← Chapters

ချန်ရှီးရဲ့ အစွမ်းသတ္တိ

Vol. 118 Ch. 4.1282

ချန်ရှီးရဲ့ အစွမ်းသတ္တိ

Vol. 118 Ch. 4.1282

အရင်က ကျင့်ကြံနေစဥ် အတွင်း လုရွှမ် ပြဿနာတစ်ခုကို တွေ့ရှိခဲ့သည်။ ကျင့်လေလေ၊ အဆင့်တိုင်း၌ ခွန်အားတိုးလေလေ တခြား တပည့်များနှင့် ယှဉ်လျှင် များစွာ သာလွန်လေ၏။

အစကတည်းက အာကာသကျောက်စိမ်းပြားကို မရထားခဲ့ပါက ယွမ်ယန်ကျင့်စဥ်ကိုလည်း ရရှိလိမ့်မည် မဟုတ်ချေ။ လုရွှမ် သူ့နှလုံးသားထဲတွင် ပို၍ပင် ကျေးဇူးတင်မိသည်။ ယွမ်ယန်ကျင့်စဥ်ကို လေ့ကျင့်ပြီးတဲ့နောက်မှာ ခွန်အားတွေ တိုးလာပြီး အလားအလာတွေလည်း တိုးတက်လာကာ စွမ်းရည်တွေကလည်း တိုးလာပါ၏။ ဒီကျင့်စဥ်က တကယ်ကို အစွမ်းထက်လွန်းသည်။

ရွှေကျီးကန်းနဲ့ ပထမဆုံးစတွေ့တုန်းက သူ့ကိုယ်သူ ဖြောင့်မတ်တယ်လို့ သူ ထင်ခဲ့သမျှဟာ တကယ်ကို အရေးမပါဘူးလို့ ပြောခဲ့တာ အံ့သြစရာ မရှိတော့ပေ။ စိတ်မရှည်တော့တဲ့ ချန်ရှီနဲ့ ဆန့်ကျင်ဘက် အနေဖြင့် လုရွှမ်ရဲ့ စိတ်တွေဟာ ပိုပိုပြီး တည်ငြိမ်လာပြီး သူ့နှလုံးသားက တဖြည်းဖြည်း ငြိမ်သက်လာခဲ့သည်။

စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို သူ၏ကိုယ်ပိုင် ယွမ်ယန်ဓားကိုးစင်း အဖြစ် ပြောင်းလဲခဲ့ပါ​ပြီ။

"မင်းရဲ့နယ်ပယ်ကို ဖိသိပ်တာကို ဖွင့်ပြီး မင်းရဲ့ ခွန်အားကို အကုန်သုံးလိုက်...."

လုရွှမ် ဟစ်အော်ရင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားအား ကောင်းကင်သို့ ပစ်သွင်းလိုက်ရာ သူ့တစ်ကိုယ်လုံးက ဓားသွားတစ်ခု ဖြစ်သွားသယောင် ခံစားလိုက်ရသည်။ ဓား၏ ရည်ရွယ်ချက်မှာ ကောင်းကင်မှ ထွက်ပေါ်လာပြီး တိမ်များ လွင့်ပျံလာသည်။ မြေကြီးကလည်း တုန်ခါနေကာ စူးစူးဝါးဝါး အသံထွက်လာသည်။

ပရိတ်သတ်များ တစ်ယောက်ပြီး တစ်ယောက် ထိတ်လန့်တုန်လှုပ်သွား၏။ နတ်ခြေလှမ်းနယ်ပယ်သို့ တက်သွားသော သခင်များ၏ မျက်လုံးများထဲတွင် လုရွှမ်၏ ဓားသွားရည်ရွယ်ချက်မှာ ဘာမှမဟုတ်သော်လည်း လုရွှမ်ရဲ့ လေ့ကျင့်မှုအကြောင်း တွေးလိုက်သောအခါတွင် အားလုံးဘေးက တပည့်များကို ပြန်ကြည့်လိုက်ကြသည်။

အနည်းဆုံးတော့ သူတို့ဟာ မျှော်စင်နယ်ပယ် အဆင့်၅မှာ ရှိနေချိန်မှာတောင် ဒီလိုဓားရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်း နားမလည်ကြသေးချေ။ ချန်ရှီး၏ အမူအရာကလည်း မကောင်းတော့။ သူ၏ ကောင်းကင်နှင့်မြေကြီးသို့ ရောက်ရှိသွားသော အကြံအစည်သည် မျှော်စင် နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် ဓားသိုင်းအပေါ် နားလည်မှုက တုံ့ဆိုင်းစွာ နားလည်သွားခဲ့သည်။

အခု လုရွှမ်က နားလည်သွားပြီတဲ့လား။

လုရွှမ်: "ငါ လှုပ်ရှားတော့မယ်... ယွမ်ယန်ဓားကိုးစင်းရဲ့ ပထမဆုံးဓား... လူနဲ့ဓားပေါင်းစည်းမှု!!"

