← Chapters

စတော်ဘယ်ရီ ဟော်သွန်း

Vol. 69 Ch. 1026

စတော်ဘယ်ရီ ဟော်သွန်း

Vol. 69 Ch. 1026

လျန်ရူရွှယ် ရပ်တန့်သွားခဲ့၏။ သူမ၏ တူတစ်စုံက ဟော့ပေါ့အိုးထံ ရောက်နှင့်နေသည်။ သို့သော် ဖြည်းညင်းစွာဖြင့် လက်ပြန်ရုတ်လိုက်၏။

" အဲ့လို မဖြစ်နိုင်ဘူး...."

လင်းရီ၏ အမူအရာမှာ တည်ငြိမ်နေခဲ့သည်။ သူ ဤသို့ဖြစ်လိမ့်မည်ကို ကြိုတင် မျှော်လင့်ထားသည့် အလားပင်။

" ဖြစ်နိုင်တာ မဖြစ်နိုင်တာတွေ ငါမသိဘူး... ငါလိုချင်တဲ့ အရာမှန်သမျှ ရအောင် ယူမှာပဲ..."လင်းရီ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

" မင်းရဲ့ အကြောင်းသင့်ဆိုတဲ့ စကားတွေကိုလည်း နားမထောင်ချင်ဘူး...ငါ လုပ်ချင်သလို လုပ်မှာပဲ... "

" ဒါပေမယ့် ငါ အခြားတစ်ယောက်နဲ့ လက်ထပ်မှာကိုလည်း နင်တားမြစ်လို့ မရဘူးလေ..." " ဒါဆိုလည်း ဒီရန်ကျင်းမှာ ဘယ်သူမင်းကို လက်ထပ်ဝံ့လဲ ကြည့်ကြတာပေါ့..." " နင် အရမ်း တရားလွန်သွားပြီ..."လျန်ရူရွှယ် ပြောလိုက်ပြီး " နင်က ငါနဲ့ လက်ထပ်မယ့်သူကို သွားပြီး ခြိမ်းခြောက်တော့မလို့လား..."

" မလုပ်ပါဘူး.. ငါက တရားနည်းလမ်းကျတဲ့သူလေ... ဘာကိစ္စ အဲ့လိုလုပ်ရမှာလဲ..."လင်းရီ ပြောလိုက်၏။

" ဒါပေမယ့် မင်းကို လက်ထပ်ရဲတဲ့သူလည်း ရှိမယ်လို့ ငါမထင်ပါဘူး..." " ပြီးတော့ ငါအသက်ကြီးလာတဲ့အခါကျ ဘယ်သူမှ မလိုချင်တော့တဲ့ ငါ့ကို နင်က ငါ့ကို တာ၀န်ယူလိုက်မယ်ပေါ့..."

" ဒါကြောင့်မို့ ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်ပါလို့... ငါက မင်းငါ့အတွက် ကလေးမွေးပေးမှာကို စောင့်နေသေးတာလေ.. " " နင် ဒါတော့ အရမ်းများသွားပြီ..."

" အဲ့တာကတော့ မင်းအပေါ် မူတည်တယ်..."

ထို့နောက် နှစ်ယောက်ကြားတွင် တိတ်ဆိတ်မှုက အချိန်အကြာကြီး ကြီးစိုးသွားခဲ့တော့သည်။

လျန်ရူရွှယ် ဤကိစ္စကို စိတ်ထဲ ထားမနေချေ။ သူမ လင်းရီကို သူမထံ ကတိပေးရန်လည်း မတောင်းဆိုခဲ့ချေ။ သူမတို့ နှစ်ယောက်က ဤအတိုင်း ရောက်တတ်ရာရာ ပြောဆိုနေကြခြင်းဖြစ်၏။

သို့သော်လည်း လင်းရီကတော့ သူ၏ စိတ်သဘောထားကို ဖော်ပြနေသည့်အလား မျက်နှာထားတင်းနေသည်ကို သူမ သတိပြုမိလိုက်လေသည်။

ဤကိစ္စတွင် ညှိနှိုင်းချက် မရှိသလို အလျှော့ပေးခြင်းလည်း မရှိပေ။ အကယ်၍ လျန်မိသားစု၀င် ဖြစ်နေလျင်ပင် မည်သည့်အရာမျှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။

