← Chapters

ဦးနဲ့တူမ ဆက်ဆံရေး

Vol. 69 Ch. 1035

ဦးနဲ့တူမ ဆက်ဆံရေး

Vol. 69 Ch. 1035

ကော်ဖေးကို မြင်တော့ သူယောင် အနည်းငယ် ကသိကအောက် ဖြစ်သွားခဲ့လေသည်။

မြင်တွေ့နေရပြန်တော့လည်း လိမ်၍ မကောင်းသဖြင့် “ အစ်ကိုကြီးလင်းက အလုပ်တွေ အရမ်း ရှုပ်နေတာလေ…. ဒါကြောင့်မို့ သူ့ကို ကူညီဖို့ ဆုံးဖြတ်လိုက်တာ….”

ကော်ဖေး လင်းရီကို ရန်လိုသည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။

လင်းရီ ရုတ်ချည်းဆိုသလို ဤကော်ဖေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားလိုက်ရ၏။

ထိုငနဲက မကောင်းသည့်လူ တစ်ယောက် မဟုတ်ပေ။ သို့သော် အနည်းငယ် ခေါင်းမာသည်။ အကယ်၍ တစ်ခုခု ဖြစ်လာပြီ ဆိုလျှင်လည်း သူ့အဖေကို ပြေးပြေး ရှာတတ်သေး၏။

အကယ်၍ သာမန်လူတစ်ယောက်သာ ဆိုပါက လင်းရီကို သူတို့ သဘောကျနေသည့် ကောင်မလေးအား ဖွန်ကြောင်ရ ကောင်းသလား ဟူ၍ ရန်ရှာနေပြီးလောက်ချေပြီ။

“ ငါ မနေ့တုန်းက မင်း သူငယ်ချင်း ဆရာမတွေဆီကကြားတာ မင်း ကျိုးဟိုင်ကိုသွားပြီး စာအုပ်တစ်ချို့ ဝယ်ချင်နေတယ်ဆို… ငါလည်း မနက်ဖြန် ဘာမှ လုပ်စရာ မရှိဘူးဆိုတော့ မင်းကို လိုက်ပို့ပေးလို့ရတယ်…” ကော်ဖေး ပြောလိုက်ပြီး “ ဒါပေမယ့် တကယ်လို့ မင်း အခု ဘာမှ လုပ်စရာ မရှိဘူးဆိုရင် ငါတို့ အခုသွားလို့လည်း ရတယ်… ငါ မြန်မြန်လေး မောင်းလိုက်မယ်… အဲ့တာဆို ကျိုးဟိုင်ကို ညနေ ခြောက်နာရီလောက်ဆို ရောက်ပြီ… အဲ့မှာ ခဏ လျှောက်လည်ကြတာပေါ့… အဲ့က ညမြင်ကွင်းက ရန်ချိန်ထက် အများကြီး ပိုစိတ်ဝင်ဖို့ကောင်းတယ်နော်…”

“ ငါ ခုလေးတင်ပဲ အစ်ကိုကြီး လင်းကို ပြောပြီးသွားပြီ… သူလည်း ကျိုးဟိုင်ကို သွားမှာတဲ့.. ငါ သူ့ကားလိုက်စီးမှာ…”

“ သူ့မှာ တခြား လုပ်စရာတွေ မရှိဘူးလား… မင်းက စာအုပ်ဝယ်မှာလေ… အဲ့တာက အချိန်အများကြီး ပေးရမှာနော်…. ငါနဲ့ လိုက်ခဲ့စမ်းပါကွာ… ဟော့ဒီက မောင်းပို့ပေးပါ့မယ်….” ကော်ဖေး ရက်ရက်ရောရော ပြောလိုက်ပြီး “ ငါလည်း စာအုပ်တစ်ချို့ ဝယ်ချင်နေတာနဲ့ အတော်ပဲလေ…”

“ နင့်ကို ဒုက္ခမပေးချင်ပါဘူး.. ဓာတ်ဆီစရိတ်က ဈေးကြီးလွန်းတယ်…”

“ အဆင်ပြေပါတယ်… ငါ့ကားက ဆီအဲ့လောက် မစားဘူး.. ပြီးတော့ ကျိုးဟိုင် တစ်ခေါက်သွားတာ ဆီ ဘယ်လောက်မှလည်း မကုန်ပါဘူးကွာ…” ကော်ဖေး ပြောလိုက်ပြီး “ နောက်ပြီး ငါ့ မိသားစုရဲ့ အခြေအနေနဲ့ ဆီဖိုး နည်းနည်းလောက်လေးကို စာဖွဲ့မနေဘူး… တကယ်လို့ ငါတို့ အခုချိန် ထွက်ရင် ညမြင်ကွင်းတွေကြည့်ဖို့ မှီသေးတယ်နော်….”

