← Chapters

အချစ်လေး

Vol. 11-16 Ch. 232

အချစ်လေး

Vol. 11-16 Ch. 232

အခန်း (၂၃၂)  :  အချစ်လေး

ကမ္ဘာဦးတိုက်ပွဲနယ်မြေ နယ်နမိတ်၊ လျို့ဝှက်တောင်ကြား တစ်နေရာ၌

အနက်ဝတ် ပုံရိပ်များက တိတ်တဆိတ် ရပ်နေကြပြီး အမှောင်ထုထံ ဦးညွှတ်နေကြသည်။ သူတို့နှင့် မျက်နှာချင်းဆိုင်တွင် အနီရင့် ဝတ်ရုံနှင့် လူတစ်ယောက် ရှိပြီး အင်မတန် ရက်စက်ကာ ကောက်ကျစ်ဟန် ပေါ်၏။

“ ဂိုဏ်းသခင် … သခင်လေး မြို့ထဲမှာ အဖမ်းခံထားရတာကို အတည်ပြုပြီးပါပြီ ”

“ သခင်လေးဆီမှာ ကျွန်တော်တို့ရဲ့ အထွတ်အမြတ် ဝိညာဉ်သခင်ကြီးကို လွှတ်ပေးဖို့ လိုအပ်နေတဲ့ အစီအရင်အလံတွေ ရှိပါတယ်။ ကျွန်တော်တို့ အရမ်းသတိထားရမယ် ”

“သခင်လေးဆီမှာ အစီအရင်အလံတွေ ရှိနေလို့ သတိထားရမယ်ဆိုတာ ဘာပြောချင်တာလဲ။ ငါတို့က သူ့ဆီမှာ အစီအရင်အလံသာ မရှိရင် လွှတ်ထားပြီးတော့ သေခိုင်းလိုက်ရမယ် ပြောချင်တာလား ”

“ အဲလို မပြောပါဘူး။ ငါ ပြောချင်တာက သခင်လေး အဖမ်းခံထားရတာ ဆယ်ရက်ကျော်နေပြီဆိုတော့ မြန်မြန်လှုပ်ရှားဖို လိုနေပြီ ပြောတာပါကွာ။”

“ ဟုတ်တယ် … ကောင်းကင်နတ်ဆိုးရက်မြတ်က မနက်ဖြန်ညဆိုတော့ အချိန်သိပ်မကျန်တော့ဘူး ”

အနက်ဝတ် ပုံရိပ်များက အပူတပြင်း ဆွေးနွေးကြတော့သည်။

ထိုစဉ် အနီဝတ် အမျိုးသားက ပြောလိုက်သည် “ တိတ်တိတ်နေကြစမ်း ”

ထိုလူက အလွန်မောက်မာနေဟန် ပေါ်သည်။ မိစ္ဆာဝိညာဉ်ဂိုဏ်းသားတိုင်းက သူ စကားပြောလိုက်သည်နှင့် တိတ်ဆိတ်သွားလေသည်။

သူက ဖြည်းဖြည်းပြောလိုက်သည်  “ ဟေးယွမ်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီမှာ အဖမ်းခံလိုက်ရတာ ငါ့အမှားပါ။ ငါ ငါ့သားကို ကောင်းကောင်း မသင်ပေးမိခဲ့ဘူး။ သူကို ကယ်ပြီးတာနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ပေးလိုက်မယ်။ ဒါပေမဲ့ အခုအချိန်မှာ ဟေးယွမ်အသက်က အရေးကြီးဆုံး မဟုတ်ဘူး။ အရေးကြီးဆုံးက ဟေးယွမ်လက်ထဲမှာ ရှိနေတဲ့ ကောင်းကင်နတ်ဆိုး အစီအရင်အလံပဲ  …

