← Chapters

အိမ်မပြန်နဲ့

Vol. 69 Ch. 1027

အိမ်မပြန်နဲ့

Vol. 69 Ch. 1027

" ဒါ... ဒါက...."

လျန်ရူရွှယ် သူမ စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူမ ရှေ့ဆက်ပြီး မစဉ်းစားနိုင်တော့ချေ။

ပိတ်ကားရှေ့ရှိ ရုပ်ပုံနှင့် အသံများပင် ဝေဝါးလာခဲ့တော့၏။

လက်စွပ်ထဲရှိ စိန်၏ အရွယ်အစားက သိပ်မကြီး။ ပဲစေ့ အရွယ်လောက်လေးသာ ရှိသည်။

အများဆုံး ယွမ်တစ်သိန်းလောက်ဖြင့် ၀ယ်ယူနိုင်လေသည်။

သို့သော်လည်း ဤ‌နေရာ၌ စိန်လက်စွပ် ထွက်ပေါ်လာသည်ကတော့ တမူထူးခြားသည့် ကိစ္စရပ်တစ်ခု ဖြစ်သွားခဲ့တော့၏။

" အာ... ဘာလို့ ဟော်သွန်းသီးထဲ စိန်လက်စွပ် ရှိနေတာလဲတဲ့... မင်းတော့ ဒီနေ့ ထီပေါက်တာပဲ..."

လျန်ရူရွှယ်မှာတော့ ရှက်ကလည်းရှက် ၊ ပျော်ကလည်းပျော် ၊ ခံစားချက်တို့ ရောပြွမ်းနေသည်။

' နင်ဘာလို့ လာဟန်ဆောင်နေတာ... နင်ပဲ ထည့်ထားတာ မဟုတ်ဘူးလား...'

စိန်လက်စွပ်ကို မြင်တော့ လင်းရီ အဘယ်ကြောင့် ဟော်သွန်းသီး ၀ယ်ဖို့ရာအတွက် နာရီ၀က်လောက် ကြာနေရလဲဆိုတာကို သတိပြုမိသွားခဲ့လေသည်။

သူ ဟော်သွန်းသီး မ၀ယ်ခင် စိန်လက်စွပ် အရင် သွား၀ယ်နေတာပဲ ဖြစ်ရမယ်...

အရင်တစ်ခေါက်တုန်းကလည်း သူမ အိမ်ရှေ့မှာ မီးရှူးပန်းတွေ ဖောက်ပြပြီးပြီ... အခုလည်း ဟော်သွန်းသီးထဲမှာ စိန်လက်စွပ်ရှိနေတယ်...

ဒီအကောင် ဘယ်လို အကွက်ပဲ ရွေ့ရွေ့ လူကို စိတ်ပျက်သွားစေတယ်လို့ကို မရှိဘူးပဲ...

" ငါက ဒီတိုင်း ဟော်သွန်းသီးပဲ ၀ယ်ခဲ့တာ... စိန်လက်စွပ်က ငါနဲ့ ဘာမှမဆိုင်ဘူး..."

" နင် လုပ်ခဲ့တာပါ... လာပြီး လိမ်မနေနဲ့..."လျန်ရူရွှယ် ချစ်ဖို့ကောင်းစွာ ဆိုလိုက်သည်။

" ဘယ်သူလုပ်လဲ ဘာလို့ ဂရုစိုက်နေမှာ... ဒီတိုင်း ၀တ်လိုက်..."လင်းရီ လက်စွပ်ကို ယူလိုက်ပြီး " ကြည့်ရတာ မင်းနဲ့ ဆိုဒ်အတော်ပဲ ထင်တယ်..."

" ငါ တခြားဟာတွေဆို ယူလို့ရတယ်.. ဒါပေမယ့် လက်စွပ်တော့ မရဘူး..."လျန်ရူရွှယ် လက်သီးကလေး ဆုပ်ထားရင်း ပြောလိုက်သည်။

" ဂျေးများမနေစမ်းနဲ့... ငါ ပြောမယ်... အခွင့်အရေးက ဒီတစ်ကြိမ်တည်း ရှိမှာနော်... တကယ်လို့ မင်း မလိုချင်ဘူးဆို ငါကောက်ပစ် ပလိုက်မှာ...."

" အဲ့ဒါဆိုလည်း ပစ်လေ..."

