ဒြပ်စင်ငါးပါးဓားသိုင်း
Vol. 118 Ch. 4.1283
"ကောင်းပြီ ဒြပ်စင်ငါးပါး ဓားသိုင်းကို စွမ်းအားကို ကောင်းကောင်း ခံစားကြည့်ရအောင်... ယွမ်ယန်ဓားကိုးစင်းက ငါ့ကိုယ်ပိုင် ဓားသိုင်းပဲ... အခု တတိယဓား လာပြီ!"
လုရွှမ် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး သူ့ဓားစွမ်းအင်က နေရာတိုင်းတွင် ရှိနေသည်။ ထို့နောက် ဝုန်းကနဲ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။
ဒီဓားကို ချန်ရှီးက ပိတ်ဆို့ထားခဲ့သည်။
"စတုတ္ထဓား လေထုကိုဖြတ်!"
ချန်ရှီး ထပ်မံပိတ်ဆို့လိုက်သည်။
"ပဉ္စမဓား... ဖျက်စီး!"
ထပ်မံ ပိတ်ဆို့ခံရပြန်ပြီ။
"ဆဋ္ဌမဓား ဖန်ဆင်း!"
ချန်ရှီး တစ်ချက် ထိုးလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က အနောက်သို့ လွင့်ပျံသွားကာ တစ်ချိန်တည်းမှာပင် တစ်ဖက်က ဓားတစ်ချောင်းက ညီညီညာညာ ပြေးထွက်လာသည်။
"တိုက်စရာ မလိုတော့ဘူး!"
လုရွှမ်နဲ့ ချန်ရှီးတို့ နှစ်ယောက်လုံး အံ့ဩသွားပြီး ဂိုဏ်းချုပ်ကို တစ်ပြိုင်တည်း လှည့်ကြည့်လိုက်သည်။ ချန်ရှီးကတော့ မကျေနပ်ချေ။ သူက လုရွှမ်နဲ့ တစ်ထပ်တည်း ယှဉ်ပြိုင်ခဲ့တာ မဟုတ်ပါလား။ ဒီအတိုင်း ရပ်လိုက်ရင် တခြားသူများက သူ့ကိုဘယ်လို မြင်ကြတော့မလဲ။
သို့သော် လုရွှမ်သည် ချန်ရှီး၏ ဓားသိုင်းပညာကို ကြည့်၍ ဓားချက်များ အကြားတွင် တိကျသော နားလည်မှုတစ်ခု ရှိခဲ့သော်လည်း ၎င်းတို့ကို တူညီသော ဇာစ်မြစ်မှ ပြောင်းလဲခဲ့ခြင်းမျိုး မဟုတ်ချေ။
သို့သော် ထိုဓားသိုင်းအစုသည် အမှန်တကယ်ပင် သူ၏ဓား ခြောက်စင်းလုံးကို ပိတ်ဆို့ထားနိုင်ခဲ့၏။ ဒါက သူ့စိတ်ဝင်စားမှုကို တိုးပွားစေပြီး ဤဓားသိုင်းပညာ၏ မှော်အတတ်ကို ပိုမိုမြင်ချင်လာသည်။
"တိုက်ခိုက်စရာ မလိုတော့ပါဘူး.... လုရွှမ် မင်းရဲ့အင်အားက နည်းနည်းတော့ အားနည်းနေသေးတယ်"
"တပည့် သိပါတယ်"
တိခွင်းက ဆက်ပြောသည်။
"မင်း ဒီဓားသိုင်းကို ပိုရှင်းရှင်းလင်းလင်း မြင်ချင်နေတာ ငါသိပါတယ်... ဒါပေမဲ့ ဒီဓားသိုင်းရဲ့ စွမ်းအားက လူတစ်ဦးနဲ့တစ်ဦး မတူညီဘူး... ကွဲပြားတဲ့ နားလည်မှုတွေကြောင့် ဓားစွမ်းအားတွေလည်း မတူကြဘူး ဆန့်ကျင်ဘက်ကတော့ မင်း ပိုမြင်လာလေလေ မင်းအရင်တွေ့ဖူးတဲ့ ဓားပညာနဲ့ နီးနီးကပ်ကပ် မနေနိုင်တော့လေပဲ... မင်းကိုယ်တိုင် နားလည်ဖို့က အကောင်းဆုံး နည်းလမ်းပဲ"