ငါ အထွတ်အမြတ် ဝိညာဉ်သခင်ကြီးကို လွတ်ပေးဖို့အတွက် နှစ်တစ်ထောင်ချီ ပြင်ဆင်ခဲ့ရတာ။ သခင်ကြီးကို လွှတ်ပေးပြီးတာနဲ့ ငါ အသိအမှတ်ပြုမှုကို ရလိမ့်မယ်။ အဲဒီအခါ ငါ့ဂိုဏ်းထဲက အဆင့်အတန်းလည်း သိသိသာသာ မြင့်တက်သွားလိမ့်မယ်။ ဒီနေရာမှာရှိနေတဲ့ အားလုံးကိုလည်း သခင်ကြီးက ဆုချီးမြင့်မှာပါ။ မင်းတို့လည်း ချောမွေ့လွယ်ကူတဲ့ ထာဝရဘုံ တက်လှမ်းမှု ရလိမ့်မယ်။ ”

အနက်ဝတ် ပုံရိပ်များ၏ မျက်ဝန်းက သူ့စကားများကြောင့် တလက်လက် ဖြစ်လာကြသည်။

“ ဂိုဏ်းသခင်ရဲ့ အမိန့်ကို နာခံပါ့မယ် ”

“ မိစ္ဆာဝိညာဉ်ဂိုဏ်းအတွက် အသက်ကိုတောင် စတေးဖို့ ဆန္ဒရှိပါတယ် ”

“ မိစ္ဆာဝိညာဉ်ဂိုဏ်း  မိစ္ဆာဝိညာဉ်ဂိုဏ်း … ငါတို့တွေ ဒီနေ့မှာ နိမ့်ကျနေသေးပေမဲ့ မနက်ဖြန်မှာ ထာဝရအရှင် ဖြစ်လာရမယ် ”

“ ချိုင့်ဝှမ်းနဲ့ အထွတ်အမြတ်မြေအားလုံးကို ဇောက်ထိုးမိုးမျှော် လုပ်ပစ်မယ်။ ငါတို့ဂိုဏ်းကသာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ အောင်ပွဲခံရမယ်  ”

“ စိတ်မပူနဲ့ … ဂိုဏ်းတူဦးလေးပိုင်ဂူက ကောင်းကင်ဖုံးလွှမ်း အစီအရင်ကို ပြင်ဆင်ပြီးပြီ။ အစီအရင် ပြီးမြောက်တာနဲ့ …  ”

အနီဝတ် အမျိုးသားက အားလုံး စိတ်လှုပ်ရှားတက်ကြွလာသည်ကို ကြည့်ပြီး ကျေနပ်နေလေသည်။

ထိုစဉ် သူက တောင်ကြားကို တစ်ချက်ကြည့်လိုက်သည်။

မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းသခင်အနေနှင့် သူက သူတော်စင်နယ်ပယ်အဆင့် ရောက်ထားပြီးပြီ ဖြစ်ကာ ဘေးပတ်ဝန်းကျင်အပေါ် အာရုံခံနိုင်စွမ်း ကောင်းလှသည်။

သူက အာကာပြင်- အချိန် ဆက်သွယ်ရေးကို ဖြတ်သန်းကာ တစ်စုံတစ်ခု ရွေ့လျားလာသည်ကို ရှင်းရှင်းလင်းလင်းကြီး ခံစားမိလိုက်၏။ ဆိုလိုသည်မှာ ဤနေရာသို့ တစ်ယောက်ယောက်က အာကာပြင်ဖြတ်သန်း၍ လာရောက်နိုင်ခြင်း ဖြစ်ပေသည်။

ငါတို့တွေ ရန်သူ တိုက်ခိုက်မှု ရှိနေပြီ။ ငါတို့အငွေ့အသက်တွေကို ဖုံးကွယ်ဖို့ အစီအရင်ခင်းကျင်းရေး တာဝန်ယူထားတာ ဘယ်သူလဲ … ဘယ်လိုလုပ် ငါတို့အကြောင်း ပေါ်သွားတာလဲ …

အနီဝတ် အမျိုးသား၏ မျက်နှာထားက ချက်ချင်း ပြောင်းသွားလေသည်။ သူက တည်ငြိမ်နေဆဲ ဖြစ်သော်လည်း အတွင်းစိတ်က ဗလောင်ဆူနေလေပြီ။

