← Chapters

ကျွန်မ လောင်းကြေး ထပ်ချင်တယ်

Vol. 69 Ch. 1031

ကျွန်မ လောင်းကြေး ထပ်ချင်တယ်

Vol. 69 Ch. 1031

" အဲ့တာ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးလားကွ..."ကျောက်ဟော် ပြောလိုက်ပြီး " ချင်ရင်ယွဲ့က အနှစ် ၂၀ ကျော်လောက် ခြေရာဖျောက်နေပြီးတော့မှ သူ့သားအတွက် ရုတ်တရက် ထွက်ပေါ်လာတယ်... သူတို့ လင်းရီကို ထပ်ပြီး ထိခိုက်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး... ဒါပေမယ့် ဒီ အခွင့်အရေးကို အသုံးချပြီး သူတို့ အကျိုးစီးပွား ဖြစ်ထွန်းအောင် ကြံဆတာကလည်း ဆိုးရွားတာမှ မဟုတ်ပဲနဲ့...."

" ဒါပေမယ့် ကျွန်မ သဘောမတူလိုက်ဘူး...."

" ဘာလို့... အဲ့ကောင်လေးကြောင့် ငါတို့ ရိုက်စား လုပ်ခံလိုက်ရသေးတယ်လေ... ငါတို့နဲ့ လင်းရီကြား ရန်ငြိုးက အကြီးစား ဖြစ်နေရမှာ မဟုတ်ဘူးလား...."

" အဲ့ဒီ ဖြစ်ရပ်ကြောင့်ပဲ ကျွန်မ သဘောမတူလိုက်တာ..."၀မ်တုံးချင် ပြောလိုက်ပြီး " ကျွန်မ ၀န်မခံချင်ဘူးဆိုပေမယ့် မျှတတဲ့ ရှုထောင့်ကနေကြည့်ရင် လင်းရီ ... အဲ့ကောင်လေးက သိပ် အံ့ဩဖို့ ကောင်းတယ်... သူ့အသက်က နှစ်ဆယ်ကျော်လောက်ပဲ ရှိသေးတာ‌တောင် ကျွမ်းကျင်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အမြင်ထက်မြက်မှုတွေ ရှိနေပြီ... ကျွန်မ တွေ့ဖူးသမျှ လူငယ်တွေ အားလုံးထဲမှာတော့ လင်းရီက အထူးချွန်ဆုံးပဲ... "

" နောက်ပြီး... ရှန်းရှုရီကိုလည်း သွားအထင်မသေးလိုက်နဲ့... ဒီနှစ်တွေထဲ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ဟွာရန် အုပ်စုက တည်တည်ငြိမ်ငြိမ်နဲ့ မြင့်တက်နေတာနော်...သူမရဲ့ လူကဲခတ်တဲ့ အရည်အချင်းကလည်း မညံ့ဘူး... ဒါကြောင့်မို့ လင်းရီ စားပွဲလှန်နိုင်လိမ့်မယ်လို့ ကျွန်မ လောင်းကြေးထပ်ချင်တယ်.... "

" လူတွေ ဒီလောက် အများကြီးနဲ့ သူ စားပွဲလှန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးကွာ...."ကျော်ဟော် သူ၏ အတွေးအား ထုတ်ဖော်ပြောလိုက်ပြီး " သူ့အဖေက လင်းကျင်ကျန့် ဖြစ်နေရင်တောင် သူတို့က စီးပွားရေး စံပုံစံအတိုင်း လုပ်နေကြတာလေ... သူ ဘာမှ ပြောလို့ မရပါဘူး..."