လုရွှမ် သူ့ကို မြန်မြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ချန်ရှီး... မင်းအရမ်းတော်တယ် နောက်တစ်လ နတ်နဂါး မိသားစုကို ငါတို့နဲ့အတူ လိုက်ခဲ့... ဂိုဏ်းကြီးတွေနဲ့ ရှေးဟောင်း မိသားစုတွေကို တွေ့ခွင့်ပေးမယ်... ငါတို့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းမှာ လိုလားတဲ့ နောက်ဆုံးအရာက ပါရမီရှင်ပဲ"
ချန်ရှီးသည် မပြီးဆုံးသေးသော အတွေးတချို့ရှိသော်လည်း သူသည် ဂိုဏ်းချုပ်ဆီက အသိအမှတ်ပြု ခံရပြီး လူတိုင်းရှေ့တွင် ချီးကျူးခံရရတာကြောင့် အနည်းငယ် မောကြော့နေခဲ့သည်။ သို့နှင့် စိတ်ထဲမှ မကျေနပ်မှုလေးတွေက ချက်ချင်း ပြေပျောက်သွားလေရာ လေးလေးစားစားနဲ့ ဂါရပြုလိုက်လေ၏။
"ကောင်းပြီ... ဒီတိုက်ပွဲက ပြီးသွားပြီ... တပည့်အားလုံး ကျေးဇူးပြုပြီး မင်းတို့ရဲ့ ကျင့်ကြံမှုကို တိုးတက်အောင် ပြန်ပြီး ကြိုးစားအားထုတ်ကြပါ... ဒြပ်စင်ငါးပါး ဓားသိုင်းရဲ့ စွမ်းအားကို မင်းတို့မြင်ပြီးပြီ... အခု စည်းမျဉ်းတွေကို ပြုပြင်မယ် မျှော်စင်နယ်ပယ်ကို ရောက်သွားတဲ့ ဘယ်သူမဆို ဒြပ်စင်ငါးပါး ဓားသိုင်းကို သင်ယူနိုင်မယ်... ဂိုဏ်းအတွက် အလုပ်လုပ်နေသမျှ ကာလပတ်လုံး သန့်ရှင်းတဲ့မြေထက် မဆိုးစေရဘူး... ဂိုဏ်းအားလုံးရဲ့ အရင်းအနှီးက မင်းတို့အတွက်ပဲ"
"ဂိုဏ်းချုပ်က ပညာရှိပါပေတယ်!"
လူပေါင်း 100,000 နီးပါး စုဝေးပြီး အော်ဟစ်သံများ တောင်ထွတ်တစ်ခုလုံး လွှမ်းခြုံသွားသည်။ တိခွင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ လုရွှမ် ထွက်သွားဖို့ ပြင်လိုက်သော်လည်း အောင့်ယန်ဆီက အသံကြားတာကြောင့် ချန်ရှီးနဲ့အတူ ကျန်ရစ်ခဲ့သည်။
လူတိုင်းလူစုခွဲပြီးနောက်တွင် တောင်ထွတ်သခင် ငါးဦးက ချန်ရှီးနဲ့ လုရွှမ်ကို ကိုယ်ခံပညာခန်းမထဲသို့ ခေါ်သွားကြလေသည်။
"လုရွှမ်... မင်းရဲ့ဓားသိုင်းကို မင်းဘာသာ ဖန်တီးခဲ့တာလား"
တျယ်ဝူရွှမ်း မေးလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အားလုံးကလည်း ထိုအကြောင်းကို အရမ်းစိုးရိမ်နေတာ တွေ့ရသည်။
သူတို့၏အမြင်အရ ဤဓားသိုင်းသည် သဘာဝအားဖြင့် ချို့ယွင်းချက် များစွာရှိသည်။ ဒါပေမဲ့ ထူးထူးခြားခြား အချက်တွေ အများကြီးကိုလည်း တွေ့ခဲ့ရ၏။ အထူးသဖြင့် ဓားတစ်ချောင်းစီ၏ စွမ်းအားသည် တစ်ချောင်းထက် တစ်ချောင်း ပိုအားကောင်းလာသည်။ အထူးသဖြင့် ဆဋ္ဌမဓား၏ စွမ်းအားက ယခင်ဓားငါးချောင်းလုံးရဲ့ စွမ်းအား အားလုံးနီးပါးကို ဆဋ္ဌမဓားထဲ ပေါင်းထည့်ထားသည့် အတိုင်းပင်။