ထိုစကားကြားတော့ သူယောင် အနည်းငယ် သွေးဆောင်ခံလိုက်ရ၏။

သူမ မိသားစု၏ အခြေအနေကြောင့် သူမလည်း ရန်ချိန်မှ လွဲ၍ မည်သည့် နေရာကိုမျှ ကောင်းကောင်း မရောက်ဖူးသေးချေ။ ထို့ကြောင့်လည်း ကျိုးဟိုင်သို့ သွားမည့် ခရီးကို စိတ်ထဲ အများကြီး မျှော်လင့်ထားမိလေသည်။ “ ငါ အစ်ကိုကြီးလင်းကို ကတိပေးထားပြီးသွားပြီ… ဒီတော့ နင်နဲ့ မလိုက်တော့ဘူး….”

“ ဘာလို့ မရရမှာ..” လင်းရီ ပြုံးလိုက်ပြီး “ အဲ့လိုဆိုလည်း ရတာပဲလေ… ငါလည်း ဒီညနေ ဘာလုပ်စရာ ရှိတော့တာမှ မဟုတ်ပဲနဲ့…. ဒီတော့ ကျိုးဟိုင်ကို စောစောပြန်လို့ရတာပေါ့… မနက်ဖြန် မနက်လည်း ကောင်းကောင်းအိပ်ပြီး အစောကြီး ထစရာ မလိုတော့ဘူးပေါ့…”

ကော်ဖေး လင်းရီကို သတိထားသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး “ မင်း ဘာစကားပြောတာ… မင်းက ယောင်ယောင်နဲ့ အပြင်မှာ ညကို အတူကုန်ဆုံးဖို့ စီစဉ်နေတာလား…. မင်း ဘာတွေ စဉ်းစားနေတာတုန်း….”

“ မင်း ပြောနေတာကိုလည်း ကြည့်လိုက်ဦး…. မင်း သူမနဲ့ အတူသွားဖို့ ပြောတုန်းကလည်း ဘယ်မှာ နေမလဲဆိုတာကို မင်းပဲဆုံးဖြတ်မှာ မဟုတ်ဘူးလား…”

“ ငါက မင်းလို မညစ်ညမ်းဘူးဟျောင့်… ငါက တစ်ယောက် သီးသန့်ခန်း နှစ်ခန်းမှာမှာကွ….”

လင်းရီ အသံထွက် အော်ရယ်လု နီးပါး ဖြစ်သွားခဲ့ပြီး “ ဒါဆို ငါကကော တစ်ခန်းပဲ မှာမယ်လို့ မင်းကို ဘယ်သူက ပြောလိုက်လို့တုန်း….”

ကော်ဖေး အသံ တိတ်ကျ သွားခဲ့တော့သည်။

ဉာဏ်ရည်သို့မဟုတ် အီးကျူ၌ ဖြစ်စေ၊ လင်းရီက သူ့ကို လုံးလုံးလျားလျား ဖြတ်ကျော်သွားခဲ့ချေပြီ။

သူတို့၏ စကားဝိုင်းက သူယောင်ကို ရှက်သွေးဖြန်းသွားစေတော့၏။

“ အစ်ကိုကြီးလင်း… ညီမ သွားတော့မယ်နော်…”

“ အင်း… ငါလည်း စဉ်းစားနေတာ… အိမ်မှာ ဘာလုပ်စရာမှလည်း မရှိတော့ဘူးဆိုတော့ ဘယ်နေရာမှာပဲ နေနေ ကိစ္စ မရှိတော့ဘူးလေ…” လင်းရီ ပြောလိုက်ပြီး “ နေဖို့ ပိုပြီး သက်တောင့် သက်သာ ရှိမယ့် နေရာလေး ရှာတာက ပိုကောင်းတာပေါ့….”

“ ဒါဆို…. ညီမ အမေတို့ကို အရင်သွားပြောလိုက်ဦးမယ်နော်… ဒါပေမယ့် အမေတို့က ရှင်နဲ့ ထည့်လိုက်နိုင်ပါ့မလား မသိဘူး….”

