တိရစ္ဆာန်တွေထက် ပိုဆိုးတယ်
Vol. 118 Ch. 4.1290
တစ်ဖက်လူရဲ့ အငွေ့အသက်ကို လုရွှမ် နည်းနည်းတော့ ရင်းနှီးလေသည်။ ၎င်းက ယင်ယန်မဟာဂိုဏ်းရဲ့ အငွေ့အသက်နဲ့ တူ၏။ နတ်နဂါး မိသားစုထဲတွင် ယန်နမ်နဲ့ ယင်ပေတို့၏ အကြံအစည်များကို စတင်ခံစားလာရပြီးနောက် ၎င်းတို့ယင်ယန် မဟာဂိုဏ်း၏ ရောင်ဝါကို လွန်စွာ သိနေပေပြီ။
"မင်းက ယင်ယန် မဟာဂိုဏ်းကလား"
လုရွှမ် ပေါ့ပေါ့ပါးပါးလေး မေးလိုက်သည်။
လူငယ်၏ ကျင့်ကြံမှုအဆင့်သည် မပျော့ညံ့ဘဲ မျှော်စင်နယ်ပယ် ပထမအဆင့် ရှိနေပြီ ဖြစ်သော်လည်း သူ့နေရာသူ မသိသည့်အပြင် ပျော်ရွှင်လွတ်လပ်သော ရှောင်းရောင်ကောင်းကင်ဂူက ဤကောင်လေးမှာ လူယုတ်မာနဲ့ ရောထွေးသွားသည်။
"သခင်လေးပိုင်ထျန်း!"
အသံတစ်သံ ထွက်လာပြီး ကျင့်ကြံသူ အမျိုးသမီးတစ်စု ခြံဝင်းထဲမှ ပြေးထွက်လာသည်။ သူတို့အားလုံးက ပိန်ပိန်ပါးပါး အလှလေးတွေချည်း ဖြစ်ကြပြီး အနိမ့်ဆုံး အဆင့်ကတင် နတ်မီးနယ်ပယ် ကျင့်ကြံသူ ဖြစ်သည်။
လုရွှမ်နဲ့ အကြီးအကဲရှီကို တွေ့လိုက်သောအခါ လူတိုင်း ခဏတာ အံ့အားသင့်သွားပြီး နောက်မှ တစ်ယောက်ယောက်က သူတို့ကို တွေ့ရှိပြီး အံ့အားသင့်စွာ အော်လိုက်သည်။
"အကြီးအကဲရှီပဲ!"
ဂိုဏ်းဝင် အကြီးအကဲရှီ၏ ကျင့်ကြံမှုအဆင့်က အလွန်မြင့်မားသော်လည်း ဒေါသအလွန်ဆိုးသူ ဖြစ်ပြီး နေ့တိုင်း မှုန်ကုပ်ကုပ်ဖြစ်နေကာ ဘယ်သူ့ကိုမှ မစော်ကားရဲပေ။ အခုအချိန်မှာတော့ ခွေးသေကြီးလို သူတို့ရှေ့မှာ လဲလျောင်းနေလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားပါဘူး။
"ကောင်လေး... မင်းကဘယ်သူလဲ"
ပိုင်ထျန်း အော်လိုက်သည်။ လုရွှမ်လည်း ဒီအမျိုးသမီးတွေကို မြင်လိုက်တာနဲ့ ဒီအမျိုးသမီးတွေ ဘာလုပ်ကြတာလဲ ချက်ချင်း သဘောပေါက်သွား၏။ သူမတို့က ဒီကောင်ရဲ့ မီးပြင်းဖိုတွေပဲ ဖြစ်ပေမည်။
ဆန့်ကျင်ဘက်အနေနှင့် ယင်ယန်မဟာဂိုဏ်း၏ ပုံစံသည် ယင်ကိုစုဆောင်းပြီး ယန်ကို ဖြည့်တင်းရန်သာ ရှိသည်။ ဒီကောင် ဒီကိုရောက်လာတာ အံ့ဩစရာ မဟုတ်ပေ။ သူကျင့်ကြံနေတဲ့ သိုင်းကို တခြားလူတွေ မမြင်အောင် ဖုံးကွယ်ထားချင်တာပင်။ အကြောင်းမှာ ဒီကျင့်စဥ်ကို လောကမှာ ကာလအတန်ကြာ တားမြစ်ပိတ်ပင်ထားခဲ့လို့ပဲ ဖြစ်သည်။
