အံသြသွားခြင်း
Vol. 118 Ch. 4.1286
မိစ္ဆာသားရဲရဲ့ဦးချို?
လုရွှမ် မထိန်းနိုင်ဘဲ အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ မိစ္ဆာသားရဲရဲ့ ဦးချိုက ဘာ့ကြောင့် အရမ်းတန်ဖိုးရှိနေတာလဲ။
"ဂူနှစ်ခု ရှိတယ်မလား... ဒါပေမဲ့ ရှဲ့မိသားစုရဲ့ အကြီးဆုံးသားမက်က မဟာဂိုဏ်းကြီးတစ်ခုရဲ့ တပည့်တစ်ယောက် ဆိုတာ ကြားဖူးသလိုပဲ"
"ဟားဟား... အဲဒါက သမိုင်းဟောင်းပဲလေ ရှဲ့မိသားစုရဲ့ အကြီးဆုံးသမီးနဲ့ သားမက်က တာဝန်တစ်ခု လုပ်ရင်း ဆုံးသွားကြပြီ အခု ရှဲ့မိသားစုက အိမ်ထောင် ပြုချင်ရင်တောင် သူတို့ကို ဘယ်သူက ဂရုစိုက်တော့မှာလဲ"
ဟုတ်လား?
"ဘာ!! အစ်မကြီး သေသွားပြီ"
ရှဲ့ဖေးဖေး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ပြီး မျက်နှာပေါ်က ပိတ်စပဝါကိုပါ ဆွဲချွတ်လိုက်သည်။
အစ်မကြီးသည် ကောင်းကင်ယံက ဧရာမသစ်ပင်ကြီး တစ်ပင်ကဲ့သို့ သူမနှလုံးသားထဲတွင် အမြဲရှိနေခဲ့သည်။ အကြီးဆုံးဖြစ်သူ ခဲအိုကလည်း မဟာဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သော်လည်း မာနမကြီးတတ်လို့ အလွန်လေးစားစရာ ကောင်းသည်။
ဒီအတိုင်း သေသွားမယ်လို့ မမျှော်လင့်ထားဘူးလေ။
တပည့်နှစ်ယောက်၏ အမူအရာများ ပြောင်းလဲသွားကာ သူတို့ထဲမှ တစ်ယောက်က ဟစ်အော်လိုက်၏။
"ရှဲ့ဖေးဖေး!"
ဟောက်သံကြားတော့ တခြား တပည့်များက ဝိုင်းရံလျက်။ တချို့လူတွေက "ရှဲ့ဖေးဖေး ပြန်လာပြီ ရှဲ့ဖေးဖေး ပြန်လာပြီ" ဟုပင် ခေါ်ဟစ်နေကြသေးသည်။
အရင်တပည့်နှစ်ယောက်က ဘယ်လိုနည်းနဲ့မဆို ပါဝင်ပတ်သက်ခဲ့မယ် ဆိုရင်တော့ အနီရောင်သလင်းကျောက်တွေက သူတို့နဲ့ ဘာမှမဆိုင်တော့ဘူးလို့ တွေးရင်း ပြန်လုသွားမှာ ကြောက်တာကြောင့် အမြန်ထွက်ပြေးသွားကြသည်။
တပည့်တစ်ယောက်က ပြေးလာပြီး အော်ရယ်လေ၏။
"သူက တကယ် ရှဲ့မိသားစုရဲ့ သခင်မလေး၇ပဲ... ဟားဟား ဒီလိုခွေးမတစ်ကောင်က တကယ်ကို ပြန်လာရဲတာလားဟ"