" မျက်နှာကြီး တင်းထော်မနေစမ်းနဲ့... မြန်မြန်လုပ်ပြီး စားတော့...." လျန်ရူရွှယ် ပြောလိုက်ပြီး " ပြီးရင် ၀မ်ဖူကျင်ကို သွားကြမယ်...ငါရန်ကျင်းမှာ ဈေးမ၀ယ်ဖြစ်တာတောင် ကြာပြီ... "

" ငါ မရပ်ပါဘူး... ဆက်တိုက် စားနေတာပဲလေ..."

လျန်ရူရွှယ် ငုံ့ကြည့်လိုက်တော့မှ ပန်းကန်ပြားထဲရှိ အသားပြားများ အားလုံးကို လင်းရီ စားပြီးသွားကြောင်း သတိပြုမိလိုက်သည်။

" နင် အရမ်းလွန်သွားပြီ..."လျန်ရူရွှယ် ပြောလိုက်ပြီး " သူများကောင်လေးတွေဆို အသားတောင် မစားရက်ကြဘူး... ကောင်မလေးကိုပဲ ပေးစားကြတာ... နင်ကျတော့ တစ်ယောက်တည်း အကုန်စားပစ်နေတယ်..."

" ပြောတော့ ဝိတ်လျော့နေတယ်ဆို... မင်းဒါတွေ မစားနိုင်ပါဘူးကွာ.."

" ကျွတ်..."

မကြာမီ စားပွဲဝိုင်းရှိ လေထုမှာ ယခင်အတိုင်း ပြန်ဖြစ်သွားခဲ့တော့၏။

သူတို့ နှစ်ယောက်လုံး ဤပြဿနာကို အနှေးနှင့် အမြန် ရင်ဆိုင်ရမည် ဖြစ်ကြောင်း နားလည်ထားပေသည်။

သို့သော် မည်သူကမျှ ထုတ်မပြောကြ။ အကယ်၍ သူ ဤစကားကို ယနေ့ ပြောလျှင်ပင် မည်သည်ကိုမျှ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။

ထိုသည်က ဖုံးကွယ်နေသည့် ကံကောင်းမှုပင်တည်း။

လင်းရီ အတွက်တော့ ယခုလေးတင် ပြောလိုက်သည့် စကားဝိုင်းက သူ့အတွက် အထူးတလှယ် မည်သည့် သက်ရောက်မှုမျှ ရှိမနေချေ။

သို့သော်လည်းပဲ လျန်ရူရွှယ် အဖို့တော့ အတိုင်းအတာ တစ်ခုထိတိုင်အောင် ကောင်းမွန်သည့် သက်ရောက်မှုတချို့ ရှိသွားခဲ့သည်။

သူမ လင်းရီ၏ ကတိက၀တ်ကို ရရှိခဲ့၏။

တစ်ချိန်တည်းတွင် လင်းရီ ရင်ဘက်ထဲ၌ သူမ၏ အဆင့်အတန်းမှာ ကျီချင်းရန် နည်းတူ ရှိကြောင်းကိုလည်း သက်သေပြရာ ရောက်ခဲ့လေသည်။

အရာအားလုံး မှားယွင်းသွားနိုင်ချေရှိသည့် အန္တရာယ်များကိုတော့ သူမ စဉ်းစားဖို့ ဟန်ပြင်မနေတော့ချေ။

အချိန်ကိုသာ ဆုံးဖြတ်ခိုင်းလိုက်တော့မည်။

သူမက မူလအခြေအနေအတိုင်း ထိန်းသိမ်းထားပြီး အလျှော့လည်း ပေးလိမ့်မည် မဟုတ်ချေ။

ညစာ စားပြီးနောက် လင်းရီ ဘေလ်ရှင်းရန် ထသွားခဲ့၏။

နှစ်ယောက်သား ၀မ်ဖူကျင်သို့ မောင်းသွားပြီး လမ်းလျှောက်လည်ကြလေသည်။

လီစစ်ချန်လည်း တိတ်တဆိတ် ကားမောင်းရင်း လင်းရီနောက်သို့ လိုက်၍ ၀မ်ဖူကျင်လမ်းသို့ ရောက်ရှိလာခဲ့၏။