သူတို့က အထွတ်အမြတ်မြေ နှစ်ခု၊ ချိုင့်ဝှမ်း ခြောက်ခုနှင့် ကောင်းချီးနယ်မြေ ၁၂ ခုတို့ ရှိနေသည့် မြို့လေးနှင့် မိုင်တစ်ရာအကွာတွင် ရောက်နေကြသည်။ သာမန်လူများအတွက် မိုင်တစ်ရာမှာ ဝေးကွာသည်ဟု ယူဆနိုင်ပေသည်။

သို့သော် ကနဦးဝိညာဉ်အဆင့်နှင့်အထက် ကျင့်ကြံသူများအတွက်မူ ဤအကွာအဝေးကား ခဏတာမျှသာ ဖြစ်၏။

ငါတို့အစီအစဉ် ပေါက်ကြားသွားပြီလား … အထွတ်အမြတ်မြေရဲ့ လူတွေက ငါတို့နေရာကို သိသွားကြပြီလား…

သူတို့တည်နေရာကို မသိရသေးလျှင် ကိစ္စများက မဆိုးသေးပေ။ သူ ပိုစိုးရိမ်သည်က တခြားဂိုဏ်းများက သူတို့အစီအစဉ်ကို သိသွားကာ ရောက်လာကြခြင်းကို ဖြစ်၏။

အကယ်၍ ထိုသို့ဆိုလျှင် သူတို့ပြဿနာကြား ရောက်သွားပေမည်။

အနီဝတ် အမျိုးသားကို ကြီးကျယ်လှပြီဟု အထင်မမှားသင့်ပေ။ သူက သူတော်စင်နယ်ပယ်အဆင့် ဖြစ်သော်လည်း ထိုနယ်ပယ်အဆင့်၏ အနိမ့်ဆုံးအဆင့်သာ ရှိသေး၏။

သူတို့ကိုသာ တခြားဂိုဏ်းများမှ သိသွားပြီး ဝိုင်းခံထားရလျှင် အန္တရာယ်ရှိလာလိမ့်မည်။

အနီဝတ်ဂိုဏ်းသခင်နှင့် အနက်ဝတ် ဂိုဏ်းသားများက တုန်ခါနေသည့် အာကာပြင်ကို မျက်လုံးရှင်ရှင်ထားကာ စောင့်ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် အက်ကြောင်း ပေါ်လာပြီး အဖြူဝတ်ရုံနှင့် လူငယ်လေးတစ်ယောက် ပေါ်လာသည်။

သူ့ဆံပင်မှာ ပိတုန်းရောင်လို နက်မှောင်နေပြီး သူ့မျက်ခုံးမှာ ထူကာ ဖြောင့်တန်းနေသည်။ သူက အတော်လေး ချောမောခန့်ညားပြီး ကြော့ရှင်းနေသည်။ ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရားအလား အထင်မှားနိုင်ပေ၏။

ဤအမျိုးသားမှာ အတော်လေး ထူးခြားလွန်းပေသည်။ မိစ္ဆာဝိညာဉ်ဂိုဏ်းသားများပင် သူ့ကို မြင်လိုက်သည်နှင့် မနေနိုင်ဘဲ သက်ပြင်းချကုန်ကြ၏။

ဒီလောကကြီးထဲမှာ ဒီလောက်ချောမောတဲ့ အမျိုးသား ရှိသေးတယ်လား …

ထိုစဉ် ရုပ်ချောချော အမျိုးသားလေးက အာကာပြင်မှ ထွက်လာသည်။ သူက အပြုံးလေးတစ်ပွင့် ရှိနေပြီး ကြည့်ရသည်မှာ စိတ်အခြေအနေကောင်းနေပုံ ရသည်။

သို့သော် သူက သူ့ကိုကြည့်နေသည့် မျက်ဝန်းများကို မြင်လိုက်သည်နှင့် “ ကြောက်ရွံ့မှု”၊ “လန့်ဖြတ်မှု”၊ “ သတ်ဖြတ်ငွေ့”၊ “အံ့အားသင့်မှု”၊ “ စပ်စုမှု” နှင့် “ စိတ်ဆန္ဒပြင်းပြမှု” စသည့် ခံစားချက်အမျိုးမျိုး ဖြစ်သွားလေသည်။ သူ့မျက်နှာပေါ်မှ အပြုံးသည်လည်း သူတို့ကို သတိထားမိသည်နှင့် ပျောက်ကွယ်သွားတော့သည်။

