← Chapters

တစ်ချက်တည်းလား?

Vol. 118 Ch. 4.1287

တစ်ချက်တည်းလား?

Vol. 118 Ch. 4.1287

ကျောက်ထောင်းကတော့ ဤလူနှင့် အပိုစကားတွေ ပြောဆိုရန် စိတ်မ၀င်စားပါ။

"စကားတွေ ရပ်ပြီး ဓားကိုကြည့်စမ်း!"

ကျောက်ထောင်းက အော်ဟစ်ပြီး သူ့ကို ဓားစွမ်းအင်ဖြင့် ခုတ်ချလိုက်သည်။ ထိုလူသည် လျင်မြန်စွာ ခုခံသော်လည်း ကျောက်ထောင်းကို မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သောကြောင့် သူ၏ အစွမ်းရှိသမျှ မသုံးဝံ့ပေ။ ဒီလူငယ်ရဲ့ အဆင့်က မမြင့်ပေမယ့် သူ့ရဲ့ဓားသိုင်းက အရမ်းမွန်မြတ်တယ်လို့ သူ တဖြည်းဖြည်း ခံစားလာရသည်။

အစပိုင်းတွင် အနည်းငယ် တုန်လှုပ်နေသယောင် ရှိသော်လည်း တဖြည်းဖြည်း ချောမွေ့လာပြီး ဓားရေးစွမ်းရည်ကလည်း ထွက်ပေါ်လာသည်။ ဓားဆီကနေ မီးစွမ်းအား နည်းနည်း တောက်လာကာ သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်မီးကိုပါ လှုံ့ဆော်လေ၏။

ဤဓားသိုင်းပညာဖြင့် သူ့စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားကာ ဤလူငယ်သည် သူ့လက်လှမ်းမမီနိုင်သော မိသားစုကနေ မြင့်မြတ်စွာ မွေးဖွားလာသူ ဖြစ်မည်ဟု တွေးလိုက်သည်။ ကျောက်ထောင်းကို သူဘယ်လိုလုပ် ပြန်တိုက်ရဲတော့မှာလဲ။ အရမ်းထိတ်လန့်သွားပြီး သူ့ရဲ့ခွန်အားတစ်ဝက်လောက်ကိုတောင် မသုံးရဲတော့ချေ။

လူတိုင်း၏အမြင်တွင် ဤလူသည် အလွန်လျင်မြန်စွာ အားနည်းချက် တစ်ခုထဲသို့ ကျရောက်သွားသည်။ သူ့မျက်လုံးတွေက ကြောက်ရွံ့မှုတွေ အပြည့်နဲ့ တုန်ရီနေသလို သူ့ခန္ဓာကိုယ်ကလည်း နည်းနည်းတော့ တုန်လှုပ်နေသလိုပင်။

လုရွှမ် ဘေးကကြည့်ရင်း ဤလူဟာ အလွန်အမင်း အတွေးလွန်နေကြောင်း တစ်ချက်တည်းနဲ့ ပြောပြနိုင်သည်။ လက်ရှိ လူများကြားတွင် ကျင့်ကြံမှု အမြင့်ဆုံးလူက ရှောင်းရောင်ကောင်းကင်ဂူက လာသော မျှော်စင်နယ်ပယ် အဆင့်၇ တစ်ယောက်တည်းပဲ ရှိတယ်လို့ ဘယ်သူမှ မပြောနိုင်သေးချေ။

ကျောက်ထောင်းက ထိုလူအား ဓားဖြင့်ပြန်တွန်းလိုက်ပြီး ထိုလူ၏ ကြောက်ရွံ့မှုကိုလည်း သတိပြုမိသည်။ သူ့ခမျာ ဆက်လက် တိုက်ခိုက်လိုစိတ်များ ချက်ချင်း ပျောက်ဆုံးသွားကာ ဓားကို မကျေနပ်ပုံစံဖြင့် ပြန်ဆွဲထုတ်လိုက်သည်။

တစ်ဖက်လူကတော့ လုရွှမ်တို့ အဖွဲ့ကိုကြည့်ရင်း ချွေးများဖြင့် ဘေးသို့ ထွက်သွားခဲ့​လေသည်။

ဤအခိုက်အတန့်တွင် လုရွှမ်နှင့် သူ၏အဖွဲ့ကို ကြည့်နေကြတဲ့ အနီးနားရှိလူတိုင်းသည် သံသယစိတ်များ​ဖြင့် ပြည့်လာ၏။ မျှော်စင်နယ်ပယ် အဆင့်၇က ရှောင်းရောင်ကောင်းကင်ဂူ၏ အကြီးအကဲပင် ဖြစ်လေသည်။ သူပင် ထိတ်လန့်ပြီး သံသယဝင်လာသည်။