မတိုင်ခင်တုန်းက လူအများသည် လုရွှမ်ကို သာမန်မျက်စိဖြင့် မြင်နိုင်သော်လည်း လုရွှမ်၏ အငွေ့အသက်ကို ခံစားသိရှိလိုပါက ကောင်းကင်နှင့်မြေကြီး၏ အလင်းရောင် ဖျော့ဖျော့ရှိသော နတ်ဓားတစ်လက်၏ တည်ရှိမှုကိုသာ ခံစားနိုင်မည် ဖြစ်သည်။

ဓားတစ်ချောင်း ခုတ်ချလိုက်ပြီ။ အခြားအပို လှုပ်ရှားမှုမရှိ။ ဓားသိုင်းက အလွန်ရိုးရှင်းသော ခံစားချက်ကို ပေးစွမ်းသော်လည်း စွမ်းအားရှိသမျှ ခုတ်ချလိုက်သလို ခွန်အားအားလုံးကို ဤလှုပ်ရှားမှုထဲတွင် ပေါင်းစပ်ထားသည်။

ချန်ရှီး တိုးတိုးလေး ငြီးငြူလိုက်သည်။ ဒီလှုပ်ရှားမှုက တကယ်ကို အံ့သြစရာကောင်းပေမယ့် ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ သူသည် ဓားကို မြှောက်၍ ရင်ဆိုင်လိုက်သည်။

ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ နတ်ဓားနှစ်ချောင်းမှ လာသော ဓားစွမ်းအင်သည် တပြိုင်နက်တည်း ရိုက်ခတ်သွားကာ နှစ်ဖက်စလုံး ဆုတ်ခွာသွားကြသည်။

ချန်ရှီး: "ဓားတစ်ချောင်းတည်းနဲ့လား... ဒီလောက်လေးနဲ့ ငါ့ကျင့်ကြံမှုကို မျှော်စင် နယ်ပယ်အထိ မြှင့်ထားစေချင်သေးတယ်ပေါ့... မင်း လိုပါသေးတယ်"

လုရွှမ်ကတော့ ပြုံးသာပြုံးရင်း လှုပ်ရှားမှုတွေကို ဆက်လုပ်နေသည်။

"ယွမ်ယန်ဓားကိုးစင်း... ဒုတိယဓား!! ဓားတစ်သောင်းရိုက်ချက်"

ဓားရည်​ရွယ်​ချက်​ ပြန်​​ပေါ်လာ​သော်​လည်း ယခင်​ဓားရည်​ရွယ်​ချက်​နှင့်​ မတူတော့ပေ။ အရင်က ဓားရည်ရွယ်ချက်က အရမ်းကျဉ်းမြောင်းပေမယ့် အခုအချိန်မှာ ဓားရည်ရွယ်ချက်က အရမ်းပြန့်ကျဲနေ၏။ လူတိုင်း ဓားသိုင်းက ထူးဆန်းနေသလို ခံစားလိုက်ရသည်။

တပည့်များသည် သူတို့၏နောက်ကွယ်မှ ဓားရှည်ကြီး ထွက်ပေါ်လာသလို အရိပ်ကိုသာ ခံစားလိုက်ရသည်။ ဒါ့အပြင် ကိုယ်ပိုင်ဓားတွေက သူတို့အမိန့်ကို ရုတ်တရက် နားမထောင်တော့ဘဲ ကျယ်လောင်သော လှိုင်းပုတ်သံနဲ့အတူ လုရွှမ်ဆီသို့ ပျံသန်းသွားကြလေသည်။

တပည့်များကြားတွင် အများစုက မျှော်စင်နယ်ပယ် အောက်တွင် ရှိနေသောကြောင့် လုရွှမ်၏ ဓားစွမ်းအင် ဆွဲဆောင်မှုကို မခံနိုင်ကြပေ။ မျှော်စင်နယ်ပယ်က တပည့်များစွာ၏ လက်နက်များမှာ အထိန်းအကွပ်မဲ့စွာ ပျံထွက်သွားသည်။

