← Chapters

ရှန့်ထိုများနှင့် တော်ဝင် ရတနာများအဆင့်

Vol. 009 Ch. 892

ရှန့်ထိုများနှင့် တော်ဝင် ရတနာများအဆင့်

Vol. 009 Ch. 892

၂နှစ်ကာလမှာ မြန်ဆန်စွာ ကုန်ဆုံး သွားခဲ့သည်။

ကောင်းကင်ပြက္ခဒိန်၏၁၀၀၁၅ခုနစ်ကို ရောက်လာပြီဖြစ်သည်။ သုံးနှစ်ကြာမြင့်ပြီးနောက်ပိုင်း ရီဖူရှင်းက ပြည်နယ်ကိုးခု ကျောင်းတော်တို့ တစ်ဖန် လာရောက် လေ့ကျင့်သည်။

ရီဖူရှင်းက ကျောင်းတော်ကို ရောက်ပြီးနောက် ရှန့်ထိုလီကို ဦးစွာ သွားရောက် တွေ့ဆုံသည်။ သည်တစ်ခေါက်တွင် ရှန့်ထိုလီက သူ့အား ကိုယ်တိုင်ကြိုဆိုကာ စကားစမြည် ပြောဆိုကြသည်။ နှစ်ဦးသား ရင်းနှီးမှုက ပိုမို နီးကပ်လာသည်ဟု ပြောနိုင်ပေသည်။ ရှန့်ထိုလီက ရီဖူရှင်းအား ကျောင်းတော်၏ စာကြည့်တိုက် အတွင်းသို့ စိတ်ကြိုက် ဝင်ထွက်ခွင့် ပေးခဲ့သည်။

ပြည်နယ်ကိုးခု ကျောင်းတော်ကား သမိုင်းရှည်ကြာကာ စာအုပ်စာပေ အမျိုးမျိုး အစားစားတို့အား ပိုင်ဆိုင်ပေသည်။ ကျောင်းတော်မှ တားမြစ်ထားသော စာအုပ်တိုက်များ ရှိသော်လည်း ရီဖူရှင်းအတွက် ရှန့်ထိုလီက ခြွင်းချက်ဖြင့် ဝင်ခွင့်ပေးခဲ့သည်။ ကျောင်းတော်တွင် ထိုကိစ္စမှာ ကျောင်းတော်သား အတော်များများ အတွက် ပြောစရာဖြစ်ခဲ့ပြီး ထိုသို့ အလေးထား ဆက်ဆံခံရခြင်း အပေါ်လည်း မကျေနပ်သူများ ရှိခဲ့ကြ၏။

ရီဖူရှင်း၏ပါရမီက ထူးခြား ကောင်းမွန်သည့်တိုင် ကျောင်းတော်ကား မည်သို့ဆိုစေ ကျောင်းတော်သားများ ကိုသာ ဦးစားပေးသင့်သည်ဟု သူတို့က တွေးထင်ပေသည်။

ရီဖူရှင်းအပေါ် ပိုမိုသောလူများ သဘောမကျ ဖြစ်လာကြသည်။ ယခု ရီဖူရှင်းက ဆေးဥယျာဉ်ကို တစ်ဖန် ရောက်လာပြီ ဖြစ်သည်။ လူအများအပြားမှာ ရှန့်ထိုလီနှင့် ရှန့်ထိုကျန့်တို့၏ ရီဖူရှင်းအပေါ် အလေးထား ဆက်ဆံမှုအပေါ် ကြီးစွာ မနာလို ဝန်တိုကြရ၏။

ရီဖူရှင်းမူကား ထိုစကားသံများ အားလုံးကို လျစ်လျူရှုထားသည်။ ထူးခြား ထက်မြက်သော လူများမှာ လူအများ၏ ဝေဖန်ပြောဆိုမှုများကို ကြုံရသည်မှာ ဓမ္မတာဖြစ်သည်။