သမိုင်း သက်တမ်း နှစ်တစ်ရာနှင့် လမ်းဟောင်းကြီး တစ်ခု။ ကြီးမားသော ရှော့ပင်း မောလ်ကြီးများလည်း ဤနေရာ၌ ရှိလာပြီး ပြည်တွင်းနှင့် ပြည်ပရှိ ဘရန်းအမှတ်တံဆိပ်များ အားလုံး ဤနေရာ၌ အတူတကွ ရောက်ရှိနေကြလေသည်။

မည်သူမ‌ဆို လာရောက်ကြည့်ရှုမည်ဆိုပါက လူစည်ကားနေသည့် လမ်းမကြီးကို မြင်တွေ့နိုင်လိမ့်မည်။

" ဘာဖြစ်လို့လဲ..." လျန်ရူရွှယ် ရုတ်ချည်း ရပ်တန့်သွားသည့်အတွက် လင်းရီ မေးမြန်းလိုက်သည်။

လျန်ရူရွှယ် ကူကယ်ရာမဲ့စွာဖြင့် သူမခေါင်းကို ခါရမ်းလိုက်ရင်း " နင့်လိုလူကြီးနဲ့ လမ်းအတူလျှောက်ရတာလည်း တကယ်တည်း... ရိုမဆန်လိုက်တာ ...."

" ငါ ဘာမှလည်း မလုပ်ပဲနဲ့.. ဘာလို့ ရိုမဆန်ဘူး လာပြောနေတာတုန်း...."

လျန်ရူရွှယ် ဘာမျှ ပြန်မပြော။ သူမ ရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်ပြီး လင်းရီ၏ လက်မောင်းကို အချစ်တွင် ရူးသွပ်နေသည့် စုံတွဲကဲ့သို့ ဖက်ထားလိုက်လေသည်။

" ငါ့ လက်မောင်း ဖက်ချင်တယ်ဆိုရင်လည်း အစောကြီး ကတည်းက ပြောရောပေါ့... ငါ မင်းကို အခွင့်အရေး မပေးမှာလည်း မဟုတ်..."

" ပြောရဦးမှာလားဟဲ့... နင့် အီးကျူကိုက အရမ်း နိမ့်လွန်းနေတာလေ... ဒါလေးတောင် နားမလည်နိုင်ဘူး...."

" ဟုတ်တယ် ဟုတ်တယ်... အလှလေးလျန်ကသာ အီးကျူ အမြင့်ဆုံး... "

လျန်ရူရွှယ် လင်းရီ၏ လက်မောင်းကို ဖက်ထားရင်း ၀မ်ဖူကျင် လမ်းကလေး အောက်သို့ ဆင်းသွားခဲ့သည်။

သူမအဖို့ ဤသည်က သူမဘ၀၏ အဓိပ္ပာယ် အရှိဆုံးနှင့် အပျော်ရွှင်ဆုံး အခိုက်အတန့်ပင် ဖြစ်နေတော့သည်။

လမ်းတွင် ဈေးကြီးသည့် မောလ်ကြီးများ ရှိသကဲ့သို့ ပျံကျဈေးသည်များနှင့် မုန့်အသည်များလည်း ရှိသည်။

လျန်ရူရွှယ်ကတော့ အမှတ်တရ လက်၀တ်တန်ဆာ အပေါစာများကို လိုက်ကောက်ယူရင်း တစ်ခုနှင့် တစ်ခုလည်း ဈေးချင်း ယှဉ်ကြည့်နေသေး၏။ ပြီးနောက် ဈေးပိုသက်သာသည့် တစ်ခုကို ရွေးချယ်လိုက်သည်။

ဤသည်က ကျီချင်းရန် ဈေး၀ယ်ထွက်သည့် ဟန်နှင့် ကွဲထွက်နေလေသည်။

လမ်းဘေး ဈေး၀ယ်သည့် နေရာတွင်တော့ လျန်ရူရွှယ်က တစ်ဖျားပိုသာသည်ဟု ဆိုထိုက်၏။

" ငါတို့ ရုပ်ရှင်ကော မကြည့်တော့ဘူးလား... ခုတလော အသစ်ထွက်တဲ့ ရုပ်ရှက်တွေမှ အများကြီးပဲနော်..."

