← Chapters

ကျိုးကြောင်း ဆက်စပ် တွေးခေါ်နိုင်စွမ်းအား စစ်ဆေးခြင်း

Vol. 69 Ch. 1021

ကျိုးကြောင်း ဆက်စပ် တွေးခေါ်နိုင်စွမ်းအား စစ်ဆေးခြင်း

Vol. 69 Ch. 1021

ဤနေရာသို့ ရောက်ရှိလာပြီးသည့်နောက် တတိယ စမ်းသပ်စစ်ဆေးမှုမှာ မပြီးဆုံးသေးကြောင်း လင်းရီ သတိပြုမိလိုက်သည်။ သို့သော်လည်း မကြာခင် ပြီးဆုံးတော့ပေမည်။

ယနေ့ စစ်ဆေးမှုက ခံနိုင်ရည် သို့မဟုတ် သက်လုံအကြောင်း ဆိုသည်ကို သူ သိရှိထားပြီး ဖြစ်သည်။

ပထမ စစ်ဆေးမှု နှစ်ခုနှင့် နှိုင်းယှဉ်ပါက ယနေ့ စစ်ဆေးမှုမှာ ပို၍ ပရော်ဖက်ရှင်နယ် ဆန်သည်။ ထို့ပြင် ပရော်ဖက်ရှင်နယ် စက်ပစ္စည်း အသုံးအဆောင်များကိုလည်း အသုံးပြုထား၏။

စက်ဘီးများနှင့် ပြေးစက်များ။

သို့သော်လည်း အဆိုပါ စက်နှစ်စုံက သာမန် ပြေးစက်များနှင့် စက်ဘီးများနှင့် ကွဲပြားလေသည်။ ၎င်းတို့က အစမ်းသပ်ခံ၏ ကာယ ကြံ့ခိုင်မှုအား စစ်ဆေးရန်အတွက် အထူးထုတ်လုပ်ထားခြင်း ဖြစ်လေသည်။

ပါ၀င်သူသည် ဦးစွာ မျက်နှာဖုံး တစ်ခု တပ်ဆင်ရန် လိုအပ်သည်။ ထို့နောက် စုစုပေါင်း အသက်ရှူသွင်း ရှူထုတ် ပြုလိုက်သည့် အောက်စီဂျင်၏ ထုထည် ၊ ထုတ်လွှတ်လိုက်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်၏ ထုထည်နှင့် တစ်မိနစ်အတွင်း အသက်ရှူသည့် နှုန်းထားတို့ကို တိုင်းတာပေးသည်။

အသက်ရှူစဉ်အတွင်း ပြောင်းလဲမှုများကို ထောက်လှမ်းခြင်းအားဖြင့် စစ်ဆေးသူများမှ အစစ်ဆေးခံ၏ နှလုံးနှင့်အဆုတ်၏ စွမ်းဆောင်နိုင်စွမ်း ၊ ကာဗွန်ဟိုက်ဒရိတ်နှင့် အဆီ အသုံးချနိုင်စွမ်းတို့အား သိရှိနိုင်သည်။

ထို့နောက် ပရော်ဖက်ရှင်နယ် ဆော့ဖ်ဝဲများအား အသုံးပြု၍ အချက်အလက်များအား တွက်ချက်ပြီး တန်ဖိုးရှိသည့် ရလဒ်များအား ထုတ်ပေးလေသည်။

လင်းရီ၏ ရောက်ရှိလာမှုက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။

အထူးသဖြင့်တော့ ယွမ်ဟောက်အတွက်ပင်။ သူက လင်းရီ ဆိုးရွားသည့် ရလဒ်များ ရရှိဖို့ကို သူတကာထက်ပို၍ မျှော်လင့်နေလေသည်။ သို့မှသာ သူ ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ၀င်နိုင်မည့် အခွင့်အရေး ရှိမည် မဟုတ်ပါလော။

သို့သော်ငြားလည်းပဲ အမှန်တရားက သိပ်ရက်စက်လွန်း၏။

လင်းရီ၏ စစ်ဆေးမှု ရလဒ်က လူတိုင်းထက်ပင် ကျော်လွန်နေသည်။

ထို့ပြင် ယခင်တစ်ကြိမ်ကကဲ့သို့ သူ၏ အင်အား အပြည့်အ၀ကို အသုံးမပြုလိုက်ရပါပဲနှင့် ၃၅ ယောက်သော ယှဉ်ပြိုင်သူတို့၏ စံချိန် အသီးသီးကို ရိုက်ချိုးသွားခဲ့သည်။ ထိုမျှမ‌ကသေး။၀မ်မြန်၏ စံချိန်ကိုပင် ထမင်း စားရေသောက် လွယ်လင့်တကူ ချိုးဖြတ်သွားလိုက်သေးသည်။

