ဓာတ်ငါးပါး ရွှေရောင်ကိုယ်ထည်ကို ရရှိခြင်း
Vol. 11-16 Ch. 228
အခန်း (၂၂၈) : ဓာတ်ငါးပါး ရွှေရောင်ကိုယ်ထည်ကို ရရှိခြင်း
ရှန်ထျန်းက မျှော်နန်းဆောင်ကို လက်ထဲမှာ ကိုင်ဆောင်ရင်း စင်မြင့်ဆီ သွားလိုက်သည်။ သူက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်ချည်း တစ်စုံတစ်ခုကို ခံစားမိသွားသည်။ အကယ်၍ ဤစက်ဝန်းပြားကသာ သူနှင့် ရင်းနှီးမှုရှိနေလျှင် သူ့အနေနှင့် အလွယ်တကူ အသိအမှတ်ပြုမှု ရရှိနိုင်ကြောင်း ခံစားမိလာသည်။
“ဆက်ကြည့်မနေနဲ့တော့။ အဲဒါက ထာဝရတပိုင်းအဆင့် ပစ္စည်းပဲ ”
ယဲ့ချန်းခန်က လှောင်ပြုံးလေးဖြင့် “ အဲဒါကို ဖိနှိပ်ဖို့ ငါ့စစ်နတ်ဘုရား မျှော်နန်းဆောင် မပါဘဲ မဖြစ်နိုင် …. ”
သူက စကားမဆုံးခင် ရပ်တန့်လိုက်ရသည်။ အကြောင်းမှာ သူက ရှန်ထျန်းသည် ဖြည်းဖြည်းချင်း လက်ဆန့်ထုတ်၍ စက်ဝန်းပြားကို ထိလိုက်သောကြောင့် ဖြစ်၏။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …
ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားက ထာဝရတပိုင်းအဆင့် ပစ္စည်းဖြစ်လေရာ အခြေတည်အဆင့် ကျင့်ကြံသူအနှေင့် မည်သို့များ ထိလိုက်နိုင်သနည်း။
ထာဝရတပိုင်းအဆင့် ပစ္စည်းအနေနဲ့ မာန်မာနရော ဘယ်ရောက်သွားပြီလဲ
ယဲ့ချန်းခန်က အံ့အားသင့်နေစဉ် ရှန်ထျန်းက ထိုကြွေထည်စက်ဝန်းပြားလေးက ထိတွေ့ရသည်မှာ သက်တောင့်သက်သာ ရှိလှကြောင်းသာ ခံစားနေမိသည်။
ထူးခြားအံ့ဖွယ်ပစ္စည်းလေးမျိုး ဖြစ်သည့် ငှက်မွေးထာဝရသတ္တု၊ အံ့ဖွယ်ဝါးမျိုနွယ်ပင်၊ ရှေးဦးအဆီအနှစ် လေးလံရေစင်နှင့် နန်မင်လီ မီးတောက်တို့က တစ်ခုနှင့်တစ်ခု မနှောင့်ယှက်ဘဲ အေးအေးဆေးဆေး သူ့ခန္ဓာကိုယ်အတွင်း နေနေကြသည်။
သို့သော်လည်း ပြန်လည်ဝင်စားခြင်း သန့်စင်မြေ၏ အငွေ့အသက်ကို ရရှိလိုက်ပြီးနောက် ပစ္စည်းလေးမျိုးလုံးက လှုပ်ရှားလာကြသည်။ သူတို့လေးမျိုးလုံးက ပြန်လည်ဝင်စားခြင်း သန့်စင်မြေအား “ အချောလေး ဒီကိုလာ ကစားရအောင်” ဟု ဖိတ်ခေါ်နေသယောင် ဖြစ်နေသည်။
နှစ်တစ်သောင်းကျော်လောက် အထီးကျန်နေခဲ့ရသည့် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားလည်း ချက်ချင်း လှုပ်ရှားလာသည်။
ရှန်ထျန်း၏ လက်ထိပ်မှ သွေးစက်လေး ထွက်လာကာ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားထဲ စိမ့်ဝင်သွားလေသည်။ ထို့နောက် စက်ဝန်းပြားမှ အလင်းတန်းများ ထွက်လာကာ လွင်ပြင်တစ်ခုလုံး လင်းထိန်းသွားစေသည်။