လက်စွပ်တစ်ကွင်းက အဓိပ္ပာယ် အများကြီး သက်ရောက်သည်။ လျန်ရူရွှယ် ယခုလို အချိန်၌ ထိုသို့သော လက်ဆောင်မျိုးကို လက်မခံချင်ပေ။

" ရှုပ်လိုက်တာ...."လင်းရီ လက်စွပ်ယူ၍ ခေါင်းအထက် ကောက်ပစ်လိုက်ပြီး " ဘယ်သူပဲ ရရ.. ရတဲ့သူ ကံကောင်းတာပဲ..."

" ဟဲ့ ဟဲ့ ဟဲ့ .. နင် ဘာလဲ လုပ်နေတာ... ဘာလို့ လွင့်ပစ်လိုက်တာလဲ...." " မင်းမှ မလိုချင်တာ ဘာလို့ သိမ်းထားနေရဦးမှာ..."

" ဒါပေမယ့် နင် အဲ့လိုချည်း ကောက်ပစ်လိုက်လို့ မရဘူးလေ..."လျန်ရူရွှယ် မတ်တပ်ရပ်ပြီး ပြောလိုက်၏။

" မင်း ဘာလုပ်မလို့လဲ...."

" ဘာလုပ်ရမှာ... လက်စွပ်လိုက်ရှာမလို့ပေါ့ဟဲ့...."လျန်ရူရွှယ် သူမ ဆံပင်ကို သပ်လိုက်ပြီး " နင်အရူးပဲ.. ငါ့အတွက် ၀ယ်လာပေးတဲ့ လက်စွပ်ကို လွင့်ပစ်ဖို့ နင့်မှာ ဘာအခွင့်အရေး ရှိလို့လဲ...."

" မင်းမှမလိုချင်တာ... မင်းဟာ မဟုတ်ပါဘူး...."

" အရေးမပါတာတွေ... ငါ မလိုချင်ဘူး... ဒါပေမယ့် ငါ့ဟာပဲ...."

" ဒါဆိုလည်း ၀တ်လိုက်လေ..."

လင်းရီ ပြုံးလိုက်ပြီး လက်စွပ်ကို ထုတ်ပေးလိုက်ကာ လျန်ရူရွှယ်အရှေ့ ဝှေ့ယမ်းပြလိုက်၏။

လျန်ရူရွှယ်မှာ အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး သူမ လက်နှစ်ဖက်ကို ခါးထောက်၍ ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့တော့၏။

ကံကောင်းစွာဖြင့် ရုံထဲ၌ လူက သိပ်အများကြီး မရှိ။ တစ်ဒါဇင်လောက်သာ ရှိသည်။ မဟုတ်ပါက ဤလူနှစ်ယောက် ရူးနှမ်းနေသလောဟု စိတ်ထဲ သေချာပေါက် မေးခွန်းထုတ်မိကြလိမ့်မည်။

" နောက်ဆုံး အခွင့်အရေးနော်.... လိုချင်လား... မလိုချင်ဘူးဆို ငါ တကယ်ကြီး လွင့်ပစ်လိုက်တော့မှာဗျ..."

လျန်ရူရွှယ် မျက်လုံးလှိမ့်လိုက်ပြီး ဆင်စွယ်အသားအရေရှိသည့် သူမ လက်ကလေးကို လင်းရီရှေ့ ထိုးပေးလိုက်သည်။ "ငါ့ကို ၀တ်ပေး..."

" ရတာပေါ့..."

" ဟဲ့ ဟဲ့ အော်... လက်ညိုးမှာ ၀တ်လေ... ဘာလို့ လက်သန်းကြွယ်ကြီးလဲ...."

" အပိုလာမပြောနဲ့... မင်းက ငါ့အပိုင်ပဲ..."လင်းရီ ပြောလိုက်ပြီး " နောင်ကျ အပြင်ထွက်ပြီးလည်း လိုက်ကြွားမနေနဲ့ဦး... ဟုတ်ပြီလား...."