လျိုဟုန်ကတော့ လင်းရီ၏ ရလဒ်နှင့် စပ်လျဉ်း၍ အကျေနပ်ကြီး ကျေနပ်နေမိတော့သည်။

" တကယ်လို့သာ ဘယ်လိုမှားယွင်းမှုမျိုးမှ မရှိခဲ့ဘူးဆိုရင် သူက စစ်ဆေးမှုကို ပထမ နေရာကနေ အောင်နိုင်တယ်..."

ထောက်ချိန် ခေါင်းငြိမ့်ပြီး လျိုဟုန်၏ အမြင်ကို ထောက်ခံလိုက်သည်။

လင်းရီ၏ ရလ်တို့မှာ အခြားသူများထက် သာလွန်နေပြီး ကျိုးကြောင်းဆက်စပ် ‌‌တွေးခေါ်မှု စစ်ဆေးပွဲ၌သာ ဘိတ်ချေးမရသရွေ့ ပထမရဖို့ရာ ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

လျိုဟုန် သူ၏ နာရီကို ကြည့်လိုက်ပြီး " အချိန်ကျပြီ... အတွေးအခေါ် စမ်းသပ်ပွဲကို အခုပဲ စလိုက်ကြစို့... အချိန် ဆက်ဖြုန်းနေစရာ မလိုဘူး..."

" အင်း..."

ဆယ်မိနစ်ခန့် အနားယူပြီးနောက် ကျုံးဝေ့တပ်ဖွဲ့၀င်များနှင့် ပါ၀င်သူများအားလုံး အားကစားရုံသို့ ရောက်ရှိလာလေသည်။

ကျောက်သင်ပုန်းကြီး နှစ်ခုမှလွဲ၍ ထိုနေရာ၌ ဘာမျှ ရှိမနေချေ။

ထောက်ချိန် ပြိုင်ပွဲ၀င်များအား တစ်ချက် ကြည့်လိုက်ပြီး " ငါတို့ နောက်ဆုံး စစ်ဆေးမှုကို စတင်တော့မှာ... မတုန်လှုပ်ကြနဲ့... ဒီ စစ်ဆေးမှုအတွက် ငါတို့ရဲ့ ကိုယ်ပိုင်ဦးနှောက်ကို အသုံးချဖို့ပဲ လိုအပ်တယ်......"

လူတော်တော်များများလည်း လိုက်စုံစမ်းထားပြီး ယခု စစ်ဆေးမှုက သူတို့၏ ကျိုးကြောင်း ဆက်စပ်ပြီး တွေးခေါ်နိုင်သည့် စွမ်းရည်အား စစ်ဆေးမည်ဖြစ်ကြောင်း ကြိုတင်သိရှိထားခဲ့ကြ၏။ သို့သော်လည်း မေးလာမည့် မေးခွန်း အကြောင်းအရာတွေကိုတော့ မည်သူကမျှ မရှိကြချေ။

ထိုအချိန်တွင် ၀မ်ပင်းယွီ ရောက်ရှိလာပြီး လူတိုင်းအား အဖြေ ရေးချရန် စာရွက်နှင့် ဖောင်တိန်တစ်ခုစီ ‌ဝေပေးသည်။

ထို့နောက် ထောက်ချိန် ကျောက်သင်ပုန်း တစ်ခုကို လှည့်လိုက်၏။

သင်ပုန်းပေါ်တွင် သေးငယ်သော စာလုံးတို့ဖြင့် ရေးသားထားသည့် စာကြောင်း လေးငါးကြောင်း ရှိနေသည်။ ဤသည်ကတော့ မေးခွန်းပင်။

" ငါ မေးခွန်းကို လူတိုင်းသိအောင် ရှင်းပြပေးမယ်... ပြီးရင် မင်းတို့ရဲ့ အဖြေကို ချရေးလိုက်...."

" နားထောင်... စုံတွဲ ၁၀၀ မှာ ဒုတိယ ကလေးရှိတယ်... တကယ်လို့ နှစ်ယောက်ထဲက တစ်ယောက်မှာ ယောက်ျားလေး ဆိုရင် ကျန်တဲ့ တစ်ယောက်ကလည်း ယောက်ျားလေး ဖြစ်နိုင်တဲ့ အလားအလာ ဘယ်လောက်ရှိလဲ..."

