← Chapters

ခရီးသို့အကြို

Vol. 009 Ch. 890

ခရီးသို့အကြို

Vol. 009 Ch. 890

ရီဖူရှင်းကလည်း ပတ်ဝန်းကျင် အခြေအနေ အပြောင်းအလဲကို သတိထားမိသည်။ သည်မတိုင်ခင် မှန်နန်းတော်သခင်က သူ့အတွက် ပြောပေးခဲ့ရာ တင်းမာမှုများ ပြေလျော့ခဲ့ရာ တစ်စုံတစ်ယောက်အား မပျော်မရွှင် ဖြစ်စေခဲ့ဟန်ရသည်။

ရီဖူရှင်းက သေရည်ခွက်ကို မြှောက်ကာ ရှန့်ထိုရှားအား ပြောသည်… “ဒီနေ့က တော်ဝင်ကျဲ နန်းတော်အတွက် ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ စီနီယာရှန့်ထိုရှားရဲ့ မွေးနေ့ပွဲဖြစ်တယ်… ကျုပ်တို့က အမြဲတမ်း ကျေးဇူးတင်နေမှာပါ… မွေးနေ့ပွဲက ပျော်ရွှင်စရာ အငွေ့အသက်ကို အနှောင့်အယှက် ဖြစ်စေတာ ကျွန်တော့်အပြစ်ပါပဲ… ကျုပ်က အပြစ်ခံယူတဲ့အနေနဲ့ ဒီသေရည်ကို သောက်ပါ့မယ်…” ထို့နောက် ရီဖူရှင်းက သေရည်ကို သောက်လိုက်သည်။

ပြည်နယ်ကိုးခုတွင် ရှန့်ထိုရှား၏ အဆင့်အတန်းမှာ အလွန်မြင့်မားပြီး ကြီးမားသော ဂုဏ်သိက္ခာကို ပိုင်ဆိုင်ပေသည်။ ရှန့်ထိုရှားက သူ့အား တမင် အပြစ်ရှာနေခြင်း မဟုတ်ကြောင်း ရီဖူရှင်း နားလည်ပေသည်။ ထို့ကြောင့် သာမန်ကိစ္စ အသေးအမွှားလေး တစ်ခုအတွက် ရှန့်ထိုရှားအပေါ် အပြစ်လုပ်ရန် မသင့်တော်ပေ။

ရီဖူရှင်း၏အပြုအမူကို မြင်လျှင် ရှန့်ထိုရှားမှာ ပိုမို၍ သက်သောင့်သက်သာ ဖြစ်လာသည်။ သူက ရီဖူရှင်းအား နှစ်ကြိမ်တိတိ ပြောခဲ့သည်။ သို့သော်လည်း ရီဖူရှင်းက ငြင်းပယ်ခဲ့၏။ သူ့တွင် ထိုမျှလောက်အထိ ငြင်းပယ် ရလောက်အောင် အမှန်တကယ် အခက်အခဲရှိနေဟန် ရသည်။

“ရီဖူရှင်း ... အထက်ဘုံမှာ တမန်တော်ရဲ့ ဂုဏ်သတင်းက ပြည်နယ်ကိုးခုမှာ မင်းလိုပဲ ကျော်ကြားတယ် ... မင်းရဲ့ မျိုးဆက်မှာ မင်းနဲ့ ယှဉ်ပြိုင်နိုင်မည့်လူ ရှားတယ်... အခု တမန်တော် နောက်ကို လိုက်တာက မင်းရဲ့ပါရမီနဲ့ဆို ကောင်းဖို့ပဲ ရှိတယ်...” ရှန့်ထိုရှားက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်... “ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ ကျွန်တော်က ငြင်းပယ်တယ် ဆိုတာကလည်း မတတ်သာတဲ့ အခြေအနေကြောင့်ပါ... မှန်ပါတယ် ... တကယ်လို့ စီနီယာနဲ့ တမန်တော်တို့က ကျွန်တော့်ကို မဖြစ်မနေ လိုက်စေချင်တယ်ဆိုရင် ကျွန်တော်က သွားပါ့မယ် ... လစ်ပီစေတီနဲ့ အကဲဖြတ်နေစရာ မလိုပါဘူး..”