“ မင်း တစ်ယောက်တည်း ဆိုရင်တော့ မင်းအမေက သေချာပေါက် ခွင့်ပြုမှာ မဟုတ်ဘူး… ဒါပေမယ့် တခြားတစ်ယောက်ကိုပါ ခေါ်ခဲ့လိုက်လို့ ရတယ်လေ… အဲ့တာဆို မင်းမိဘတွေလည်း ပိုပြီး စိတ်ချရတာပေါ့….”

သူယောင် ကော်ဖေးကို အဓိပ္ပာယ် ပါပါဖြင့် တစ်ချက်ကြည့်လိုက်သည်။

အသုံးချခံ ပစ္စည်းလေးအသစ် ထွက်ပေါ်လာတော့ပေမည်။

“ ညီမမှာ လုပ်ဖော်ကိုင်ဖက် နောက်တစ်ယောက် ရှိသေးတယ်… သူလည်း ညီမနဲ့ အတန်းဖော် ပဲ… သူ့ကို မေးကြည့်လိုက်မယ်လေ….”

“ သူ့မိသားစုကရော ဟွမ်ရှီး ကျေးရွာကပဲလား…”

“ မဟုတ်ပါဘူး… သူ့မိသားစုက ကောင်တီကလေ… ဒါပေမယ့် အလုပ်သင် ဆင်းလို့ရနိုင်မယ့် နေရာ ရှာမတွေ့တော့ ဒီမှာပဲ ဆရာမ လာလုပ်နေလိုက်တာ….” သူယောင် ပြောလိုက်သည်။

“ သူမကို ခေါ်ခဲ့လည်း ရတယ်….”

“ ကောင်းပြီ… သွားပြီး စီစဉ်စရာရှိတာတွေ စီစဉ်ထားတော့… ငါလည်း ပြန်သွားပြီး ပြင်ဆင်လိုက်ဦးမယ်… ပြီးရင် မင်းတို့အိမ်မှာ လာကြိုလိုက်မယ်…”

“ အွန်း အွန်း…”

ပြောဆို ဆွေးနွေးပြီးနောက် နှစ်ယောက်သား အိမ်အသီးသီးသို့ ပြန်သွားကြလေသည်။

ကော်ဖေး အဖို့ကတော့ သူယောင်နောက်သို့ လိုက်ပါရင်း ဇွဲကောင်းကောင်းဖြင့် ဆက်လက် နောက်ပိုးပိုးနေတော့၏။

လင်းရီ သူ၏ ပစ္စည်းကိရိယာများကို အိမ်သို့ သယ်လာရင်း ဘေးအိမ်သို့ တစ်ချက်ကြည့်လိုက်သည်။ စန်းကောနှင့် မရီးတို့က ယခုတိုင် ရောက်မလာကြသေးချေ။

ထို့ကြောင့် သူ ရောင်ပင်းထံ ဖုန်းဆက်ပြီး သူ ဝယ်ဖို့ လိုအပ်သည်များကို ဓာတ်ပုံရိုက်ပို့ပေးရန် ပြောလိုက်လေသည်။ ဤသို့ဖြင့် သူ၏ ကျိုးဟိုင် ခရီးစဉ်သည်လည်း နှောင့်နှေး ကြန့်ကြာနေမည် မဟုတ်တော့ချေ။

အိမ်မှ မထွက်ခွာခင် လင်းရီ အစာကျွေးစက်၏ အချိန်အတိုင်းအတာနှင့် ကင်မရာကို နောက်တစ်ခေါက် ပြန်စစ်ဆေးလိုက်၏။ အကယ်၍ ထင်မှတ်မထားသည့် တစ်စုံတစ်ခု ဖြစ်ပျက်လာလျှင်ပင် သူ၏ ဖုန်းမှ တဆင့် အခြေအနေကို ကြည့်ရှု စစ်ဆေးနိုင်သည်။

ယခုဆို သူက တစ်ရွာလုံးတွင် နံပါတ်တစ် ဝက်မွေးသူဟုပင် ခေါ်၍ ရနေပြီဖြစ်၏။

ဆယ်မိနစ် ကြာပြီးနောက် လင်းရီ သူယောင်၏ အိမ်သို့ မောင်းနှင်သွားလိုက်သည်။ သူတို့ ထွက်လာတော့ သူယောင်၏ မိသားစုဝင် သုံးယောက်ကို လမ်းတွင် မြင်တွေ့လိုက်ရလေသည်။

“ ညီကိုဟိုင်… ကျုပ်တို့က ခရီးရှည်ကြီး သွားမှာ မဟုတ်ဘူးလေဗျာ… ခင်များနဲ့ မရီးတို့ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ကြဦး… ဘာလို့ လိုက်ပို့သလို လုပ်နေကြတာ….”