မေးခွန်းကို ဖတ်ပြပြီးနောက် ထောက်ချိန် ပါ၀င်သူများဘက် လှည့်ကြည့်လိုက်ပြီး " မင်းတို့ကို အချင်းချင်း ဆွေးနွေးခွင့် မပေးထားဘူး... အဖြေရေးဖို့ အချိန် တစ်မိနစ် ရှိမယ်."

မေးခွန်းကိုကြည့်ရင်း လင်းရီ စိတ်ထဲ စိတ်၀င်စားဖို့ ကောင်းသည်ဟု ခံစားလိုက်ရသည်။

စက္ကန့် အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် သူ့ရဲ့ အဖြေကို စာရွက်ဖြူပေါ် ချရေးလိုက်တော့သည်။

တစ်မိနစ် ကုန်ဆုံးသွားပြီးနောက် ထောက်ချိန် ပထမ သင်ပုန်းကို နောက်ပြန်လှည့်လိုက်ပြီး ဒုတိယ သင်ပုန်းကို ရှေ့လှည့်လိုက်၏။

စိတ်၀င်စားဖို့ ကောင်းစွာဖြင့် သင်ပုန်းပေါ်တွင် မည်သည့် စာကြောင်းမျှ ရှိမနေချေ။ AA စာရွက် သုံးခုသာ ရှိနေခဲ့သည်။

" ရှင်းပြပေးမယ်... ဒီစာရွက် သုံးခုက တံခါးချပ် သုံးချပ်လို့ပဲ ဆိုကြပါစို့... ဒီထဲ တစ်ချပ်ရဲ့နောက်မှာ ကားတစ်စီး ရှိနေတယ်... ကျန်တဲ့ နှစ်ချပ်မှာကျ ဆိတ်နှစ်ကောင် ရှိနေတယ်... ကဲ အခု ငါတို့ ရဲဘော် တစ်ယောက်ကို ဖိတ်ခေါ်ပြီး တံခါး တစ်ချပ် ရွေးခိုင်းလိုက်ရအောင်... ပြီးရင် သူရွေးလိုက်တဲ့ တံခါးရဲ့နောက်မှာ ကားရှိ မရှိ ကြည့်ကြတာပေါ့.... "

" ပထမ တစ်ခုကို ရွေးတယ်..."ကျန်းဟွေ့ အရင်ဦးဆုံး ပြောလိုက်၏။

" ဒီ တံခါးရဲ့နောက်မှာ ကားရှိမယ်လို့ မင်း ထင်တယ်ပေါ့...."

" မသေချာဘူး... ဒါပေမယ့် အလားအလာကတော့ အတူတူပဲ.. ဘယ် တံခါးချပ်ကိုပဲ ဖွင့်ဖွင့် ကားကို ရှာတွေ့နိုင်ချေက သုံးပုံ တစ်ပုံပဲ ရှိမှာ ".. ဒါကြောင့် ကျုပ်လည်း ကျပန်း တစ်ချပ် ရွေးလိုက်တာပဲ..."

ထောက်ချိန် ပြုံးပြီး ခေါင်းညိမ့်လိုက်၏။

" မင်းအဲ့လို စဉ်းစားတာ မှန်တယ်...."

သို့သော်လည်း ထောက်ချိန် ပထမ စက္ကူကို မဖွင့်ပဲ ထိုအစား ဒုတိယ စက္ကူကို ဖွင့်လိုက်သည်။

ဒုတိယ စက္ကူ၏ နောက်ဘက်တွင် " ဆိတ် " ဟူသည့် စကားလုံးအား ပြတ်သားစွာ ရေးသားထားသည်ကို မြင်တွေ့လိုက်ရ၏။ တစ်နည်း ဆိုရသော် ဤ တံခါးနောက်ကွယ်ရှိ အရာက ဆိတ်ပင်။ ကားမဟုတ်ချေ။

ထိုအခိုက်အတန့်တွင် ထောက်ချိန် တစ်ဖန် ပြန်ပြောလာသည်။

" အခု မှန်းကြည့်ရအောင်... တတိယ တံခါးချပ်ရဲ့ နောက်မှာ ကား ရှိနိုင်တဲ့ အလားအလာ ဘယ်လောက် ရှိမလဲ... တစ်မိနစ်ပြီးရင် မင်းတို့ရဲ့ အဖြေစာရွက်တွေ အပ်ပေးကြပါ..."

