ရှဲ့မိသားစု ဘေးအန္တရာယ်
Vol. 118 Ch. 4.1285
အံ့သြစရာ ကောင်းလိုက်တာ။
လုရွှမ် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သူ့စိတ်တွေ လှုပ်ရှားသွားကာ ဓားဝိညာဉ်တစ်ခုဆီသို့ လွင့်မျောသွားသည်။ စိတ်ဝိညာဥ်င ၎င်းကို ရစ်ပတ်ထားတဲ့အခါ ရေငွေ့က ညင်သာစွာ ရွေ့လျားလာသည်။
သူ့ဝိညာဉ်က တုန်ယင်နေသဖြင့် လုရွှမ်သည် သူ့ခန္ဓာကိုယ်က ရေထုထဲသို့ ပေါင်းထည့်သွားသလို ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်မှာ စီးဆင်းနေတဲ့ ရေတွေကလည်း ပတ်ဝန်းကျင်မှာ တဝဲလည်လည်နဲ့ ရွေ့လျားရင်း ဓားသွားရွေ့လျားမှုတွေက စီးဆင်းနေတဲ့ ရေလိုမျိုး လုရွှမ်ရဲ့ စိတ်ထဲကို ဝင်လာခဲ့၏။
အလွန်ရိုးရှင်းပါသည်။
လုရွှမ်သည် အခြေခံအကျဆုံး လှုပ်ရှားမှုများ၊ ဓားထိုးခြင်း၊ နှောင့်ယှက်ခြင်း၊ ဖြတ်ခြင်း၊ ခွဲခြင်း၊ ခုတ်ထစ်ခြင်း အစရှိသည့် ဓားသိုင်းတို့ကိုတော့ အလွန်ရိုးရှင်းသည်ဟု ခံစားမိသည်။
သူ ဤဓားသွားလှုပ်ရှားမှုကို လုံးဝ အလေးမထားခဲ့ပေ။ သူ့တွင် သဘာဝအလျောက် မှတ်သားနိုင်သော် မှော်ဉာဏ်ပညာ ရှိပေသည်။ ဆက်လက်၍ ဓားသိုင်းပညာကို လေ့လာခဲ့ရာ သူ့စိတ်ထဲတွင် စွဲမြဲစွာ တည်ရှိနေတဲ့ မှတ်ဉာဏ်ကြောင့် ပို၍ ရွှင်လန်းလာသည်။
မသိစိတ်က လေ့လာနေတုန်း တစ်နေ့ကုန်သွားသည်။ နောက်တစ်ကြိမ် မျက်လုံးပွင့်လာတော့ သုံးရက်ကြာသွားလေပြီ။ ချန်ရှီးလည်း မျက်လုံးဖွင့်ကာ လုရွှမ် ထွက်သွားတာကို ကြည့်ရင်း ရယ်မောကာ ကြည့်လိုက်သည်။
လုရွှမ်: "ကျီးဖိုးဖိုး... ဘာသဘောပေါက်သွားလဲ"
ရွှေကျီးကန်းက စကားတစ်ခွန်းမှ မပြောလာပေ။ ရုတ်တရက် ပျောက်သွားသလိုပင်။ လုရွှမ်လည်း ဒီကျီးယုတ်မာက ထပ်ပြီး လိမ်ညာပြောနေမှန်း သိလိုက်သည်။
"ကောင်းပြီ ကျွန်တော်လည်း ဘာကိုမှ သဘောမပေါက်သေးဘူး...ခက်လည်းခက်တယ်လေ... ကျွန်တော်တို့ရဲ့ အချိန်က အရမ်းတိုတယ်"
ထိုအခါမှ ရွှေကျီးကန်းရဲ့ အသံက ထွက်လာ၏။
"ဟုတ်တယ် ငါလည်းအဲ့လိုထင်တယ်"
လုရွှမ်: "အရှက်ကို မရှိဘူး"
ရွှေကျီးကန်းက ဒေါသတကြီး အော်ဟစ်ကျိန်ဆဲကာ အာကာသကျောက်စိမ်းပြားထဲ ပြန်ဝင်သွားပြီး စကားမပြောတော့ချေ။