ရုပ်ရှင်ရုံဘေးနား ဖြတ်လျှောက်ရင်း လျန်ရူရွှယ်မှ စကားစလိုက်၏။

" ရတယ်လေ... စတားဘက် သွားပြီး မင်းလက်တွေ နွေးသွားအောင် ကော်ဖီပူပူ နှစ်ခွက်မှာလိုက်... ပြီးရင် လက်မှတ်ဖြတ်ထားလိုက်..."

" နင်ကျရော..."

" ဟိုနားလေးမှာ သကြားရည်လောင်းထားတဲ့ ဟော်သွန်းသီးတွေ ရောင်းတယ်... ငါ ရုတ်တရက်ကြီး စားချင်လာလို့..."လင်းရီ ပြောလိုက်၏။

" ဒီလိုမျိုး သကြားရည် လောင်းထားတဲ့ ဟော်သွန်းသီးတွေက ဈေးထဲ ရှားတယ်လေ.... "

" ငါလည်း စတော်ဘယ်ရီ စားချင်တယ်... ငါ့ဖို့ရော တစ်ခုလောက်..."

" ကောင်းပြီ..."

တာ၀န်ဝေခွဲပြီးနောက် နှစ်ယောက်မှာ လမ်းခွဲလိုက်ကြသည်။

လျန်ရူရွှယ်က စတားဘက်သို့ သွား၍ ကော်ဖီ ဝယ်ပြီး လင်းရီက‌တော့ ဟော်သွန်းသီးများ ၀ယ်ရန် ထွက်လာခဲ့သည်။ မိနစ်နှစ်ဆယ်ကြာပြီး... လင်းရီ ပြန်ရောက်လာတော့ လျန်ရူရွှယ်မှ သူ့ကို မတူသည့် အကြည့်တို့ဖြင့် ကြည့်နေကြောင်း လင်းရီ သတိထားမိသွား၏။

" ဘာလို့ အဲ့လို လာကြည့်နေတာ.. ငါ့မျက်နှာက တစ်ခုခု ဖြစ်နေလို့လား..."

" နင်.. နင် ဟော်သွန်းသီးလေး သွား၀ယ်တာကို ဒီလောက်ကြာနေတယ်... နင် ကောင်မ တစ်ယောက်နဲ့ လမ်းမှာတွေ့ပြီး အီစီကလီ လုပ်နေတာမလား...."

" ၀မ်ဖူကျင်လမ်းက ဘယ်မိန်းမလေးကများ မင်းနဲ့ ယှဉ်နိုင်မှာမို့လို့..."

" နင်က လူကို ဘယ်လိုဖျားယောင်းရမလဲပဲ သိတာ...."လျန်ရူရွှယ် မတ်တပ်ရပ်လိုက်ပြီး " သွားစို့... ရုပ်ရှင်က နှစ်မိနစ်ဆိုရင် စတော့မှာ..."

" အင်း သွားစို့..."

နှစ်ယောက်သား ခြေလှမ်း ခပ်သွက်သွက် လျှောက်လိုက်ကြပြီး မောလ်၏ ခြောက်ထပ်မြောက်သို့ ရောက်ရှိလာကြသည်။ လက်မှတ်ကို စကန်ဖတ်ပြီး‌နောက် ရုပ်ရှင်ရုံထဲ ၀င်ရောက်လိုက်ကြလေသည်။

သူတို့ ပြသသည့် နေရာကိုရောက်တော့ ရုပ်ရှင် စနေသည်မှာ သုံးမိနစ်ပင် ရှိနေပြီး ဖြစ်သည်။

သို့သော်လည်း ထိုအချင်းအရာက ကြည့်ရှုမည့် အတွေ့အကြုံပေါ်တော့ သက်ရောက်မှု မရှိချေ။

" ရော့ ... ဒီမှာ နင့်ကော်ဖီ... ငါ့ကို ဟော်သွန်းသီးပေး...."