ဧရာမ အစီအရင်ကြီးက တုန်ခါလာကာ စတင် အက်ကွဲလာသည်။ အစီအရင်တစ်ခုလုံးက ဗဟိုချက် ထိန်းချုပ်မှု ပျောက်ဆုံးသွားကာ တစစီ ပျက်စီးသွားတော့သည်။
“ ဟားဟား နောက်ဆုံးတော့ ငါ လွတ်မြောက်ပြီ။ မင်းတို့ စောင့်နေလိုက် … ငါ ပြန်ကောင်းလာတဲ့ သေချာပေါက် ပြန်လာခဲ့မယ်”
ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အစီအရင် ပျက်စီးသွားပြီ ဖြစ်၍ အနက်ရောင် အငွေ့အသက်အလုံးကြီးက အစီအရင်စင်မြင့်မှ ထွက်ပေါ်လာည်။ ဤသည်မှာ မကောင်းဆိုးဝါးဆန်ဆန် အငွေ့အသက်မျိုး ဖြစ်၏။
သို့သော်လည်း ဇာတ်လမ်းထဲကလိုမျိုး ရှန်ထျန်းပေါ် ခုန်မအုပ်ဘဲ တန်းထွက်ပြေးသွားလေသည်။
ယဲ့ချန်းခန်က သရော်လိုက်သည် “ မိစ္ဆာဝိညာဉ်ပါးမွှားလေးကများ ငါ့ရှေ့မှာ လာခြိမ်းခြောက်ရဲသေးတယ်။ ငါ မင်းကို ထွက်ပြေးခွင့်ပြုလိုက်ရင် ငါ့မျက်နှာပျက်ရမှာပေါ့ ”
ယဲ့ချန်းခန်က သူ့စကားအဆုံးတွင် လက်ကို ဝေ့ယမ်းလိုက်သည်။ ထိုအခါ စစ်နတ်ဘုရား မျှော်နန်းဆောင်က ချက်ချင်း တောက်ပလာကာ ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားသော ပိုက်ကွန်တစ်ခု ဖြစ်ပေါ်လာသည်။
ပိုက်ကွန်က မိစ္ဆာဝိညာဉ်သခင်ကို အပြည့်အဝ ဖမ်းချုပ်ထားလိုက်ပြီး ဖိနှိပ်ထားလိုက်သည်။ နောက်ဆုံးတွင် ဥအရွယ်အစားလောက်သာရှိသည့် ခရမ်းရောင်အရုပ်လေးအဖြစ် ဖိနှိပ်ခံလိုက်ရသည်။ ချိန်သီးလိုမျိုး စစ်နတ်ဘုရားမျှော် နန်းဆောင်၌ ချိတ်ဆွဲခံထားလိုက်ရသည်။
“ သေစမ်း … ငါ အရှက်ခွဲခံရမဲ့အစား သေပစ်လိုက်မယ်။ ငါက သူတော်စင်အဆင့်ကွ။ ငါ့ကို ဒီလိုမျိုး ဘာလို့ အရှက်ခွဲရတာလဲ”
ခရမ်းရောင် အရုပ်လေးက ဆက်တိုက် ရုန်းကန်နေပြီး ဒေါသတကြီး အော်ဟစ်နေသည်။
ယဲ့ချန်းခန်က လက်ဆန့်ထုတ်ကာ သူ့လက်ညိုးအဖျား၌ ခရမ်းရောင်အလင်းတန်း တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူက အရုပ်ခေါင်းနေရာကို ဖိထားလိုက်သည်။
“ အား နာတယ် ”
ထိုခရမ်းရောင် အရုပ်လေးက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
မိစ္ဆာဝိညာဉ်သခင်က သူ့ဘဝသူ သံသယဝင်လာမိသည်။ မိစ္ဆာဝိညာဉ်မျိုးနွယ်၏ မိစ္ဆာဝိညာဉ်သခင် တစ်ယောက်အနေနှင့် ပြန်လည်ဝင်စားခြင်း အထွတ်အမြတ်မြေ ဂိုဏ်းချုပ်ကြောင့် နှစ်တစ်သောင်းကြာ လှောင်ပိတ်ခံထားရသည့်တိုင် ဂိုဏ်းချုပ် သေဆုံးသွားသောကြောင့် စိတ်ထိခိုက်မှုသာ ခံစားခဲ့ရသည်။