ယခု ရီဖူရှင်းကား နတ်မိမယ်ဒီးနှင့် စကားပြောနေသည်။

“ဒီတစ်ခေါက် ပိုပြီး အန္တရာယ် ရှိမှာလား...” ရီဖူရှင်းက မေးသည်။

လိပ်ပြာလေးက ပြန်ပြောသည်... “မှန်တာပေါ့... ငါက လိုတဲ့ ဆေးပင်တွေတောင် အပြည့်အစုံ မရသေးဘူး ... ဒါက အချိန်နည်းနည်း ကြာမယ်... ဒီဆေးပင်တွေက ဘယ်လောက် ကြောက်စရာ ကောင်းလဲ နင်သိမှာ မဟုတ်ဘူး ... နင်က နောက်မှ လာသင့်တယ် ... မလာခဲ့ရင် ပိုကောင်းမယ် ... ဆရာက မြေရိုင်းပြည်နယ် အထိလာပြီး နင့်ကို လာဖမ်းမှာ မဟုတ်ဘူး...”

“ငါက စမ်းသပ်မှု ခံယူဖို့ ရှန့်ထိုကျန့်ကို ကတိပေးထားတယ် ... ငါ ကတိမဖျက်ချင်ဘူး...” ရီဖူရှင်းက ထပ်ပြောသည်... “ပြီးတော့ စမ်းသပ်မှုက ကြောက်စရာ ကောင်းတယ်ဆိုပေမဲ့ အကျိုးကျေးဇူးလည်း ရှိတယ်...”

ရှန့်ထိုကျန့်ကား ဆေးစမ်းသပ်မှုကို လူသတ်ရန် ပြုလုပ်ခြင်း မဟုတ်ကြောင်း သူနားလည်ပြီး ဖြစ်သည်။ ထို့အပြင် ဆေးစမ်းသပ်မှု အားလုံး ပြီးသွားပါက မယုံကြည်နိုင်ဖွယ် အကျိုးကျေးဇူးများ ရနိုင်မည် ဖြစ်ကြောင်း သူ သိနားလည်ထားသည်။

“မှန်တာပေါ့... ဒါဆိုလည်း လုပ်ကြတာပေါ့ ... ဒီတစ်ခါ နင့်ကို စောင့်ကြည့်မှာ စီနီယာအစ်ကို ဖြစ်လိမ့်မယ် ... နင်ဘယ်လိုထင်လဲ...” လိပ်ပြာလေးက ပြုံးလျက် ပြောသည်။

“ဟင်...”

ရီဖူရှင်းက စုချီဟန်၏ အရိုးကွဲမတတ် အေးစက်သော အကြည့်အား မြင်ယောင်ကာ ထိတ်လန့်စွာ ပြောသည်။ ထိုသို့သောလူက သူ့အား ကြည့်မည် ဆိုခြင်းမှာ နှိပ်စက်ခြင်း တစ်မျိုးပင်။

“လိပ်ပြာလေး ... မင်းအစ်ကိုက ငါနဲ့သိပ်အဆင်မပြေဘူး ဆိုတာ မင်း သိသင့်တယ် ... ငါက မင်းကိုပဲ အနားမှာ နေစေချင်တာ ... ယောက်ျားတစ်ယောက် ဘေးနားမှာ ရှိနေတာက သိပ်အဆင်မပြေဘူး...” ရီဖူရှင်းက သူ၏နှာခေါင်းအား ပွတ်ကာ ရှက်ရှက်ဖြင့် ပြောသည်။

“ဒါဆို ငါနင့်ကို ကြည့်တာကတော့ အဆင်ပြေတယ်လို့​ ပြောတာပေါ့...” လိပ်ပြာလေးက ရီဖူရှင်းကို ပြောသည်။ သို့သော် သူမက ပြောပြီးသည်နှင့် မျက်နှာက နီမြန်းသွားကာ ရှက်ရွံ့သွား၏။ သူမပြောသော စကားက မှားယွင်း သွားပေပြီ။

“ကောင်းပြီ ... မင်းက အခု အားလုံး မြင်ပြီးသွားပြီပဲ ... ငါက အသားကျနေပြီ...” ရီဖူရှင်းက ရယ်မော၍ ပြောသည်။ လိပ်ပြာလေးမှာ ပိုမို၍ပင် ရှက်ရွံ့လာတော့သည်... “ငါ ဆေးပင်တွေ သွားပြင်ဆင် လိုက်ဦးမယ် ... ဒါနဲ့ အစ်ကိုက အဲဒီအတိုင်းပဲ... စိတ်ထဲ မထားပါနဲ့...”