ရီဖူရှင်း၏ ပါရမီဖြင့် လစ်ပီစေတီဖြင့် စမ်းသပ်ခြင်းမှာ ဟန်ပြတစ်ခုမျှသာ ဖြစ်သည်ကို အားလုံးက နားလည်ကြသည်။

“အမှန်ပဲ... ကိုယ့်ကိုယ်ကိုယ် သွေးနားထင် ရောက်နေတာ..” ရှန့်ထိုကျိက ပြုံးလျက် သေရည်ကို သောက်သည်။

“ပြည်နယ်ကိုးခုက လူတွေ အကုန်လုံး လစ်ပီစေတီ စမ်းသပ်မှုကို ကျော်ဖြတ်ခဲ့ကြတယ်... ကြည့်ရတာ နန်းတော်သခင်ရီက တခြားလူတွေထက် ကိုယ့်ကိုယ်ကိုယ် မတူဘူးလို့ ထင်ထားပုံပဲ...” ကျိရှမ်းကမ်းပါး ရှန့်ထို ခေါင်းဆောင်ကလည် ပြောသည်။ ရှန့်ထိုရှားကား အလွန် စိတ်ကောင်းလွန်း နေသည်။

ကျောက်ပြည်ထောင် ဘုရင်နှင့် တော်ဝင်ကျဲ နန်းတော်တို့အကြား တိုက်ပွဲမှာ ကျိရှမ်းကမ်းပါးရှန့်ထို ခေါင်းဆောင်အတွက် ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားရသည်။ ကျိရှမ်းကမ်းပါး၏ အင်အားမှာ ကျောက်ပြည်ထောင် ဘုရင်နှင့် သိပ်မကွာကြောင်း သူကောင်းကောင်း သိပေသည်။

“ဒီနေ့က စီနီယာရှန့်ထိုရှားရဲ့ မွေးနေ့ပဲ... ဘာလို့ အားလုံး စိတ်ခံစားချက် မကောင်းအောင် ဆက်တိုက် ဝင်ပြောနေတာလဲ ကျုပ် နားမလည်ဘူး...” ရီဖူရှင်း၏မျက်လုံးများက ထက်ရှသွားသည်။ သူက ရှန့်ထိုကျန့်အား ပြန်မပြောခြင်းမှာ မလိုအပ်ဟု ထင်၍ ဖြစ်သည်။ တစ်ဖက်သူကား ရှန့်ထိုဖြစ်ကာ သူ၏ပြောစကားက မည်သို့မှ ဖိအားဖြစ်စေမည် မဟုတ်ပေ။ သို့သော်လည်း တစ်ဖက်လူက သူ့အား အလွတ်ပေးမည့်ပုံ မရှိပေ။

“ကျုပ်က စိတ်ကြီးဝင်နေတယ်လို့ ခင်ဗျားပြောမှတော့ ဒီလိုပဲ ထားလိုက်ကြတာပေါ့...” ရီဖူရှင်းက ဆက်ပြောသည်... “ကျုပ်က အဆင့်မမီဘူးလို့ ခင်ဗျားတို့ထင်ရင် တော်ဝင်အလင်း နန်းတော်နဲ့ ကျိရှမ်းကမ်းပါးတို့က ပါရမီ အမြင့်ဆုံးလူတွေ ခေါ်လာကြတယ်... အခု ကျုပ်က အဆင့်မြင့်ရှီပဲ... ကျုပ်နဲ့အဆင့်တူ တန်ခိုးအဆင့်ထဲက ကြိုက်တဲ့လူကို စိန်ခေါ်ခိုင်းပါ ... တကယ်လို့ ကျုပ်က မယှဉ်နိုင်ရင် တော်ဝင်ကျဲနန်းတော် သခင်နေရာက နုတ်ထွက်ပေးမယ်...” ရီဖူရှင်း၏ တုံ့ပြန်မှုက လူအုပ်အား တိတ်ဆိတ် သွားစေသည်။ သူက တော်ဝင်အလင်း နန်းတော်နှင့် ကျိရှမ်းကမ်းပါးတို့အား ကိုယ်တိုင် စိန်ခေါ်လိုဟန် ရသည်။

ပတ်ဝန်းကျင် တစ်ခုလုံး အေးစက် လာဟန်ရသည်။ တော်ဝင်မြေနှစ်ခု၏ အေးစက်သော မျက်လုံးပေါင်းများစွာကာ ရီဖူရှင်းထံသို့ ရောက်လာသည်။

