← Chapters

လင်းရီက တကယ့်ကို ထူးချွန်တယ်

Vol. 69 Ch. 1030

လင်းရီက တကယ့်ကို ထူးချွန်တယ်

Vol. 69 Ch. 1030

"အာ....."

လင်းရီ ကိုးရို့ကားယား ပြုံးလိုက်ပြီး " ဒီလိုဖြစ်မယ်မှန်း ကြိုသိရင် မလာခဲ့ပါဘူး... ဟားဟား... အကုန်လုံးကို မပျော်ရွှင်အောင် လုပ်လိုက်မိပြီ..."

ရှန်းရှုရီလည်း ပြုံးလိုက်ပြီး ဘယ်ဘက်သို့ တိုးတိုးတိတ်တိတ် ညွှန်ပြကာ " ခုနစ်ယောက်မြောက် ဘယ်ဘက်က အဲ့ကောင်မလေးကို နင် မြင်လား...."

လင်းရီ မသိမသာ ခေါင်းငဲ့ပြီး ကြည့်လိုက်သည်။ " မြင်တယ်လေ... ဒါပေမယ့် အန်တီရှန်းက သူ့ထက်ကို ရုပ်ရည်ကော ဟန်အမူအရာကော အပြတ်သတ် သာနေပြီးသားပါ အန်တီရှန်း...."

" သူ့နာမည်က ၀မ်တုန်းချင်တဲ့... ကျောက်မိုရဲ့ အမေလေ... ဟွာယင်းအုပ်စုရဲ့ ခေါင်းဆောင်ပေါ့..."

" မျက်နှာကြီး ပုပ်သိုးနေတာ အံ့ဩစရာ မရှိတော့ပါဘူး.... "

" ညာဘက် ခြောက်ယောက်မြောက်ကို တွေ့လား... အဲ့ဒီ အမျိုးသမီး နာမည်က ဖူရာဟွေ့တဲ့... နင် အကြမ်းပတမ်း ရိုက်နှက်ပစ်လိုက်တဲ့ ဟန်ရန်ပင်းဆိုတာ သူ့ရဲ့ သားလေ... သူ့နောက်မှာ ထိုင်နေတဲ့သူကျ သူ့ရဲ့ ချစ်ချစ်... ဟန်ကျင်းလေ့... စုံတွဲ လာခဲ့ကြတာ ထင်တယ်... "

တကယ်တော့ ဟန်ကျင်းလေ့ ဤအစည်းအဝေးသို့ တက်ရောက်လာခဲ့သည်မှာ ဇနီးသည်နှင့် ခင်ပွန်းကြားရှိ နက်ရှိုင်းသည့် ချစ်ခြင်းတရားကြောင့် မဟုတ်ပဲ လင်းရီပါ ရှန်းရှုရီနှင့်အတူ အစည်းအဝေး တက်လာလိမ့်မည်ဟု ကြိုတင် သတင်းရရှိထားသောကြောင့်ပင်။

ထို့ကြောင့် သူ့ဇနီးကို အဖော်ပြုရင်း လိုက်လာခဲ့ပြီး တကယ်လည်း လင်းရီကို လာတွေ့နေရလေသည်။

" အသွင်တူ ကြင်သူဆိုတဲ့အတိုင်း သူလည်း ၀မ်တုံးချင်လောက်ကို ရုပ်ဆိုးနေတာပဲ..."

" ရပြီ... နင့် စကားလုံးတွေကို သတိထားပြီးပြောဦး... တခြားသူတွေ မကြားစေနဲ့.. မဟုတ်ရင် နင့်အတွက် ကောင်းမှာ မဟုတ်ဘူး..."

" ဟုတ်ကဲ့ပါ အန်တီရှန်း..."

