← Chapters

လျန်ရူရွှယ်၏ သိမ်မွေ့ညင်သာမှု

Vol. 69 Ch. 1024

လျန်ရူရွှယ်၏ သိမ်မွေ့ညင်သာမှု

Vol. 69 Ch. 1024

“ ဟင့်အင်း…. သူ အခု အသင်း ၂ ထဲမှာ…” ချိုးယွီလော့ ပြောလိုက်သည်။

“ ဘော့စ်လျိုကို မင်း စဉ်းစားထားတဲ့ဟာ မပြောဖြစ်လိုက်ဘူးလား….”

“ ပြောတယ်…. ငါ ပြောတာကို လက်မခံတဲ့ အပြင် သူက ငါ့ကိုတောင် ဆူငေါက်လိုက်သေးတယ်…”

သူမ မည်သည့် မျက်နှာအမူအရာမျှ မဖော်ပြထားသော်လည်း သူမ ရင်ထဲတွင်တော့ လင်းရီကို တဖြည်းဖြည်းချင်း လက်ခံလာနိုင်နေလေပြီ။

သူ၏ လယ်ဗယ်က အမှန်ပင် မဆိုးလှ။ အနာဂတ်တွင် အသင်း ၂ ကိုပါ သူနှင့်အတူ အမြင့်သို့ ခေါ်ဆောင်ပေးသွားသည်မျိုးလည်း ဖြစ်နိုင်လောက်သည်။

မည်သို့ပင်ဆိုစေ သူမ မောင်လေး၏ အရေးကိစ္စ၌ လင်းရီက အပြစ်တင်ထိုက်သူတစ်ဦး မဟုတ်သည်မှာ သေချာသည်။

သူ၏ လုပ်ဆောင် ပြုမူပုံတို့က စိတ်လိုက်မာန်ပါ ရှိလှသော်လည်း ယခု အချိန်မှစ၍ သူမတို့က ရဲဘော်ရဲဘက်များ ဖြစ်လာသဖြင့် အသင်းခေါင်းဆောင်ဖြစ်သူ သူမ အနေနှင့် အသင်း၏ ပေါင်းစည်းညီညွှတ်မှုကို ဂရုစိုက်ရလိမ့်မည်။

“ ဘော့စ်လျိုက ပါရမီရှင်တွေကို နှစ်သက်တဲ့လူဆိုတော့.... သူ ဒီလို လုပ်တာကို နားလည်ပေးလို့ရပါတယ်…” ရန်ချင်းလင် ပြောလိုက်ပြီး “ ကဲပါ … အရမ်းလည်း စိတ်ညစ်မနေနဲ့…. အဲ့ကောင် မကြာခင် ပျောက်ကွယ်သွားတော့မှာလည်း ဖြစ်နိုင်တာပဲလေ…”

“ ဟင်… နင် ဘာပြောချင်နေတာလဲ…” ချိုးယွီလော့ မေးလိုက်၏။

“ သူ မင်းဆွေမင်းမျိုး အသိုင်းအဝိုင်းကြီးထဲက ကောင်တွေကို ရိုက်နှက်လိုက်တဲ့ အကြောင်း မင်းလည်း ကြားပြီးပြီမလား… သူ့နေ့ရက်ကောင်းလေးတွေက ဆုံးခန်းတိုင်ချိန် ရောက်လာပြီလေ…”

ချိုးယွီလော့ မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ အမူအရာမှာ အနည်းငယ်ပင် ဘဝင် မကျ ဖြစ်နေလေသည်။

သူမလည်း ဤအကြောင်းကို သိထားသည်။ သို့သော်လည်း ထိုအရာသည်က လင်းရီ၏ ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်သဖြင့် သူမ အများကြီး ဝင်မပြောနိုင်ချေ။

ကျုံးဝေ့တပ်ဖွဲ့က အရာရာတိုင်းကို လိုက်စွက်ဖက်နေ၍ မသင့်ချေ။သို့သော်လည်း ဤအရေးက အဘယ်ကြောင့် သူ့ကို ဆုံးခန်းတိုင်သွားစေလိမ့်မည်နည်း။

“ ဘယ်လိုလဲ… အခုပိုပြီး နေလို့ကောင်းသွားပြီလား… “ ရန်လင်း အပြုံးလေးဖြင့် မေးလိုက်သည်။

