ဒြပ်စင်ငါးခု လျှို့ဝှက်နယ်မြေ
Vol. 118 Ch. 4.1284
တျယ်ဝူရွှမ်း: "ဟုတ်တယ်.... မလုံလောက်ဘူး ဒြပ်စင်ငါးပါး ဓားသိုင်းကို လေ့လာလိုက်တိုင်း ငါတို့မှာ မတူညီတဲ့ ခံစားချက်တစ်ခု ရှိလာနိုင်တယ်...အဲဒါကိုလည်း တစ်သက်လုံး နားလည်နိုင်မှာ မဟုတ်ဘူး"
လုရွှမ် အနည်းငယ် ရှက်သွားကာ တိုးတိုးလေး ပြောလိုက်သည်။
"တစ်လမှာတောင် ဘာထူးခြားမှုမှ မရှိဘူး ဆိုရင် သုံးရက်လောက်ဆို ကျွန်တော် နားလည်နိုင်ပါ့မလား"
"လူယုတ်မာလေး... မင်းကိုယ်မင်း ဉာဏ်ကြီးရှင်တစ်ယောက်လို့ တကယ်ထင်နေတာလား"
တုံးဖန်းမုက ခုန်ထွက်လာပြီး လုရွှမ်ရဲ့ ခေါင်းကို ရိုက်ပုတ်လိုက်လေသည်။
"မင်း ကိုယ့်ကိုယ်ကို ချုပ်တည်းပြီး စွဲလမ်းသွားတာမျိုး မဖြစ်အောင် တစ်လ အချိန်ပေးတာကွ... နားလည်မှုဆိုတာ ထိန်းချုပ်လို့ မရဘူး လေ့လာ၊ လေ့ကျင့်ပြီး ကိုယ့်ဥာဏ်နဲ့ကိုယ် နားလည်ရမှာ.. ဒါ ငါတို့ရဲ့ ရည်ရွယ်ချက် အမှန်ပဲ ဒါကို မင်းက တကယ်ကြီး တစ်လက ရှည်လွန်းလို့ သုံးရက်ပဲ ယူချင်နေတာလား”
လုရွှမ်က နေရာအနှံ့ ပြေးလွှားနေပြီး တုံးဖန်းမုက သူ့နောက်ကို လိုက်ရိုက်နေသည်။ တောင်ထွတ်သခင် လေးယောက်မှာ သူတို့ကိုကြည့်ရင်း ရယ်မောနေကြ၏။
"ဟေး...အဲဒါ ကောင်းကင်ကို လှည့်ဖြားတဲ့ ချီထျန်းပု ခြေလှမ်းတွေမလား...."
လုရွှမ်ဟာ တုံးဖန်းမု လိုက်ရိုက်နေတာကို အချိန်တိုအတွင်း ရှောင်နိုင်ခဲ့ပြီး လူတော်တော်များများကို ရယ်မောစေခဲ့သော်လည်း လုရွှမ်ရဲ့ ခြေလှမ်းကိုလည်း သတိထားမိခဲ့ပါသည်။ လူတိုင်းက ဒါဟာ နတ်နဂါး မိသားစုရဲ့ ပေါ့ပါးတဲ့ ကိုယ်ထည်ခြေရာ လက်ရာဖြစ်တဲ့ ချီထျန်းပု ဖြစ်နေတာကို ချက်ချင်းသိသွားခဲ့ပြီး ဒီကလေးက တကယ်ကို သင်ယူခဲ့တာကို တွေ့ရ၏။
တုံးဖန်းမုကလည်း ရပ်လိုက်ပြီး။
"ကောင်လေး မင်း နတ်နဂါး မိသားစုက ချီထျန်းပုကို သင်ယူခဲ့တာလား?"
"အွန်း...အဲဒီနဂါးနံရံကနေ သင်ယူခဲ့တာ!"
ဘယ်လောက် ကံကောင်းလိုက်တဲ့ ကောင်လဲဟ။
"ကောင်လေး... နတ်နဂါး မိသားစုက တခြားဘာမှ မယူခဲ့ဘူးလား?"
