ပြောင်းလဲမှု
Vol. 118 Ch. 4.1288
"ကောင်းပြီ ငါကလည်း ဒြပ်စင်ငါးပါး မဟာဂိုဏ်းရဲ့ အဓိက တပည့်ဆီကနေ လိမ္မာပါးနပ်တဲ့ လှည့်ကွက်တွေကို ရယူလိုပါရဲ့!"
အကြီးအကဲရှီက နောက်ပြန် ဆုတ်သွားတော့ သူ့ပတ်ဝန်းကျင်က လူတွေကလည်း အမြန်ပြန်ဆုတ်သွားကာ အလယ်မှာ နေရာကျယ်ကြီး တစ်ခု ချက်ချင်း လွတ်သွားသည်။ ရှဲ့ဖေးဖေးတို့ သုံးယောက်တို့ကသာ လုရွှမ်ရဲ့ အင်အားကို သိကြသည်။
သခင်လေးချန်ရှီး။ သူသည် ဒြပ်စင်ငါးပါး မဟာဂိုဏ်းတွင် နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး မျှော်စင်နယ်ပယ် အဆင့်၅ ရှိသည်။ သို့သော် ဆရာတူအစ်ကို လုရွှမ်က သူနဲ့ သရေကျအောင် ယှဥ်ပြိုင်နိုင်ခဲ့သည်။
မဟာဂိုဏ်းနဲ့ နှိုင်းယှဥ်လိုက်ရင် ဒီလူတွေရဲ့ ခွန်အားက အရမ်း အားနည်းလှသည်။
ယခုပင် ကျောက်ထောင်းသည် မျှော်စင်နယ်ပယ် ဒုတိယအဆင့်မှ လူအား ရိုက်ချခဲ့သည်။ လုရွှမ်ရဲ့ လေ့ကျင့်မှုအဆင့်က ပို၍ပင် အစွမ်းထက်လာသဖြင့် သူသည် ဤအဘိုးအိုကို တစ်ချက်တညိး အနိုင်ယူနိုင်လိမ့်မည်။
လူနှစ်ယောက်ရဲ့ နယ်ပယ်ကြားက ကွာဟချက်က တကယ်ကို ကြီးကြီးမားမား ဖြစ်လို့ လုရွှမ် နိုင်သွားလျှပ် အံ့မခန်းနိုင်တဲ့ စကားလုံးတွေ ထွက်ပေါ်လာလိမ့်မယ်။
ရှဲ့ဖေးဖေး၏ ညီမနှစ်ယောက်သည် ပြေးလာကာ ဖေးဖေးလက်များကို ဘယ်တစ်ယောက် ညာတစ်ယောက် ဆုပ်ကိုင်ထားလိုက်သည်။ ရှဲ့ဖေးဖေး ပြန်လာတာကို သူတို့နှစ်ယောက်က အပျော်ဆုံးပါပဲ။
အသက်အရွယ်ကလည်း သိပ်မကွာတာကြောင့် ဖြစ်လိမ့်မည်။ အထက်က ညီအစ်မများအားလုံး အိမ်ထောင်ကျပြီးပြီ ဖြစ်သည်။ နှစ်ယောက်သားက စကား တိုးတိုးပြော၊ ကိုယ်ခံပညာ အတူတူ လေ့ကျင့်ကြ၊ နာမည်ကြီးတွေ အတူတူ ဖြစ်လာကြပြီး အနာဂတ်မှာ လက်ထပ်မယ့် ယောက်ျားမျိုးကို ဆွေးနွေးခဲ့သည်။
လွန်ခဲ့သော လေးနှစ်က သူမတို့ မမသည် ထွက်ခွာသွားခဲ့ရသည်။ မိန်းကလေး နှစ်ဦးသည် ရှဲ့ဖေးဖေး၏ ကျန်းမာရေးနှင့် လုံခြုံမှုအတွက် အမြဲစိုးရိမ်နေခဲ့ကြပြီး ယခုအခါ သူမ ပြန်ရောက်လာနေပြီ။ ရှဲ့ဖေးဖေးရဲ့အမေနဲ့ သူမတို့ဟာ အပျော်ဆုံးလူတွေပါပဲ။
မိန်းကလေး နှစ်ယောက် စကားတပြောပြောနဲ့ စပြီး မေးတယ်။
"အစ်မ... အစ်ကိုလုရွှမ်က အစ်မ အကြိုက်ဆုံးလူလား"
"ဒြပ်စင်ငါးပါး မဟာဂိုဏ်းက ဘယ်လိုကြီးလဲ?"