" မင်း ဒီလာတာ ရုပ်ရှင်ကြည့်ဖို့လား.. စားဖို့လား...."

" စားရင်း ကြည့်မယ်လေ... အဲ့တာကမှ ရုပ်ရှင်ကြည့်တဲ့ နည်းလမ်းမှန်ပဲ..."လျန်ရူရွှယ် ခေါင်းကိုမော်ပြီး ၀င့်ကြွားစွာ ပြောလိုက်သည်။

" ဘာလို့ အဲ့လောက်တောင် လောဘကြီးနေရတာ..."

" ငါ ပျော်ရင် ပြီးတာပဲ မလား.. နင့်အပူမပါဘူး..."

လင်းရီ ပြုံးလိုက်ပြီး စတော်ဘယ်ရီ ဟော်သွန်းသီးကို လျန်ရူရွှယ်ထံ ပေးလိုက်ပြီး သာမန် သော်သွန်းသီးကိုတော့ သူ့ဖို့ ယူထားလိုက်၏။

" ဒီရဲ့ စတော်ဘယ်ရီ ဟော်သွန်းသီးက ကြီးတယ်... ရန်ကျင်းက ကုန်ဈေးနှုန်းနဲ့ဆို တစ်ချောင်းကို အနည်းဆုံး ယွမ် ၃၀ ရှိလောက်မယ် ထင်တယ်.... "

" ကြီးတာက မကောင်းဘူးလား..."လင်းရီ ပြုံးလိုက်ပြီး " ပြီးတော့ လျှက်ကြည့်... လျှက်လို့ အကောင်းဆုံးပဲ... အဲ့လိုစားရင် အရသာက တစ်မျိုးလေးထွက်တယ်...."

" နင့် ညစ်တီးညစ်ပတ် ဟာသတွေကို နင့်ဖို့ပဲ သိမ်းထားလိုက်...."

ထိုသို့ ပြောလိုက်သော်လည်း လျန်ရူရွှယ် လင်းရီကို အပြုံးလေးဖြင့် ကြည့်၍ လျှက်ဖြစ်အောင် လျှက်လိုက်သေးသည်။

" သေစမ်း... ဒါရုပ်ရှင်ရုံနော်... ငါ့ကို လာမြှူဆွယ်နေတာလား...."

လျန်ရူရွှယ် ပျော်ရွှင်စွာဖြင့် တခစ်ခစ် ရယ်မောလိုက်ပြီး သူမ ဟော်သွန်းသီး ကိုက်ရင်း ဇာတ်ကား ကြည့်လေသည်။

သူမ မည်မျှ ကျေနပ်အားရနေကြောင်း စကားဖြင့် ဖော်ကြူးနေရန် မလိုချေ။ မျက်မှာကြည့်ရုံမျှဖြင့် ကောင်းကောင်းကြီး ပြောနိုင်ပေသည်။

" အား...."

မသိစိတ်မှ လျန်ရူရွှယ် အော်ညဉ်းမိသွားခဲ့၏။

သို့သော်လည်း သူမ ရုံထဲ ရောက်နေသည်ကို ပြန်သတိချပ်မိတော့ ကမန်းကတမ်း ပါးစပ် ပြန်အုပ်လိုက်၏။

" ဘာဖြစ်တာလဲ...."

" သွားနာလို့...."လျန်ရူရွှယ် ပါးကို ပွတ်ရင်း " ဟော်သွန်းသီးထဲ တစ်ခုခု ထည့်ထားတယ်နဲ့တူတယ်..."

ပြောပြီးနောက် လျန်ရူရွှယ် နောက်ဆုံး စတော်ဘယ်ရီသီးကို တစ်ကိုက်ပြီး တစ်ကိုက် ကိုက်နေလိုက်၏။

ကြွက်ပေါက်လေးမှ တစ်စုံတစ်ခုကို တကျွိကျွိ ဝါးနေသည်နှင့်ပင် ဆင်တူနေသည်။

တစ်၀က်လောက်လည်း ရောက်တော့ စတော်ဘယ်ရီထဲတွင် စိန်လက်စွပ် တစ်ကွင်း ရှိနေကြောင်းကို သူမ သတိပြုမိသွားခဲ့သည်။

All Chapters