အစည်းအဝေးပွဲမှာ ကိုးနာရီခွဲ တိတိတွင် စတင်ပြီး လင်းရီလည်း သူ၏ ကိုယ်ဟန်ကို ဖြောင့်တန်းလိုက်သည်။

မည်သို့ပင်ဆိုစေ ခမ်းနားကြီးကျယ်သည့် အစည်းအဝေးကြီး ဖြစ်ပြီး သူ့လက်ကလည်း ကောင်းမွန်သည့် အပြုအမူကို ဖော်ပြသင့်ပေသည်။

အစည်းအဝေးက လင်းရီ ထင်သလောက် အရမ်း မရှည်ကြာ။ နှစ်နာရီမျှသာ ကြာမြင့်သည်။

ပွဲကျင်းပသူမှ ဒိတ်ဒိတ်ကျဲ တချို့ကို ဖိတ်ခေါ်၍ အနာဂတ် semiconductor နယ်ပယ်အရေးကို အမေးအဖြေ ဆွေးနွေးစေသည်။

သို့သော်လည်း သူ့အမြင်‌တွင်တော့ အဆိုပါ ကျွမ်းကျင်သူ မည်သူများက အတုအယောင်များသာ ဖြစ်သည်။ ဒိတ်ဒိတ်ကျဲကြီးများပင် စင်ပေါ်၌ အာပေါင်အာရင်း သန်သန်ဖြင့် လေတစ်လုံး မိုးတစ်လုံး ပြောဆိုနေကြသော်လည်း လက်ရှိအခြေအနေကို မည်သူမျှ ပြောင်းလဲအောင် လက်တွေ့ မလုပ်ဆောင်နိုင်ကြချေ...။

ထို့အပြင် အခြားသော အစီအစဉ် ကဏ္ဍများကလည်း ပျင်းရိဖွယ်ရာပင်။

ယေဘုယျအားဖြင့် အထက်ပါ ကဏ္ဍများက အထက်ကြီးပိုင်းများ ပြဌာန်းသည့် မူဝါဒနှင့် အမြင်များအား လူတိုင်း သိရှိစေဖို့ရာ ရည်စူးထားသည်။

အခွန်ကင်းလွတ်ခွင့်များ။

ဟွာရှ သိပ္ပံ အကယ်ဒမီ၏ နည်းပညာ ပံ့ပိုးပေးမှုများ။

တစ်နည်းအားဖြင့် Semiconductor နယ်ပယ်၏ မြင့်တက်ချိန်က မကြာမီ ကျရောက်တော့မည် ဟူသည့် သဘောမျိုးပင် ဖြစ်သည်။

အရေးကြီးဆုံးကတော့ အစည်းအဝေးပြီးနောက် ရှန်းရှုရီက လင်းရီကို စက်မှုနှင့် နည်းပညာ ၀န်ကြီး အချို့နှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ထို တွေ့ဆုံမှုကလည်း တသီးတသန့်ဖြစ်၏။

ဆေးဝါးထုတ်လုပ်မှု နယ်ပယ်တွင် သူ၏ အကျိုးဆောင်ထားမှုများကြောင့် လင်းရီ၏ ဂုဏ်သတင်းမှာ တော်တော်လေး မွှေးပျံ့နေပြီး ရှန်းရှုရီ၏ ကြား၀င် စေ့စပ်ပေးမှုကိုပါ ထပ်ပေါင်းလိုက်တော့ လေထုမှာ အလွန်အမင်း လိုက်လျောညီထွေ ပနံသင့်နေတော့သည်။

ထို့ထက် ပိုသည်က အင်မတန် လက်တွေ့ကျပြီး အနာဂတ်တွင် လင်းယွင် အုပ်စု၏ ဖွံ့ဖြိုးမှုအတွက် ကောင်းမွန်သည့် ဥပဒေ မူဝါ အများအပြားကိုလည်း ဆွေးနွေးခဲ့ကြလေသည်။ ထိုအတောအတွင်း ရှန်းရှုရီ၏ ဆိုရှယ်စကေးမှာ ထိပ်တန်းရောက်နေကြောင်းကို လင်းရီ သိရှိသွားခဲ့ရတော့၏။

ထိုအပိုင်းတွင်တော့ သူက အများကြီး လိုနေကြောင်းကို လင်းရီ ၀န်ခံရလိမ့်မည်။

ပွဲကျင်းပရာ နေရာ၏ အပြင်ဘက်တွင် ဟန်ကျင်းလေ့၊ ဖူရာဟွေ့နှင့် လူဆယ်ယောက်ထက် မနည်း အတူတကွ စုဝေးနေခဲ့ကြသည်။