"လက်ထပ်ကြမှာလား?"
"အစ်ကိုလုရွှမ်က တကယ်ပဲ ဒြပ်စင်ငါးပါး မဟာဂိုဏ်းရဲ့ အဓိက တပည့်ပဲလား"
"အစ်ကိုကြီးလုက အစ်မအပေါ် ကောင်းလားဟင်?"
ရှဲ့ဖေးဖေးမှာ ညီမနှစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အထူးသဖြင့် လုရွှမ်နှင့် သူမကြားက ဆက်ဆံရေးကို နားလည်မှု လွဲသွားသောကြောင့် သူမအား မူးနောက်နောက် ဖြစ်လာစေခဲ့သည်။
လုရွှမ် သူမကို ထပ်ခါတလဲလဲ ကယ်တင်လိုက်တဲ့အချိန် သူမရဲ့ နှလုံးသားက လှုပ်ခတ်နေပြီဆိုတာကို သူမ ကောင်းကောင်းသိပေမယ့် လုရွှမ် သူမကို ဖြူစင်တဲ့ ကြင်နာတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာက ညီမလေးကို ကြည့်နေသလိုပဲလို့ ခံစားရ၏။
ယောက်ျားနှင့်မိန်းမကြား ချစ်ခင်ကြင်နာမှု အနည်းငယ်မျှမရှိဘဲ သူမကို ညီမလေးအဖြစ် လုံးဝ မှတ်ယူထားခဲ့သည်။ သူမသည် သူမ၏ အတွေးများကို အလွန်အကျွံ တောင်းဆိုခဲ့လျှင် အချင်းချင်း ရင်းနှီးမှုကိုပင် ဆုံးရှုံးသွားရမှာ သူမ ကြောက်ရွံ့နေပါသည်။
လုရွှမ် ထွက်သွားပြီး ပြန်လာတိုင်း သူ့ခွန်အားတွေ အရမ်းတိုးလညလို့ သူမ စိတ်ကူးတောင်မယဉ်နိုင်။ လုရွှမ်အတွက် သူမ ပျော်ရွှင်နေချိန်တွင် သူမ၏ နှလုံးသားထဲတွင် ချစ်ခင်လေးစားမှု အရိပ်အယောင်များ ပိုမိုနက်ရှိုင်းလာပြီး ၎င်းကိုလည်း ပိုမိုနက်ရှိုင်းစွာ မြှုပ်နှံထားခဲ့သည်။
လုရွှမ်နောက်တွင် သူမ ဝေးကွာနေမှန်း သိသောကြောင့် သူမအတွေးအားလုံးကို မျိုသိပ်ထားကာ ထိုအကြောင်းကို ဆက်မတွေးဝံ့တော့ပေ။ အခု ညီအစ်မတွေပြောတာကို နားထောင်ရင်း ရင်ထဲမှာ ခါးသီးမှု အနည်းငယ် ပေါ်လာပြီး အမြန် မျိုသိပ်ထားရ၏။
"နင်တို့ဘာတွေ တွေးနေတာလဲ.... ဂိုဏ်းတူအစ်ကိုနဲ့ ငါက ဘာမှမဆိုင်ဘူး အစ်ကိုက ငါ့ကို ညီမလိုပဲ ဆက်ဆံတယ် ပြီးတော့ သူ့ကိုငါကလည်း အစ်ကိုလိုဆက်ဆံတယ်"
“အဖေ ငါတို့ ငယ်ငယ်ကတည်းက ပျိုးထောင်ခဲ့တဲ့ အယူအဆက မှားနေတာ... ငါတို့ဘဝတွေက ယောက်ျားတွေအပေါ် မှီမခိုရုံမကဘဲ ငါတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ နေသင့်တယ် သိရဲ့လား... ငါတို့ရဲ့ တောင်ထွတ်သခင်က နတ်သမီးတစ်ပါးပဲ... သူက ကျင့်ကြံမှု လောကတစ်ခုလုံးအတွက် ထိပ်တန်းမိန်းမလှ ဆယ်ယောက်ထဲက တစ်ယောက်... ဒီလိုဒဏ္ဍာရီတွေက ငါတို့ရဲ့ ရည်မှန်းချက်တွေကို သိသွားစေတယ်.... အစ်မတစ်သက်လုံး အိမ်ထောင်မပြုဖို့ ဆုံးဖြတ်ထားပြီးသား"