“ ဒါ ငါ့ ခံစားချက်နဲ့ ဘာမှမဆိုင်ဘူး… လင်းရီရဲ့ အဆင့်က မဆိုးဘူး.. တကယ်လို့ သူ ကျုံးဝေ့တပ်ဖွဲ့ကနေ ဒီအတိုင်း ထွက်သွားလိုက်ရမယ်ဆိုရင် အသင်း အတွက် ဆုံးရှုံးမှုကြီးပဲ…”

“ မင်း သူ့ဘက်ကနေပြီး ကူပြောပေးနေတာလား….” ချင်ရန်လင်း မေးလိုက်သည်။

“ မဟုတ်ဘူး… ငါက ဒီတိုင်း ငါ့အမြင်ကို ပြောပြရုံပဲ….”

“ မင်းမောင် အရိုက်ခံလိုက်ရတဲ့ ကိစ္စကို လက်လွှတ်လိုက်တော့မယ်ပေါ့… မင်းသူ့ကို ဆက်ပြီး မကိုင်တွယ်ချင်တော့ဘူးလား…”

“ မလိုတော့ဘူး…” ချိုးယွီလော့ သူမ ဆံစများကို သပ်လိုက်ရင်း “ ဘာပဲပြောပြော ငါ့မောင်ကိုက အရင် စမှားတဲ့သူလေ… ဒီနှစ်တွေထဲ သူ့ကြောင့် အနိုင်ကျင့်ခံလိုက်ရတဲ့သူတွေ ဘယ်လောက်တောင် များနေပြီလဲ ငါလည်း မသိဘူး… ဒီလိုမျိုး သင်ခန်းစာ အပေးခံရတာလဲ ဆိုးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး….”

ချင်ရန်လင်း ချိုးယွီလော့ကို သံသယ မျက်ဝန်းတို့ဖြင့် ကြည့်လိုက်ရင်း “ ငါမှတ်မိတာတော့ မင်း မနေ့တုန်းက ဒီလို သဘောမျိုး မရှိသေးပါဘူး…”

“ ငါမှ သူနဲ့ ပြဿနာ မတက်ထားတာ….”

“ ကောင်းပြီလေ…” ချင်ရန်လင်း သဘာဝမကျသည့် လေသံဖြင့် ပြောလိုက်၏။ သူတစ်ကြိမ် တစ်ခါမှ မမြင်ဖူးသေးသည့်သူ အပေါ် မတွေးအပ်သည့် အတွေးတချို့တို့ စတင် ဖြစ်ပေါ်နေချေပြီ။

လေ့ကျင့်ရေး စခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လျန်ရူရွှယ် လင်းရီထံသို့ ဖုန်းဆက်လာခဲ့သည်။

“ ဝေ.... နင့် စစ်ဆေးပွဲကပြီးသွားပြီလား… အဆင်ပြေတယ်မလား….”

“ ခက်ကို မခက်ခဲတာ….”

“ နင်က ပေါ့ပြက်ပြက် ရှိတယ်ဆိုပေမယ့် ဒီလို အရာမျိုးတွေမှာ နင်က တော်ပြီးသားပဲလေ…” လျန်ရူရွှယ် ပြုံးလိုက်ပြီးနောက် “ ငါ့ကို လာကြိုပေးဦး… ငါ အခုထိ ဘာမှကို မစားရသေးဘူး… ထမင်း အတူသွားစားရအောင်….”

“ အိမ်မှာလား…”

“ အင်း… ဘယ်မှာလဲ နင်မှတ်မိတယ်မလား….”

“ မှတ်မိတာပေါ့… အဲ့မှာ စောင့်နေလိုက်တော့….”

ရန်ကျင်း၏ ယာဉ်ကြော ကောင်းမှုဖြင့် လျန်ရူရွှယ်၏ အိမ်သို့ ရောက်ရန်အတွက် လင်းရီ မိနစ်လေးဆယ်လောက် မောင်းလိုက်ရသည်။