" ဒါပေမယ့် ကျွန်မကတော့ ကိစ္စတွေက ထင်သလောက် ရိုးရှင်းမှာ မဟုတ်ဘူးလို့ အာရုံရနေတယ်... "၀မ်တုံးချင် ပြောလိုက်ပြီး " ရှင်ပဲစဉ်းစားကြည့်ကြည့်... သူတို့နှစ်ဖက် ရင်ဆိုင်မိတိုင်း နိုင်ပွဲက သူတို့ လက်ထဲမှာ ရှိခဲ့ဖူးလို့လား... အဆုံးသတ်ကျရင် လင်းရီရဲ့ ချေမှုန်းတာကို ခံလိုက်ရတာပဲ မဟုတ်ဘူးလား... "

" ဥပမာ ပေးရရင် ကျွန်မတို့သားနဲ့ ရှယ်ရာ အပြိုင်အဆိုင် ရောင်းချတဲ့ တိုက်ပွဲတုန်းက လင်းရီ အရန် အစီအစဉ် ပြင်ဆင်ထားခဲ့တယ် မဟုတ်ဘူးလား... တကယ်လို့ ရှန်းရှုရီကသာ ကြား၀င်ပြီး စေ့စပ်မပေးဘူး... ကျွန်မကသာ ပျက်စီးဆုံးရှုံးမှုတွေကို အချိန်မီ မဟန့်တားနိုင်လိုက်ဘူးဆိုရင် အဲ့ကိစ္စက ဟွာယင်းအုပ်စုအပေါ်မှာပါ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်နော်..."

" ဒါကြောင့်မို့ ရန်ငြိုးတွေကို ခေတ္တ ဘေးဖယ်ပြီး သေချာမြင်ကြည့်မယ်ဆိုရင် လင်းရီက တကယ့်ကို ထူးချွန်လွန်းတယ်... သူက လင်းကျင်ကျန့်နဲ့ ချင်ရင်ယွဲ့တို့ရဲ့ ဗီဇ နှစ်ခုလုံးကို ကောင်းကောင်းကြီး အမွေဆက်ခံထားတာပဲ...."

ကျောက်ဟော် နှုတ်ခမ်း တွန့်ကွေးသွားပြီး " ဒါကြောင့်မို့ မင်း လောင်းကြေးထပ်ချင်နေတာမလား...."

" ဟုတ်တယ်... ကျွန်မရဲ့ ဆဠမ အာရုံက မှန်ကန်မလား သိချင်တယ်..."၀မ်တုံးချင် ပြောလိုက်ပြီး " ပြီးတော့ ကျွန်မက လောင်းကြေးမထပ်ချင်ဘူး ဆိုရင်တောင် သူနဲ့ ဆက်ပြီး မတိုက်ခိုက်ချင်တော့ဘူး.... ဘာပဲပြောပြော ကျွန်မနဲ့ ရှန်းရှုရီက ပတ်သက်မှုကောင်းတွေ ရှိထားတယ်လေ... ဒါက ကျောက်မိသားစုရဲ့ အကျိုးစီးပွားအတွက်လည်း ပါတယ်.... ကျွန်မတို့နဲ့ လင်းရီရဲ့ ရန်ငြိုးတွေကို ဒီနေရာမှာတင်ပဲ ရပ်လိုက်သင့်ပြီ...."

၀မ်တုံးချင်မှာ အမှန်ပင် သာမန်လူတို့ထက် ပိုမြင် ပိုတွေးနိုင်သည်ဟု ဆိုရပေမည်။

" ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့... ငါလည်း ဘာဆက်ဖြစ်မလဲ တော်တော်လေး သိချင်နေပြီ...."

တစ်ချိန်တည်းတွင် လင်းရီနှင့် ရှန်းရှုရီတို့ ဘေးချင်းကပ် လျှောက်လာခဲ့ကြသည်။

" အန်တီရှန်း.. စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ရတာ အဆင်ရော ပြေရဲ့လားဗျ.. "

" ဘာလဲ... မပြေရင် နင်က ကူညီပေးချင်လို့လား..."ရှန်းရှုရီ ပြောလိုက်ပြီး " နင်လည်း ဟွာရန် အုပ်စုရဲ့ ကျောထောက်နောက်ခံကို သိပြီးသားပဲလေ... ငါ လုပ်တာ မလုပ်တာနဲ့ ပတ်သက်ပြီး မရိုးရှင်းတဲ့ ကိစ္စ တချို့ရှိတယ်... "

" အန်တီရှန်းက အရမ်း လွှမ်းမိုးနိုင်တာပဲ... တကယ်လို့ ရှေးခေတ်အခါကသာဆိုရင် အန်တီက သေချာပေါက် သူရဲကောင်းမယ် ‌ဖြစ်လောက်တယ်...."