ဤသည်မှာ ဉာဏ်ကြီးရှင်များသာ ပြီးမြောက်နိုင်သည့် ပါရမီရှင် ဓားသိုင်းတစ်ခု ဖြစ်သည်။
ချန်ရှီးသည် နောက်ဆုံးဓား၏ စွမ်းအားကို သိသွားသော်လည်း ဒြပ်စင်ငါးပါး ဓားသိုင်းအပေါ် နားလည်မှုအသစ် မရရှိခဲ့ဘဲ ရန်သူနှင့် ရင်ဆိုင်ရသောအခါတွင် သူ့စိတ်အား ထက်သန်မှုကိုသာ အသုံးပြုခဲ့ရသည်။
ပြီးတော့ အဲဒီဓားသိုင်းကို လုရွှမ်က သူကိုယ်တိုင် ဖန်တီးခဲ့တာပါလို့ ပြောခဲ့၏။ ရုတ်တရက် ချန်ရှီးသည် သူ့နှလုံးသားထဲတွင် စွမ်းအားမဲ့သွားသော ခံစားချက်ကို ခံစားလိုက်ရသည်။
"ရှီးအာ... သူ့ရဲ့ဓားပညာက သေချာပေါက် ကြီးမြတ်တယ် ဒါပေမဲ့ ပြင်းထန်တဲ့ တိုက်ပွဲမှာ သူ့ဓားကို အဆက်မပြတ်သုံးဖို့ ရန်သူဘက်က ဘယ်တော့မှ အချိန်ပေးမှာ မဟုတ်ဘူး ဆိုတာကိုလည်း မင်း တွေ့နိုင်တယ်"
အောင့်ယန်မှာ သူ့သားလေး နည်းနည်း စိတ်ပျက်နေတာကို မြင်လိုက်ရတော့ သူ မနှစ်သိမ့်ပေးဘဲ မနေနိုင်ခဲ့ချေ။
"ဖေဖေ ကျွန်တော် အရှုံးမပေးသေးဘူးဆိုတာ သိတယ်မလား... ကျွန်တော် ပိုကြိုးစားပါ့မယ်"
"အင်း ဒါကမှ ငါ့သား..."
တိခွင်းက သူတို့ကြားက အခြေအနေကို ကြည့်ကာ ခေါင်းညိတ်ပြီး ပြော၏။
"လုရွှမ် မင်းအခု နတ်မီးနယ်ပယ်ထဲ ရောက်နေပြီ... နယ်ပယ်က နည်းနည်း နောက်ကျနေပေမယ့် မင်းရဲ့ ယွမ်စွမ်းအင်က မျှော်စင်နယ်ပယ် ဒုတိယအဆင့် နဲ့ တတိယအဆင့်ကို ယှဉ်လို့ ရပါတယ်... ဒြပ်စင်ငါးပါး လျှို့ဝှက်နယ်မြေကို သွားပါ အဲဒီမှာ ဒြပ်စင်ငါးပါး ဓားသိုင်းကို မင်းနားလည် သဘောပေါက်ဖို့ တစ်လလောက် ကြာလိမ့်မယ်... ပြီးရင် နတ်နဂါး မိသားစုဆီ ထွက်ခွာမယ်"
လုရွှမ်က အံ့သြပြီး ဝမ်းသာသွားပေမယ့် အနည်းငယ်လည်း စိတ်ရှုပ်သွားသည်။
"ဂိုဏ်းချုပ် ကျွန်တော့်ညီမကို အိမ်ပြန် လိုက်ပို့ပေးမယ်လို့ ကတိပေးခဲ့တယ်"
"အရေးကြီးလို့လား? မင်း နတ်နဂါး မိသားစုကို ရောက်သွားတဲ့အခါ မင်းပြိုင်ဘက် ဘယ်နှစ်ယောက်ကို ရင်ဆိုင်ရမယ်ဆိုတာ မသိဘူးလား... မင်းရဲ့ ယွမ်ယန် ဓားတွေက အရမ်းကောင်းပေမယ့် အောင်မြင်ဖို့က ဝေးကွာတယ်... စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားက သာမန် မျှော်စင်နယ်ပယ်နဲ့ တွေ့တဲ့အခါ ပြဿနာမဟုတ်ပေမယ့် အဆင့်၅ အထက်တွေနဲ့ မယှဉ်နိုင်တော့ဘူး"