ဒီရုပ်ချောချော အမျိုးသားလေးမှာ ရှန်ထျန်းသာ ဖြစ်၏။

ဟေးယွမ်နှင့် သူ့လူများ၏ ဆင်တူဝတ်ရုံကို မြင်ပြီးနောက် ရှန်ထျန်းက ထိုလူအုပ်စုမှာ လူကောင်း မဟုတ်မှန်း သိလိုက်သည်။

တစ်၊ နှစ်၊ သုံး …

ရှန်ထျန်းက မြန်မြန် ရေတွက်လိုက်ပြီးနောက် မိစ္ဆာဝိညာဉ် ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှိနေကြောင်း သိလိုက်ရသည်။ သူတို့၏ အငွေ့အသက်များအရ ကနဦးဝိညာဉ်အဆင့်နှင့်အထက် ဖြစ်နိုင်သည်။ မည်သူကမှ အားမနည်းကြပေ။

ထိုသို့ဆိုလျှင်ပင် ရှန်ထျန်းက စိတ်ပူခြင်း အလျှင်းမရှိပေ။ သူက အခြေတည်အဆင့် ကျင့်ကြံသူအဆင့်လေးနှင့် ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးကို အနိုင်ရခဲ့သည် မဟုတ်ပါလော။

ကနဦးဝိညာဉ်အဆင့် လူသားသည် ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးထက် ဉာဏ်ပိုကောင်းကာ ထက်မြက်မှု ရှိပေမည်။ သို့သော် ရှန်ထျန်းက ရွှေရောင်ကိုယ်ထည်အဆင့် ရောက်နေလေပြီ။

ရှန်ထျန်း၏ တိုက်ခိုက်စွမ်းက ယခင်လဝက်ထက် ဆယ်ဆမက တိုးမြင့်လာပြီ ဖြစ်၏။ အကယ်၍  သူသာ စွမ်းအားအပြည့် ထုတ်ပြလိုက်လျင် ရွှေအမြုတေအဆင့်ဇယား ထိပ်တန်းဆယ်ယောက်ထဲ အလွယ်တကူ ဝင်နိုင်၏။ ထိပ်ဆုံး ငါးယောက်မှ သုံးယောက်အတွင်း နေရာကိုပါ ခြိမ်းခြောက်ပစ်နိုင်သည်။

သာမန် ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်က သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်ချေ။ သူက တိုက်ကွက်အနည်းငယ်ဖြင့် ဖြေရှင်းနိုင်၏။ သို့သော်လည်း ပြဿနာမှာ ထိုအနက်ဝတ် လူများက သာမန်ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများ မဟုတ်ကြပေ။

တချို့မှာ ထိပ်ဆုံး ကနဦးဝိညာဉ်အဆင့် ဖြစ်ကြပြီး တချို့မှာ ဝိညာဉ်အသွင်ပြောင်းအဆင့် ရောက်နေကြလေပြီ။

ဝိညာဉ်အသွင်ပြောင်းအဆင့်ကို ရှန်ထျန်းအနေနှင့် တစ်ခါတည်းဖြင့် ဘယ်လိုလုပ် အနိုင်ယူနိုင်မည်နည်း။

အကြိမ်ရေအနည်းငယ် တိုက်ခိုက်ကြည့်ရပေမည်။ ထို့အပြင် အနီဝတ် ဝတ်ရုံနှင့် လူလည်း ရှိနေသေး၏။ သူက မှန်းဆမရလောက်သည့် နက်နဲမှုမျိုး ပိုင်ဆိုင်ထားကာ ရှန်ထျန်းအနေနှင့် သူ မည်မျှ အားကောင်းကြောင်း လုံးဝ မမှန်းဆနိုင်ပေ။