အစ်မကြီး၏ ပါးစပ်မှ ဤစကားများက အိမ်က မထွက်သွားခင်ကထက် လွန်စွာ ပြောင်းလဲသွားတာကြောင့် နှစ်ယောက်စလုံး အံ့သြသွားကြသည်။
"ပြီးတော့ ဟားဟား အဲဒီလူက အစ်ကိုလုရွှမ်ရဲ့ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ဘူး ဆိုတာ သေချာတယ်... ငါ ပြောပြမယ်... အစ်ကိုက ရှေးဟောင်း မိသားစုရဲ့ သန့်ရှင်းတဲ့မြေမှာတောင် နံပါတ်တစ် ပါရမီရှင်အဖြစ် လေးစားခံနေရတာနော်"
ကောင်မလေးနှစ်ယောက်က ငယ်ငယ်လေးပဲ ရှိသေးပြီး ရှဲ့ဖေးဖေးရဲ့ စကားကို ကြားတော့ အတွေးတွေ အရမ်းပြောင်းသွားတော့သည်။
"ဒါ့အပြင် မင်းတို့အစ်မက ဒြပ်စင်ငါးပါး မဟာဂိုဏ်းကို ကိုယ်ပိုင် ခွန်အားနဲ့ ၀င်ခဲ့တာ... ဘယ်သူ့ကိုမှ အားမကိုးဘူး... မင်းတို့ ကောင်မလေးနှစ်ယောက်လည်း အဲ့အတွေးတွေပဲ တွေးမနေနဲ့...."
သူမတို့နှစ်ဦးမှာ နီမြန်းနေသည့် မျက်နှာများအား ငုံ့လိုက်ကြသည်။ ရှဲ့ဖေးဖေးကို ကြည့်နေတဲ့ မျက်လုံးများက ကြည်နူးမှုအပြည့်နှင့် ပြည့်နေသည်။
"ကောင်းပြီ အပိုစကားတွေ ရပ်လိုက်ကြရအောင်... အစ်ကိုက ဒီလူအိုကြီးကို ဘယ်လို သွန်သင်ပေးမလဲ ကြည့်လိုက်ရအောင်...ဟမ့် သူက ငါတို့မိသားစုကို အနိုင်ကျင့်ရဲတယ်ပေါ့လေ... ငါတို့ကလည်း သူတို့ကို စနစ်တကျ ဆက်ဆံသင့်တယ်"
“ဟုတ်တယ်!”
မိန်းကလေး နှစ်ယောက်က ကျယ်လောင်စွာ ထောက်ခံလေသည်။
လုရွှမ်က ပေါ့ပေါ့တန်တန် ရယ်မောလိုက်သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ ကြည့်နေသော အကြီးအကဲရှီကို ကြည့်နေ၏။ အကြီးအကဲရှီလည်း သူ့တစ်ကိုယ်လုံး ပြင်ဆင်မှုများနှင့် ပြည့်နေသည်။
"တကယ် အဆင်သင့်ဖြစ်ပြီလား...ဒါဆို အကောင်းဆုံးကတ်တွေ အကုန်လုံးကို ထုတ်ထားလိုက်တော့!"
အကြီးအကဲရှီ: "မင်းရဲ့ နာမည်ပျက်သွားရင် ဘယ်လိုအဆုံးသတ်မလဲ ဆိုတာ စဉ်းစားကြည့်ရအောင်"
"ကောင်းပြီ ခင်ဗျားဆန္ဒအတိုင်းပဲ ဖြစ်စေရမယ်..."