လင်းရီ ပြောနေသည့် ညီကိုဟိုင် ဆိုသူက သူယောင်၏ အဖေ သူသဟိုင်ပင်။ သူတို့နှစ်ယောက် တွေ့ဆုံခဲ့စဉ်က ကောင်းမွန်သည့် ရင်းနှီးပတ်သက်မှုတို့ ရှိထားခဲ့လေသည်။

“ ကျောင်းတက်တာကလွဲရင် ငါ့သမီးလေးကို တခြား ဘယ် ခရီးဝေးမှ မလွှတ်ဖူးလို့ စိုးရိမ်နေရတာကွ… သူ ကျိုးဟိုင်ကို သွားမယ်လို့ ရုတ်တရက်ကြီး လာပြောတော့ ငါ ဘယ်လိုလုပ်ပြီး သတိမရပဲ နေနိုင်မှာလဲ… “

“ စိတ်မပူနဲ့… အစ်ကိုကြီး သမီး ဘာမှ မဖြစ်စေရဘူး…. မရီးလည်း စိတ်ချလက်ချသာနေ….”

“ ဘာပဲဖြစ်ဖြစ်ကွာ.... ငါ့သမီးလေးကို မင်းလက်အပ်ပါတယ်… သေချာလေး ဂရုစိုက်ပေးပါဦး….”

“ စိတ်ချ… ဘာမှ မဖြစ်စေရဘူး….”

ခေတ္တမျှ စကားပြောပြီးနောက် သူယောင် လင်းရီ၏ ကားထဲသို့ ရှက်ကိုးရှက်ကန်းဖြင့် ဝင်ထိုင်လိုက်သည်။ ထို့နောက် နှစ်ယောက်သား မြို့ထဲ ဦးတည်လိုက်ကြ၏။

ကော်ဖေးသည်လည်း အနိုင်ကျင့်ခံလိုက်ရသည့် မုဆိုးဖိုကြီးကဲ့သို့ အနောက်မှ မှုန်ကုပ်နေသည့် မျက်နှာထားကြီးဖြင့် လိုက်ပါလာခဲ့လေသည်။

“ အစ်ကိုကြီးလင်း … ညီမ အတန်းဖော်ရဲ့ နာမည်က ဖန်းဖေးတဲ့… စတိုးဆိုင်လေးရဲ့ အနောက်ဘက် အနီရောင် အဆောက်အဦးထဲမှာ နေတာလေ… ညီမတို့ အဲ့ဒီထိ ကားမောင်းသွားလို့ ရတယ်…”

“ ဘယ်နေရာလဲ ငါသိပါတယ်…”

“ အစ်ကိုကြီးလင်း … ညီမ တစ်ခုလောက် ပြောလို့ ရမလားဟင်…”

“ ဘာများလဲ…”

“ တကယ်လို့ အစ်ကိုကြီးက ညီမ အဖေကို ညီကိုဟိုင်လို့ ခေါ်ပြီး ညီမက အစ်ကိုကြီးလင်းလို့ ခေါ်နေရင် ညီမ အဖေကိုကျ ဘယ်လို သွားခေါ်ရတော့မှာ… ဝါစဉ်တွေက ပရမ်းပတာတွေ ဖြစ်ကုန်လိမ့်မယ်….”

“ အာ…. အဲ့လိုလည်း ဟုတ်သားပဲနော်…” လင်းရီ ပြောလိုက်ပြီး “ ဒါဆိုလည်း ခုက စပြီး ငါ့ကို ဦးလေးလို့ ခေါ်ပေါ့…. ငါ စိတ်မရှိပါဘူးကွ….”

“ အစ်ကိုကြီးက လူကို အခွင့်အရေး လာယူနေတာပဲ…” သူယောင် ရှက်ရွံ့စွာဖြင့် ပြောလိုက်ပြီး “ အစ်ကိုကြီးကဖြင့် ညီမထက် အသက် ဘယ်လောက်မှလဲ မကြီးသေးပဲနဲ့ ဦးလေးလို့ ဘယ်လိုလုပ်ပြီး ခေါ်နိုင်မှာလဲ….”