သို့သော်လည်း ဤလူအိုကြီးရှေ့မှောက်တွင် အခြားသူများကို အနိုင်ကျင့်သော ကလေးတစ်ယောက်လိုမျိုး ခံစားနေရပြီး ကူကယ်ရာမဲ့ကာ သနားစဖွယ် ဖြစ်နေသည်။
“ မင်း အရှက်ခွဲခံရတာ လက်မခံနိုင်ရင်လည်း မင်းကို သံသရာစက်ဝန်းဆီ ပို့ပေးလိုက်မယ်လေ။ မင်း မသေချင်သေရင် ပါးစပ်ပိတ်ပြီး တိုးတိုးနေ ”
ယဲ့ချန်းခန်၏ အေးစက်စက် အသံထွက်ပေါ်လာပြီးနောက် ခရမ်းရောင် အရုပ်လေးက ချက်ချင်း တိတ်ဆိတ်သွားလေသည်။
ထိုအရာက ကလေးတစ်ယောက်လိုမျိုး နာခံသွားလေ၏။
ထိုစဉ် တစ်ဖက်တွင် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားက ရှန်ထျန်းအား သခင်အဖြစ် အသိအမှတ်ပြုပြီးနောက် ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲ တန်းဝင်သွားလေသည်။
ဤတစ်ကြိမ် ထိုအရာက ရှန်ထျန်း၏ သရက်ရွက်ထဲ၌ ခိုင်မြဲစွာ နေရာယူထားပြီး မှိန်ဖျဖျ ရွှေရောင်အလင်းတချို့ ထုတ်လွှင့်နေသည်။
ထိုအခိုက်အတန့်၌ ရှန်ထျန်းက သူ့တစ်ဘဝလုံး ဤသို့ သက်တောင့်သက်သာဖြစ်မှုမျိုး မခံစားခဲ့ရပေ။
လက်ရှိ သူ့ခန္ဓာကိုယ်ထဲတွင် သာမန်လူများ စိတ်ကူးပင် မယှဉ်ကြည့်နိုင်သည့် ထူးခြားအံ့ဖွယ်ပစ္စည်းငါးမျိုး စုစည်းထားလေသည်။
သတ္တုက ရေကို အားကောင်းစေပြီးတော့ ရေက သစ်သားကို အားဖြည့်ပေးတယ်။ သစ်သားက မီးဓာတ်ကို လောင်ကျွမ်းစေပြီးတော့ မီးတောက်က မြေကြီးကို ဖန်တီးပေးတဲ့အခါ မြေကြီးကနေ သတ္တုဖြစ်ပေါ်လာတယ် …
ဓာတ်ငါးပါးလုံးက တစ်ခုနှင့်တစ်ခု အထောက်အကူပြုနေကာ ပြီးပြည့်စုံစေသည်။ ထို့ကြောင့် သူ့ဓာတ်နှောနတ်မိုးကြိုး ပညာရပ်က နောက်အဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်၏။
ရှန်ထျန်းက သူ့မိုးကြိုးပညာရပ်နှင့် တိုက်ခိုက်စွမ်းရည်တို့သည် သိသိသာသာ တိုးတက်လာကြောင်း ခံစားမိလိုက်သည်။ ထူးခြားအံ့ဖွယ်ပစ္စည်းငါးမျိုးမှ စွမ်းအားက သူ့အတွင်းအင်္ဂါများကို အားဖြည့်ပေးနေပြီး အဆုံးအစွန်အထိ အားတိုးမြင့်ပေးသည်။
ရှန်ထျန်းက မျက်လုံးကို မှိတ်လိုက်ကာ ခြေချိတ်ထိုင်လိုက်သည်။
သူ့ခန္ဓာကိုယ်အတွင်းမှ အရောင်ငါးမျိုး ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေကြသည်။
“ဒီလိုမျိုး ထူးခြားအံ့ဖွယ်ပစ္စည်းငါးမျိုးကို သာလွန်ကိုယ်ထည်အဆင့်လေးနဲ့ စုစည်းနိုင်တယ်ဆိုတော့ စိတ်ဝင်စားစရာပဲ … ပိုထူးခြားတာက ဒီပစ္စည်းငါးမျိုးကို သူက တကယ် သန့်စင်ပစ်နိုင်တာပဲ။ နတ်ဘုရားလောကမှာတောင် ဒီလိုထူးထူးဆန်းဆန်းအရာမျိုး မကြားဖူးဘူး။ ဒီကောင်လေးဆီမှာ ဘယ်လိုခန္ဓာတည်ဆောက်ပုံမျိုး ရှိနေတာလဲ …