လုရွှမ် ဓားကိုးချောင်းကို ထုတ်ယူလိုက်သည်။ ၎င်းလက်နက်တို့အပေါ်၌ ကောင်းကင်နဲ့ မြေကြီးရဲ့ အရောင်ဖျော့ဖျော့ ရှိနေ၏။ လူငါးဦးသည် ရင်တထိတ်ထိတ်ဖြင့် မထိန်းနိုင်ကြတော့ချေ။ ဤအရာများသည် ကောင်းကင်လက်နက်များနှင့် မြေကြီးရတနာများ၏ ဓားသန္ဓေသားများ ဖြစ်သည်လေ။
"စကားမစပ်... စကားလုံးမဲ့ ကောင်းကင်စာအုပ်တစ်အုပ်လည်း ရှိသေးတယ်"
လုရွှမ်က ဆိုရင်း စကားလုံးမဲ့ ကောင်းကင်စာအုပ်ကို ထုတ်ယူလိုက်သည်။ သူအစက စကားလုံးမဲ့ ကောင်းကင်ဘုံစာအုပ်ကို သိမ်းထားချင်တာ သေချာသော်လည်း ဤအရာသည် အလွန်တန်ဖိုးရှိပြီး နတ်နဂါး မိသားစုသည် ၎င်းကို အဆုံးရှုံးခံရန် ဘယ်သောအခါမှ ခွင့်ပြုမှာ မဟုတ်မှန်း သူသိသည်။
နတ်နဂါး မိသားစုက ဤအရာများကို ပြန်လည်ရယူလိုလျှင် ဤအရာများကို ဂိုဏ်းချုပ်ထံသို့ ပေးအပ်ပြီး ဂိုဏ်းအား အကျိုးခံစားခွင့်များတောင်းပါက ၎င်းတို့သည် သဘာဝအားဖြင့် အကျိုးကျေးဇူးများထက် များစွာပို၍ ပေးဆောင်ကြလိမ့်မည်။
ထို့အပြင် ဂိုဏ်းသည် သူ့အတွက် ခြွင်းချက်တစ်ခု ပြုလုပ်ပြီး ဒြပ်စင်ငါးပါး လျှို့ဝှက်မြေကို ဝင်ခွင့်ပြုလိုက်၏။ ဒါက သူ့အပေါ် ကြင်နာမှုပြခြင်းအတွက် အကောင်းဆုံး ဖြစ်ကြောင်း တုံ့ပြန်ခဲ့တာပဲ ဖြစ်ပေသည်။ တစ်ခုခု မှားသွားရင် ဒီလူတွေက သူ့ကို ထောက်ခံမှာ မဟုတ်တော့ချေ။
ပြီးတော့ အရေးကြီးဆုံးကတော့ ဒါက ဒြပ်စင်ငါးပါးဂိုဏ်းရဲ့ သင်္ဘောပေါ်မှာ သူ့ကိုယ်သူ ချည်နှောင်ခြင်းပါပဲ။ အဆင့်နိမ့်ကမ္ဘာမှာ ရှိစဉ်တုန်းက အောက်တန်းကနေ ဘယ်သူ့ကိုမှ တက်ခွင့်မပေးဘူး ဆိုရင် ကြီးကြီးမားမား ဘေးဒုက္ခ ရောက်မှာ မဟုတ်ဘူး ဆိုတဲ့ စကားမျိုး သူကြားဖူးခဲ့သည်။
ထိုလူများ၏ စွမ်းအားသည် နားမလည်နိုင်လောက်အောင် အစွမ်းထက်တာကြောင့် လုရွှမ်အတွက်က ဂိုဏ်းကို ကျောခိုင်းထားထက် ကျောထောက်နောက်ခံ လုပ်တာက ပို၍ လွယ်ကူလိမ့်မည်။
ဂိုဏ်းချုပ်တိခွင်းက စကားလုံးမဲ့ ကောင်းကင် စာအုပ်ကို တိုက်ရိုက်စုပ်ယူခဲ့ပြီး ၎င်းကို ခေတ္တလှန်ကြည့်ပြီးနောက် ၎င်းသည် အစစ်ဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။
"ကောင်လေး.. မင်းက တကယ် ရဲရင့်လွန်းတယ်"
"မဟုတ်ပါဘူး... တပည့်ကလည်း အရမ်းကြောက်လို့ ဒီစာအုပ်ကို နာခံပြီး လွှဲပေးလိုက်တာပဲ မဟုတ်ဘူးလား"
"ဟမ့် မင်းမပေးလိုက်ရင် မင်းကိုလည်း ငါတို့ မကာကွယ်နိုင်လောက်တော့ဘူး"
တိခွင်းက ဒေါသထွက်နေပုံ ပေါ်သော်လည်း ကျေနပ်သော မျက်နှာဖြင့် အော်လိုက်သည်။
"ဒီအရာနဲ့ဆို ငါတို့ နတ်နဂါးမိသားစုရဲ့ ခြင်္သေ့ပါးစပ်ကို ဖွင့်နိုင်တော့မှာပါ"
တခြားလူတွေလည်း ရယ်မောလိုက်ကြသည်။
"ကောင်းပြီ.. သုံးရက်ဆိုတော့လည်း သုံးရက်ပေါ့... ဒါဆို နတ်နဂါးမိသားစုကို မင်းကိုယ်တိုင်သွားမလား ဒါမှမဟုတ် မင်း ငါတို့နဲ့ပူးပေါင်းမှာလား"
"မလိုပါဘူး တစ်ယောက်တည်း သွားလို့ရတယ်"
"ကောင်းပြီ လမ်းတစ်လျှောက် သတိထားပါ... ချန်ရှီး မင်းက လုရွှမ်ကို လျှို့ဝှက်နေရာကို ပို့ဆောင်ပေးတယ် ဒီနေ့ မင်းရဲ့ စွမ်းဆောင်မှုက အရမ်းကောင်းတယ်.. ဆက်ပြီး လေ့လာထား... အနာဂတ်မှာ မင်းရဲ့အောင်မြင်မှုတွေက မင်းအဖေထက်တောင် သာလွန်သွားလိမ့်မယ်"
"အဟုတ်ပဲ!" အောင့်ယန်ကလည်း အော်လိုက်သည်။
လူအနည်းငယ်က စိတ်ကောင်းရှိပြီး တကယ်ကို နောက်ပြောင်နေတယ်ဆိုတာ ထင်ရှားပါ၏။
ချန်ရှီးက အသံတိုးတိုးဖြင့် "ငါနဲ့လိုက်ခဲ့..."