“လိပ်ပြာလေး...” ရီဖူရှင်းက ခေါ်သည်... “ငါ စာကြည့်တိုက်ကို သွားမလို့ ... ငါက ရှန့်ထိုလီရဲ့ ခွင့်ပြုချက် ရထားပြီးပြီ ... ဒါပေမဲ့ ဘယ်မှာလဲ မသိဘူး ... ငါ့ကို လိုက်ပို့ပေးလို့ ရမလား...”

“ကောင်းပြီ...” လိပ်ပြာလေးက သွားနေရာမှ ရပ်လိုက်ကာ နောက်လှည့်လျက် ပြောသည်... “ဒါဆိုလည်း သွားကြမယ်...”

ရီဖူရှင်းက သူမဘေးကို လျှောက်လာကာ ပြောသည်... “မင်းရဲ့အစ်ကိုကတော့ ငါက သိပ်ဂရုမစိုက်ပါဘူး ...တကယ်တမ်းပြောရရင် မင်းအစ်ကိုက မင်းအပေါ် တော်တော် ကောင်းတယ်...” စုချီဟန်က လိပ်ပြာလေးအတွက် စိုးရိမ်သောကြောင့်သာ ရီဖူရှင်းထံသို့ လာရောက် ခြိမ်းခြောက်ရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်သည်။ ထိုသို့သော အပြုအမူအတွက် ရီဖူရှင်းက စိတ်ဆိုးစရာတော့ မရှိပေ။

“မှန်တယ် ... သူက အမြဲတမ်း ငါ့အပေါ် ကောင်းတာပဲ...” လိပ်ပြာလေးက ခေါင်းညိတ်သည်။ သူတို့နှစ်ယောက်က စကားတပြောပြောဖြင့် စာကြည့်တိုက် ရှိရာသို့ သွားကြသည်။

ပြည်နယ်ကိုးခု ကျောင်းတော် အတွင်း၌ ရီဖူရှင်းနှင့် နတ်မိမယ်ဒီးတို့ အတူတူ လျှောက်လာသော ပုံစံကို ကြည့်ကာ လူအများမှာ ပိုမို၍ စိတ်ဆိုးကြသည်။ မည်သို့ဆိုစေ နတ်မိမယ်ဒီးကား ပြည်နယ်ကိုးခု ကျောင်းတော်တွင် အလှဆုံးမိန်းကလေး ဖြစ်ပေသည်။ သည်ခွေးကောင်ကား လက်ထပ် ထားပြီးသည့်တိုင် ကျောင်းတော်တွင် မိန်းကလေးများနှင့် လာရောက် ကစားနိုင်သည်။

လူအများအပြားမှာ ရီဖူရှင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုကာ ဒေါသများ ထွက်နေကြသည်။ သူတို့က ရီဖူရှင်းကို ရိုက်နှက် လိုကြသော်လည်း သူတို့ နားလည်ထားသည်မှာ ရီဖူရှင်းအား မယှဉ်နိုင်ခြင်းပင်။

ကျောင်းတော်၏ စာကြည့်တိုက်မှာ ကြီးမားကာ သန်းပေါင်း များစွာသော စာအုပ်စာပေများအား စုဆောင်း ထားသည်။ ထိုအထဲတွင် တစ်ခါမှ မမြင်မကြားဖူးသော သက်စောင့်ဝိညာဉ်များ အကြောင်း၊ ထူးခြားသော ပညာရပ်များနှင့် ကျင့်ကြံခြင်းနှင့် ပတ်သက်သော အတွေးအမြင်များ၊ လောကဓာတ်များနှင့် အထူးထူးသော ပညာရပ်များကို စုဆောင်း ထားသည်။ ပြောရမည်ဆိုလျှင် ကျောင်းတော်၏ စာကြည့်တိုက်ကား အလွန် စုံလင်ပေသည်။