လင်းရီ သူ့ ဘ၀တွင် လူတစ်ယောက်ကို ဤမျှလောက် မလေးစားခဲ့ဖူးချေ။

သူ ပထမဆုံး လေးစားခဲ့သည့်သူက ၀မ်ချွေ့ပင်း ဖြစ်၏။

စစ်စစ်စိစိနှင့် နေထိုင်ပြီး ကလေးငယ် ဒါဇင်ခန့်ကို ကျွေးမွေးပျိုးထောင်နေသည့် ကျေးလက် အမျိုးသမီးတစ်ယောက်။ လင်းရီ၏ အမြင်တွင် သာမန်လူတို့ ထိုသို့ပြုရန် မစွမ်းသာချေ။

အခြား တစ်ယောက်သောသူကတော့ ရှန်းရှုရီ၏ ဖြစ်၏။

သူမက အင်မတန် ထက်မြက်သည့် အမျိုးသမီး တစ်ယောက်ဖြစ်သည်။ စကားတစ်ခွန်း အကြည့်တစ်ချက်နှင့် တစ်ဖက်သူ ဘာတွေးနေလဲဆိုတာကို ဒက်ကနဲ သိလေသည်။

လျန်မိသားစုအဖို့ ထိုမျှကောင်းသည့် ချွေးမ ရရှိထားခြင်းက ကျိန်းသေပေါက် ကောင်းချီးပေးခံရခြင်းပင်။

" လျန်မိသားစုကော ဘယ်လိုနေလဲ... ကျွန်တော် ရိုက်လိုက်တဲ့ သူတွေထဲမှာ လျန်မိသားစုနဲ့ ခြေရာချင်း တိုင်းနိုင်တဲ့သူတွေ ပါသေးလား...."

ရှန်းရှုရီ လင်းရီကို နားမလည်စွာ ကြည့်လိုက်ရင်း သူ့စကားလုံးများ နောက်ကွယ်၌ ဖုံးကွယ်ထားသည့် အဓိပ္ပာယ်တချို့ ပါ၀င်နေသည်ဟု ခံစားရလေသည်။

" နင် ငါ့ကို တစ်ခုခု ပြောချင်တာ ရှိနေလို့လား...."

လင်းရီ ခေါင်းညိမ့်လိုက်သည်။

" ရှိတယ်... ကားထဲရောက်မှ ပြောကြတာပေါ့... ဒီမှာ လူတွေ အများကြီးပဲ...."

" ကောင်းပြီလေ..."

ရှန်းရှုရီ မသိလိုက်စွာဖြင့် ခြေလှမ်းတို့ ခပ်သွက်သွက် လျှောက်လိုက်မိသည်။ လင်းရီ သူမကို ပြောမည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ အင်မတန် သိချင်စိတ် ပြင်းပြနေမိတော့၏။

သို့သော်လည်းပဲ ပွဲကျင်းပသည့် နေရာမှ ထွက်လာပြီးနောက် ဟန်ကျင်းလေ့နှင့် အခြားသူများ အတူတကွ စုဝေးနေကြောင်းကို သူမ မြင်တွေ့လိုက်ရသည်။

ထို့ပြင် သူတို့အားလုံးက မကောင်းသည့် ရည်ရွယ်ချက်တို့ဖြင့် သူမတို့ ရှိရာဘက်သို့ ကြည့်နေကြလေသည်။

ရှန်းရှုရီ တစ်ခါ မိတ်ဆက်ပေးဖူးသောကြောင့် လင်းရီ ဟန်ကျင်းလေ့နှင့် ဖူရာဟွေ့တို့ကို မှတ်မိနေခဲ့သည်။

ကျန်သူများအဖို့တော့ သူ သိလည်းမသိချေ။

သို့သော်လည်း သူရိုက်လိုက်သည့် သားရှင်များနှင့် ဆွေမျိုးတော်စပ်သူ ဖြစ်လိမ့်မည်ဟု အာရုံရနေသည်။

" မရီး.... "

ဟန်ကျင်းလေ့ ရောက်လာ နှုတ်ဆက်လိုက်ပြီး " ကျုပ်တို့ လင်းရီနဲ့ ပြောချင်တာလေး တစ်ခုရှိလို့.. မရီး စိတ်မရှိဘူးမလား...."