ရှဲ့ဖေးဖေး ထိုလူကို တိုက်ရိုက် ပါးရိုက်ပစ်လိုက်လေရာ ထိုလူ အဝေးကြီး ပျံလွင့်သွားခဲ့သည်။ ထိုလူက နတ်မီးနယ်ပယ် အဆင့်၆နှင့်တူသော်လည်း ယခု ရှဲ့ဖေးဖေးသည် မဟာဂိုဏ်းတွင် သုံးနှစ်ကြာ လေ့ကျင့်ခဲ့ပြီး လုရွှမ်ဆီကလည်း နောက်ထပ်တစ်နှစ်ကြာ လေ့ကျင့်ခဲ့တာကြောင့် သူမသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။
ပိုမိုကောင်းမွန်သော ကျင့်စဥ်များအဖြစ် ပြောင်းလဲကာ သူမ၏ အလေ့အကျင့်ကို လမ်းညွှန်ပေးမည့်သူ ရှိပြီးနောက် ခွန်အားက ခုန်တက်လာခဲ့သည်။ မဟာဂိုဏ်းက သူမ၏ အရည်အချင်းနှင့် ထိုက်တန်ကြောင်း လုံးလုံးလျားလျား ပြသခဲ့သည်။
အစောကလူဟာ အဆင့်မြင့်သော်လည်း သူသည် ရှဲ့ဖေးဖေးရဲ့ ပြိုင်ဘက် မဟုတ်တော့ပေ။
“မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့ ဟုတ်လား”
တစ်ဖက်လူက ဒေါသတကြီးနဲ့ ဟောက်သော်လည်း သူ့မျက်လုံးများထဲတွင် အံ့သြမှု အရိပ်အယောင်များ ရှိနေသည်။
သူသည် ရှဲ့ဖေးဖေး၏ လှုပ်ရှားမှုများကို ခံစားမိသော်လည်း လုံးဝ မတုံ့ပြန်နိုင်ခဲ့။ သူမအား မယုံကြည်နိုင်စွာ ကြည့်လိုက်တော့ သူမက နတ်မီးနယ်ပယ် ဒုတိယအဆင့်တွင်သာ ရှိနေခဲ့သေးသည်။
သူသည် ရှောင်းရောင်ကောင်းကင်ဂူရှိ ပါရမီရှင်တစ်ဦးဖြစ်ပြီး ရှဲ့မိသားစုနှင့် နှိုင်းယှဉ်ပါက သူကသာ ဉာဏ်ကြီးရှင် တပည့်ဖြစ်နေပြီ ဖြစ်သော်လည်း တုံ့ပြန်ရန် အချိန်မရှိလောက်အောင် ရှဲ့ဖေးဖေးဆီက ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
လုရွှမ်: "ထားလိုက်တော့ ဖေဖေး... အထဲဝင်ကြည့်ရအောင်"
ရှဲ့ဖေးဖေးရဲ့ အေးစက်စက် မျက်လုံးတွေကြောင့် ထိုလူလည်စ သူမကို မတားဝံ့တော့ပေ။
ရှဲ့မိသားစုရဲ့ အိမ်ကြီးထဲကို ဝင်လိုက်တော့ ရင်းနှီးတဲ့နေရာက မတူတော့တဲ့ အငွေ့အသက်ကို ပေးနေတာ ခံစားလိုက်ရသည်။
အိမ်ကြီးသည် လူများဖြင့် ပြည့်ကျပ်နေပြီ။ ရှဲ့ဖေးဖေးသည် ရှဲမိသားစု၊ သူမ၏ မိဘများနှင့် ညီမငယ်နှစ်ဦးကို နောက်ဆုံးတွင် တွေ့လိုက်ရသော်လည်း သူမ၏အစ်မများထဲမှ တစ်ယောက်မျှ ရှိမနေပါ။
ဘာတွေဖြစ်နေတာလဲ?
ရှဲ့ဖေးဖေးရဲ့ နာမည်ကို အရှေ့မှာ အော်နေတာကို ကြားလိုက်ရတော့ လူတွေကလည်း သတိရှိလာကြပြီး ရှဲ့ဖေးဖေး ဝင်လာတာကို စောင့်ကြည့်နေခဲ့ကြပါ၏။
"ဖေးဖေး... ပြန်လာပြီလား"
"မမ!"