လုရွှမ်လည်း တောင်ထွတ်သခင် ငါးဦးကို နှုတ်ဆက်ပြီး ချန်ရှီးနဲ့ အတူ ဒြပ်စင်ငါးပါး လျှို့ဝှက်နယ်မြေဆီ လိုက်သွားခဲ့သည်။
"ငါ မင်းကို အရှုံးမပေးဘူး"
ချန်ရှီးက လမ်းတစ်ဝက်ရောက်တော့ လှည့်အော်လိုက်သည်။
လုရွှမ်: "ငါသိပါတယ်"
ချန်ရှီး လန့်သွားပြီး ခနဲ့ပြုံးဖြင့် တုံ့ပြန်လိုက်သည်။ ယခုအချိန်တွင် သူသည် လုရွှမ်ကို တန်းတူပြိုင်ဘက်အဖြစ် မှတ်ယူထားမိမှန်းပင် သူ့ကိုယ်သူ မသိခဲ့ပေ။ တစ်ဖက်လူကို နှိမ့်ချရန် အနည်းငယ်မျှ ရည်ရွယ်ချက် မရှိတော့ပေ။
နှစ်ယောက်သား လျှို့ဝှက်နေရာသို့ ရောက်လာ၏။ ချန်ရှီးက သူ၏ အထောက်အထားကို ပြသပြီး နှစ်ယောက်သား ပါးလွှာသော လေထုအား ဖောက်ထွင်းဝင်ရောက်ကာ လျှို့ဝှက်နေရာထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
အထဲမှာ ဓားငါးချောင်း ရှိသည်။ ၎င်းသည် မြေပြင်ထဲသို့ တစ်ဝက်ထောက်အထိ ထိုးဖောက်ဝင်ရောက်ထားကာ အရှေ့၊ အနောက်၊ တောင်၊ မြောက်နှင့် အလယ်ဗဟိုတို့ကို ပြသထားသည်။
အလယ်မှာ ကျောက်ဓားတစ်ချောင်း၊ မြောက်ဘက်တွင် အပြာရောင်သလင်းပြင် ဓားတစ်လက်ဖြစ်ပြီး အရှေ့ဘက်တွင် သစ်သားဓားတစ်လက် ရှိသည်။ ကြွယ်ဝသော အသက်စွမ်းအင်နှင့် ကျက်သရေရှိမှုတို့က ဤဓားသည် သစ်သား တည်ဆောက်မှု၏ အူတိုင်ဖြစ်ကြောင်း သေချာစေသည်။
တောင်ဘက်တွင် တောက်လောင်နေသော မီးတောက်ကဲ့သို့ နတ်ဓားတစ်လက်က ခန့်ညားစွာ တည်ရှိနေ၏။ အပူဒဏ်ကို သိပ်မခံစားနိုင်သော်လည်း လုရွှမ် သူ့ဝိညာဉ်မီးလုံးကြီး ထလုနီးနေပြီဟု ခံစားလိုက်ရပါသည်။
အနောက်ဘက်မှာတော့ သဘာဝအတိုင်း သတ္တုနဲ့ပြုလုပ်ထားတဲ့ ဓားတစ်လက်ရှိပေမယ့် လုရွှမ်မှာ ဘယ်လိုသတ္တု အမျိုးအစားလဲဆိုတာ မပြောနိုင်ပါဘူး။
"ဓားသိုင်းငါးခုက အဆုံးမှာ ချိတ်သွားလိမ့်မယ်.. ပြီးမှ ငါမင်းကို သတိမပေးဘူးလို့ မပြောနဲ့... ဟမ့် သူ့ဆီကနေ တုံ့ပြန်ခံရရင်တော့ မင်းထိုက်နဲ့ မင်းကံပဲ!"
