခုအချိန်မှာတော့ သူက ပထမဓား ၁၈ ချောင်းကိုပဲ ကျွမ်းကျင်ပုံပဲ... နောက်ဆုံးဓားကိုးချောင်းကို မရရှိခဲ့ဘူး... မဟုတ်ရင် ချန်ရှီးက သူ့ပြိုင်ဘက်ဖြစ်ဖို့ ဝေးနေလိမ့်မယ်"

အောင့်ယန်: "လုရွှမ်ရဲ့ လက်ရှိ ကျွမ်းကျင်မှုနဲ့ဆို နောက်ဆုံး ဓားကိုးချောင်းကို ထိန်းနိုင်မှာ မဟုတ်ဘူး"

ဂိုဏ်းချုပ်တိခွင်းက ပြုံးပြုံးလေးဖြင့်: "အဲဒါကို ထိန်းချုပ်ဖို့ မပြောနဲ့... နောက်ဆုံး ဓားကိုးချောင်း ရနိုင်မလား ဆိုတာလည်း ရှိသေးတယ်... ထူးဆန်းတယ် ဒီဓားသိုင်းကို လေ့ကျင့်ချင်ရင် ပထမပိုင်းက ရိုးရှင်းပေမယ့် နောက်ဆုံးအပိုင်းက နတ်နဂါး မိသားစုမှာလည်း ပျောက်ဆုံးနေတာ ကြာပြီလို့ ကြားမိတယ်...... အဲ့ဓားကိုးချောင်း မရှိလို့ ဒီဓားသိုင်းက ထိန်းချုပ်လို့ မရတော့တာ သေချာတယ် လုရွှမ် ပထမဓားကိုးချောင်းကို ဘယ်လိုရခဲ့တာလဲ မသိပေမယ့် သူက တကယ်ကို ပါရမီရှင်ပဲ... သူ အတင်းအကြပ် သဘောပေါက်အောင် လုပ်ထားတာလား..."

လူငါးယောက်လုံးကတော့ ဒါကြီးက ချဲ့ကားလွန်းတယ်လို့ ခံစားလာရပြီး ထပ်ခါထပ်ခါ ဆွေးနွေးခဲ့ကြပေမယ့် တိကျတဲ့အဖြေကို မရခဲ့ကြပါဘူး။

လုရွှမ်သည် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား၏ အလယ်ဗဟိုလှုပ်ရှားမှု ကိုးခုကို ထည့်သွင်းပြီးနောက် ဓားသိုင်း၏ စွမ်းအားသည် ပါးလွှာသော လေထုထက် ဆယ်ဆကျော် တိုးလာသည်ကို တွေ့ရှိလိုက်ရသဖြင့် ဝမ်းသာစွာ အံ့သြသွားမိသည်။

သခင်လေးချန်ရှီး၏ ဓားသိုင်းသည် ဒြပ်စင်ငါးပါး၏ အဓိပ္ပာယ်နှင့် ပြည့်စုံပြီး အလွန်တရာ မှော်ဆန်လွန်းလှသော စွမ်းရည်သုံးမျိုးနှင့် အသက်သုံးဓားကို ကောင်းစွာ ပိတ်ဆို့ထားနိုင်သည်။ ခုခံကာကွယ်မှုနဲ့ ပြန်လည် တိုက်ခိုက်နေတဲ့ အကြား တစ်ခါတစ်ရံတွင် အရှက်ရစွာ ဆုတ်ခွာနေရ၏။

ချန်ရှီးသည် တိုက်ပွဲတွင် တစ်ဖက်လူ သုံးသွားသော ဓားသိုင်းအပေါ် အလွန်မနာလို ဖြစ်လာခဲ့သလို ဤဓားသိုင်း၏ မှော်ဆန်မှုအကြောင်းကို ကောင်းစွာ နားလည်ခဲ့သည်။ အချိန်တိုလေးအတွင်းမှာ ဒီလုရွှမ် ဂိုဏ်းရဲ့ နက်နဲတဲ့ဓားသိုင်းကို သင်ယူနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာပေမယ့် သူ့မှာ ထူးထူးခြားခြား ဓားသိုင်းအစုံအလင် ရှိနေခဲ့သည်။

သူ့အရည်အချင်း အတိုင်းပဲ။

ဒီကောင်လေးက ဘယ်သူများလဲ။

"အင်း ချန်ရှီးကတော့ မာနကြီးနေတုန်းပဲ... သူက နတ်မီးနယ်ပယ်ကို မထိုးဖောက်အောင် ဖိသိပ်ထားပေမယ့် အခုအချိန်မှာတော့ လုရွှမ်ကို မနှိမ်နှင်းနိုင်သေးဘူး မဟုတ်လား"

တျယ်ဝူရွှမ်းက ရုတ်​တရက်​​ ဝင်ပြောလိုက်​ပြီး အောင့်ယန်ကို​ပါ လှည့်ကြည့်​လိုက်​သည်​။

အောင့်ယန်လည်း လက်ရှိတိုက်ပွဲတွင် လုရွှမ်က သူ၏စွမ်းရည်နှင့် ခွန်အားကို ပြသခဲ့ပြီဖြစ်ကြောင်း သိလာသည်။ ချန်ရှီးက သူ့ရဲ့ကျင့်ကြံမှုကို နတ်မီးနယ်ပယ် ပြီးပြည့်စုံသောကာလ အထိ ဖိသိပ်နိုင်ခဲ့သော်လည်း သူ လုရွှမ်ကို အနိုင်မယူနိုင်သေးချေ။

သို့သော် စစ်မှန်သော ကျင့်ကြံမှုဖြင့်ပင် နယ်ပယ်ကို ဖိသိပ်ထားနိုင်မည် မဟုတ်ပေ။ ခန္ဓာကိုယ်၊ အတွေ့အကြုံ၊ သဘာဝလွန်စွမ်းအားများ ပြောင်းလဲခြင်း၊ ဓားပညာကျွမ်းကျင်မှု စတာတွေနဲ့ သက်ဆိုင်သေးသည်။ ဥပမာအားဖြင့် ဒြပ်စင်ငါးပါး ဓားသိုင်းကို လေ့ကျင့်ထားနိုင်ဖို့ မျှော်စင်နယ်ပယ် ဖြစ်နေဖို့ လိုအပ်သည်။

သို့ပေမယ့် လုရွှမ်၏ တည်တည်ငြိမ်ငြိမ် အကြည့်ကို ကြည့်ရင်း အစွမ်းကုန် မထုတ်သေးတာ ဖြစ်နိုင်တယ်လို့ ခံစားမိလာသည်။

ဒါ ခန္ဓာကိုယ်ရဲ့ ခွန်အား အရည်အချင်းလား။

လုရွှမ်သည် ရုပ်ပိုင်းဆိုင်ရာက အထူး မသန်မာသော်လည်း ယွမ်ယန်ကျင့်စဥ် နှင့်အတူ သူ့ခွန်အားက သာမာန်လူများထက် သာလွန်လာသည်။ သူဟာ နတ်ခန္ဓာနဲ့ မွေးဖွားလာတာ မဟုတ်ပေမယ့် အဆင့်ဆင့် ကျင့်ကြံခဲ့သူ ဖြစ်သည်။ နတ်ကိုယ်ခန္ဓာသည် သူထိုသို့ လေ့ကျင့်ခဲ့ခြင်း၏ ရလဒ်တစ်ခုသာ ဖြစ်သည်။

ဒါကို လူတိုင်းသိရင် ကွာဟချက်က အရမ်းကြီးတာကြောင့် သေချင်သွားလိမ့်မည်။

All Chapters