လုရွှမ် ချင်ထျန်းဓားကို ဆွဲထုတ်လိုက်သည်။ သူ့ရဲ့ဓားလှုပ်ရှားမှုက ကောင်းကင်ကို ကိုင်ထားသလိုမျိုး အလွန်နှေးကွေးပြီး အလွန်လေးလံနေပုံရသည်။ လုရွှမ် နတ်ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားသွားလို ရောင်ဝါက တစ်စတစ်စ ထွက်ပေါ်လာသည်။ ထို့နောက် ဦးခေါင်းထိပ်မှ အလင်းဓားသည် သဘာဝအတိုင်း ပေါ်လာ၏။
ဤအခိုက်အတန့်တွင် မိုင်တစ်ရာဝန်းကျင်ရှိ လူတိုင်းသည် ဖြောင့်တန်းသောဓား၏ ရည်ရွယ်ချက်နှင့် တန်ခိုးကြီးသော ဓားရောင်ဝါ ထွက်လာသည်နှင့် တပြိုင်နက် သူ့ပတ်၀န်းကျင်ရှိ ဓားစွမ်းအင်အားလုံး လေထုထဲ ပျံသန်းလာခဲ့သည်။
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ကျင့်ကြံသူတို့၏ လက်ထဲက ဓားများ ကိုင်ဆောင်ထားသော ဓားရှည်များမှာ ထိန်းချုပ်ရ ခက်ခဲလာသည်။
လုရွှမ်ကတော့ တည်ငြိမ်အေးဆေးသောပုံ ပေါက်နေသေးသည်ကို တွေ့လိုက်ရသည်။ သူတို့ကတော့ အင်အားအကြွင်းမဲ့ ဖိထားလိုက်လျှင်ပင် သူတို့၏ဓားများသည် ဓားအိမ်ထဲမှ ထွက်မလာတော့ဘူးလို့ အာမ မခံနိုင်တော့ချေ။
"ဒါ ယွမ်ယန်ဓားကိုးစင်းရဲ့ ဒုတိယဓား... ဓားတစ်သောင်းရိုက်ချက်ပဲ"
ကျောက်ထောင်းက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
သိုင်းပညာခန်းမရှေ့တွင် ဤဓားသိုင်းပညာကို သူမြင်လိုက်ရသောအခါတွင် သူ့နှလုံးသားထဲ လုံးဝကို စွဲလန်းသွားပြီး အခုလည်း ကြည်နူးမှုအပြည့်နဲ့ ကြည့်နေ၏။ သူ့အမြင်အရ၊ အထူးသဖြင့် ဒါက ဂိုဏ်းတူအစ်ကို လုရွှမ် ဖန်တီးထားတဲ့ ဓားသိုင်း ဖြစ်နေခဲ့ကာ ပိုလို့တောင် အံ့ဩစရာ ကောင်းနေလေသည်။
ယွမ်ရှင်းလည်း အလွန် စိတ်လှုပ်ရှားနေသဖြင့် ကျောက်ထောင်း လက်ကို တင်းတင်းလေး ဆုပ်ကိုင်ထားသည်။
လုရွှမ်ရဲ့လက်ထဲက ချင်ထျန်းဓားက နောက်ဆုံးတော့ အလင်းများ ထုတ်လွှတ်လာသည်။ နတ်အလင်းရောင်က တောက်ပနေပြီး ဓားစွမ်းအင်တစ်ခုက ကောင်းကင်ကို ပျံတက်သွားကာ မိုးခြိမ်းသံ အသံတစ်ခု ထွက်လာ၏။
ယွမ်ရှင်း: "အရင်က ဓားနဲ့ မတူသလိုပဲနော်?"
ကျောက်ထောင်းက စိတ်လှုပ်ရှားစွာနဲ့ "ဒီဓားက ပြောင်းပြန်ကြီးလိုပဲ မတူဘူး... ဂိုဏ်းတူအစ်ကိုက မရိုးရှင်းတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်လေ...ဂိုဏ်းတူအစ်ကို ချန်ရှီးနဲ့ တိုက်ခိုက်တုန်းက တခြားအရာတွေကို သူနားလည်ခဲ့တာ ဖြစ်မယ်... စကားမစပ် အစ်ကိုက လျှို့ဝှက်မြေထဲကို ဝင်ပြီးပြီမလား... ဒြပ်စင်ငါးပါး ဓားသိုင်းထဲကနေ နားလည်မှု အသစ်တစ်ခု ရသွားတာများလား"
ယွမ်ရှင်းလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြရင်း နှလုံးသားထဲမှာ လုရွှမ်အပေါ် ကြည်ညိုလေးစားမှုက အမြင့်ဆုံးကို ရောက်ရှိသွားပါတော့သည်။