ဒီထူးခြားအံ့ဖွယ်ပစ္စည်းငါးမျိုးကို သုံးပြီးတော့ တည်ဆောက်ထားတဲ့ ရွှေရောင်ကိုယ်ထည်က ဘယ်လောက်တောင် အားကောင်းလိုက်မလဲ ”
ယဲ့ချန်းခန်က လေ့ကျင့်နေသည့် ရှန်ထျန်းကို ကြည့်ရင်း သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ ရှန်ထျန်းကို ခရမ်းရောင်အလင်းတန်း လွှမ်းခြုံထားကာ သူ့အား ကာကွယ်ပေးနေသည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ရှန်ထျန်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ စတင် ထွက်ပေါ်လာ၏။
ဤသည်မှာ နတ်ဘုရားကိုယ်ထည်မာကျင့်ကြံသူများ တတိယအဆင့် ရွှေရောင်ကိုယ်ထည်အဆင့်ထဲ ရောက်သွားသည့် လက္ခဏာ ဖြစ်ပေသည်။
နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများသည် ကိုယ်ထည်မာအဆင့်ဖြင့် စတင်ခဲ့ကြပြီး သာလွန်ကိုယ်ထည်အဆင့်၊ နောက်ပိုင်းတွင် ရွှေရောင်ကိုယ်ထည်အဆင့် ဖြစ်ကြသည်။ ထိုစဉ် သူတို့၏ ချီစွမ်းအားဖြင့် အတွင်းအင်္ဂါများကို သန့်စင်ပေးနိုင်သလို အားတိုးမြင့်၍လည်း ရသွားလေပြီ။
ရှန်ထျန်းပင် အဆင့်တက်ရန် ခက်ခဲလှသည့် သူ့နတ်ဘုရား ကိုယ်ထည်မာကျင့်စဉ်က သူ့ချီသန့်စင်ခြင်း ကျင့်ကြံဆင့်ကို ကျော်လွန်သွားလိမ့်မည်ဟု မထင်ထားမိပေ။ သူက အခြေတည်အဆင့် ကျင့်ကြံသူမျှသာ ရှိသေး၏။
ရှန်ထျန်းဆီမှ ရွှေရောင်အလင်းတန်းများစွာ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်မှာ တကယ့်ရွှေလိုမျိုး ခံညားနေသည်။
ဤသည်မှာ လူသားခန္ဓာကိုယ်မှ နတ်ဘုရားကိုယ်ထည်မာအဆင့် စတင်ပြောင်းလဲခြင်း၏ အစ ဖြစ်ပြီး နတ်ဘုရားကိုယ်ထည်မာ ကျင်ကြံသူများက သူတို့ရုပ်ပိုင်းဆိုင်ရာဖြင့် ဓမ္မရတနာများကို ကျော်လွှားသွားနိုင်သော အဆင့်လည်း ဖြစ်ပေသည်။
သူတို့ရွှေရောင်ကိုယ်ထည်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းတည်ဆောက်ထားနိုင်သူများသာ သူတို့ရုပ်ပိုင်းဆိုင်ရာ အင်အားဖြင့် ဓမ္မရတနာများကို ပြန်လည် ခုခံနိုင်လိမ့်မည်။
ဆယ်ရက်တာကား ဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေသည်။
ရှန်ထျန်း၏ တစ်ကိုယ်လုံးမှာ ရွှေအဖြစ် အပြည့်အဝ ပြောင်းလဲသွားလေပြီ။ သူ့ခန္ဓာကိုယ်ပေါ်မှ တောက်ပနေသော အလင်းတန်းက ပတ်ဝန်းကျင်ကိုပါ လင်းထိန်းသွားစေသည်။