မီးထွက်တောင်ထွတ်မှာတော့ ရှဲ့ဖေးဖေး၊ ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့က သူ့ကို စောင့်နေပြီဖြစ်သည်။ သူပေါ်လာတာကို မြင်တော့ သူတို့မျက်နှာတွေက အံ့ဩမှုတွေအပြည့်နဲ့ ရွှင်လန်းလာ၏။ လုရွှမ်က သူတို့သဘောတူခဲ့တာ သိပေမယ့် နောက်ဆုံးမှာတော့ ဒြပ်စင်ငါးပါး ဓားသိုင်းကို နားလည်ဖို့ လျှို့ဝှက်နေရာထဲကို ဝင်သွားခဲ့သည်လေ။
လုရွှမ် သူတို့နဲ့ပေးထားတဲ့ ကတိတွေကြောင့် ဘယ်အခွင့်အရေးကို စွန့်လွှတ်မှာလဲ မသိခဲ့။
သူတို့ကိုယ်သူတို့ ဘာတွေတွေးနေမှန်း မသိဘဲ အမြတ်အစွန်းအတွက် စိတ်ပူရင်း လုရွှမ် ပေါ်လာမှာကို စောင့်နေခဲ့ကြသည်။ အထူးသဖြင့် လုရွှမ်က သူတို့အတွက် အခွင့်အရေး တစ်လ ရခဲ့တာကို စွန့်လွှတ်လိုက်သောအခါ ဤသုံးရက်သည် သူတို့အတွက်လည်း အခက်ခဲဆုံး သုံးရက် ဖြစ်ခဲ့သည်။
"ဟားဟား... ငါ မင်းတို့ကို အကြာကြီး စောင့်ခိုင်းမိပြီ ထင်တယ်... သွားကြရအောင် အားလုံးထုပ်ပိုးပြီး ခရီးထွက်ကြရအောင်"
သူတို့ သုံးယောက်စလုံးက အဆင်သင့်ဖြစ်ပြီးပြီ ဖြစ်ကြောင်း ဝမ်းသာအားရ ပြန်ပြောကြသည်။ လူလေးယောက် တောင်တံခါးမှ ထွက်ကာ သားရဲလေးကောင်ကို ခေါ်၍ တောင်တံခါးမှ ထွက်သွားခဲ့ကြသည်။
လုရွှမ်မှာ တိမ်ပြေးငှက်ကို စီးချင်သော်လည်း ၎င်းက ယခုဖခင် ဖြစ်လာတော့မည်ဟု သူ မမျှော်လင့်ထားပေ။ အရင်က မုယွီအာနဲ့ ဖေ့ယိုးယွီကို ပြန်ပြောပြပြီးနောက် တိမ်ပြေးငှက်က ဒီလိုနေရာမှာလည်း အစွမ်းထက်နေမယ်လို့ သူမသိခဲ့ပေ။ ဂိုဏ်းမှ သားရဲထိန်းသူတွေက တိမ်ပြေးငှက်ရဲ့ စွမ်းအားကို ရှာဖွေတွေ့ရှိခဲ့ရာ သူ့ကို မွေးမြူရန် ရွေးချယ်ခဲ့သည်။
၎င်းတို့လေးဦးသည် အရှိန်မဆိုးဘဲ ပိုမိုပြင်းထန်စွာ တိုက်ခိုက်နိုင်သည့် လင်းယုန် လေးကောင်ကို စီးနင်းလာခဲ့ကြသည်။ ကျောက်ထောင်းနဲ့ ယွမ်ရှင်းက တက်ကြွ ငယ်ရွယ်သော အရွယ်၌သာ ရှိသေး၏။
လူလေးယောက် ထွက်သွားပြီးနောက် အဘိုးကြီးတစ်ယောက် တိတ်တဆိတ် လိုက်လာသည်။ လုရွှမ်လည်း ၎င်းက ဂိုဏ်း၏ ကာကွယ်သူ ဖြစ်ရမည်ဟု ခန့်မှန်းကြည့်လိုက်သည်။ ခရီးသွားရင်းနဲ့ တစ်ယောက်ယောက်က သူ့ကို ရန်စဖို့ ကြံစည်လာလို့ သူသေသွားရင် ရယ်စရာ ဖြစ်သွားလိမ့်မည်။
သာမန်မိသားစုနှင့် နှိုင်းယှဉ်ပါက ဒြပ်စင်ငါးပါး မဟာဂိုဏ်းမှ မွေးမြူထားသော လင်းယုန်ငှက်၏ အမြန်နှုန်းက ပိုကောင်းလေသည်။ ရက်အတော်ကြာ ပျံသန်းပြီးနောက် အနီးနားရှိ ပို့ဆောင်ခြင်းအစီအရင် ရှိရာကို ရောက်ရှိလာခဲ့သည်။