" ကျွတ်... နင်ငါ့ကို မထိန်းနိုင်ရင်လည်း ၀တ်ပေးမနေစမ်းပါနဲ့..."လျန်ရူရွှယ် ခေါင်းကို မော်ကြွားရင်း ပြောလိုက်သည်။

လျန်ရူရွှယ် နောင်အနာဂတ်တွင် အပြင်ထွက်ပြီး လိုက်ကြွားနေမည်လော မည်သူကမျှ မပြောနိုင်သော်လည်း ယခုလောလောဆယ်တော့ သူမ သေချာပေါက်ကို မော်ကြွားနေလေသည်။

ပြသနေသည့် ရုပ်ရှင်ကိုလည်း သူမ စိတ်မ၀င်စားတော့ချေ။ လက်စွပ်၀တ်ထားသည့် လက်သန်းကြွယ် လက်လေးအပေါ်တွင်သာ အာရုံရောက်နေသည်။

သူမ ကြည့်လေ ပိုပြီး နှစ်ခြိုက်မိလေဖြစ်နေတော့၏။

ဇာတ်ကား ကြည့်ပြီးနောက် လျန်ရူရွှယ် လက်ဦးမှု ရယူ၍ လင်းရီလက်မောင်းကို ချိတ်လိုက်သည်။

သူမ၏ လှုပ်ရှားမှုများက သက်တောင့်သက်သာ ဖြစ်နေပြီး သဘာ၀ဆန်လာသည်။

" ၁၁ နာရီတောင် ကျော်နေပြီ... ပြန်ကြစို့..."လင်းရီ သူ့ လက်နှစ်ဖက်ကို နွေးအောင် ပွတ်သပ်ရင်း ပြောလိုက်သည်။

" အင်း... တကယ် မစောတော့ဘူး... အဖေ ခုနလေးတင် ငါ့ကို ဝီချက်ကနေပြီး စာပို့လာတယ်...."

ထိုအခါ လင်းရီ ခေတ္တ တုံ့ဆိုင်းသွားခဲ့ပြီး " နောက်ကျနေပြီဆိုတော့ ယောက္ခမကြီးတို့လည်း အိပ်လောက်ရောပေါ့... မင်း ပြန်သွားရင် သူတို့ကို နှိုးသလို ဖြစ်သွားနေဦးမယ်... မနှောင့်ယှက်နဲ့တော့...."

" နင် ပေါတောတော အကြံဉာဏ်တွေ စဉ်းစားမယ် မကြံနဲ့နော်... ဟိုတယ်ကို လုံး၀ လုံး၀ သွားလို့မရဘူး...."လျန်ရူရွှယ် ပြောလိုက်ပြီး " အမေကသာ အစောကြီး အိပ်ရာ ၀င်တာ အဖေကတော့ ငါ ပြန်မလာမချင်း အိပ်ဦးမှာ မဟုတ်ဘူး.... "

" ဒါဖြင့် အစောကြီးကတည်းက ပြောရောပေါ့... ခုတော့ ဒီလက်စွပ်၀ယ်တာ အလဟဿတောင် ဖြစ်သွားပြီ..."လင်းရီ ရယ်ကျဲကျဲ အမူအရာဖြင့် ပြောလိုက်သည်။

" ကျွတ်.. နင့်အကွက်လေး အလုပ်မဖြစ်တာ စိတ်တောင် မကောင်းဘူး.... "

လျန်ရူရွှယ် လင်းရီ လက်မောင်းကို ဆွဲလိုက်ပြီး " သွားစို့... အိမ်လိုက်ပို့ပေး... ငါ အရမ်းအေးနေပြီ..."

" အေးတာတောင် နည်းသေး... ဘယ်သူက မင်းကို ပါးပါးလေး ၀တ်ခိုင်းလို့.. မပဲကြီး လုပ်ချင်တာလေ.. ခံပေါ့....."

" ငါနင့်ကို သေအောင် ကိုက်ပစ်မယ်...."

ကျီစယ် စနောက်ရင်းဖြင့် နှစ်ယောက်သား ကားထံ ရောက်ရှိလာခဲ့သည်။

သိပ်မဝေးသည့် တစ်နေရာ၌ရှိနေသည့် လီစစ်ချန်သည်လည်း စတင် လှုပ်ရှားကာ နစ်ရှန်ကားထဲ၀င်၍ တိတ်တဆိတ် လိုက်ပါရန် ဟန်ပြင်လေသည်။

လမ်းလျှောက်စဉ်တုန်းက အချင်းချင်း မပြီးနိုင် မဆုံးနိုင် တွတ်ထိုးနေခဲ့ကြသော်လည်း အပြန်လမ်းတွင်တော့ နှစ်ယောက်လုံး တိတ်ဆိတ်နေခဲ့ကြသည်။