ရီဖူရှင်းက စာကြည့်တိုက်ထဲကို ဝင်ရောက် လိုက်သည်နှင့် မည်သည့်နေရာက စရမည်ကိုပင် မသိတော့ပေ။ သူက ၂နှစ်တာ ကာလအတွင်း၌ လေ့ကျင့်နေစဉ် သူနားမလည်သော ပြဿနာများ ရှိသည်မှာ မှန်ပေသည်။ ပိုမိုအသိအမြင် ကြွယ်ဝသူများထံတွင် အကြံဉာဏ်ယူခြင်းများ အပြင် စာအုပ်များ ဖတ်ရှုမှတ်သားခြင်း မှာလည်း ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် သူက ရှန့်ထိုလီထံတွင် ခွင့်တောင်းခဲ့ရာ ရှန့်ထိုလီကလည်း သဘောတူခဲ့သည်။

“ရှန့်ထိုအဆင့်များနှင့် ရတနာများ...” ရီဖူရှင်းက စာအုပ်များကို တွေ့ကာ ရပ်လိုက်သည်။ တော်ဝင်ကျဲ နန်းတော်တွင် ဤသို့သော စာအုပ်မရှိရာ ရီဖူရှင်းက သည်ကိစ္စတွင် တိတိကျကျ သိနားလည်ခြင်း မရှိပေ။

ကျေးရွာ ခေါင်းဆောင်နှင့် ဆရာတို့မှာ ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်၌ ရှိရပေမည်။

ရီဖူရှင်းက စာအုပ်ကို  ကောက်ကိုင်ကာ လှန်ကြည့်သည်။

ရှန့်ထိုအဆင့်၁မှာ မှော်ဆရာ ဟု အမည်တွင်သောသူ ဖြစ်သည်။

သူနှင့်ပတ်သက်၍ နာမည်မရှိသလို ဘွဲ့အမည်လည်း မရှိပေ။

“ဒီ မှော်ဆရာ ဆိုတဲ့သူက ဘယ်သူလဲ...” ရီဖူရှင်းက တိတ်ဆိတ်စွာ မေးသည်။

“ဆရာ ပြောတာကတော့ မှော်ဆရာ ဆိုတဲ့လူက အရမ်းအိုပြီးတော့ စွမ်းအားကြီးတဲ့ ရှန့်ထိုတစ်ပါးပဲ ... သူက မရဏဓားနတ်မယ်နဲ့ တစ်ခေတ်တည်းပဲ...” လိပ်ပြာလေးက ပြောသည်... “သူက ပြည်နယ်ကိုးခုမှာ မရှိတော့ဘူးလို့ ထင်ရတယ်.... ဒါပေမဲ့လည်း သူ့နာမည်က ရှန့်ထိုအဆင့် ဇယားမှာ ရှိနေတုန်းပဲ...”

ရီဖူရှင်းက ခေါင်းညိတ်ကာ စာရွက်များအား ဆက်လက်၍ လှန်လှောသည်။

ရှန့်ထိုအဆင့်၂မှာ စိုက်ပျိုးရေးသမားဟု နာမည်တွင်သောသူ ဖြစ်သည်။ သူ၏ နာမည်အရင်းမှာ ကျိယွန်ဖြစ်သည်။

စိုက်ပျိုးရေးသမားနှင့် ပတ်သက်၍ ပြောထားသည်မှာ ... ကျိယွန်ကား သေဆုံးခြင်းဓာတ်ကို လေ့ကျင့်သူဖြစ်ပြီး သူ၏ပညာရပ်ကြောင့် လူအများ ထိခိုက်လွန်းရကား အင်ပါယာရှားက သူ၏တော်ဝင်မြေကို ဖျက်ဆီးစေခဲ့ကာ ပြည်နယ်ကိုးခု၌ သူ၏ သေဆုံးခြင်းဓာတ်အား လေ့ကျင့်ခွင့်ကို ပိတ်ပင်လိုက်သည်။ သို့သော်လည်း အင်ပါယာရှားက သူ့အား အကြောင်းပြချက် တချို့ကြောင့် အသက်ချမ်းသာ ပေးခဲ့ပြီး နောက်ပိုင်းတွင် ကျိယွန်နှင့် ပတ်သက်သော သတင်းများ သိပ်မကြားရတော့ပေ။