ရှန်ထျန်းအနေနှင့် ဤမျှလောက် အားကောင်းသည့်သူကို ရန်စဖို့ မတတ်နိုင်ပေ။

ကံကြမ္မာ လျော့ကျလာသည်နှင့် ကံဆိုးသည့်အရာများ တွေ့ကြုံရသည်မှာ အမှန်ကိုး …

မှားသွားပြီ … ဒီတစ်ခါတော့ ငါ တကယ် မှားသွားပြီ …

ကိစ္စတွေက မကောင်းတော့ဘူး …. ထွက်ပြေးဖို့ အသင့်ပြင်ထားမှ …

ထိုစဉ် ရှန်ထျန်းက မိစ္ဆာဝိညာဉ်ဂိုဏ်းသားများကို စိုက်ကြည့်လိုက်ပြီး ပြုံးလိုက်ကာ  “ လမ်းမှားသွားတာပဲ … ဝင်လာဖို့ မရည်ရွယ်ပါဘူး။ ကျွန်တော် ဘာမှမကြားလိုက်ဘူးနော် … ခွင့်ပြုပါဦး ”

ရှန်ထျန်းက တောင်ကြားမှ အလျှင်အမြန် ထွက်ပြေးဖို့ ပြင်လိုက်သည်။ သူ့အမူအယာက ရှင်းသန့်ကာ ကျက်သရေရှိနေဆဲ ဖြစ်၏။

အနီဝတ်ဂိုဏ်းသခင် မျက်ဝန်း၌ သတ်ဖြတ်ငွေ့ ဖြတ်ပြေးသွားကာ   “ မင်း ရောက်လာမှတော့ သေလိုက်တော့ ”

သေစမ်း … သူတို့က တကယ်ကို မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေပဲ … လူတစ်ယောက်ကို သတ်ဖို့ မေးခွန်းထုတ်စရာ မလိုဘူးပေါ့လေ

ကြောက်စရာကြီး …

ရှန်ထျန်း နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။ သူက အရှိန်မြင့်ကာ တောင်ကြားမှ ထွက်ပြေးလိုက်သည်။

တစ်ချိန်တည်းတွင် သူက ကြာဖြူကောင်းကင်အသျှင်ထံ လှမ်းအကြောင်းကြားပြီး အကူအညီ လှမ်းတောင်းလိုက်သည်။

နိဗာနတော်ဝင်ရေစင်ကို အလကားပေးခဲ့တာ မဟုတ်ဘူးလေနော် … အခု ကျွန်တော် ဒုက္ခရောက်နေပြီ … ဆရာဒေါ်လေး ကယ်ရမယ်နော်

မိစ္ဆာဝိညာဉ်ဂိုဏ်းသားများက ရှန်ထျန်း ထွက်ပြေးသည်ကို မြင်ပြီး စိတ်အေးသွားကြသည်။

ဤသည်မှာ သူ့ပေါ်ထွက်လာမှုက ခိုးကြောင်ခိုးဝှက် မဟုတ်ကြောင်း သက်သေပြနေခြင်း ဖြစ်၏။

“ မင်း ဒီကို ရောက်နေမှတော့ မသွားနဲ့တော့။ ဒီတောင်ကြားကို အစီအရင်တွေ ခင်းကျင်းထားတာ သတင်းပို့ဖို့ မဖြစ်နိုင်ဘူး ”

အနက်ဝတ် အဖွဲ့ထဲမှ လူတစ်ယောက်က ရှန်ထျန်းဆီ တိုးဝင်လာသည်။

“ ဟားဟား .. ကောင်ချောလေး … ငါနဲ့ လိုက်ခဲ့စမ်းပါ။ မင်းကို ကောင်းကောင်း လေ့ကျင့်ပေးရမှာပေါ့ ” ဝတ်ရုံအောက်မှ စူးစူးဝါးဝါး အသံထွက်ပေါ်လာကာ ကြက်သီးထစေပြီး ဆံပင်များပင် ထောင်တက်သွားစေသည် “ အချစ်လေး  … ငါ့ဆီမှာ စိတ်ကြွသုခကျမ်း ရှိတယ်။ အတူတူ ကျင့်ကြံရအောင်လေ။ မင်း သုခဘုံ ရောက်သွားစေရမယ်လို့ အာမခံတယ် ”

All Chapters