လင်းရီကတော့ ကားကို အာရုံစိုက်မောင်းနေပြီး လျန်ရူရွှယ်ကတော့ သူမ ခေါင်းကို ဘေးငဲ့စောင့်လျက် ပြတင်းပေါက် အပြင်ဘက်ရှိ မီးအလင်းရောင်တို့အား ငေးကြည့်နေသည်။

သူမ အသက်သုံးဆယ် မတိုင်ခင်က ဘ၀သည် အင်မတန် ရှုပ်ထွေးလွန်းသည်ဟု အမြဲတစေ ခံစားခဲ့ရသည်။

သို့‌သော် ယခုကျပြန်တော့လည်း အင်မတန် ရိုးစင်းနေသည်ဟု ခံစားနေရပြန်သည်။

လူတစ်ယောက် ပေါ်လာသည့် အခိုက်အတန့်တွင် သူမ၏ ကမ္ဘာကြီးတစ်ခုလုံးက တုန်လှုပ်စရာ ကောင်းလောက်အောင် စတင် ပြောင်းလဲသွားခဲ့လေသည်။

မိနစ်လေးဆယ်ကြာပြီးနောက် လင်းရီ လျန်ရူရွှယ်တို့ နေထိုင်ရာ ‌ရပ်ကွက်ထဲ ရောက်ရှိလာလေသည်။

" ငါသွားတော့မယ်... ပြန်ရင် ဖြည်းဖြည်းမောင်းဦး... "သူမ ခါးပါတ်ဖြုတ်ရင်း ပြောလိုက်၏။

" မပူပါနဲ့... ငါက ကျွမ်းကျင်တဲ့ ယာဉ်မောင်းလေ..."

လျန်ရူရွှယ် ခေါင်းညိမ့်ပြီး ကားအပြင်သို့ ထွက်ခွာသွားခဲ့သည်။

လင်းရီ ချက်ချင်း မထွက်ခွာချေ။ သူ့ မြင်ကွင်းထဲမှ သူမ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် စတင် လှုပ်ရှားတော့၏။

သူ့ခေါင်းကို မသိမသာ လှည့်ရင်း နောက်ကြည့်မှန်သို့ လင်းရီ တစ်ချက်ကြည့်လိုက်သည်။

သူတို့ ထမင်းစားပြီး ကတည်းက နောက်မှ လိုက်ပါလာသည့် နစ်ရှန်ကားမှာ ယခုထိ ဆက်လက်ရှိနေသည်။

လင်းရီ၏ လက်ချောင်းများက စတီယာရင်ဘီးပေါ် တတက်တက် ပြုနေလိုက်သည်။

နစ်ရှန်ကားထဲရှိလူက ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်း အဖွဲ့သားများ စေလွှတ်လိုက်သူ ဖြစ်လိမ့်မည်ဟု သူ့စိတ်ထဲ အာရုံရနေခဲ့သည်။ သူတို့မှတပါး ရန်ကျင်းတွင် အခြားရန်သူ မရှိချေ။

လင်းရီ နှစ်ခြိုက်စွာ ပြုံးပြီး ပန်ဂု ဟိုတယ်သို့ ပြန်မောင်းသွားလိုက်၏။

တစ်စုံတစ်ယောက် နောက်မှ လိုက်လာနေသည်ကို သတိပြုမိသော်လည်း လင်းရီ၏ လမ်းကြောင်းကတော့ ပြောင်းလဲသွားခြင်း မရှိချေ။

သူ ဟိုတယ်ကို ပြန်ရောက်တော့ သူ့အခန်းသူ သွားလိုက်သည်။ ပုံမှန်နေ့များအတိုင်းသာ ပြုမူလုပ်ဆောင်လေသည်။

သို့သော်လည်း အခန်းထဲသို့ ၀င်ရောက်ပြီးနောက် တံခါးကို ဟလျက်သာ ထား၍ လော့ခ် မချလိုက်ပေ။ သူ့နောက်မှ လူ ၀င်လာမည်ကို စောင့်ဆိုင်းနေလေသည်။

လင်းရီ မျှော်လင့်ထားသည့် အတိုင်း မိနစ် သုံးဆယ်ခန့် ကြာပြီးနောက် ပိတ်ထားဟန်ရှိသည့် တံခါးပေါ်သို့ တံခါးခေါက်သံကို ကြားလိုက်ရသည်။

" ၀င်ခဲ့..."