မဟာဂိုဏ်းနှင့် သန့်ရှင်းတဲ့မြေက မိသားစုသည် ကျင့်ကြံသူအားလုံး၏ အမြင်တွင် ကင်းကွာနေပြီး တောင်တန်းကြီးလို ဖြောင့်ဖြောင့်တန်းတန်း ရှိနေသည်။ ဝေးလံခေါင်သီသော နေရာတွင် ယင်ယန် မဟာဂိုဏ်းရှိနေကြောင်း လူတိုင်း သိကြပြီး ယင်ရိတ်သိမ်းခြင်းနှင့် ယန်အား ဖြည့်တင်းခြင်း နည်းလမ်းကို ကျင့်သုံးနေပါက နာမည်ပျက်သွားမည် ဖြစ်သည်။
လုရွှမ်က တခစ်ခစ်ရယ်ရင်း " ငါက ဘယ်သူလဲ ဟုတ်လား ကောင်လေး... ယင်နဲ့ယန် မဟာဂိုဏ်းဝင်တစ်ယောက် ဖြစ်တဲ့ ပိုင်ထျန်း မင်းမှာ သတ္တိအတော်လေး ရှိသားပဲ... မင်း ယင်နဲ့ ကစားပြီး ယန်ကို ဒီမှာ ဖြည့်တင်းနေတဲ့အထိ သတ္တိရှိနေတာပဲ....ဟားဟား မင်း သေလမ်းတာကို ရှာနေတာ မဟုတ်ဘူးလား"
လုရွှမ်၏ စကားများ ထွက်လာသည်နှင့် တပြိုင်နက် ပိုင်ထျန်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ယင်ကို စုဆောင်းပြီး ယန်ကို ဖြည့်တင်းခြင်း ကဲ့သို့သော အရာများကို အခြားသူများ သိပြီးသည်နှင့် အဆုံးမဲ့ ဒုက္ခများ ရှိလာလိမ့်မည်။
"မင်း ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး"
ပိုင်ထျန်းက အော်လိုက်ရင်း သူ့မျက်နှာက ပိုဖြူလာကာ ကြောက်လို့လာ၏။
အမျိုးသမီးတွေက: "ဘာကို ယင်နဲ့ကစားပြီး ယန်ကိုဖြည့်တာလဲ... သခင်လေးပိုင်ထျန်း ရှင် ကျွန်မတို့ကို ယင်ယန် မဟာဂိုဏ်းကို ခေါ်သွားချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား... ဒီစကားက ဘာလဲ?"
"ဒါဆို ကျွန်မတို့က မီးဖိုတွေလား"
ကျင့်ကြံသူ မိန်းကလေးများ ဒေါသစိတ်နှင့် ပေါက်ကွဲကုန်သည်။ လုရွှမ် ၎င်းကိုကြည့်ကာ ခေါင်းခါလိုက်သည်။ ကိုယ့်ခန္ဓာကိုယ်ကို စွန့်လွှတ်တိုင်း ရလာတဲ့ အရာတွေက အရမ်းတန်ဖိုးရှိတယ်လို့များ ထင်နေကြတာလား။
တချို့လူတွေက အလှတရားကို ကစားစရာတစ်ခု အဖြစ်သာ သဘောထားကြသည်။
"ကောင်လေး မင်းသေမင်းတာကို ရှာနေတာလား?"
ပိုင်ထျန်း ဒေါသတကြီး ဟောက်ပြီး သူ့ဓားနဲ့ ရုတ်တရက် ခုတ်ချလိုက်သည်။
လုရွှမ်က ဒီလူရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားပြီ။ သူ့ကို နှုတ်ပိတ် မသတ်ရင်တောင် ထူးဆန်းနေလိမ့်မယ်။ အထူးသဖြင့် သူသည် နတ်မီးနယ်ပယ် အဆင့်၃ ဖြစ်နေတာကို မြင်လိုက်ရကာ သူ့ကို သတ်ပြီး နှုတ်ပိတ်ရန် ရွေးချယ်လိုက်သည်မှာ သိသာထင်ရှားလှသည်။
"လူတိုင်း ထွက်လာပြီး ဒီကောင်ကို အတူတူ သတ်လိုက်..."