" ဒါပေါ့.. ငါ ဘယ်စိတ်ရှိမှာလဲ..."ရှန်းရှုရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး သူမ ရင်ဘက်ထဲရှိ မကောင်းသည့် ခံစားချက်တို့ကို ဖုံးကွယ်ထားလိုက်သည်။ " နင်တို့ ပြောစရာရှိရင် သူနဲ့ ပြောလိုက်ကြလေ...."

" ငါတို့ ဒီမှာပဲ ပြောကြတာပေါ့..."ဟန်ကျင်းလေ့ လင်းရီကို ကြည့်၍ " လင်းရီ... ငါတို့ ကိစ္စက ခုထိ မပြီးသေးဘူးကွ... ဒါပေမယ့် ငါ့ မရီးရဲ့ မျက်နှာကြောင့် ငါတို့ ဒီကိစ္စကို ရှေ့ဆက်တိုးဖို့ အစီအစဉ် မရှိတော့ဘူး... ဒါပေမယ့် စကားပုံအတိုင်းပဲ သေခြင်းတရားကိုသာ ရှောင်ချင် ရှောင်လို့ရမယ်... ပြစ်ဒဏ်ကိုတော့ ရှောင်လွဲလို့ မရဘူး... ငါတို့ ဒီအကြောင်း မင်းနဲ့ သေချာလေး စကားပြောချင်တယ်..."

လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်နေပြီး " အသက်အရွယ်အရဆိုရင် ခင်များတို့က ကျုပ် အန်တီရှန်းနဲ့ တစ်ခေတ်တည်း မွေးလာကြတဲ့သူတွေ... ဘာပဲဖြစ်ဖြစ် ကျုပ်ကို ဂျူနီယာလို့ သတ်မှတ်လို့ရတယ်.. ဒါတောင် ခင်များတို့က ဒီမှာ နေပြီး ကျုပ်ကိုယ်တိုင် ရှင်းပြတာကို စောင့်နေကြတယ်ပေါ့... ကျေးဇူးပြုပြီး ကိုယ့်အဆင့်အတန်းကိုလည်း သတိရကြပါဦးဗျာ...."ဟန်ကျင်းလေ့နှင့် ကျန်သူများ မျက်နှာ သိပ်မလှချေ။ ဤသည်က အနည်းငယ် ရှက်ဖို့ကောင်းနေလေသည်။

" ဒါက အဆင့်အတန်းနဲ့ဆိုင်တဲ့ ကိစ္စ မဟုတ်ဘူး... ဒါက ငါတို့အပေါ် ဘယ်လောက်ထိတောင် ဆိုးဆိုးရွားရွား ထိခိုက်သွားသလဲဆိုတာ မင်းကို သိစေချင်လို့ပဲ... ငါတို့ လက်လျော့ပေးလိုက်လို့ရတယ်.. ဒါပေမယ့် အလကားတော့ မဟုတ်ဘူးပေါ့...."

" ကောင်းပြီလေ... ခင်များတို့က ဘာလိုချင်တာလဲပြော.. ကျုပ် နားထောင်ပေးမယ်...."

" ရိုးရိုးလေးပါ... ငါတို့ မင်းရဲ့ ချစ်ပ် ၂.၀ နည်းပညာကို ရချင်တယ်..."ဟန်ကျင်းလေ့ ပြောလိုက်ပြီး " တကယ်လို့ သဘောတူရင် ငါတို့ ကျေပြီလို့ သဘောထားလိုက်တော့မယ်..."