တံခါး ညင်သာစွာ ပွင့်ဟလာခဲ့သည်။ သို့သော် တစ်၀က်လောက်ရောက်တော့ လီစစ်ချန် ဝှစ်ခနဲ အထဲ ပြေး၀င်လိုက်၏။

သူ့လက်ထဲတွင် ဖွင့်လျက်ရှိသည့် အနက်ရောက် အိတ်တစ်လုံး ရှိနေပြီး အရန်သင့် သေနတ် ဆွဲထုတ်ကာ လင်းရီကို ချိန်ရွယ်ထားရင်း တံခါးပြန်ပိတ်လိုက်၏။

" မလှုပ်နဲ့... "

" မင်းကို ဘယ်သူ ဒီလွှတ်လိုက်တာ.... "

လီစစ်ချန် မျက်မှောင်ကြုတ်သွားပြီး လင်းရီကို ခြေဆုံး ခေါင်းဆုံး အကဲခတ်လိုက်၏။

" မင်း ပုံစံက အရမ်း တည်ငြိမ်နေပါလား... ငါ လာမယ်ဆိုတာ သိပြီးပြီပေါ့...."

လင်းရီ ခေါင်းညိမ့်လိုက်သည်။ " ငါတို့ ထမင်းစားပြီး ကတည်းကရင် မင်းကို သတိထားမိနေတာ... ဒါကြောင့်မို့ တံခါးကို မင်း၀င်လို့ရအောင် ဟထားပေးခဲ့တာပဲ...."

" မင်း ဟိုကောင်တွေကို ရိုက်နှက်ရဲတာ မဆန်းတော့ပါဘူး... ငါ့ကိုတောင် စောင့်နေရဲလောက်အောင် ရဲတင်းနေတာကိုး...." " ပြောစမ်း... မင်း ဘော့စ်က ဘယ်သူလဲ..."

" ငါ မင်းနဲ့ ညှိနှိုင်းဖို့ ဒီရောက်လာတာ မဟုတ်ဘူး... မင်း ခြေထောက်ကို ယွမ်တစ်သန်းနဲ့ လဲဖို့ကွ....."

" အိုး ဟုတ်လား... ဒါဆိုရင်တော့ စိတ်မကောင်းပါဘူးလို့ ပြောရတော့မှာပဲ...."

လင်းရီ စကေဘာကို အလင်းကဲ့သို့ အလျင်မျိုးဖြင့် ပစ်ပေါက်လိုက်သည်။

တစ်ချိန်တည်းတွင် ရှေ့သို့ လှိမ့်သွားလိုက်ပြီး ဆိုဖာနောက် ပုန်းအောင်းနေရာယူ၍ လီစစ်ချန်၏ ကျည်ဆံအား အောင်မြင်စွာဖြင့် ရှောင်တိမ်းနိုင်လိုက်လေသည်။

ထိုအခိုက်အတန့်တွင်ပဲ ကျယ်လောင်သော ညဉ်းညူသံတစ်ခု ထွက်ပေါ်လာပြီး လင်းရီ ပစ်လွှတ်လိုက်သည့် စကေဘာက လီစစ်ချန်၏ လက်ဖမိုးတွင် သွားရောက် စိုက်၀င်နေခဲ့၏။

သူ့လက်ထဲရှိ သေနတ်လည်း ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့သည်။

အခြေအနေ မဟန်တော့သည်ကို မြင်တော့ လီစစ်ချန် ပြတ်သားစွာ ဆုံးဖြတ်ချက်ချ၍ တံခါးဖွင့်ပြီး အပြင်သို့ ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားတော့သည်။

လင်းရီ နောက်မှ နီးကပ်စွာ လိုက်လာပြီး ဆိုဖာ‌ရှေ့ရှိ ကော်ဖီ စားပွဲပေါ် တစ်ချက်နင်း၍ လီစစ်ချန်၏ နောက်ကျောကို ပိတ်ကန်လိုက်လေသည်။

ဝှစ်....

လီစစ်ချန်၏ ကိုယ်လုံးမှာ တံခါးဘောင်နှင့် ရိုက်ခတ်မိသွားခဲ့သည်။ ခေါင်းလည်း မူးနောက်နောက် ဖြစ်သွားခဲ့ပြီး အရိုးများ ကျိုးအက်ကုန်ပြီလောဟုပင် နာကျင်စွာဖြင့် ဝေဒနာခံစားနေရတော့၏။

" ငါ့ကိုပြော..... ဒီလာဖို့ မင်းကို ဘယ်သူခိုင်းလိုက်တာလဲ...."

All Chapters