ဤနေရာတွင် ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ ဌာနချုပ်မှာ လင်းယုန်ပျံကို လွှဲပြောင်းပေးခဲ့ပြီး ပို့ဆောင်ခြင်းအစီအရင်က ၎င်းတို့လေးဦးကို သယ်ဆောင်သွားခဲ့သည်။ ပို့ဆောင်ခြင်း အစီအရင် များစွာ ပြုလုပ်ပြီးနောက် ရှဲ့မိသားစုတည်ရှိရာ ရန်မြို့ကို ရောက်ရှိခဲ့၏။
လေးနှစ်ကြာပြီးတဲ့ နောက်မှာ ဂိုဏ်းက ဘယ်လောက် တန်ခိုးကြီးသလဲ ဆိုတာကို မြင်ရပြီးနောက် ဒီနေရာကို ပြန်ကြည့်ရတဲ့အခါ စိတ်ဓာတ်တောင် နည်းနည်း ကျချင်လာသည်။ ရှဲ့မိသားစုသည် ရန်မြို့ထဲတွင် မနေထိုင်ဘဲ အနီးနားရှိ ရှဲ့မိသားစုအိမ်ဝန်းတွင်သာ နေထိုင်ကြသည်ကို တွေ့ရပေသည်။
လမ်းတစ်လျှောက်တွင် လူအများအပြားက ရှဲ့ဖေးဖေးကို ညွှန်ပြပြီး သူမ၏ အထောက်အထားကို သိသာထင်ရှားစွာ ညွှန်ပြနေကြ၏။
"ညီမ မကြာခဏ သွားစားဖူးတဲ့ စားသောက်ဆိုင် ရှိတယ်... အဲဒီမှာရောင်းတဲ့ အသားကင်က အရသာရှိတယ်"
ရှဲ့ဖေးဖေး၏ မျက်နှာသည် ကြည်နူးမှုနှင့် လွမ်းဆွတ်မှုများ ပြည့်နှက်နေသော်လည်း ပတ်ဝန်းကျင် အမူအရာတွေကြောင့် သူမ တဖြည်းဖြည်း စိတ်ဓာတ်ကျသွားသည်။ လူတွေက သူမကို မြင်သောအခါ ပုန်းကွယ်သွားကြသလို သူမကို ညွှန်ပြပြီး ကောင်းမွန်သော စကားကို မပြောကြတော့ပေ။
ရှဲ့ဖေး စားသောက်ဆိုင်ထဲသို့ လျှောက်သွားကာ သူဌေးကို လှမ်းဆွဲလိုက်သည်။ သူဌေးသည် ကောင်းကင်ဘုံသခင် နယ်ပယ်တွင်သာ ရှိကာ ရှဲ့ဖေးဖေးကို မယှဉ်နိုင်သောကြောင့် ဖမ်းဆီးခံခဲ့ရလေသည်။
"ရှဲ့ဖေးဖေး လွှတ်လိုက်စမ်းပါ... ဟမ့် မင်းကိုယ်မင်း ရှဲ့မိသားစုရဲ့ သတ္တမမြောက် အလှမယ်လေးလို့ ထင်နေသေးတာလား မင်းရဲ့ ရှဲ့မိသားစုက ပျက်စီးတော့မှာ!"
ရှဲ့ဖေးဖေး အံ့အားသင့်သွားပြီး လွှတ်လိုက်မိစဥ် တစ်ဖက်လူက ချက်ချင်း ထွက်ပြေးသွားခဲ့သည်။ လုရွှမ် သူ၏ လက်ဖဝါးကို စုပ်လိုက်ပြီး ထိုသူဌေးအား အမိဖမ်းထားလိုက်သည်။
"ပြောပါဦး ဘာဖြစ်တာလဲ"
သူမ၏မိသားစု ပျက်စီးတော့မည်ကို ကြားလိုက်ရသောအခါ ရှဲ့ဖေးဖေး၏ မျက်လုံးများ ချက်ချင်းနီရဲသွားသည်။
"ဟေး ငါမင်းကိုလည်း မှတ်မိတယ်...မင်းက အဲဒီလူရိုင်းပဲ"
လုရွှမ် ထိုလူရဲ့မျက်နှာကို ပါးရိုက်ကာ နှင်ထုတ်လိုက်သည်။
"ဖေးဖေး.... စိတ်မပူပါနဲ့ ငါတို့ ပြန်သွားကြည့်ကြမယ်"
"အမ်!"
ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့က သူမကို အမြန် နှစ်သိမ့်ပေးကြပြီး လူလေးယောက် မြို့ပြင်သို့ အမြန်ထွက်သွားကြသည်။ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ အလင်းတန်းတစ်ခုက သူတို့သုံးယောက်ကို လမ်းကြောင်းမှန်အတိုင်း အမြန်ညွှန်ပြပြီး မကြာခင်မှာပဲ အဝေးက အိမ်ကြီးတစ်လုံးကို တွေ့လိုက်ရ၏။
ဤအခိုက်အတန့်တွင် ခြံအပြင်ဘက်တွင် ရှဲ့မိသားစု ခြံဝန်းကို ဝန်းရံထားသကဲ့သို့ အမှန်တကယ်ပင် လူအများအပြား ဝန်းရံထားကြတာကို တွေ့ရပေသည်။ စကားများ ရန်ဖြစ်သံများ၊ မိန်းကလေးများ၏ ငိုယိုသံများက ဆူညံ့နေခဲ့သည်။
"ဖေးဖေး... မင်းပါးကို ဖုံးထားလိုက် ဘာဖြစ်နေလဲ သွားကြည့်ရအောင်"
ရှဲ့မိသားစုအိမ်ဝန်းက ယခုအချိန်မှာ အဆင်ပြေနေသေးသည်ကို တွေ့လိုက်ရသဖြင့် ရှဲ့ဖေးဖေးလည်း သက်သာရာရသွားသလို သူမပါးပြင်ကို အုပ်ကာ ရှေ့ကို ငုံ့ကြည့်လိုက်သည်။
လူလေးယောက် နီးကပ်လာပြီ။
"ဟေး....ဒါက ရှောင်းရောင်ကောင်းကင်ဂူ... ငါတို့ ရှဲယွဲ့ဂူမှာ အလုပ်လုပ်နေတာ ကျေးဇူးပြုပြီး မဆိုင်ရင် ပြန်တော့!"
လူနှစ်ဦးက ပျံသန်းလာကာ လုရွှမ်နဲ့ တခြားသူတွေရဲ့ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ လုရွှမ်လည်း ရှောင်းရောင်ကောင်းကင်ဂူက သခင်လေးရှောင်းရောင်ရဲ့ ဂိုဏ်းဖြစ်ကြောင်း သိလိုက်၏။ ဤရှုထောင့်မှကြည့်လျှင် ရှဲယွဲ့ဂူဟာ ရှဲ့ဖေးဖေးတို့ ညီအစ်မတစ်ဦး၏ခင်ပွန်း နေထိုင်ရာ ဂူဖြစ်သင့်သည်။
"ဘာတွေဖြစ်တာလဲ"
လုရွှမ် အနီရောင်သလင်းကျောက် တစ်ရာကို ပြလိုက်သည်။ ၎င်းတို့နှစ်ဦး အတွက် အနီရောင် သလင်းကျောက် တစ်ရာက ကြီးကျယ်တဲ့ စည်းစိမ်ဥစ္စာ ဖြစ်နေပါပြီ။ လူနှစ်ယောက်က အပြုံးတစ်ခုနဲ့ အမြန်ယူလိုက်ကြပြီး တစ်ယောက်က ပြောလေ၏။
"ရှဲ့မိသားစုတစ်ခုလုံး ချမ်းသာလာရတဲ့ အကြောင်းအရင်းက တစ်ချိန်က လျှို့ဝှက်ရတနာတစ်ခုရခဲ့လို့ပဲ"
"လျှို့ဝှက်ရတနာ?"
လုရွှမ်သည် မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်ဖြင့် ခေါင်းကို အနည်းငယ်ခါယမ်းနေသော ရှဲ့ဖေးဖေးကို ကြည့်လိုက်သည်။ ထို့နောက် အနီရောင်သလင်းကျောက် ထောင်ပေါင်းများစွာကို တိုက်ရိုက် ထုတ်လိုက်ပြီး။
"ဒဏ္ဍာရီထဲက ဘယ်လို လျှို့ဝှက်ရတနာမျိုး ရှိနေတာလဲ?"
သူတို့နှစ်ဦး၏ မျက်လုံးများက ကြယ်ပွင့်တွေလို တောက်ပလာ၏။ ဆယ်နှစ်အတွင်းတောင် ရှာမရနိုင်တော့သည့် အနီရောင်သလင်းကျောက် တစ်ထောင်ကို အမြန်ယူလိုက်ကြသည်။ ချောင်းဆိုးပြီးနောက် နှစ်ယောက်စလုံးက တင်းတင်းမာမာ ကြည့်ရင်း ဖြေပါသည်။
"အဲဒါက မိစ္ဆာသားရဲရဲ့ ဦးချိုလို့ ပြောကြတယ်!"