ဤလူများအားလုံးက မိသားစုကြီးများထဲမှ လူများ ဖြစ်ကြပြီး သူတို့ကလေးများကို လင်းရီဆိုသည့် တစ်ယောက်သောသူက ရိုက်နှက်ခဲ့လေသည်။

သို့သော် အချို့ကလေးက ထိုည လင်းရီကို လက်စားချေရန် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတွင် ပါ၀င်ခဲ့ပြီး တချို့ကတော့ မပါ၀င်ခဲ့ကြချေ။

ယခု သူတို့ စုဝေးနေကြသည်မှာလည်း ကိစ္စများက ယခုလို ဖြစ်လာသည်ကို လက်မခံချင်ကြသောကြောင့်ဖြစ်၏။

" ညီကိုဟန်... မင်းနဲ့ မရီးက ဘယ်လို စဉ်းစားထားလဲ..."

ပြောလိုက်သူကတော့ ကျော်ကော်ဖင် ဆိုသည့်သူပင်။ သူ့သား ၊ ကျောက်ကျိန်းယွီကလည်း ထိုည အဖြစ်အပျက်၌ တစ်စိတ်တစ်ပိုင်း ပါ၀င်ဆောင်ရွက်ခဲ့၏။

" ရှန်းရှုရီက သူ့ကို အစည်းအဝေး ခေါ်လာခဲ့တာဆိုတော့ အခုချိန် သူ့ကို ထိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ..."

လက်ရှိ ရောက်နေကြသည့် လူအားလုံး လျန်မိသားစုကို မစိုးရွံ့ကြ။ သို့သော်လည်းပဲ လင်းကျင်ကျန့်ကိုတော့ ဖင်တုန်အောင် ကြောက်နေခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် ယခင်တုန်းက သူတို့သည်လည်း လင်းကျင်ကျန့်၏ သမမှုကို ကောင်းကောင်းကြီး ခံခဲ့ရသောကြောင့်ပင်။ ထိုအဖြစ်အပျက်များက အိပ်မက်ဆိုးကြီးဟုပင် ဆိုနိုင်လေသည်။

" ခုချိန် လှုပ်ရှားဖို့ကို စဉ်းတောင် မစဉ်းစားနဲ့... ဒါပေမယ့် ငါတို့ ဒီကိစ္စကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်လို့လည်း မဖြစ်ဘူး..."ဖူရာဟွေ့မှ ပြောလိုက်သည်။

" မရီးမှာ အကြံရှိနေလို့လား...."

" လင်းရီက တကယ်ကို မရိုးရှင်းဘူး.. ဒီတော့ သူ့ကို အထင်မသေးကြရင် ကောင်းမယ်... "ဖူရာဟွေ့ ပြောလိုက်ပြီး " သူ့လက်ထဲရှိတဲ့ ချစ်ပ် ၂.၀ နည်းပညာက ဟွာရှ Semiconductor နယ်ပယ်အပေါ် အခရာကျတဲ့ သက်ရောက်မှုတွေ ရှိတယ်.. တကယ်လို့ သူသာ နည်းပညာကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီကိစ္စ သင်ပုန်းချေပေးလိုက်မယ်...."

" အဲ့အကြံကောင်းတယ်...."

လက်ရှိ အစည်းအဝေး လာတက်ရောက်ကြသူများက semiconductor နယ်ပယ်တွင် လွှမ်းမိုးမှု တချို့ ရှိပေသည်။

သူတို့အားလုံး ချစ်ပ် ၂.၀ နည်းပညာက ဟွာရှတွင် မည်မျှ လွှမ်းမိုးမှုရှိကြောင်း သိထားကြသည်။ အကယ်၍ အဆိုပါ နည်းပညာကို ရရှိနိုင်မည် ဆိုပါက အနာဂတ်တွင် ဖန်တီးနိုင်မည့် တန်ဖိုးနှင့် အကျိုးအမြတ်တို့က ခန့်မှန်း၍ မရနိုင်အောင်ပင်။

" ဥက္ကဌ၀မ်လည်း ဒီရောက်နေတာပဲ... သူ ဘယ်လိုထင်လဲ ငါသွားမေးကြည့်လိုက်မယ်..."ကျောက်ကော်ပင်း ပြောလိုက်သည်။

" တကယ်လို့ ၀မ်တုံးချင်သာ ပါ၀င်ဖို့ စိတ်ကူးရှိရင် ငါတို့ဘက်က ပိုပြီး ဈေးဆစ်နိုင်မယ့် ချစ်ပ်တွေ ပိုရှိလိမ့်မယ်..."

