အခန်း (၁၂၇၆)
Vol. 92 Ch. 1276
အနက်ရောင်ချပ်ဝတ် ရုပ်သေးရုပ်က ဟန်မူယဲ့ကို ညွှန်ပြလိုက်ပြီး သတ်ဖြတ်လိုစိတ်များနှင့်အတူ ပြောသည်။
“ငါက နင့်ရဲ့အရိုးတိုင်းကို ချေမွပစ်မယ်”
ရုပ်သေးရုပ်၏ ခန္ဓာကိုယ်က ချက်ချင်းလှုပ်ရှားလာသည်။
အလင်းစီးကြောင်းသည် ပေါက်ကွဲထွက်လာပြီး ရုပ်သေးရုပ်၏ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော ဖိအားသည် ဟန်မူယဲ့ကို လွှမ်းခြုံသည်.
စကြဝဠာအဆင့် ကျွမ်းကျင်သူ၏ ခွန်အား ဖြစ်သည်။
ထိုတိုက်ခိုက်မှုသည် လောက၏ တည်နေရာစွမ်းအားကို သယ်ဆောင်ထားသည်။
အကယ်၍ ဟန်မူယဲ့က မခုခံနိုင်လျှင် ဝါးမြိုခံရလိမ့်မည်။
စကြဝဠာအဆင့် ကျွမ်းကျင်သူက တိုက်ခိုက်လိုက်သောအခါတွင် စည်းမျဉ်းစွမ်းအားကို တစ်ခါတည်း ထုတ်ပြခဲ့သည်။
အကယ်၍ သူက စည်းမျဉ်းများကို ထိန်းချုပ်မထားလျှင် ပြန်လည်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က ကြယ်စင်စုစကြဝဠာတွင် ပထမဆုံးအကြိမ်အဖြစ် စည်းမျဉ်းစွမ်းအားကို ထိန်းချုပ်ထားသောလူနှင့် တိုက်ခိုက်ခဲ့သည်။
“ဝီ”
သွေးရောင်ချပ်ဝတ်သည် ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင် ပေါ်လာသည်။
ခွေသားရဲ၏ပုံရိပ်နှင့် လျှပ်စီးကြောင်းများသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
ချပ်ဝတ်၏ ရင်ဘတ်တွင် ခွေသားရဲ၏ ဦးခေါင်းပုံစံ ပေါ်ထွက်လာသည်။
“ကမ္ဘာဦးအဆင့်ချပ်ဝတ်ပဲ”
အနက်ရောင်ချပ်ဝတ်နှင့် ရုပ်သေးရုပ်က အံ့အားသင့်စွာ ပြောသည်။
ထိုချပ်ဝတ်၏ စွမ်းအားသည် ကမ္ဘာဦးအဆင့်ကိုပင် ကျော်လွန်နေပုံရသည်။
နဂါးမိကျောင်း၏ ပုံရိပ်သည် ဟန်မူယဲ့၏နောက်တွင် ပေါ်ထွက်လာသည်။
“မူလစကြဝဠာရဲ့ အုပ်ချုပ်သူအဆင့်သားရဲ”
ရုပ်သေးရုပ်၏လေသံက အလွန်လေးနက်လာသည်။
ဟန်မူယဲ့၏ ပခုံးပေါ်တွင်ရှိသော ရွှေရောင်ငှက်သည် ကောင်းကင်နှင့်မြေကြီးအား ပြာချပစ်နိုင်သော စွမ်းအားကို ထုတ်လွှတ်သည်။
ခေးအော့၏ ပုတီးစေ့သည် ဟန်မူယဲ့၏ရှေ့သို့ ရောက်လာပြီး အဆုံးမရှိသော ရွှေအလင်းကို ဖော်ထုတ်သည်။
ဓာတ်စင်ငါးပါးမီးပြင်းဖိုက ချိပ်စည်းငါးခုကို ထုတ်လွှတ်ပြီး သွယ်ဆက်ထားသည်။
“နင် .... နင်က ဘယ်သူလဲ”
အနက်ရောင်ရုပ်သေးရုပ်က ထိတ်လန့်ပြီး သံသယဝင်နေသည်။