“ ဒါပေမယ့် မင်း အဖေကလည်း ငါ့အတွက် ညီကိုကောင်းပဲလေ… အဲ့လို ညီကိုကောင်းကို မဆုံးရှုံးချင်ဘူး…”

လင်းရီ၏ စနောက်ခြင်းကို ခံရပြီးနောက် သူယောင် တသိမ့်သိမ့်တုန်အောင် ရယ်မောသွားခဲ့ရသည်။

မကြာမီ လင်းရီတို့ စတိုးဆိုင် အနောက်ဘက်ရှိ အနီရောင် အဆောက်အဦးလေးထံ ရောက်ရှိလာခဲ့သည်။

သူယောင်၏ အတန်းဖော်က အပြင်တွင် ထွက်၍ အသင့်စောင့်ဆိုင်းနေပြီး ဖြစ်လေသည်။

သူယောင်၏ အတန်းဖော်က အရပ်အမောင်း သိပ်မမြင့်။ ဖိနပ်နှင့်မှ 1.65 မီတာမျှ ရှိသည်။ သူယောင်လိုလည်း သွယ်လျမနေပဲ သူမကိုယ်က အနည်းငယ် ဝကစ်ကစ် ရှိ၏။ ကြည့်ရသည်မှာ ချစ်ဖို့ကောင်းပြီး ဖျစ်ညစ်ချင်စရာလေးပင်။

“ ငါသိနေတယ်လေ… နင် ဒီရဲ့ Lexus မောင်းတဲ့ အစ်ကိုလေးနဲ့ တစ်ခုခု သွားလုပ်တော့မယ်ဆိုတာ…. ဒီနေ့တော့ ငါ လက်ပူးလက်ကြပ် မိသွားပြီ…” ကော်ဖေး ပြုံးလျက် ပြောလိုက်ပြီး “ ဒါပေမယ့် သူက တကယ်ချောတာနော်… အိုင်ဒေါတွေလို ပွဲဦးထွက်လို့တောင် ရတယ်…”

“ အဓိပ္ပာယ် မရှိတာတွေ လျှောက်မပြောနဲ့ ညီမလေး… ငါတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို လမ်းမှာတင် အတည်ပြုပြီးသွားပြီ…” လင်းရီ ပြောလိုက်ပြီး “ ငါက သူ့ဦးလေးလေ…. သူကတော့ တူမလေးပေါ့… ဒါပဲ…”

“ နင်တို့က တကယ်ကြီး ဦးနဲ့တူမ ဂိမ်း ကစားနေကြတယ်ပေါ့…. ကျွတ် ကျွတ် ကျွတ်… ဘယ်လို ပျော်ရမလဲ ဆိုတာ တကယ်သိကြတာပဲ…”

“ နင် အစ်ကိုကြီးလင်း ပေါက်တတ်ကရပြောနေတာ နားထောင်မနေနဲ့…. အဲ့လို ဦးနဲ့တူမ ဆက်ဆံရေးမျိုး မဟုတ်ဘူး.. သူ့ဘာသူ ဒီတိုင်း လျှောက်ခေါ်နေတာ….”

“ အေးပါ အေးပါ.. ငါ နားလည်ပါတယ်..” ဖန်းဖေး ပြောလိုက်ပြီး “ ငါ့အထင် ကော်ဖေးရဲ့ကားကလည်း အနောက်မှာ ရှိနေတုန်းပဲနဲ့ တူတယ်… ငါတို့ ကားနှစ်စင်းလုံး သွားကြမလို့လား…”

“ သူ ငါတို့နောက်ကနေ လိုက်ချင်တယ်တဲ့… ပြောမရတာနဲ့ ငါလည်း လိုက်ခဲ့ဆိုပြီး ခေါ်ခဲ့လိုက်တာ…”

“ အဲ့တာတော့ မဟုတ်သေးဘူးထင်တယ်နော်… ငါတို့ အားလုံးက အတန်းဖော်တွေချည်းပဲလေ… နင် သူ့ကို မကြိုက်ဘူးဆိုရင်တောင် မျက်နှာသာ တစ်ချို့တော့ ပေးဦးမှပေါ့..” ဖန်းဖေး ချင့်ချင့်ချိန်ချိန်ဖြင့် ပြောလိုက်ပြီး “ ပြီးတော့ ငါတို့ နှစ်ယောက်လုံးက သူ့အဖေရဲ့ ကျောင်းမှာ အလုပ်သင်ဆင်းနေကြတုန်းနော်… ဇယားရှုပ်လို့ သိပ်ကောင်းတာ မဟုတ်ဘူး..”

စာစဉ် (၆၉) ပြီး၏။

All Chapters