ဟွာယင်း အုပ်စုမှာ ဟွာရန်အုပ်စုလောက် မကြီးမားသော်လည်း ဟွာရှ စီးပွားရေး လောကတွင်တော့ ကြီးမားသည့် လွှမ်းမိုးမှုများ ရှိနေဆဲ ဖြစ်သည်။

ထိုအကြောင်းကြောင့်ပဲ သူတို့က ၀မ်တုံးချင်ကို မိမိတို့ဘက်ပါအောင် ဆွဲခေါ်ပြီး ပို၍ အကျိုးအမြတ်များရအောင် ညစ်ထုတ်ချင်နေသည်။

" ဥက္ကဌ၀မ်..."ကျောက်ကော်ပင်း လမ်းလျှောက်သွားရင်း နှုတ်ဆက်လိုက်၏။

" အိုး... ရှင်တို့အားလုံးက ဒီရောက်နေကြတာပဲ..."၀မ်တုံးချင် အပြုံးလေးဖြင့် ‌နှုတ်ဆက်လိုက်၏။

ကျောက်ကော်ပင်း ခေါင်းညိမ့်လိုက်သည်။ " ကျုပ်တို့ ဒီနေရာမှာ ကိစ္စတစ်ခုအကြောင်း ဆွေးနွေးနေကြရင်းနဲ့ ဥက္ကဌ၀မ်ရဲ့ အမြင်ကို မေးချင်လာလို့လေ..."

" ဘာလဲ... ရင်းနှီးမြုပ်နှံဖို့လား... အချိန်ကျရင် ကျွန်မကိုပါ ထည့်တွက်လိုက်လေ..."

" ကျုပ်တို့ ပြောနေတာ အဲ့ကိစ္စ မဟုတ်ဘူး..."ကျောက်ကော်ပင်း ပြောလိုက်ပြီး " လွန်ခဲ့တဲ့ သုံးလေးရက်လောက်တုန်းက ဘားမှာ ဖြစ်သွားခဲ့တဲ့ ကိစ္စကို ဥက္ကဌ၀မ် မမေ့လောက်သေးပါဘူး.... ‌"

" ဘာလို့လဲ... ရှင်တို့ လင်းရီကို တိုက်ခိုက်ချင်နေတုန်းပဲလို့တော့ ကျွန်မကို လာမပြောနဲ့..."

ဤလူများ ရူးနှမ်းနေချေပြီဟု ၀မ်တုံးချင် ခံစားနေရသည်။

သူမတို့ အားလုံးက မျိုးဆက် တစ်ခုတည်းမှ ဖြစ်ပြီး လင်းကျင်ကျန့် မည်သည့်လူစားမျိုးလဲ ဆိုတာကို သူမတို့အားလုံး မသိတာ မဟုတ်ပေ။

အကယ်၍ ထိုလူသာ သူ့သား အနိုင်ကျင့်ခံနေရသည်ကို သိရှိသွားခဲ့ပါက သူ ဘာလုပ်မိမယ်မှန်း မည်သူကမျှ သိလိမ့်မည် မဟုတ်ချေ။

" ဒါပေါ့.. ကျုပ်တို့ အဲ့လိုတော့ ဘယ်လုပ်မှာ... ဒါပေမယ့် ဒီကိစ္စရဲ့ အကျိုးသက်ရောက်မှုက တော်တော်လေးကို ဆိုးရွားသွားခဲ့တာလေ... ဒါကြောင့်မို့ လျော်ကြေးအနေနဲ့ ကျုပ်တို့ လင်းရီဆီကနေ ချစ်ပ် ၂.၀ နည်းပညာကို လိုချင်တယ်... အဲ့ကိစ္စ ဥက္ကဌ၀မ်နဲ့ ဆွေးနွေးချင်လို့...."