ဆယ်မိနစ်ကြာအောင် စောင့်ဆိုင်ပြီးနောက် လျန်ရူရွှယ် သူမ၏ ရှည်လျားသွယ်လျသည့် ခြေတံတို့ကို ပေါ်လွင်နေစေမည့် အပြာဖျော့ဖျော့ ဂျင်းပန် တစ်ထည်ကို ဝတ်ဆင်ပြီး အိမ်ထဲမှ ထွက်လာခဲ့လေသည်။ အပေါ်တွင်လည်း အဖြူရောင် ရှပ်နှင့် စိမ်းနက်ရောင် ကုတ်တစ်ထည်ကို ဝတ်ဆင်ထားသေး၏။ အနက်ရောင် သားရည် ဘွတ်ဖိနပ်နှင့်ပါ ပေါင်းစပ်လိုက်မည် ဆိုပါက…. မည်သို့ဆိုစေ အလှကညာတစ်ပါးပင်။

“ သွားစို့… ငါနင့်ကို ဂျက်ကတ် လိုက်ဝယ်ပေးမယ်…”

“ မလိုပါဘူးကွာ… ဒီလိုလေး ဝတ်ရတာပဲ ကောင်းတယ်… ဒေါင်းဂျတ်ကတ်တွေက သိပ်ထူလွန်းတယ်….”

" နင်က အရမ်းပေါ့ဆ လွန်းတယ်... အနှေးနဲ့အမြန် အအေးမိပြီး လေဖြတ်ပါစေတော်...."

" လာကျိန်ဆဲ မနေနဲ့... ငါက ကိုယ့်ကျန်းမာရေးကို တစ်နှစ် နှစ်ကြိမ် အမြဲ စစ်ဆေးတယ်.... ဒေါင်ဒေါင်မြည်ပဲ...."

" တကယ်ဆို မင်းကမှ ပိုပြီး လေဖြတ်နိုင်ချေများတာ...."

" နင်...."

" ငါ့စကားကို မယုံမရှိနဲ့..."

လျန်ရူရွှယ် ပြန်လည် ချေပချင်ပါသော်လည်း လင်းရီမှာ ဆရာ၀န်တစ်ဦး ဖြစ်နေသည်ကို ရုတ်ချည်း သတိရသွားခဲ့လေသည်။ သူမ အတွက် ပြန်ငြင်းဆန်ရန် ကဏ္ဍ မရှိချေ။

" ငါမှတ်ထားမယ်..."

ပြောပြီးနောက် လျန်ရူရွှယ် သူမ၏ ခြေထောက် တစ်ချောင်းကို ပင့်မြောက်၍ ဘောင်းဘီ လိပ်လိုက်ကာ " မြင်လား.. အသားကပ်နဲ့ ခြေအိတ် အထူလည်း ၀တ်ထားသေးတယ်... ငါ ဘာမှ ဖြစ်မှာ မဟုတ်ဘူး... "

" ဖိနပ်ပြန်စီးထားစမ်းပါကွာ... ငါ့ကို အနံ့ဆိုးတွေနဲ့ သေအောင် နှိပ်စက်နေလားမသိဘူး..."

" သွားစမ်း သွားစမ်း... ငါ ခုနလေးတင်မှ ရေချိုးထားတာဟဲ့... "လျန်ရူရွှယ် ပြန်လိပ်ချလိုက်ပြီး " ရှေ့ လမ်းဆုံကြရင် ဘယ်ချိုးလိုက်... ငါ နင့်ကို ရှေးဟောင်းမြို့တော်ဆီ လိုက်ပြပေးမယ်..."

" အိုကေလေ... "

တကယ်တော့ ကျိုးဟိုင်တွင် လျန်ရူရွှယ် အလာကို စောင့်ဆိုင်းနေသည့် ကိစ္စရပ်များစွာ ရှိလေသည်။ သို့သော်လည်း လင်းရီအဖို့ ရန်ကျင်းရောက်ရန်က မလွယ်ကူသဖြင့် ဤသည်က ရှားပါး အခွင့်အရေး ဖြစ်လေသည်။ ထို့ကြောင့် သူမ အလုပ်အားလုံးကို ဖျက်သိမ်းပစ်လိုက်ပြီး အနားယူနေလိုက်၏။

သို့သော်လည်း တစ်ခါတစ်ရံ ရပ်တန့်၍ ၀က်ပေါက်လေးအား နို့ဘူးတိုက်နေသည်ကတော့ သူမ ဖီလင်ကို အနည်းငယ် အောင့်သက်သက် ဖြစ်သွားစေသည်။

လျန်ရူရွှယ် လင်းရီနှင့် ဆယ်မီတာလောက် အကွာတွင် မတ်တပ်သွားရပ်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်ပစ်လိုက်၏။ သူမနှင့် လင်းရီတို့က သူစိမ်းများပင်။

သူမ တကယ်တည်း ပဟေဠိ ဖြစ်နေမိတော့၏။

ဒီလောက် လူရှုပ်နေတာကို ၀က်နို့ဘူးတိုက်နေတယ်... အကောင်က မရှက်တတ်ဘူးလား မသိဘူး....