ချန်ရှီးက ဟစ်အော်ပြောဆိုရင်း တစ်နေရာကို ရွေးကာ တင်ပျဉ်ခွေထိုင်ရင်း သူ့ဘာသာသူ စလေ့လာတော့သည်။ နေရာက အတော်လေး ကျယ်တာကြောင့် လူတွေအများကြီး ဝင်နိုင်သည်။ လှိုဏ်ဂူအနီး တစ်ဝိုက်ကနေ အပြင်ဘက်တွင် ပြန့်ကျဲနေသော ဂူဝင်ပေါက်များစွာ ရှိနေတာကိုလည်း မြင်တွေ့ခဲ့ရ၏။
"လူတိုင်း ဒီကို လာဖို့ဆိုတာ မဖြစ်နိုင်ဘူး... ဒါက တကယ့် ပင်တိုင်ပဲ အပြင်မှာ ရှိတဲ့ နေရာတွေက တပည့်တွေ ဉာဏ်အလင်း ရတဲ့နေရာတွေ"
လုရွှမ် ကျေးဇူးတင်စကား ပြောချင်သော်လည်း ချန်ရှီးက သူ့နှုတ်ခမ်းများကို အထင်အမြင်သေးသည့် အရိပ်အမြွက်ဖြင့် ကွေး၍ မျက်လုံးမှိတ်ထားသည်ကို တွေ့လိုက်ရသည်။
တကယ်တော့ ဤလူသည် အလွန်စိတ်ကြီးဝင်နေသော်လည်း သူ့တွင် ဘဝင်မြင့်ရန် အရင်းအနှီးရှိနေသေး၏။ နောက်တစ်ချက်ကတော့ သူက အရမ်း မာနကြီးပေမယ့် အရည်အချင်းလည်း ရှိပေသည်။
တောင်တံခါးထဲသို့ ဝင်ပြီးနောက် ချန်ရှီးက ပြဿနာဖြစ်စေရန် အစပြုခြင်း မရှိခဲ့သလို ရှဲ့ဖေးဖေးကိုလည်း မနှောင့်ယှက်ခဲ့။ တပည့်များကြားတွင် ကောလဟာလအရ ဆိုလျှင် ဤလူဟာ အလွန်မောက်မာသူ၊ လွှမ်းမိုးချုပ်ကိုင်ပြီး တဏာတပ်မက်သော သူတစ်ယောက် ဖြစ်သည်။
ဒီကောင်ရဲ့ အသွင်အပြင်က တကယ် ဖြစ်နိုင်လား ဒါမှမဟုတ် ကောလဟာလပဲလား ဘယ်သူသိမှာလဲ။ သူတို့နှစ်ယောက်လုံးက သူငယ်ချင်းမဟုတ်တော့ လုရွှမ်လည်း ဒီလူအကြောင်းကို သိရဖို့ စိတ်မဝင်စားချေ။
သူလည်း တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ဂူတစ်ခုလုံးတွင် ထိုင်စရာ လေးခုပါရှိပြီး တစ်ခုစီသည် ဒြပ်စင်ငါးပါးဓား၏ ထောင့်လေးထောင့်၌ ထားရှိသည်။ လုရွှမ် ချန်ရှီးနှင့် ဆန့်ကျင်ဘက်ကို ရွေးချယ်ခဲ့လေရာ တစ်ဖက်လူက မေးမြန်းလာ၏။
"မင်းကို ငါခိုးဝင်တိုက်ခိုက်မယ်လို့ မင်းထင်နေတာလား?"
လုရွှမ် ပြုံးပြီး ပြန်ပြောသည်။
"မင်းလည်း ရိုက်နှက်ခံရဖို့ ထိုက်တန်ပါတယ်... ငါ မင်းကို ခိုးရိုက်ဖို့ မထိန်းနိုင်တော့မှာ ကြောက်လို့"
ထိုင်ချလိုက်ပြီးနောက် ထိုင်စရာ လုပ်ပေးထားသော နေရာ အနှစ်တစ်သောင်း သက်တမ်းရှိတဲ့ ဗောဓိသစ်သားနဲ့ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် ဉာဏ်အလင်းရဖို့အတွက် များစွာ အထောက်အကူ ဖြစ်တယ်ဆိုတာ သိလိုက်ရလေ၏။
ချက်ချင်းဆိုသလိုပဲ သူ့စိတ်တွေ လုံးဝ ငြိမ်သက်သွားသည်။ သူ့ရှေ့မှ ဓားငါးချောင်းသည် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးတို့၏ စွမ်းအင်ငါးခု အဖြစ်သို့ ပြောင်းလဲသွားကာ သူ့အမြင်အာရုံထဲ လွင့်မျောလာသည်။