၀မ်တုံးချင် ဟန်ကျင်းလေ့၊ ဖူရာဟွေ့နှင့် ကျန်သူများအား တစ်ချက်ကြည့်လိုက်ပြီး " ရှင်တို့အားလုံး သဘောတူပြီးသွားကြပြီပေါ့..."

" ဟုတ်တယ်... ဒါကြောင့်မို့ ဥက္က၀မ်နဲ့ ဆွေးနွေးချင်နေတာ..."

၀မ်တုံးချင် မျက်မှောင်ကြုတ်လိုက်၏။ စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် " ဟွာယင်း အုပ်စုက semiconductor နယ်ပယ်ထဲမှာ ရှယ်ယာ သိပ်မရှိဘူးဆိုတော့ ကျွန်မ မပါတော့ပါဘူး.... "

" ဒါပေမယ့် ဒီခု ကိစ္စက ဟွာရှန့်ဘဏ်အတွက် semiconductor နယ်ပယ်ထဲ ခြေချဖို့ အခွင့်ကောင်းနော်... "

သိသာစွာပင် ကျောက်ကော်ပင်း လွယ်ကူစွာဖြင့် လက်မလျော့ချင်ပေ။

" ကျွန်မ သိတယ်... ဒါပေမယ့် ရှန်းရှုရီနဲ့ ကျွန်မက မိတ်ဆွေဟောင်းတွေလေ... ဒီကိစ္စမှာ သူက လင်းရီဘက်က ဖြစ်နေတယ်... ဒီတော့ သူ့ကို မျက်နှာသာ တစ်ချို့ ပေးသင့်တာပေါ့... ရှင်တို့နဲ့ ဒီအကြောင်း ဆက်မပြောတော့ဘူး...."

သူမပြောပြီးနောက် အနီး တစ်နေရာတွင် ရပ်ထားသည့် ဘန်ထလေ တစ်စင်းအား လက်ညိုးထိုးပြရင်း " ကျွန်မရဲ့ ကျောက်အဖိုးကြီးကလည်း စောင့်နေပြီဆိုတော့ ရှင်တို့နဲ့ စကားဆက်မပြောတော့ဘူးနော်... ခဏနေကျရင် အကြီးအကဲ တစ်ယောက်ဆီ သွားလည်ရဦးမှာ ဆိုတော့လေ... "

" ဒီ‌တော့လည်း ဒီလောက်ပဲပေါ့ ... ဥက္ကဌ၀မ် ... ကျေးဇူးပြုပြီး ဂရုစိုက်သွားပါ..."

၀မ်တုံးချင် ‌ပြုံး၍ ခေါင်းညိမ့်ပြလိုက်ပြီး ကားထဲ ၀င်သွားလိုက်သည်။

ဒရိုင်ဘာက ၀မ်တုန်းချင်၏ အချစ်တော် ကျောက်ဟော်ပင်။ သူမက မွန်းလွဲပိုင်းတွင် ခေါင်းဆောင်ဟောင်းတစ်ဦးထံ သွားလည်ရန် စီစဉ်နေခြင်းဖြစ်သည်။

" ဘာဖြစ်တာလဲ... သူတို့ အကုန်လုံး စုပြီး ဘာလုပ်ကြတော့မလို့လဲ... သူတို့ မင်းကို ဘာလဲ ပြောလိုက်တာ...."ကျောက်ဟော် သာမန်လျှံကာ မေးမြန်းလိုက်၏။

" မောင်းသွားဖို့ မလောသေးနဲ့ဦး... ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ကြရအောင်..."၀မ်တုံးချင် ပြောလိုက်သည်။

" ဘာဖြစ်လို့လဲ..."

" သူတို့ လင်းရီကို ချောချောချူချူနဲ့ မလွှတ်ပေးချင်ကြဘူးလေ... ဟို ရှေ့ရက်တုန်းက ကိစ္စနဲ့ ပတ်သက်ပြီး သူ့ဆီကနေ လျော်ကြေးတောင်းချင်နေကြတာ.... “

All Chapters