သူသည် ဤလူများ၏ အထောက်အထားများကို သံသယဝင်ခဲ့တာ ကြာပြီဖြစ်ပြီး ယခုအခါ ၎င်းသည် သူ့ကို ပို၍ပင် သံသယရှိလာစေသည်။ သူသည် လူတစ်ယောက်ထံ တိုက်ရိုက် စိတ်စွမ်းအားဖြင့် အသံ ပေးပို့ခဲ့တဲ့အခါ အတည်ပြုချက်ကို ရရှိခဲ့သည်။

"အဲဒါက မဂိုဏ်းရဲ့ တပည့်ဖြစ်ရမယ်... ငါသေချာတယ် ဒီကောင်လေးရဲ့ ဓားသိုင်းက အံ့သြစရာ ကောင်းလောက်အောင် ထက်တယ်... သူက သူရဲ့နတ်မီးကို ဖျတ်ခနဲ အသက်သွင်းနိုင်တယ်"

ထိုအခိုက် လုရွှမ်၏ အမူအရာကို မြင်သောအခါတွင် သူသည် ယခင်ကဲ့သို့ မောက်မာဝံ့ခြင်း မရှိတော့ပေ။ သို့သော် သူသည် မျှော်စင်နယ်ပယ် အဆင့်၇ သခင်တစ်ဦး ဖြစ်လို့ သူ့အဆင့်အတန်းကို အားကိုးကာ တိတ်တဆိတ် ထွက်ခွာသွားနိုင်သည်။

ကံကောင်းထောက်မစွာ သူ့ဘေးကလူတွေက သူ့ကို နည်းနည်းလေး လှမ်းကြည့်နေတာကြောင့် ဝုန်းကနဲ ထသွားလို့က မဖြစ်သေးချေ။

"သခင်​​လေးတို့ နှစ်​​ယောက်​နဲ့ ဒီကနတ်​သမီးက ဘယ်​မဟာဂိုဏ်းကလဲ မသိဘူးနော်"

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက "မဟာဂိုဏ်းကလား?" ဟူသော အတွေးဖြင့် ထိတ်လန့်သွားကုန်သည်။ သူတို့၏ နှလုံးသားထဲတွင် မဟာဂိုဏ်းက မြင့်မားကာ မှော်ဆန်သည့် အိပ်မက်ဆန်ဆန်နေရာ တစ်ခုဖြစ်ပြီး ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင် အိပ်မက်များထဲတွင် ရှိနေနိုင်သည့် နေရာဖြစ်သည်။

ဒီလူသုံးယောက်က မဟာဂိုဏ်းရဲ့ တပည့်တွေလား။

ရှဲ့မိသားစုက လူတစ်ယောက် ဖြစ်သော ရှဲ့ဖေးဖေးကိုတော့ သဘာဝအတိုင်း လျစ်လျူရှုခဲ့သည်။

လုရွှမ် ရှဲ့ဖေးဖေးကို လှည့်ကြည့်လိုက်၏။ ရှဲ့ဖေးဖေးက အနည်းငယ် ဝမ်းနည်းနေသော်လည်း ခေါင်းအသာ ညိတ်လိုက်သည်။ လုရွှမ် အချက်ပြလိုက်တော့ ကျောက်ထောင်းက ခါးထောက်ရင်း ဂုဏ်ယူစွာ အော်ဟစ်လိုက်ပေသည်။

"ကျုပ်တို့က ဒြပ်စင်ငါးပါး မဟာဂိုဏ်းကနေ လာတာ...ဒါက တောင်ပိုင်း မီးထွက်တောင်ထွတ်က အဓိကတပည့်ကြီး လုရွှမ်... ဆရာတူအစ်ကိုလု... ဆရာတူအစ်မ ရှဲ့ဖေးဖေးက မြောက်ပိုင်း နက်ရှိုင်းရေတောင်ထွတ်က အတွင်းစည်းတပည့်... ကျုပ်က မီးထွက်တောင်ထွတ်က ကျောက်ထောင်း ဒါက ကျုပ်ဆရာတူညီမ ယွမ်ရှင်း... "

ကျောက်ထောင်း စကားဆုံးသောအခါတွင် သူသည် ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ အတွင်းတပည့် တံဆိပ်ပြားကိုပါ ထုတ်ယူလိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကာ လူတိုင်းက စိတ်အားထက်သန်မှုနှင့် မြတ်နိုးမှု အပြည့်ရှိဖြင့် လုရွှမ်ကို စိုက်ကြည့်နေကြသည်။