သောင်းနှင့်ချီသော လက်နက်များက ကောင်းကင်ယံ၌ ပျံဝဲနေကြကာ အံ့မခန်း မြင်ကွင်းတစ်ခုလို ဖြစ်နေသည်။ ကြီးမားလှသော ဓားစွမ်းအင်ကို တပည့်တွေဘက်ကနေ တွန်းလှန်ရန်ပင် မဝံ့ရဲဘဲ ဆုတ်ခွာသွားခဲ့ရသည်။

ချန်ရှီးခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါသည် မဆိုင်းမတွ ဖုံးကွယ်သွားပြီး မျှော်စင်နယ်ပယ် အဆင့်၅ သို့ တိုက်ရိုက် ပြေးတက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲက ဓားစွမ်းအင်တွေ တဟုန်ထိုးတက်လာပေ၏။

လုရွှမ်ကလည်း အနောက်တွင် ထောင်ပေါင်းများစွာသော ဓားရှည်ရှည်များနှင့်အတူ လေထုထဲတွင် ရပ်တန့်နေသည်။ ဓားရှည်တွေက သူ၏ဓားစွမ်းအင်ထဲ တိုးဝင်၍ ကြီးမားသော ဓားရှည်ကြီး တစ်စင်းအဖြစ် ပေါင်းစပ်သွားသည်။

တကယ့် ကောင်းကင်ဓားတစ်လက် ဖြစ်သွားပေပြီ။

လုရွှမ်: "ဓားခုတ်!"

ချန်ရှီး၏ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားရောင်ဝါသည် လူတိုင်း၏ အမြင်တွင် ထွက်ပေါ်လာချေပြီ။ သူ့လက်ထဲတွင်ရှိသော နတ်ဓားသည် အဆုံးမဲ့လူသတ်သမား ရောင်ဝါဖြင့် တလတ်လတ် တောက်ပနေသည်။ လုရွှမ်၏ဓားသည် ဟိန်းဟောက်​နေသော ဓားတောင်နှင့် တူသော်လည်း ချန်ရှီး၏ဓားသည် သူ့ခေါင်းကို တဟုန်ထိုး ဝှေ့ယမ်းနေသော အင်အားကြီး ပင်လယ်နှင့် တူ​လေသည်။

တျယ်ဝူရွှမ်း: "ဒီအပြောင်းအရွေ့က တော်တယ်...တောင်ထွတ်သခင်ချီး...ဒါက မြောက်ပိုင်း နက်ရှိုင်းရေတောင်ထွတ်ရဲ့ ဓားသိုင်းမလား?"

တောင်ထွတ်သခင် ချီးဖုန့်ကျူက ပြန်ပြော၏။

"ချန်ရှီး ဒီကောင်လေးက နည်းနည်းတော့ ဘဝင်မြင့်ပေမယ့် ပါရမီ ရှိသေးတယ်"

လုရွှမ်သည် သူ့ဓားအောက်က ရောင်စုံရောင်ဝါကို ခံစားပြီးနောက် ဤဓားကို ခုခံဖို့ မအောင်မြင်တော့ဘူးဟု သိလိုက်သည်။ သေချာတာကတော့ ဓားစွမ်းအင်က အားကြီးတဲ့ ပင်လယ်ထဲကို ရောနှောပြီး တိတ်တဆိတ် ပျောက်ကွယ်သွားသလိုပဲ ငြိမ်သက်သွား၏။

လုရွှမ်၏ လက်ဖဝါးများ တုန်ခါသွားပြီး ဓားရှည်များက ဖြန့်ထွက်ကာ ၎င်းတို့၏ မူလသခင်များထံ ပြန်ပြေးသွားကြသည်။

လုရွှမ်: "ဒီဓားက အရမ်းအစွမ်းထက်တယ် ငါသဘောကျတယ်"

ချန်ရှီးလည်း ဤဓားချက်ကို ကျော်ဖြတ်ပြီးနောက် သူ့စိတ်က ငြိမ်သက်သွားသည်။ သူ၏ အသက်ရှုသံမှ ပြင်းထန်သော စွမ်းအင်သည် အလွန်လျော့ကျသွားပြီး ပြောလာသည်။

"ဒြပ်စင်ငါးခုခွဲထားတဲ့ ဒြပ်စင်ငါးပါးဓားသိုင်းက ဓားသိုင်း၅ခုကို ကိုယ်စားပြုတယ်... ဒြပ်စင်ငါးပါး မဟာဂိုဏ်းရဲ့ အမြင့်မြတ်ဆုံး ဓားသိုင်းအနေနဲ့ သူကလည်း အစွမ်းထက်တယ်... အပြောချည်းပဲ မဟုတ်ဘူး"

"ကောင်းပြီ!"