လှပစွာ ကြီးပြင်းလာသော ညီမနှစ်ယောက်က တစ်ပြိုင်တည်း ဟစ်အော်လိုက်သည်။ ရှဲ့ကျားစုန့်၏ မျက်လုံးများသည်တော့ ဒေါသအပြည့်ဖြင့် လုရွှမ်ကို စူးစိုက်ကြည့်နေ၏။
"အကြီးအကဲရှီ ဒါက သခင်လေးရှောင်းရောင်ကို သတ်တဲ့ ကောင်လေးပဲ"
ရှဲ့ကျားစုန့် လုရွှမ်ကို လက်ညိုးထိုး၍ ကျယ်လောင်စွာ အော်လိုက်ပါသည်။ သို့နှင့် သူတို့ပတ်ဝန်းကျင်ရှိ လူတိုင်း လုရွှမ်ကို စိုက်ကြည့်လာကြသည်။
လုရွှမ်ကတော့ ခပ်ဖျော့ဖျော့သာ ပြုံးပြီး အကြီးအကဲရှီကို ကြည့်လိုက်တော့ ထိုသူက တကယ်ပဲ မျှော်စင်နယ်ပယ် အဆင့်၇ သခင်တစ်ယောက် ဖြစ်နေတာ တွေ့ရလေသည်။ နောက်တစ်ခုက ပိန်ပိန်ပါးပါး၊ ဆိတ်တစ်ကောင်လို ခန္ဓာနှင့် အေးစက်သော မျက်လုံးတစ်စုံ ရှိ၏။
"အိုး ကောင်လေး မင်းက ရှောင်းရောင်ကောင်းကင်ဂူက ငါ့တပည့်ကို သတ်ခဲ့တဲ့သူလား... မင်းနာမည် ဘယ်လိုခေါ်လဲ မင်းနာမည်ပြောစမ်း မင်းဘာကို အားကိုးနေလဲ ဆိုတာ ငါမြင်ချင်တယ်... ဘာကိုအားကိုးပြီး ငါတို့ရဲ့ ပါရမီရှင် ရှောင်းရောင်ကို သတ်ဖို့ သတ္တိရှိနေတာလဲ"
အကြီးအကဲရှီက အော်လေသည်။ သူ့အသံက မိုက်ပေမယ့် သူ့စကားတွေက ရင့်ကျက်ပြီး သူ့အထောက်အထားကို ပထမဆုံး ဖော်ပြလိုက်ပေသည်။
လုရွှမ် ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့အား ၎င်းတို့၏ အဆင့်အတန်းကို မကြေငြာစေခဲ့ပေ။ ဒီနေရာမှာ သူတို့၏ အမည်များကို ဖော်ပြခြင်းက သူတို့၏ အဆင့်အတန်းကို နိမ့်ကျစေလိမ့်မည်။
"ရှံမိသားစုရဲ့ အကြီးဆုံးအစ်မ အသတ်ခံခဲ့ရပေမယ့် ဒုတိယမြောက်ကနေ ၆ယောက်မြောက် အထိ ရှိပေမယ့် တစ်ယောက်မှ ပေါ်လာတာ မရှိဘူး... သူတို့ ဂူထဲမှာ ပိတ်မိနေပြီး အပြင်ကို မထွက်နိုင်ဘူးလို့ စိတ်ကူးကြည့်နိုင်တယ်... ခင်ဗျားတို့ရဲ့ ကောင်းကင်ဂူကြီးကလည်း အတင်းအကြပ် လာခိုင်းလို့ ဒီအထိ ရောက်လာတာပဲ ဖြစ်မယ်... ခင်ဗျားနောက်ကွယ်က လူတွေကို သတင်းပို့ဖို့ သတ္တိနဲ့ ခွန်အားတွေ မရှိဘူး မဟုတ်လား... ပြောလိုက်ပါ နောက်ကွယ်မှာ ဘယ်သူ ရှိနေတာလဲ.... ခင်ဗျားတို့ရဲ့ အရည်အချင်းနဲ့ဆို ဒီလိုမျိုးတွေ မတတ်နိုင်ဘူး!"