ရှေးဟောင်းမြို့တော်ကြီးအား လှည့်ပတ်ကြည့်ရှုပြီးနောက် လျန်ရူရွှယ် လင်းရီကို SKP သို့ ဂုတ်ဆွဲပြီး ခေါ်လာတော့သည်။

" ဘာလဲလုပ်နေတာ.. မင်း တစ်ခုခု လိုချင်နေလို့လား..."

" နင် မနက်ဖြန် Semiconductor ထိပ်သီး အစည်းအဝေး တက်မှာ မဟုတ်ဘူးလား... နင့်မှာ အနောက်တိုင်း ၀တ်စုံ ကောင်းကောင်းလည်း မရှိသေးဘူးလေ... သွားပြီး တစ်ခုကြည့်လိုက်..."

" အဲ့လောက်ထိ လိုလို့လားကွာ... ဒီတိုင်း အစည်းအဝေးပဲ မဟုတ်ဘူးလား...."

" ဒီလို အစည်းအဝေးတွေက ထုံးစံအတိုင်း ၀တ်ဖို့လိုတယ်... ပြီးတော့ နင်က ပထမတန်းမှာ ထိုင်နေမှာလေ... သူ့နေရာနဲ့သူ လိုက်အောင် ၀တ်ဦးမှပေါ့ဟဲ့...."

" ငါက အခု အရေးကြီး ပုဂ္ဂိုလ် ဖြစ်နေပြီပေါ့..."

" ဒါပေါ့... ငါ့အမေကိုယ်တိုင် ခေါ်လာတဲ့သူကို ဘယ်သူက ဒုတိယတန်းမှာ ထားရဲမှာလဲ..."

" ယောက္ခမကြီးက အံ့ဩစရာပဲ..."

" ပေါက်တတ်ကရတွေ လျှောက်ရွတ်မနေနဲ့... အဲ့တာ ငါ့အမေ... နင်နဲ့ ဘာမှ ဆိုင်တာ မဟုတ်ဘူး..."လျန်ရူရွှယ် ပြောရင်းဖြင့် မျက်လုံးလှိမ့်လိုက်၏။

" ရပါတယ်... တကယ်လို့ ငါသာ လုပ်ချင်ရင် ...ငါတို့ဆက်ဆံရေးကို မိနစ်ပိုင်းအတွင်း ကျိုးကြောင်းသင့် ရှင်းပြလို့ရတယ်... "

လျန်ရူရွှယ် လင်းရီကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ရင်း " မိနစ်ပိုင်းအတွင်းပေါ့... အဲ့လောက်တိုလား...."

" သေစမ်း...."

နှစ်ယောက်မှာ SKP အဆောက် အဦးသို့ ရောက်ရှိလာပြီး လျန်ရူရွှယ် သူ့ကို ဘရီအိုနီထံ ခေါ်ဆောင်လာခဲ့သည်။

ကမ္ဘာ့နာမည် အကြီးဆုံး အမျိုးသားဖက်ရှင် ဘရန်း တစ်ခု ဖြစ်သည့်နှင့် အားလျော်စွာ ဘရီအိုနီ၏ ဈေးက SKP ၌ပင် အဆမတန် ကြီးမြင့်နေသည်။

" ဟို ကောင်ချောလေးကို ကြည့်စမ်းပါဦး... သူ့ကြည့်ရတာ ရင်းနှီးနေတယ်လို့ မထင်ဘူးလား..."

" ဒါ သိပ်မကြာခင်တုန်းက ကောင်မလေးတစ်ယောက် မျက်မှန်၀ယ်ဖို့ ယွမ်သန်းဂဏန်းလောက် သုံးသွားတဲ့ အချောလေး မလား...."

" သူဆိုတာ နင်သေချာလို့လား... နင် အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်...."