ဒြပ်စင်ငါးပါး မဟာဂိုဏ်း၊ အဲဒါက ဂန္တဝင်ရှစ်ပါးထဲက မဟာဂိုဏ်း တစ်ခုပဲ။ ထို့အပြင် လုရွှမ်က အမာခံတပည့် မဟုတ်၊ တိုက်ရိုက် တပည့်လည်း မဟုတ်၊ အတွင်းစည်းတပည့်လည်း မဟုတ်၊ ပြင်ပတပည့် မဟုတ်ဘဲ အဓိကတပည့်ကြီး ဖြစ်နေ၏။

ရှဲ့ကျားစုန့်ရဲ့ မျက်လုံးများလည်း ပြူးကျယ်သွားသည်။ နယ်ပယ်က မမြင့်တာ အံ့သြစရာမဟုတ်ပေမယ့် အင်အားက ရက်စက်လွန်းပြီး ရှောင်းရောင်ကောင်းကင်ဂူက တိုက်ရိုက်တပည့်ကို ဂရုမစိုက်တာ ဖြစ်သင့်သည်။

သခင်လေးရှောင်းရောင် သူ့ကို ရန်သွားစကတည်းက သေမင်းကို ရှာနေတာပဲ မဟုတ်ပါလား။ တစ်ခဏလောက်တော့ သူ အရမ်းပျော်နေခဲ့၏။ ကံကောင်းစွာပဲ လုရွှမ်ဆီမှာ သူ့သမီးလေး ရှိနေပြီ။ မဟုတ်ရင် သူသေသွားလိမ့်မယ်။

သူ့သမီးက ကောင်းကောင်း မဖွံ့ဖြိုးသေးဘူးလား။ သမီးကို လုရွှမ် အရင်ကတည်းက ဘာလို့ မသိမ်းခဲ့တာလဲ။

စကားမစပ် ယခု သူ့သမီးက ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ အတွင်းစည်းတပည့် ဖြစ်လာပြီ မဟုတ်လော။ သူ့သမီးမှာ ဘယ်လိုအရည်အချင်းမျိုး ရှိတယ်ဆိုတာ သူ ကောင်းကောင်းသိ၏။ အရင်က သူ့သမီးကို ရှောင်းရောင်ကောင်းကင်ဂူထဲ ဝင်စေချင်ခဲ့တဲ့ ကိစ္စကို သူမေ့သွားပြီ။

ရှဲ့ကျားစုန့်ရဲ့ မျက်လုံးတွေ ချက်ချင်းပူလာပြီး သူ့နောက်ကျောကို တည့်တည့်မတ်မတ် ထားရင်း အကြီးအကဲရှီကို ကြည့်လိုက်သည်။

စိတ်အနှောက်အယှက် ဖြစ်စေသော မျက်လုံးများက လင်းလက် တောက်ပလာသော်လည်း အကြီးအကဲရှီမှာ သူကိုယ်တိုင်လုပ်ရလျှင်ပင် လုရွှမ်ကို အနိုင်ယူရန် အခွင့်အရေး အနည်းငယ်မျှပင် မရှိကြောင်း သူ့စိတ်ထဲ သတိပြုမိသောကြောင့် ကြောက်လန့်နေလေသည်။

အကြီးအကဲရှီက အံကြိတ်ရင်း သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"သွား​​ကြရအောင်!"

ရှဲ့ကျားစုန့်က အလွန်ဂုဏ်ယူစွာ ရယ်မောပြီး အရေထူပြီး အရှက်မရှိသော မျက်နှာဖြင့် ဆို၏။

"အကိုကြီးရှီ ကျုပ်သမီး ဒီနေ့ ပြန်ရောက်လာပြီ အိမ်အလုပ်တွေ ရှုပ်နေတော့ လိုက်မပို့တော့ပါဘူး!"

ရှဲ့ဖေးဖေးရဲ့ မျက်နှာက ခဏတာမျှ နီရဲလာပြီး သူ့အဖေကို လွမ်းဆွတ်နေသည့် အတွေးက ချက်ချင်း ပျောက်ကွယ်သွားသည်။ လုရွှမ်ကတော့ ပြုံးပြီး အကြီးအကဲရှီကို ရပ်သွားစေတဲ့ စကားတစ်ခွန်း ပြောလိုက်လေသည်။

"အကြီးအကဲရှီ ဟုတ်တယ်နော် ဘာလို့ဒီကို လာတာလဲ ဆိုတာ ကျုပ်ကို မပြောရသေးဘူးလားလို့ပါ"

အကြီးအကဲရှီက အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ "သခင်လေးလုရွှမ် မင်းက သေတဲ့အထိ တိုက်ခိုက်ချင်​နေတာလား?"