အပေါ်ဆုံးမှ နှစ်ယောက်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းသူများ ဖြစ်ကြသည်။ ရှန့်ထိုရှားမှာ အဆင့်၃၌ ရှိသော်လည်း သူကား သိသိသာသာ အားနည်းပေသည်။ သို့သော်လည်း အပေါ်မှ နှစ်ယောက် ကွယ်ပျောက်နေခြင်းက သူ့အား ပြည်နယ်ကိုးခုတွင် အမြင့်ဆုံး အဆင့်၌ ရှိစေသည်။

ရီဖူရှင်းက စာအုပ်အား ဆက်လက်၍ လှန်လှောသည်တွင် ထင်မှတ်ထားသည့် အတိုင်း သူ့ဆရာနာမည်နှင့် ကျေးရွာ ခေါင်းဆောင်တို့၏ နာမည်များကို မြင်ရသည်။ သူကား အဆင့်၃၀တွင် ရှိကာ ကျောက်ပြည်ထောင် ဘုရင်အား ရှန့်ထိုပထမအဆင့်ဖြင့် တိုက်ခိုက်နိုင်သော တစ်ဦးတည်းသော သူလည်း ဖြစ်သည်။

သူ၏ဆရာမူကား ရှန့်ထိုတန်ခိုး အဆင့်ဖြင့် မည်သည့် အောင်မြင်မှုမှ မရှိသေးရာ သူ့အား အဆင့် ၇၃နေရာ၌ ထားပေသည်။

ရီဖူရှင်းက စာရွက်များကို လှန်လှောပြီးနောက် နောက်ထပ် စာအုပ်တစ်အုပ်ကို တွေ့သည်။ စာအုပ်နာမည်ကား ပြည်နယ်ကိုးခုမှ တော်ဝင်ရတနာများ အဆင့်ဖြစ်သည်။

“ဒါက ဒီလိုကိုး...” ရီဖူရှင်းက စာအုပ်ကို ဖတ်ကာ ရေရွတ်မိသည်။

ပြည်နယ်ကိုးခုမှ တော်ဝင်မြေတိုင်းတွင် တော်ဝင် ရတနာများကို ပိုင်ဆိုင်ကြကာ ပြည်နယ်ကိုးခု၌ ရှိသော တော်ဝင် ရတနာများမှာလည်း မရေမတွက် နိုင်အောင် များပြားပေသည်။ သို့သော်လည်း စာအုပ်တွင် ရေးမှတ်ထားသော ရတနာမှာ စုစုပေါင်း ၃၆ခုမျှသာ ရှိပေသည်။ ထိုရတနာများမှာ စွမ်းအား အမြင့်ဆုံးသော ရတနာများလည်း ဖြစ်ကြ၏။

နံပါတစ်ကား မှော်ဆရာ၏ အဆုံးမဲ့ ထိန်းချုပ်ခြင်းနှင်တံ ဖြစ်သည်။

နံပါတ်နှစ်ကား သေမင်းမျက်လုံးဟု ခေါ်တွင်ကာ ပိုင်ရှင်မှာ ကျိယွန် ဖြစ်သည်။

သို့သော် နံပါတ်သုံး ရတနာအား ပိုင်ဆိုင်သူမှာ ရှန့်ထိုရှား မဟုတ်ပေ။ ရတနာနံပါတ်သုံး၏ နာမည်မှာ အချိန်နှင့် အာကာသလှံဟု အမည်တွင်ပြီး နောက်ထပ် နာမည်တစ်ခုမှာ ဘာမှ မရှိခြင်း လှံရှည် ဖြစ်သည်။ မှတ်တမ်းများအရ ထိုရတနာမှာ အဆုံးမဲ့ ပင်လယ်အတွင်း၌ တည်ရှိပြီး ပိုင်ရှင်မဲ့လည်း ဖြစ်သည်။

ရီဖူရှင်းက စာအုပ်ကို ဆက်လက်၍ လှန်လှောလျက် တော်ဝင်ရတနာများ၏ အဆင့်များကို ဖတ်သည်။ များစွာသော စွမ်းအားမြင့် လက်နက်များမှာ မှတ်တမ်းထဲ၌ တွေ့ရပြီး ရီဖူရှင်း၏ ဗဟုသုတမှာလည်း တိုးပွားခဲ့ရသည်။

***

All Chapters