အကယ်၍ မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ၏ ဗုဒ္ဓအရှင် ထျန်းရှုသာ လက်ရှိ ရှန်ထျန်းကို မြင်သွားခဲ့လျှင် သေချာပေါက် ဘာပဲလုပ်ရလုပ်ရ သူ့အား မိုးကြိုးလှိုင်း အထွတ်အမြတ်မြေထံ ခေါ်ဆောင်သွားလိမ့်မည်။
လက်ရှိ ရှန်ထျန်းကား ထူးခြားလွန်းလှသည်။
သူ မည်သည့်သေမျိုးမြို့တော်သို့ သွားရောက်စေကာမူ ယုံကြည်ကိုးကွယ်သူ အမြောက်အများကို စွဲဆောင်နိုင်လိမ့်မည်။
သိထားရသည်မှာ ရုပ်ချောချောနှင့် ရုပ်ဆိုးဆိုးလူတို့မှ ရွှေရောင်အလင်းများ ထွက်နေသည်ဆိုလျှင်ပင် လွှမ်းမိုးနိုင်စွမ်းမှာ သေချာပေါက် မတူပေ။
ရှန်ထျန်း၏ ပြောင်းလဲမှုက အဆုံးသတ်ခါနီးလေပြီ။
စစ်နတ်ဘုရား မျှော်နန်းဆောင်မှ အလင်းဖျဖျ ထွက်ပေါ်လာပြီးနောက် ပုံရိပ်တချို့ ထွက်လာကြသည်။ သူတို့မှာ ခုံမုန့်၊ ကျင်းယု၊ ကွေ့ကုန်းကုန်းနှင့် ကျန်လူများ ဖြစ်ကြသည်။ သူတို့က မျှော်နန်းဆောင်အတွင်း ရက်နှစ်ဆယ်ကျော်ကြာ လေ့ကျင့်ခဲ့ကြပြီး အားလုံးက များစွာ အကျိုးမြတ်ရခဲ့ကြသည်။
သို့သော်လည်း ရှန်ထျန်းကို မြင်လိုက်ရသည့်အခါ သူတို့အားလုံး ကြောင်အမ်းသွားကြဆဲ ဖြစ်၏။
“ ရွှေရောင်အလင်းတန်းတွေနဲ့ အုပ်လွှမ်းထားတယ် … ဒါက ရွှေရောင်ကိုယ်ထည်အဆင့် ရောက်သွားတဲ့ လက္ခဏာပဲ။ ဂိုဏ်းတူအစ်ကိုရှန်ရဲ့ ရွှေအလင်းတွေက တကယ်ကို တောက်ပနေတာပဲ ”
ချင်ယွင်တိ မျက်နှာ၌ အံ့ဩမှုအပြည့် ဖြစ်နေသည် “ ဂိုဏ်းတူအစ်ကိုကြီးဖန်သာ မြင်လိုက်ရရင် သူ့ဘာသာ သံသယဝင်လာလောက်တယ် ”
ခုံမုန့်၏ မျက်ဝန်းများလည်း လင်းလက်လာကာ “ ဒီလောက် အားကောင်းတဲ့ ခန္ဓာကိုယ်မျိုး … သူသာ အဆုံးအစွန်အထိ လေ့ကျင့်လိုက်ရင် အနီးကပ်တိုက်ပွဲမှာ ပြိုင်ဖက်ကင်း ဖြစ်လာမှာ အသေအချာပဲ ”
ကွေ့ကုန်းကုန်းလည်း ရှန်ထျန်းဘေးနားတွင် လွှင့်မျှောနေသည့် စစ်နတ်ဘုရား မျှော်နန်းဆောင်ပုံစံငယ်ကို ကြည့်ကာ ကြောင်အမ်းသွားလေသည်။
“ စစ်နတ်ဘုရား မျှော်နန်းဆောင်က သေးသွားတာပဲ … ဖြစ်နိုင်တာက အရှင့်သားကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီလား။ ဟုတ်တယ် … အရှင့်သားက လွန်ခဲ့တဲ့ နှစ်တစ်သောင်းအတွင်းမှာ ကြယ်ခုနှစ်ပွင့် ပါရမီရှင်ကနေ အသိအမှတ်ပြုခံထားရတဲ့ တစ်ဦးတည်းသောသူပဲ … တစ်ဦးတည်းသောသူ။
စစ်နတ်ဘုရား မျှော်နန်းဆောင်က အရှင့်သားကို သခင်အဖြစ် အသိအမှတ်ပြုလိုက်တာ ပုံမှန်ပါပဲ။ သခင်မသာ သိရင် သိပ်ပျော်နေတော့မှာပဲ ”