ရှန့်ထိုကျိက ရီဖူရှင်းအား ကြည့်သည်။ သည်ပါရမီရှင်ကား ပြည်နယ်ကိုးခု စင်မြင့်၌ တော်ဝင်မြေလေးခုမှ ပါရမီရှင်များအား အပြတ်အသတ် ဖိနှိပ်ခဲ့၏။ တော်ဝင်အလင်း နန်းတော်ဖြစ်ဖြစ် ကျိရှမ်းကမ်းပါးမှ ဖြစ်ဖြစ် ရီဖူရှင်းအား အဆင့်တူအတွင်း အနိုင်ယူနိုင်မည့်သူ ရှိမည် မဟုတ်ပေ။

“မင်း...” ရှန့်ထိုကျိက ပြန်ပြောလိုသည်။

“စကားနဲ့ပြောတာက အရေးမပါဘူး... ကျုပ်က သွေးနားထင် ရောက်နေတယ်လို့ ခင်ဗျားပြောတယ်... အခုကျုပ်က ဝန်ခံတယ်... ခင်ဗျားတို့ တော်ဝင်အလင်း နန်းတော်က ပါရမီရှင်တွေကိုသာ ခေါ်ထုတ်လိုက်...” ရီဖူရှင်းက ရှန့်ထိုကျိကို ကြည့်ကာ ဆက်ပြောသည်... “မဟုတ်ရင် မွေးနေ့ပွဲကိုပဲ ကောင်းကောင်း ဆင်နွှဲပါ... ကျုပ်နဲ့ တော်ဝင်ကျဲနန်းတော် အပေါ် စိတ်ပူနေစရာ မလိုဘူး...”

နောက်ဆုံး စကားက ကွဲပြားခြားနားသော ပုံစံတစ်ခုဖြင့် ပြောခဲ့လျှင် သာမန် တိတ်ဆိတ်မှုက လုံလောက်ပေသည်။ သို့သော်လည်း ရီဖူရှင်းကလည်း သည်းခံဟန် မတူပေ။ ရှန့်ထိုများ အကြားတွင် သူတစ်ယောက်တည်းသာ ရှန့်ထို မဖြစ်သေးသူ ဖြစ်သည်။ သူက ရှန့်ထိုများအပေါ် လုံလုံလောက်လောက် လေးစားမှု ထားခဲ့ပြီးပြီဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း တစ်စုံတစ်ယောက်က သူ့အား အတင်း ဖိအားပေးလိုမှတော့ သူကလည်း သည်အတိုင်း ငြိမ်ခံနေမည်တော့ မဟုတ်ပေ။

ကျောက်ပြည်ထောင် ဘုရင်ကား ထိုမြင်ကွင်းကို ကြည့်ကာ လွန်စွာ ကျေနပ် နှစ်သိမ့်နေသည်။ ယခု သူက ဘာမှ မပြောသော်လည်း သေရည် အရသာအား ကောင်းကောင်း ခံစားကာ သောက်နေသည်။ အမှန်ပင် စိတ်ကြီးပေသည်။ ရှန့်ထိုကျန့်ကား ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၅ဖြစ်ကာ သူကိုယ်တိုင်ပင် ရင်မဆိုင်လိုသူ ဖြစ်သည်။

ရှန့်ထိုများ အားလုံးက ရီဖူရှင်းကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ သူတို့က လူငယ်မျိုးဆက် တစ်ယောက်အပေါ် အလေးအနက် ထားသည့်အချိန် မရှိသလောက် ရှားပေသည်။ သို့သော် ရီဖူရှင်းကား ခြွင်းချက်ဖြစ်သည်။ ယနေ့ကား ရှန့်ထိုမဟုတ်သော တော်ဝင်မြေ ခေါင်းဆောင် တစ်ယောက်အား သူတို့က ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြခြင်း ဖြစ်ကာ သူကား အမှန်ပင် ထူးခြားပေသည်။

ကောင်းကင်ရှန့်ထိုက ပြုံးလိုက်သည်။ ရှန့်ထိုကျိမှာ လူငယ်တစ်ယောက်၏ ပြန်လည် တုံ့ပြန် ပြောဆိုခြင်းကို ခံရသည်မှာ သူ့အတွက် ပထမဆုံး အတွေ့အကြုံ ဖြစ်ပေလိမ့်မည်။ ရီဖူရှင်း၏စကားက သာမန် အဓိပ္ပာယ်မျှသာ ပါဝင်သည် မဟုတ်ပေ။ အကယ်၍ ရှန့်ထိုကျိသာ အမှန်တကယ် စိန်ခေါ် တိုက်ခိုက်ခဲ့ပါက သူ၏ အဆင့်အတန်းဖြင့် အလောင်းအစား ရှုံးနိမ့်ခဲ့လျှင် သူ၏ အမှားအတွက် တောင်းပန် ရပေလိမ့်မည်။ သို့သော်လည်း ထိုအရာက ရှန့်ထိုကျန့်အတွက် သည်းခံနိုင်စရာတော့ မဟုတ်ပေ။ ထို့ကြောင့် လက်ရှိတွင် သူကား ရီဖူရှင်းကို စိုက်ကြည့်ရုံမျှသာ တတ်နိုင်သည်။