မေးခွန်း နှစ်ခုလုံးအား ဖြေကြားပြီးချေပြီ။

ခေတ္တကြာပြီးနောက် ပါ၀င်သူ တစ်ချို့မှာ သူတို့၏ အဖြေများကို စာရွက်ပေါ် ရေးသားလိုက်ကြသည်။ သို့သော်လည်း အခြားသူများကတော့ အဖြေ အတိအကျကို မသိရှိသေးသည့်နှယ် ခေါင်းခြောက်အောင် စဉ်းစားနေကြလေသည်။

သို့သော်လည်း အချိန်တစ်မိနစ်က ရိုက်နှက်ချင်စရာ ကောင်းလှအောင် တိုတောင်းလွန်းလှသည်။ သူတို့ စဉ်းစားလေ အဖြေ ရှာမရလေ ဖြစ်နေပြီး ကြုံရာ အဖြေကိုသာ ကောက်ရေးလိုက်တော့၏။

ဤ စစ်ဆေးမှုက အတော်လေး အရေးပါသည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော်။ စစ်မြေပြင်၌ အရာအားလုံးမှာ အစဉ်အမြဲ ပြောင်းလဲနေပြီး တစ်စုံတစ်ဦးက အချိန်တိုအတွင်း ရေရာသည့် ဆုံးဖြတ်ချက်ကို မချမှတ်နိုင်ပါက အကျိုးဆက်သည်ကား သေခြင်းတရားသာ ဖြစ်ပေလိမ့်မည်။

မကြာမီ အဖြေလွှာ ၃၆ ရွက်လုံး ၀မ်ပင်းယွီ လက်ထဲ ရောက်ရှိလာခဲ့၏။

" ငါ မှတ်မိတာတော့ အဲ့တုန်းက ရှောင်၀မ်ပဲ မေးခွန်း နှစ်ခုလုံးကို မှန်အောင် ဖြေနိုင်တာမလား... မင်းတို့ကောင်တွေ အကုန်လုံးကတော့ ရမ်းရွှီးတုတ်ကြတဲ့ကောင်တွေ..."လျိုဟုန် ပြောလိုက်သည်။

" ဟီးဟီး ခေါင်းဆောင် .. ကျွန်မ ပြောမယ်... အဲ့တုန်းက ကျွန်မ ရမ်းရွှီးရေးလိုက်တာကလည်း အဖြေမှန် ဖြစ်နေတာနော်... ကံဆိုတာလည်း အရည်အချင်း တစ်မျိုးပဲလေ...."၀မ်ပင်းယွီ ပြောလိုက်၏။

" ဒါပေမယ့် ၀မ်မြန်ကတော့ မှန်အောင် ဖြေနိုင်ခဲ့တာ ဟုတ်တယ်..."

" သူပြောဖူးတာတော့ အဖြေတစ်ခုကို ရမ်းပြီး ဖြေလိုက်တာတဲ့..."ချိုးယွီလော့ ပြောလိုက်သည်။

" ရမ်းပြီး ဖြေတာ မဖြေတာက အရေး မကြီးဘူး... မင်း မှန်အောင် ဖြေနိုင်ရင် မင်း အောင်မှာပဲ..."လျိုဟုန် ပြောလိုက်ပြီး " ငါ့ကို လင်းရီရဲ့ အဖြေလွှာ ပေးစမ်းပါ... သူ အဖြေ ဘယ်နှစ်ခု မှန်အောင် ဖြေထားလဲ ငါကြည့်ကြည့်မယ်... "

လျိုဟုန်၏ ညွှန်ကြားမှုအတိုင်း ထောက်ချိန် စက္ကူ ပုံထဲမှ အဖြေစာရွက်ကို လှန်လော ရှာဖွေလိုက်သည်။

သူ လင်းရီ၏ အဖြေလွှာကို မြင်‌တော့ ချက်ချင်းဆိုသလို အမူအရာ ပြောင်းလဲသွားခဲ့၏။

" သူ့အဖြေ နှစ်ခုစလုံး မှန်နေတယ်... ပထမ မေးခွန်းရဲ့ အလားအလာက သုံးပုံ တစ်ပုံ၊ ဒုတိယ မေးခွန်းရဲ့ အလားအလာက သုံးပုံ နှစ်ပုံ..."