လုရွှမ်၏ မျက်လုံးများက တောက်ပစွာဖြင့် ဒြပ်စင်ငါးပါး မဟာဂိုဏ်းကို လှမ်းကြည့်ရုံမှတစ်ပါး မကူညီနိုင်တော့ပေ။

သန့်ရှင်းသော မြေက ရှေးဟောင်းမိသားစုလို မဟုတ်သော်လည်း ဒြပ်စင်ငါးပါး မဟာဂိုဏ်းလည်း သက်သတ်လွတ် စားသူ​တွေ မဟုတ်တာ သေချာပါသည်။ ဤဓားသိုင်းပညာကို ကြည့်လိုက်လျှင် ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ အခြေခံအုတ်မြစ်သည် အလွန်လေးနက်ခဲ့ကြောင်း တွေ့နိုင်၏။

လုရွှမ်: "ဓားချက်ငါးခုပြီးရင် ဒြပ်စင်ငါးခု ပေါင်းစပ်မှုကနေ မရေမတွက်နိုင်တဲ့ ဓားသိုင်းတွေ ထွက်လာနိုင်တယ် ထင်တယ်"

တိခွင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဖြေသည်။

"ဒြပ်စင်ငါးခုဖြစ်တဲ့ သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးကို သူ့နာမည်အလိုက် နှစ်ခုနှစ်ခု၊ သုံးခုသုံးခု၊ လေးနဲ့လေး၊ ငါးနဲ့ငါး ဆိုပြီး ပေါင်းစပ်နိုင်တယ်.... အခင်းအကျင်းတွေနဲ့ ပတ်သက်ရင်လည်း လုံးဝ ကွဲပြားတယ်... ဓားတွေ ပေါင်းစပ်ထားတဲ့ နည်းလမ်းတွေက အဆုံးမရှိလုနီးပါးပဲ!"

ဂိုဏ်း၏ ခေါင်းဆောင်အနေဖြင့် လုရွှမ်၏ ပိုင်ဆိုင်မှုအတွက် သူ အလွန်အမင်း စိုးရိမ်သည်မှာ သာမန်ပင်။

လုရွှမ်ကိုယ်တိုင်က တပည့်အဖြစ် လေးနှစ်မျှသာ နေခဲ့သော်လည်း ဆရာတစ်ယောက်ဆီက လေ့ကျင့်သင်ကြားမှု မရှိခဲ့သဖြင့် သူ၏ ကျွမ်းကျင်မှုသည် ဂိုဏ်းဝင်များနှင့် လုံးဝ မသက်ဆိုင်ပါ။

နောင်တွင် သူသည် ဂိုဏ်းမှ ထွက်သွားလျှင် သို့မဟုတ် ဂိုဏ်းကိုပင် သစ္စာဖောက်မည်ဆိုပါက၊ ရှင်းရှင်းလင်းလင်း ပြောရလျှင် ဂိုဏ်းက သူ့ကို ချုပ်နှောင်ထားမည် မဟုတ်ပေ။ သို့သော် လုရွှမ်က သဘာဝအတိုင်း ဒြပ်စင်ငါးပါး ဓားသိုင်းရဲ့ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များကို မြင်နိုင်ပါသည်။

လုရွှမ် ခေါင်းညိတ်ပြပြီး ဂိုဏ်းချုပ်တိခွင်းကို ဦးညွှတ်၍ ကျေးဇူးတင်စကား ပြောလိုက်သည်။

"ဒီဓားသိုင်းကို ဘယ်သူက မလေ့ကျင့်ချင်မှာလဲ... အဲဒါကို တွေးကြည့်ရုံနဲ့ ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်"

သူ ပြောတာ အမှန်ပင်။ ချန်ရှီးရဲ့ဓားကို မြင်လိုက်ရပြီး ဒါဟာ ထောင်ပေါင်းများစွာသော ဓားသိုင်းတွေကြားထဲက တစ်ခုပဲ ဖြစ်ကြောင်း သိလိုက်သည်။ ယခု သူ့စကားကြောင့် တပည့်တိုင်း၏ မျက်နှာသည် ဂုဏ်ယူဝင့်ကြွားလျက် ရှိသည်ကို သူ မသိလိုက်ချေ။

ကြိုးကြိုးစားစားဖြင့် ဒြပ်စင်ငါးပါး ဓားသိုင်းကို အဓိက တပည့်များသာ ဖြစ်​ပေသည်။

All Chapters