"သူ ငါတို့ရဲ့လျှို့ဝှက်ချက်ကို ပြောပြီးတာနဲ့ ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး"
ပိုင်ထျန်းရဲ့ မျက်နှာက ရုတ်တရက် မည်းမှောင်လာပြီး ဓားစွမ်းအင်များ ပစ်လွှတ်လိုက်၏။ ဓားအလင်းက မရောက်မီတွင် ဓားအသွင်သဏ္ဌာန် ပြောင်းလဲခြင်းကို လုရွှမ် သတိထားမိသည်။ သို့သော် သူ့မျက်လုံးထဲ လုံးဝ မထည့်ထားချေ။
ပိုင်ထျန်းရဲ့ အသံကြားသည်နှင့် လူတစ်စု ပြေးထွက်လာကြသည်။ ကျင့်ကြံသူ အနည်းစုလည်း သူ့အား အေးစက်သော သွားများကို အံကြိတ်ချက် ကြည့်နေကြသည်။ အထဲမှာ အသိအကျွမ်း တစ်ယောက်ကို မြင်လိုက်ရ၏။
လုရွှမ် လှောင်ပြုံးဖြင့် သူ့လက်ဖဝါးကို ညင်သာစွာ စုပ်ယူလိုက်သည်။ သူ့လက်ဝါးကနေ ပြင်းထန်သော စွမ်းအားတစ်ခု ထုတ်လွှတ်လိုက်ကာ ထိုလူကို စုပ်လိုက်၏။ ထိုလူက နတ်မီးနယ်ပယ် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သောကြောင့် လုရွှမ်၏ စွမ်းအားကို သူ ဘယ်လိုလုပ် ခုခံနိုင်ပါ့မလဲ။
"မင်းက ရှဲ့ဖေးဖေးရဲ့ တတိယခဲအိုပဲ"
တစ်ဖက်လူရဲ့ စကားအမူအရာက ရုတ်ချည်း ပြောင်းသွားသော်လည်း ချက်ချင်း လေသံက မာလာ၏။
"ဟမ့် ငါဆိုတော့ရော ဘာဖြစ်လဲ...၇လေးကို ပြန်ပေးဆွဲခဲ့သွားတဲ့ လူယုတ်မာက မင်းပဲ!"
လုရွှမ်စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။
"မင်းဒီမှာ ရှိနေတယ်... မင်းမိန်းမ ဘယ်မှာလဲ"
"ဟာဟား... ဘယ်လိုလုပ် လူယုတ်မာမိန်းမက ရှိမှာလဲ....သူမက စစ်တုရင် အပိုင်းအစ၊ အိမ်ထောင်ရေးအတွက် အလျှော့အတင်း ချပ်ပြားတစ်ခုပဲ... ရှဲ့မိသားစုရဲ့ မိန်းမကတစ်ဆင့် ဒီသခင်ငယ်လေးက သူတို့မိသားစုရဲ့ အမိန့်နဲ့ အိမ်မက်တွေကို နာခံစေချင်တယ်လို့ ရှဲ့မိသားစုက ယူဆခဲ့တယ်လေ... သူတို့ရဲ့ အစ်မအကြီးဆုံးက မဟာဂိုဏ်းကြီးမှာ တကယ်ဝင်ခဲ့တာ ဟုတ်ပြီ... အခု ရှဲ့မိသားစုထဲက အမျိုးသမီးကို ဘယ်သူက လက်ထပ်မယ်လို့ ထင်လဲ"
"ဟားဟား ရှဲ့မိသားစုရဲ့ သခင်မလေးတွေ အခုဘယ်မှာရှိနေတယ်လို့ ထင်လဲ... ရှဲ့မိသားစု ဒုက္ခရောက်နေရင်တောင် ပေါ်လာမှာ မဟုတ်ဘူး ဟားဟား ငါပြောချင်တာက သူတို့ဒီမှာ ရှိနေတယ် အတိအကျပြောရရင် သူမတို့က ဒီလူတွေရဲ့ ပေါင်အောက်ကို ရောက်နေကုန်ပြီလေ"
လုရွှမ်၏ မျက်နှာသည် လူသတ်ရန် ရည်ရွယ်ချက်များ ပြည့်နှက်နေပြီး သူက အေးစက်စွာ ပြောလိုက်သည်။
"မင်းမိန်းမကို တခြားသူတွေ မီးဖိုအဖြစ်သုံးဖို့ ဒီကို ဆွဲခေါ်သွားတာလား "
"ဘာလဲ ငါတစ်ယောက်တည်း မဟုတ်ဘူးနော်... ညီအစ်ကိုတို့ မင်းတို့ရဲ့သတ္တမမြောက် ညီမလေးနဲ့ သွားတွေ့ကြရအောင်... ဟားဟားဟား"