တုံးဖန်းမု: "ဟုတ်တယ်... ဒီနတ်နဂါး မိသားစုရဲ့ ဖိတ်ကြားမှုက လူတိုင်း စည်းလုံးညီညွတ်စွာ နေထိုင်နိုင်တဲ့ ငြိမ်းချမ်းတဲ့ အစည်းအဝေး ဖြစ်လိမ့်မယ်လို့ မထင်လိုက်နဲ့... အနှစ်တစ်ရာအတွင်းမှာ အာကာသသတ္တဝါတွေ ကျူးကျော်လာမယ်ဆိုတာ မင်းလည်း သိပါတယ် ပြီးတော့ တခြားနတ်ဆိုးတွေအကြောင်း ငါတို့ ဘာမှမသိရသေးဘူး... တိုက်ကြီးတွေဘက်မှာ လှုပ်ရှားနေတယ်... အနာဂတ်မှာ မုန်တိုင်းတွေက လာနေပြီ”
ချီးဖုန့်ကျူ: "အဲဒီလိုအခြေအနေမျိုးမှာ မင်းရဲ့ခွန်အားကို မြှင့်တင်ချင်ရင် မင်းဘာသာပဲ ပြိုင်ဆိုင်နိုင်လိမ့်မယ်... မင်းအပါအဝင် မွေးမြူရမယ့် အဓိကလူတန်းစားတွေ ပေါ်လာလိမ့်မယ်.... မင်းအရင်က ထုတ်သုံးခဲ့တဲ့ တိုက်ခိုက်ရေး စွမ်းအားကို အဓမ္မအတင်းအကျပ် တွန်းအားပေး ထုတ်သုံးရင် ဘယ်သူမှ အံ့သြနေမှာ မဟုတ်တော့ဘူး”
တျယ်ဝူရွှမ်း: "နတ်ခန္ဓာကိုယ်က မကြီးထွားဘူး ဆိုရင်တော့ အသုံးမကျဘူးလို့ ယူဆတယ်"
လုရွှမ်လည်း အထွတ်အထိပ် သခင်ငါးဦး၌ ရည်ရွယ်ချက်ကောင်းများ ရှိကြောင်း နားလည်ပါ၏။ သူ ဒြပ်စင်ငါးပါးဓားသိုင်းကို နားလည်ချင်သော်လည်း တခြားသူများအတွက် တစ်ခုခုကို သဘောတူပြီးသား ဖြစ်၍ နောင်တရလာရသည်။
"ကောင်လေး မင်းက လူမိုက်ပဲ.... ဓားသိုင်းလေးကို နားလည်ရုံပဲ မဟုတ်လား? မင်းရဲ့ကျီးဖိုးဖိုးက မင်းအတွက် နားလည်ပေးနိုင်တယ်... သုံးရက်လောက်ပဲ လိုတယ်"
ရုတ်တရက် ခေါင်းထဲမှာ ရွှေကျီးကန်းရဲ့ အသံက ထွက်ပေါ်လာ၏။
လုရွှမ်က "ခင်ဗျားကျွန်တော့်ကို ထွက်မသွားဖို့ စည်းရုံးမယ်လို့ ထင်နေတာလား"
"ဟမ့် တခြားသူအတွက် တစ်ခုခုကို သဘောတူရင် အလုပ်ကြိုးစား လုပ်ရမယ်... ဒါက လူတစ်ယောက်ရဲ့ သမာဓိပါ... သမာဓိမရှိတဲ့လူတွေကို ငါမယုံဘူး"
"သုံးရက် သေချာရဲ့လား"
"စိတ်မပူပါနဲ့ ငါတို့နှစ်ယောက် အများဆုံးတော့ အတူတူ အလုပ်လုပ်ခဲ့ကြတာပဲမလား.... နောက်ပြီး မြေကမ္ဘာကို ရောက်လာတော့ ဟေး အာကာသကျောက်စိမ်းပြားကလည်း အများကြီး တိုးတက်လာတယ်ဟ... အဲဒါက ငါ နည်းနည်းပါးပါး ဓားကိုင်ဖို့ ခက်ပါ့မလား?"
လုရွှမ်မှာ ဒီကျီးကန်းက ထပ်ပြီး ကြွားလုံးထုတ်နေတာကို အလိုလို ခံစားမိပေမယ့် သူ့ကို စမ်းကြည့်ဖို့ မတားမြစ်ခဲ့ပါဘူး။
လုရွှမ်က ချောင်းဆိုးပြီး အားလုံးဘက် လှည့်မေးလိုက်သည်။
"အမ်... တောင်ထွတ်သခင်တို့ တစ်လလောက်ဆို လုံလောက်ပြီလို့ ထင်လား"