မွေးနေ့ပွဲမှာ တိတ်ဆိတ် နေသည်။ ရှန့်ထိုကျန့်၏ မျက်လုံးများက အရာအားလုံး၏ကို ထွင်းဖောက် သွားနိုင်သော အလင်းတန်းအလား ရီဖူရှင်း၏ မျက်လုံးကို စူးစိုက် ကြည့်နေသည်။

“တော်လောက်ပြီ...” ရှန့်ထိုရှားက တီးတိုးပြောကာ ကသိကအောက် အခြေအနေအား ဖြိုခွင်း လိုက်သည်။

ရှန့်ထိုရှားက ရီဖူရှင်းအား လေးနက်စွာ ကြည့်သည်။ ကျောက်ပြည်ထောင်နှင့် တော်ဝင်ကျဲနန်းတော်တို့ အကြား တော်ဝင်စစ်ပွဲ အဘယ်ကြောင့် ဖြစ်လာသည်ကို သူနားလည် လိုက်သည်။ ကျောက်ပြည်ထောင် ဘုရင်က မောက်မာကာ ကြမ်းတမ်းသလို ရီဖူရှင်းမှာလည်း မဟုတ်မခံ ပြန်လည် တုံ့ပြန်တတ်ပေသည်။ ထို့ကြောင့်လည်း တော်ဝင်မြေအချို့က မြေရိုင်းပြည်နယ်ကို သဘောမကျခြင်း ဖြစ်ပေမည်။

“တမန်တော်က ဘယ်လိုထင်လဲ...” ရှန့်ထိုရှားက ရှားရှင်းယွန်ကို ကြည့်သည်။ မွေးနေ့ပွဲ တက်ရောက် လာသူများထဲတွင် ရှားကလန် တစ်ခုတည်းသာ ရှားရှင်းယွန် မည်သူဖြစ်သည်ကို သိပေသည်။

ရှားရှင်းယွန်၏ နောက်ခံမှာ ဧည့်သည်များ ထင်ထားသည်ထက် အဆများစွာ ကြောက်မက်ဖွယ် ကောင်းပေသည်။ သူမကား မွေးကတည်း အများစု၏ အာရုံစိုက်ခြင်းကို ခံရကာ ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်သူ ဖြစ်သည်။ ပြည်နယ်ကိုးခုမှ ရှန့်ထိုများထဲတွင် အထက်ဘုံသို့ တက်ရောက်ခဲ့ဖူးသူ ရှိပါက ထိုသူမှာ သေချာပေါက် ရှားရှင်းယွန်ကို သိပေမည်။ သို့သော်လည်း သည်နေရာတွင် ရှိသော မည်သူတစ်ဦး တစ်ယောက်မှ သူမအား သိပုံမရပေ။

ရီဖူရှင်းကို ထား၍... သည်နေရာတွင် ရှိနေသမျှသော လူတိုင်းအား ရှားရှင်းယွန်၏ စကားတစ်ခွန်းမျှဖြင့် အရာအားလုံးကို အဆုံးအဖြတ် ပေးလိုက်၍ ရပေသည်။ ရှန့်ထိုအဆင့်များပင် မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။

ရှားရှင်းယွန်က လက်ဝှေ့ယမ်းကာ လစ်ပီစေတီအား သိမ်းလိုက်သည်။ သူမက ရှန့်ထိုရှားအား မကြည့်ဘဲ အောက်မှ လူများအား ပြောသည်... “ပြင်ဆင်ပါ... ကျွန်မတို့က မွေးနေ့ပွဲပြီးတာနဲ့ ထွက်သွားမယ်...” အားလုံးက အံ့အားသင့် သွားသည်။ သူမက မြန်ဆန်စွာပင် ထွက်သွားလိုသည်။