အကြီးအကဲရှီ၏ အမူအရာက ပြောင်းသွားပြီး "မင်းက မာနကြီးနေတာပဲ... မင်းကိုယ်မင်း မဟာဂိုဏ်းက လူတစ်ယောက်လို့ ထင်နေတာလား.. ငါတို့ရဲ့ ကောင်းကင်ဂူကို အပေါ်စီးကနေ ကြည့်ရဲတယ်ပေါ့လေ"
လုရွှမ် တိတ်တိတ်လေး ပြုံးလိုက်သည်။ ဒီလူက ရက်စက်ချင်ပေမယ့် သူတို့ရဲ့ နောက်ခံကိုတော့ သိချင်နေသေးသားပဲ။
နတ်မီးနယ်ပယ် ဒုတိယနှင့် တတိယအဆင့်ရှိ ကျင့်ကြံသူလေး ၄ယောက်ဟာ မျှော်စင်နယ်ပယ် အဆင့်၇ ရှေ့မှာ ပြောင်ပြောင်တင်းတင်း ရပ်နေကြသလို မျက်နှကလည်း အရောင်မပြောင်းဘဲ ရှိနေရာ အားကိုးစရာ တစ်ခုခုတော့ ရှိရမယ်။
လုရွှမ်: "ခင်ဗျား ကျုပ်ရဲ့ နောက်ခံ ဒါမှမဟုတ် အထောက်အထားအတွက် စိတ်ပူနေစရာ မလိုပါဘူး ခင်ဗျား မလုပ်နိုင်တဲ့ အရာတွေ ရှိသလို စော်ကားဖို့ မတတ်နိုင်တဲ့ အရာတွေရှိတယ်လို့ ပြောခဲ့သားပဲ.... ဒါထက် တခြားသူတွေရဲ့ အင်အားကို ယူသုံးနေတာက ကိုယ့်သေခြင်းတရားကို လာဂရုစိုက်ပေးတယ်လို့ ထင်နေကြတာလား"
"ကောင်လေး... ဘာပြောနေတာလဲ မာနကြီးနေတာပဲဟ...ယုံချင်ယုံ မယုံချင်နေ အခုချက်ချင်း မင်းကို သတ်ပစ်မယ်... နတ်မီးနယ်ပယ် တတိယအဆင့်က ဘာလို့ ဒီလောက် မာနကြီးရဲနေတာလဲ"
အဘိုးကြီးရှီက စကား မပြောသော်လည်း ဘေးက မျှော်စင်နယ်ပယ် လူတစ်ဦးက လှမ်းအော်ခြင်းပဲ ဖြစ်သည်။ သူရဲ့ ကျင့်ကြံမှုက သာမန်သာ ဖြစ်ပြီး မျှော်စင်နယ်ပယ် ဒုတိယအဆင့်တွင် ရှိနေသော်လည်း ဤလူအုပ်စုကြားတွင်တော့ သူက ကောင်းမွန်နေဆဲ ဖြစ်သလို လုရွှမ်ထက် ပို၍ ရက်စက်ကြမ်းကြုတ် လွန်းလှသလို ဖြစ်နေ၏။
"ကျောက်ထောင်း သူနဲ့ သွားကစားလိုက်...."