လုရွှမ်က သူ့ခေါင်းကို ခါယမ်းလိုက်ရင်း။

"ကျုပ်မှာ သေတဲ့အထိ တိုက်ဖို့ အစီအစဉ် မရှိဘူး ကိစ္စတွေကို သိပ်ပြီး မရှုပ်ထွေးစေချင်ရုံပါ...ဖေးဖေးက နောက်ဆုံးတော့ ညီအစ်မ ဆွေမျိုးတွေဆီ အလည်လာဖို့ ထွက်လာခဲ့တာလေ.... ကျုပ်လည်း အလုပ်မရှိတော့ အရှုပ်အထွေးတွေ အားလုံးကို ပြေလည်အောင် ဖြေရှင်းပေးချင်လို့ပါ"

အကြီးအကဲရှီ သူ့လက်သီးများကို ဆုပ်ထားပြီး အနည်းငယ် လှုပ်ရှားရန် အသင့်ဖြစ်နေပြီ။ သူ့စိတ်ထဲမှာ ဘာမှ မလုပ်မိအောင် သတိပေးတဲ့ အတွေးတစ်ခု ရှိနေပေမယ့် နည်းနည်းတောင် သည်းမခံနိုင်တော့ပေ။

နောက်ဆုံးတွင် ဒီကောင်လေးဟာ နတ်မီးနယ်ပယ် တတိယအဆင့်မှ ကောင်လေးတစ်ယောက် ဖြစ်ပြီး သူသည် မျှော်စင်နယ်ပယ် အဆင့်၇က သခင်တစ်ဦး ဖြစ်​လေသည်။ လုရွှမ်က တစ်ဖက်လူရဲ့ အတွေးတွေကို ခန့်မှန်းနိုင်တာကြောင့် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ ပြောလိုက်သည်။

"ကောင်းပြီ အကိုကြီးရှီ အလောင်းအစား လုပ်ရအောင်...ခင်ဗျား ကျုပ်ဓားကို တားနိုင်ရင် မေ့ထားလိုက်တော့ ခင်ဗျားကို ဘာမှ မမေး​တော့ဘူး အဆင်ပြေလား?"

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် သူ့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက နှုတ်ခမ်းများကို တိတ်တဆိတ် ကိုက်ထားကြသော်လည်း သူတို့၏ ဂုဏ်သိက္ခာကြောင့် မည်သူမျှ ဝင်မပြောဝံ့ကြပေ။

အကြီးအကဲရှီ၏ မျက်နှာသည်လည်း ရှက်ရွံ့စွာဖြင့် နီရဲသွားသည်။ ဒါဟာ ရိုးရိုးရှင်းရှင်း အဆုံးစွန် အရှက်ရအောင် ပြောလိုက်တဲ့ စကားပဲ။

"လုရွှမ်... မင်း ငါ့ကို ဓားတစ်ချက်တည်းနဲ့ အနိုင်ယူနိုင်မှာ သေချာလား"

အကြီးအကဲရှီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

လုရွှမ်သည် အကြီးအကဲရှီ၏ အရှက်တရားကို နားလည်နိုင်သော်လည်း ခွန်အားကသာ နောက်ဆုံးစကား ဖြစ်ပြီး အရှက်ရခြင်းအတွက် လုပ်ဆောင်နိုင်သော အရာမရှိပါ။ ထို့အပြင် တစ်စုံတစ်ယောက်၏ အိမ်တံခါးဝတွင် ရှဲ့ဖေးဖေးကို အနိုင်ကျင့်ခံရပြီးနောက် ဂုဏ်သိက္ခာကို ကယ်တင်ချင်သေးတာက သူ့အမြင်မှာတော့ ဟာသတစ်ခုပင်။

"ဟာဟား... စမ်းကြည့်လို့ရတယ်လေ"

လုရွှမ် ရှဲ့ဖေးဖေးဘက်လှည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူမကိုစိတ်ချထားဖို့ အချက်ပြတာပါပဲ။ သူမ ဒီတစ်ခါပြန်လာတာက ခွန်အားနဲ့ဖြစ်ကြောင်း သေချာစေချင်သည်။

All Chapters