ရှန်းရှုရီ မျက်မှောင်ကြုတ်လိုက်၏။ သို့သော် ဘာမျှ ၀င်မပြောချေ။

ချစ်ပ် ၂.၀ နည်းပညာ၏ အရေးပါမှုက သိသာထင်ရှားလွန်းနေသည်။ သူတို့ အဘယ်ကြောင့် လိုချင်နေကြလဲဆိုတာ သာမန်လူတစ်ယောက်ပင် ရိုးရှင်းစွာ ပြောနိုင်၏။

သို့သော် ရှန်းရှုရီကတော့ လင်းရီ ဘယ်လို ကိုင်တွယ်မလဲဆိုတာကို သိချင်နေမိတော့သည်။

သူ လူရှေ့သူရှေ့ မကျိန်ဆဲသရွေ့တော့ အဆင်ပြေသည်။ မဟုတ်ပါက ကိုယ့်ပေါင်ကို လှန်ထောင်းနေသလို ဖြစ်သွားလိမ့်မည်။

" ခင်များတို့ ဘာကြောင့် ဒီလိုလုပ်နေလဲ ကျုပ်နားလည်ပါတယ်.. ခင်များတို့ စက်မှုလုပ်ငန်းရှင်(အရင်းရှင်)ကြီးတွေက တယ်လည်း အရှက်မဲ့ကြသကိုး...."

ရှန်းရှုရီ "......."

သူမ လင်းရီနှင့် မသိမသာ ခပ်ခွာခွာလေး နေလိုက်၏။

ဒီကောင်လေးကတော့ အရမ်း မဆင်မခြင် နိုင်လွန်းတယ်... သူကိုယ်တိုင်လည်း စက်မှုလုပ်ငန်းရှင် တစ်ယောက်ပဲ မဟုတ်ဘူးလား....

" မင်းရှေ့မှာ ရပ်နေတဲ့သူက ဘယ်သူတွေလဲဆိုတာ မင်း သိထားရင် ကောင်းလိမ့်မယ်နော်... မဟုတ်လို့ကတော့ ငါတို့ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ရင် မင်းရဲ့ လင်းယွင်အုပ်စုက တစ်လတောင် ခံလိုက်မှာ မဟုတ်ဘူး..."ဟန်ကျင်းလေ့ ပြောလိုက်သည်။

" ကောင်လေး... ငါတို့က အခြေအနေပေါ် အခွင့်ကောင်း ယူနေတာ မဟုတ်သလို ခြိမ်းခြောက်နေတာလည်း မဟုတ်ဘူးနော်... ဒီတိုင်း တစ်ဖက်နဲ့ တစ်ဖက် အခြေအနေခြင်း ဖလှယ်ရုံလေးပဲ..."ကျော်ကော်ပင်း ပြောလာခဲ့ပြီး " တကယ်လို့ ဥက္ကဌရှန်းကြောင့်သာ မဟုတ်ရင် မင်း ဒီနေ့လို အစည်းအဝေးမျိုး တက်နိုင်မှာတောင် မဟုတ်ဘူး..."

" ခင်များက ဘယ်သူလဲ..."လင်းရီ တိုက်ရိုက်မေးလိုက်ပြီး ကျောက်ကော်ပင်း ဘယ်သူလဲဆိုတာ အတည်ပြုချင်နေသည်။

" ကျောက်ကော်ပင်း...."

" ခင်များ ကျောက်ကျိန်းယွီကို သိလား...."

" သူက ငါ့သားပဲ... မင်းဘာလို့ လာမေးနေတာ...."ကျောက်ကော်ပင်း ပဟေဠိ ဖြစ်သွားခဲ့၏။

" မေးဖို့ မလောစမ်းပါနဲ့ဦး... ကျုပ် ဖြည်းဖြည်းချင်း ရှင်းပြပေးမယ်...."

" မင်းက ဘာတွေပြောချင်နေတာ... ငါတို့မှာ မင်းနဲ့ ညှိနှိုင်းဖို့ အချိန်မရှိဘူးဟျောင့်...."ကျောက်ကော်ပင်း ပြောလိုက်၏။

" မညှိနှိုင်းပါဘူး.. ခင်များကြီး မစိုးရိမ်ပါနဲ့..."လင်းရီ ဟန်ကျင်းလေ့ကို လက်ညိုးထိုး၍ " မနေ့တုန်းက သူ့သား ခင်များရဲ့သား ကျောက်ကျိန်းယွီနဲ့ အတူပေါင်းပြီး ကျုပ်ကို သတ်ဖို့ လူငှားခဲ့တယ်... ခင်များ ဒီကိစ္စကို ဘယ်လိုထင်လဲ...."

All Chapters