ကျောက်ထောင်း တစ်ခဏမျှ ထိတ်လန့်သွားပြီး ဝမ်းသာအားရ ခုန်ထွက်ကာ ထိုလူကို လက်ညှိုးထိုးပြကာ အော်လိုက်သည်။
"ကောင်းပြီ မင်းနဲ့ ကစားပေးလိုက်သည်။ "
တစ်ဖက်က ဒေါသအရမ်း ထွက်လာသည်။ နတ်မီးနယ်ပယ် ဒုတိယအဆင့်က လူတစ်ယောက်ကို ရှေ့ထုတ်လိုက်တဲ့အပြင် ထိုလူငယ်က သူ့ကို လုံးဝအလေးအနက် မထားချေ။
"သားလေး မင်းသေဖို့ လမ်းရှာနေတာပဲ!"
ကျောက်ထောင်း၏ လေ့ကျင့်မှုအဆင့်သည် ပျမ်းမျှဖြစ်သော်လည်း သူ့တွင် ထူးထူးခြားခြား အရည်အချင်းရှိသည်။ ခိုင်မာသော အခြေခံအုတ်မြစ်လည်း ရှိပြီး ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ သာလွန်သော စွမ်းရည်များကို လက်တွေ့ လေ့ကျင့်ထားသောကြောင့် တစ်ဖက်ရန်သူအား ယှဥ်နိုင်စွမ်း ရှိသည်။
သို့သော် သူသင်ထားသော ဉာဏ်ပညာက ဤလူကို မသတ်နိုင်ပေ။ ကိုယ့်ထက် နယ်ပယ်သာလွန်နေရင်တောင် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့က ပြဿနာမရှိလောက်ပါ။ ကျောက်ထောင်းကလည်း အပြင်ဘက်က လူတွေရဲ့ ခွန်အားကို မြင်ချင်နေတာ ကြာပါပြီ။
သူသည် ဓားကို လှည့်ကာ အေးအေးဆေးဆေးနှင့် အထိန်းအကွပ်မဲ့သည့်ပုံစံဖြင့် မီးထွက် ဓားရှည်တစ်ချောင်းကို အသုံးပြုကာ ရှေ့သို့ ခုတ်လိုက်သည်။
ရန်သူကလည်း သာမန် တော်ရုံတန်ရုံ အင်အားရှိပေမယ့် မျက်စိအမြင်က မဆိုးဘူး။ သို့သော် ဤဓားသိုင်း ထွက်လာသည်နှင့် တပြိုင်နက် သူ့ကိုယ်ပိုင် ဓားသိုငိးထက် များစွာသာလွန်သော လျှို့ဝှက်ဆန်းကြယ်မှုကို ခံစားခဲ့ရသည်။
သူ ထိတ်လန့်သွားပြီး အကြီးအကဲရှီ ဘာ့ကြောင့် စကားမပြောတာလဲ ရုတ်တရက် သဘောပေါက်သွား၏။ ဤလူငယ်များက အလွန်ထက်မြက်ပြီး မာနကြီးနေကြတာက ထူးထူးခြားခြား နောက်ခံ ရှိနေကြတာ သေချာသည်။
ဤကလေးက မဟာဂိုဏ်းက တပည့်တစ်ယောက်လား။ သန့်ရှင်းတဲ့နယ်မြေက ရှေးဟောင်းမိသားစုက တပည့်တွေဟာ အဝေးကြီးကို မသွားတတ်ဘူးလေ။
"မင်းက ဘယ်သူလဲ မဟာဂိုဏ်းရဲ့ တပည့်တစ်ယောက်လား"
အဲဒီလူက အော်ပြောပြီး သူ့အသံက အနည်းငယ်တုန်နေ၏။ ဒီစကားတွေ ပြောလာတဲ့အခါ လူတော်တော်များများရဲ့ အမူအရာတွေလည်း ပြောင်းလဲသွားပေသည်။
ရှဲ့ဖေးဖေး ကြည့်ရင်း ဆွံ့အကုန်သည်။ သူမ ပြန်လာဖို့ သတ္တိရှိလာတာ အံ့သြစရာ မရှိတော့ပေ။