လူအများအပြား ထွက်လာကြသည်။ ၎င်းတို့ဟာ တစ်ချိန်တုန်းက လုရွှမ်ကို လိုက်လံရှာဖွေခဲ့သော ရှဲ့မိသားစု၏ သားမက်များသာ ဖြစ်သည်။
စတုတ္ထမြောက် သားမက်က အမျိုးသမီးတစ်ဦး၏ဆံပင်ကို လွှင့်ထူပြီး ကိုယ်လုံးတီး အမျိုးသမီးတစ်ဦးကို ဖယ်ထုတ်ပစ်လိုက်သည်။ ထိုအမျိုးသမီးသည် ဆေးစွဲနေမှန်း သိသာထင်ရှားစွာ သိသာထင်ရှားစွာပင် သူမ၏ တစ်ကိုယ်လုံး နီရဲနေကာ သတိလစ်မေ့မြောနေပြီး သူမသည် ထိုယောက်ျား၏ ခန္ဓာကိုယ်ကို သပ်သပ်ရပ်ရပ် လှဲချနေခဲ့သည်။
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားစွမ်းအင်က ပြေးထွက်သွားကာ ထိုအမျိုးသမီး၏ မျက်ခုံးကို ထိုးဖောက်ပစ်လေရာ သူမ သေဆုံးသွားခဲ့သည်။ သူမ ရူးနေပြီ။ သူမခန္ဓာကိုယ်ထဲက ယင်ဓာတ်တွေကို တစ်ဖက်က အကုန်ရိတ်သိမ်းပြီးပြီ။ သူမ အသက်ရှင်နေသေးရင်တောင် ကိရိယာတစ်ခုထက် ဘာမှ မပိုတော့ပေ။
"မင်းငါ့မိန်းမကို သတ်လိုက်တယ်ပေါ့ ဟားဟားဟား... ငါ လုံးဝ ဂရုမစိုက်ဘူး ဟာဟားဟား"
"ရှဲ့မိသားစုထဲက တခြားမိန်းမတွေ ဘယ်မှာလဲ"
လုရွှမ်၏ အသံကို ရင်းနှီးသူတိုင်း သိပါက လုရွှမ် တစ်ယောက်ယောက်ကို သတ်တော့မည့် အရိပ်အယောင်ပင် ဖြစ်ကြောင်း သိနိုင်သည်။
"သူတို့အားလုံး သေကုန်ပြီ... ဟင့်အင်း အဲ့ခွေးမတွေက တကယ်ပဲ သတ်သေလိုက်တာလေ.. ဟမ့် ငါတို့ ဒါကို ဆွေးနွေးနေတုန်းပဲ ရှဲ့မိသားစုရဲ့ သမီးနှစ်ယောက်နဲ့ ယောက္ခမတစ်ယောက်လည်း ရှိတယ်လေ... ဟဲဟဲ ငါတို့က သူတို့ကို ဖယ်ခိုင်းလိုက်တာ... ကျန်တဲ့လူတွေနဲ့ အတူတူ ကစားဖို့လေ..."
"ဟေး မင်း ပြန်ရောက်လာပြီ ဆိုတော့ ၇လေးလည်း မင်းနဲ့အတူ ပြန်ခေါ်လာတယ်မလား ဟားဟား ငါအမြဲတမ်း ၇လေး နဲ့ ကစားချင်ပေမယ့် သူမကို ဘယ်သွားရှာရမှန်း မသိ....."
သို့သော် ထိုလူ၏ စကားများ ပြတ်တောက်သွားကာ သူ့ခေါင်းက တစ်ဖက်သို့ လွင့်ပျံလာကာ နေရာအနှံ့ သွေးတွေ ဖျန်းခနဲ ထသွားသည်။ လုရွှမ် တစ်ယောက်ယောက်ကို ဘယ်လို သတ်လိုက်တာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိလိုက်ရတာကြောင့် ပတ်ဝန်းကျင်က လူတွေလည်း ထိတ်လန့်တကြား ထအော်လိုက်ကြ၏။
"မင်းက ဘယ်သူလဲ!!"
ပိုင်ထျန်းက လုရွှမ်ရဲ့ ကျင့်ကြံမှုကို သူ့မျက်လုံးထဲမှာ မြင်နေရပေမယ့် သူ့အစွမ်းက ရက်စက်လွန်းတော့ ကြောက်လန့်သွားရသည်။
"သခင်လေးပိုင်ထျန်း.... ဒီကောင်လေးက ဘယ်သူမှ မဟုတ်ဘူး ဟားဟား သူက လုရွှမ်လို့ခေါ်တဲ့ သူခိုးတစ်ယောက်ပဲ ရှဲ့မိသားစုရဲ့ ၇ယောက်မြောက် သခင်မလေးကို လုယက်သွားခဲ့တာလေ"
ပိုင်ထျန်း ထိုလူရဲ့ မျက်နှာကို ပါးရိုက်ချလိုက်ရင်း သူ့အမူအရာက အလွန်ဝမ်းနည်းသွားပြီး ပါးစပ်ကလည်း တုန်တုန်ယင်ယင်ဖြင့် ရေရွတ်နေသည်။
"လု လု လု လုရွှမ်?"