" သူက ဒီလောက်ထိ ချောတာကို ငါက ဘယ်လိုလုပ်ပြီး အမြင်မှားရမတုန်းဟဲ့... ငါက အချောလေးတွေ မြင်ပြီးရင် တစ်သက် မမေ့တဲ့ မှတ်ဉာဏ်ရှိတယ်.... ငါ မမှားဘူး...."

လင်းရီ ဓာတ်လှေကားထဲမှ ထွက်လာပြီး လက်ဇရီ ဘရန်းများ ရောင်းနေသည့် ၀န်ထမ်းသမလေးများကို မြင်တော့ သူ့စိတ်ထဲ ရေချိုး စင်တာသို့ တစ်ဖန် ပြန်ရောက်သွားသလို ထင်ယောင်ထင်မှား ဖြစ်သွားခဲ့လေသည်။

" အချောလေး .. တို့ဆီကို လာခဲ့... ပစ္စည်းတွေ အကုန်လုံးက ဒီနှစ်ခု အသစ် ထွက်ထားတာတွေချည်းပဲ..."ဘရီအိုနီ၏ အမျိုးသမီး စတိုးဆိုင် မန်နေဂျာမှ အပြုံးလေးဖြင့် ဖိတ်ခေါ်လာလေသည်။

လင်းရီ ခေါင်းညိမ့်၍ လျန်ရူရွှယ်နှင့်အတူ လမ်းလျှောက်သွားလိုက်သည်။

လျန်ရူရွှယ်လည်း ရှိနေတော့ လင်းရီ ဂျေးများမနေရန် ကိုယ့်ကိုယ်ကို သတိပေးလိုက်၏။ မဟုတ်ပါက သူပဲ ခံစားရလိမ့်မည်။

" အပြာရင့်လေးက တော်တော်လေး မဆိုးဘူး.. နင် ဘယ်လိုထင်လဲ... "

" အလှလေးက တကယ့်ကို အမြင်စူးရှတာပဲ... ဒါက ဟန်းမိတ်လေ... ဒီရဲ့ လူကြီးလူကောင်းနဲ့သာဆို ကြည့်လို့ သိပ်လိုက်မှာပဲ..."

" ပြီးတော့ အဲ့ဒီ ရှပ်ဖြူ... အောက်ယူခဲ့လိုက်..."

" ကျေးဇူးပြုပြီး ခဏလေးပါနော်..."

အမျိုးသမီး ဆိုင်အကူမှ လျန်ရူရွှယ် ရွေးချယ်ထားသည့် ၀တ်စုံနှင့်ရှပ်အဖြူကို အောက်သို့ ချလိုက်သည်။

သူမ လင်းရီအတွက် အလိုက်တသိနှင့် သားရည် ရှူးဖိနပ်ပင် ရွေးချယ်ပေးလိုက်သေးသည်။သို့မှသာ ပြီးပြည့်စုံသွားမည် ဖြစ်၏။

မိနစ် အနည်းငယ် ကြာပြီးနောက် လင်းရီ အ၀တ်လဲခန်းထဲမှ ထွက်လာခဲ့သည်။

အမျိုးသမီး ဆိုင်၀န်ထမ်းများ အားလုံး၏ မျက်လုံးအကြည့်တို့က ပြူးကျယ်သွားကြလေသည်။

သိပ်ခန့်ညားတာပဲ....

လင်းရီ မှန်ရှေ့သွားပြီး သူ့ကိုယ်သူ ကြည့်၍ ချီးမွမ်းနေလိုက်သည်။ သို့သော်လည်း လျန်ရူရွှယ် သူ့ခြေထောက်နား ခါးကိုင်းလိုက်သည်ကို မြင်တော့ လင်းရီ အံ့အားသင့်သွားလေသည်။

သူမ သူ့ဘောင်းဘီကို လိပ်တင်ပေးလိုက်ခြင်းပင်။

ပြောကြသည်က ရန်ကျင်းရှိ အမျိုးကောင်းသမီးလေးတို့မှာ ကျော့ရှင်းပြီး သူရဲကောင်းမလေး(ကျားရိုင်း)များ သဖွယ် ရှိသည်ဟု ဆိုကြသည်။ သို့သော်လည်း လူတို့မသိကြသည့် သိမ်မွေ့ညင်သာတတ်သည့် ဘက်အခြမ်းကလည်း ရှိနေသေးသည့်ဟန်ပင်။

All Chapters