" ထင်ထားတဲ့အတိုင်း ဒီကလေး ငါ့ကို စိတ်မပျက်စေဘူးပဲ... သူ တကယ်ကြီး မှန်အောင် ဖြေသွားတယ်......"လျိုဟုန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

" ဘော့စ်.. အပျော် မစောသေးနဲ့ဦး.. သူလည်း ရမ်းသမ်းပြီး ဖြေလိုက်တာ နေမှာပေါ့...."ချိုး ယွီလော့ ပြောလိုက်လေသည်။

" ငါတို့ သူ့ကို မေးကြည့်ရင် သိမှာပဲ မဟုတ်ဘူးလား...."

ထို့နောက် ထောက်ချိန် အခြားသူများ၏ အဖြေစာရွက်ကို စစ်ကြည့်လိုက်သည်။

နှစ်ပုံ တစ်ပုံလို့ ရေးထားကြသည့် လူဦးရေက အယောက် နှစ်ဆယ်လောက် ရှိနေသည်။ အခြား မဆီမဆိုင်သည့် အဖြေများ ရေးသားထားသည့် အဖြေလွှာများလည်း ပါရှိ၏။

ထောက်ချိန်ကို စိတ်သက်သာရာ ရသွားစေသည်က သူတို့ထဲက လေးယောက်မှာ ပထမ မေးခွန်းကိုတော့ မှန်ကန်အောင် ဖြေထားကြပြီး ဒုတိယ မေးခွန်းကို မှန်အောင် ဖြေနိုင်သူ သုံးယောက် ရှိလေသည်။

လက်ရှိ အဖွဲ့၀င်များနှင့် နှိုင်းယှဉ်ပါက မဆိုးဟု ပြော၍ ရ၏။ သူတို့တုန်းကဆိုလျှင် မေးခွန်းတစ်ခုကိုမျှ မမှန်ခဲ့သောကြောင့်ဖြစ်လေသည်။

အဖြေလွှာများကို စီစစ်ပြီးနောက် ထောက်ချိန် လက်နောက်ပစ်ထားလိုက်ပြီး ရှိနေကြသည့် လူတိုင်းအား ကြည့်၍ " ဒီ အပိုင်းမှာ လူ ၂၈ ယောက်က သုည ရတယ်... နံပါတ် ၅ တူကျွမ်း၊ နံပါတ် ၉ တုန်းရှင်းဖန့် ၊ နံပါတ် ၁၄ ကော်ချန် ၊ နံပါတ် ၁၈ ကျန်းလေ့ ၊ ၂၂ တုန်း ဖန့်ဖေး ၊ ၂၅ မာ စုယန် တစ်မှတ်... နံပါတ် ၃၆ လင်းရီ နှစ်မှတ် ..."အဖြေရလဒ် ထွက်လာသည်နှင့် လူတိုင်း ရှော့ခ်ရသွားခဲ့ကြတော့သည်။

" နည်းပြ... သူ တကယ်ကြီး မေးခွန်းနှစ်ခုလုံး မှန်အောင် ဖြေလိုက်နိုင်တာလား..."

ယွမ်ဟောက် အံ့အားသင့်သည့် လေသံဖြင့် မေးခွန်းထုတ်လိုက်ပြီး " မေးခွန်း နှစ်ခုလုံးရဲ့ အဖြေက နှစ်ပုံ တစ်ပုံဆိုတာ အရှင်းကြီးပဲလေ... ဘယ်လိုလုပ်ပြီး တခြား အဖြေ ရှိနေနိုင်မှာလဲ..."

ထောက်ချိန် ရယ်သွမ်းလိုက်ပြီး " ဒီမေးခွန်းတွေက ကျိုးကြောင်း ဆက်စပ်ပြီး ကောက်ချက်ချရမယ့် မေးခွန်းတွေဆိုတော့ လူတွေအဖို့ မှားလွယ်တယ်... မင်းတို့အများစု မမှန်တာကိုလည်း ငါတို့ နားလည်ပေးလို့ရတယ်... "

ပြောပြီးနောက် ထောက်ချိန် လင်းရီအား ကြည့်လိုက်ပြီး " လင်းရီ... ဘာလို့ သုံးပုံ တစ်ပုံနဲ့ နှစ်ပုံ သုံးပုံဆိုပြီး ဖြေလိုက်လဲဆိုတာ လူတိုင်းကို တစ်ချက် ရှင်းပြပေးလို့ရလား.....”

All Chapters