ထို့နောက်တွင် ရှားရှင်းယွန်က သူမ၏ ထိုင်ခုံနေရာသို့ ပြန်သည်။ သူမက ရီဖူရှင်း၏ရှေ့သို့ ရောက်သောအခါ တစ်ချက် တုံ့ခနဲ ရပ်လိုက်ပြီး ပြောသည်... “ကျွန်မက ရှင့်ကို အတင်း မတိုက်တွန်းဘူး... ရှင်က မသွားချင်ဘူး ဆိုမှတော့ သွားစရာ မလိုဘူး...” ထိုသို့ ပြောကာ သူမက ထိုင်ခုံတွင် ထိုင်သည်။

ရီဖူရှင်းက ဘာမှ မပြောပေ။

ရှန့်ထိုရှားက ထိုကိစ္စကို ထပ်မံ၍ မဟတော့ပေ။ သူက ရီဖူရှင်းအား ကြည့်ကာ ရီဖူရှင်းမှာ အလွန် ကောင်းမွန်သော အခွင့်အရေးတစ်ခုအား လက်လွတ် လိုက်ရပြီဟု တွေးလိုက်သည်။

သူ၏အမြင်တွင် ရှားရှင်းယွန်၏နောက်ကို လိုက်ခြင်းမှာ တော်ဝင်ကျဲ နန်းတော် သခင်နေရာထက် အဆမတန် မြင့်မားပေသည်။

ရှန့်ထိုရှားက သူ၏ခွက်ကို မြှောက်လိုက်ကာ အားလုံးကို ပြောသည်... “ကျုပ်တို့ ကိစ္စတွေ ပြီးသွားပြီ.. အကုန်လုံးက မွေးနေ့ပွဲမှာ လွတ်လွတ်လပ်လပ် နေလို့ရပါတယ်...”

“ရှန့်ထိုရှားအတွက်...” အားလုံးက ခွက်ကို မြှောက်ကာ သောက်လိုက် ကြသည်။

ထိုအခါမှ မွေးနေ့ပွဲ၏အငွေ့အသက်များ ပြန်လည် လွှမ်းခြုံလာသည်။ လူအများက မိမိတို့နေရာမှ ထရပ်ကာ မိတ်ဆွေ အပေါင်းအသင်းများနှင့် သွားရောက် စကားပြောကြသည်။ ရှားရှင်းယွန်က ထရပ်ကာ ထွက်သွားသည်ကို ရီဖူရှင်း မြင်သည်။ ရှန့်ထိုများက အေးအေးလူလူ စကားစမြည် ပြောနေကြ၏။ သူက သည်နေရာတွင် ဘောင်မဝင်ဟု ခံစားရရာ ရီဖူရှင်းက ထရပ်ကာ အောက်ကို ဆင်းလာသည်။

ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်နေရာ ယူထားသော နေရာသို့ လှမ်းသွားသည်။ ဟွာဂျီယူက ကျူးကော့မင်းယွီ၊ ယွန်စွေ့ရှင်း၊ ဖီးနစ်တို့နှင့် အတူတူ ထိုင်နေသည်။ ရီဖူရှင်းက ဟွာဂျီယူကို ဒေါသတကြီး ကြည့်သော်လည်း သူမက ဂရုစိုက်ဟန် မရပေ။ သူမက သူ့အား ပြုံးပြသည်တွင် ရီဖူရှင်းလည်း ဘာမှ မတတ်နိုင်တော့။

“အစ်မ၂... ဂျီယူကို ဂရုစိုက်ပေးပါ...” ရီဖူရှင်းက ကျူးကော့မင်းယွီကို ပြောသည်။

“ဘာ... မင်းတို့က ခွဲဖို့ ဒီလောက် ခက်ခဲနေတာလား... ဒါနဲ့ မင်းက ပြည်နယ်ကိုးခု ကျောင်းတော်မှာ တော်တော် အဆင်ပြေနေတယ်လို့ ကြားတယ်...” ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။

ရီဖူရှင်းက စိတ်ရှုပ်စွာဖြင့် ပြောသည်... “အစ်မ၂က ဘယ်သူ့ဘက်ကလဲ...”

ယွန်ရှင်း၊ ထာဝရအဘိုးအို၊ ဟောင်စီ၊ စုရှမ်းနှင့် ကျူးကော့ချန်းဖန်တို့က သူတို့၏ လူငယ်မျိုးဆက်များအား အသီးသီး နှုတ်ဆက်ကြသည်။ သည်နေရာသို့အထိ ရောက်လာသော လူငယ် မျိုးဆက်များမှာ အတွေ့အကြုံများ ပြည့်ဝကာ အကောင်းဆုံးသော လူများ ဖြစ်ကြသည်။ သူတို့ကား မြေရိုင်းပြည်နယ်၏ အနာဂတ် ဖြစ်သည်။

“နန်းတော်သခင်ရီ...” ညင်သာသော အသံတစ်သံအား ကြားရသည်။ ရီဖူရှင်းထံသို့ မိန်းကလေး တစ်ယောက်​ ရောက်လာ၏။ သူမကား ယွီလင်းရှောင်ဖြစ်ကာ သူမအနီး၌ များစွာသော ယွီကလန် လူငယ်များအား တွေ့ရသည်။

“မိန်းကလေး ယွီ...” ရီဖူရှင်းက ခေါ်လိုက်သည်။

“ဒီလူတွေက စမ်းသပ်မှုခံယူဖို့ သွားကြမယ့်လူတွေပါ... ဒီတစ်ခေါက် သူတို့က မြေရိုင်းပြည်နယ်က လူတွေနဲ့အတူ သွားကြမှာဖြစ်လို့ အချင်းချင်း ဂရုစိုက်ပေးလို့ ရတာပေါ့...” ယွီလင်းရှောင် ကိုယ်တိုင်ကား အရည်အချင်း မပြည့်မီခဲ့ပေ။

ရီဖူရှင်းက စန္ဒာနတ်မယ်အား လှမ်းကြည့်လျှင် တစ်ဖက်က ပြန်၍ ခေါင်းညိတ်ပြသည်။ ရီဖူရှင်းက ပြုံးလျက်ပြောသည်... “ကောင်းပြီ... ဒါက ကျုပ်အစ်ကိုကြီးပဲ... ကျုပ်တို့က လမ်းမှာ အတူတူသွားပြီး အချင်းချင်း အကူအညီပေးလို့ ရတယ်…”

ထို့နောက် ယွီကလန် ခေါင်းဆောင်က ဓားသခင်နှင့် ရီဖူရှင်းတို့အား နှုတ်ဆက်ကာ ထွက်သွားသည်။

“အစ်ကိုကြီး… အစ်မ၂... မှန်နန်းတော်က လူတွေကလည်း ယုံကြည် စိတ်ချရတယ်... တကယ်လို့ အန္တရာယ်နဲ့ကြုံလာခဲ့ရင် သူတို့နဲ့ ပူးပေါင်းလို့ရတယ်...” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ...” ဓားသခင်နှင့် ကျူးကော့မင်းယွီတို့က ခေါင်းညိတ် ကြသည်။

“နန်းတော်သခင်ရီက စဉ်းစားဉာဏ် ကောင်းပြီးတော့ ကြိုတွေးနိုင်တယ်...” အသံတစ်သံ ကြားရလျှင် ရီဖူရှင်းက လှည့်ကြည့်သည်။ လူတစ်စု သူတို့ဘက်ကို လျှောက်လာကာ သူတို့ကား တော်ဝင်အလင်း နန်းတော်မှ ဖြစ်ကြသည်။ ရီဖူရှင်းက သူတို့အား တစ်ချက်ကြည့်ပြီးမှ တစ်ဖက်ကို လွှဲလိုက်သည်။

“ကံမကောင်းတာက နန်းတော်သခင်ရီက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်...” တော်ဝင်အလင်း နန်းတော်မှ လူငယ်လေးက ပြောသည်။

“သူက သွားတာဖြစ်စေ မသွားတာဖြစ်စေ စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်...” ရီဖူရှင်းက ဂရုမစိုက်သော်လည်း ဂူတုံးလျိုက တစ်ဖက်လူအား ကြည့်ကာ ပြောသည်။

“တော်ဝင်အလင်း နန်းတော်က ကျိမို...” လူငယ်က သေရည်ခွက်ကို မြှောက်ပြသည်။

“တော်ဝင်ကျဲနန်းတော်က ဂူတုံးလျို...” ဂူတုံးလျိုက ပြန်ပြောသည်။

“ကျုပ် မှတ်ထားမယ်...” ကျိမိုက ထိုသို့ပြောကာ တစ်ဖက်ကို လွှဲသွားသည်။

ထိုမြင်ကွင်းကို ကြည့်ကာ လူအများအပြားက စိတ်လှုပ်ရှား လာကြသည်။

မွေးနေ့ပွဲတွင်ကား မည်သည့် ပဋိပက္ခမျှ မရှိသော်လည်း လက်ရှိပုံစံအရ စမ်းသပ်မှုအတွက် ခရီးကြမ်းမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းနေ ပေတော့မည်။

***

All Chapters