မူလစကြဝဠာ၏ နတ်ဘုရားသားရဲ ရွှေကျီးကန်း၊ ဝင်္ကပါဝိညာဉ် ခေးအော့နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုတို့သည် လူတစ်ယောက်တည်း၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
ရှေးခေတ်၏ အစစ်အမှန် စကြဝဠာအဆင့် ကျွမ်းကျင်သူများကပင် ထို့သို့ အားကောင်းသော အကူအညီများ တစ်ယောက်၊ နှစ်ယောက်ခန့်သာ ရှိသည်။
လှံရှည်တစ်လက်သည် ဟန်မူယဲ့၏လက်ထဲတွင် ပေါ်လာသည်။
“ကောင်းကင်ခွဲလှံ”
ရုပ်သေးရုပ်က ထိတ်လန့်စွာပြောသည်။
“ဘန်း”
ရုပ်သေးရုပ်၏ လက်သီးချက်ကို ရွှေကျီးကန်း၏ တောင်ပံများက တားဆီးလိုက်သည်။
“ဘုန်း”
ခွေ၏ မိုးကြိုးလျှပ်စီးက ချုပ်နှောင်ထားသော ပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်သည်။
“ဂါး”
နဂါးမိကျောင်း၏ အမြီးရှည်က ဆင်းသက်လာပြီး ရုပ်သေးရုပ်၏ ပတ်ဝန်းကျင်ကို အက်ကွဲသွားစေသည်။
မရေမတွက်နိုင်သော အက်ကွဲကြောင်းများသည် ပတ်ဝန်းကျင်တွင် ပေါ်လာသည်။
သူက တစ်ချက်တည်း ရုပ်သေးရုပ်၏စွမ်းအားကို ဖျက်ဆီးပစ်ခဲ့သည်။
ရုပ်သေးရုပ်က အလွန်ထိတ်လန့်နေပြီး လျင်မြန်စွာ နောက်ဆုတ်သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ခေးအော့၏ တည်နေရာစွမ်းအားက အသက်ဝင်လာပြီး ဖိနှိပ်လိုက်သည်။
ခဏသာဖြစ်သော်လည်း လုံလောက်သည်။
ထိုအချိန်တွင် ဓာတ်စင်ငါးပါးမီးပြင်းဖိုက ဆင်းသက်လာသည်။
မီးတောက်များက သွယ်ယှက်နေပြီး ရုပ်သေးရုပ်ကို လွှမ်းခြုံသွားသည်။
သန့်စင်ခဲ့သည်။
ဓာတ်စင်ငါးပါးမီးပြင်းဖိုက ရုပ်သေးရုပ်ကို သန့်စင်နေသည်။
ရုပ်သေးရုပ်သည် သခင်ဖြစ်သူ၏ အကြွင်းအကျန်ဝိညာဉ်ကို ဝါးမြိုပြီး သစ္စာဖောက်ခဲ့သောကြောင့် ယခုအချိန်တွင် ပိုင်ရှင်မရှိပေ။
“ရဲတင်းလိုက်တာ”
ရုပ်သေးရုပ်က ဒေါသတကြီး ဟိန်းဟောက်ပြီး လက်ကိုဆန့်ထုတ်၍ တည်နေရာကို ထိုးခွဲသည်။
သို့သော် ချက်ချင်းဆိုသလိုပင် အက်ကွဲသွားသော တည်နေရာမှ လှံတစ်ချောင်း ပေါ်ထွက်လာပြီး ရုပ်သေးရုပ်၏ ရင်ဘတ်ကို ထိုးစိုက်သည်။
“ဘန်း”
ရုပ်သေးရုပ်၏ ခန္ဓာကိုယ်တစ်ဝက်က ပေါက်ထွက်သွားသည်။
ဟန်မူယဲ့က နေရာတွင် တည်ငြိမ်စွာရပ်နေသည်။
“ဝီ”
လက်ဝါးချက်တစ်ခုသည် သူ့နောက်ကျောဘက်တွင် ဆင်းသက်လာသည်။
စကြဝဠာအဆင့် ရုပ်သေးရုပ်၏ ခွန်အားကို ခန္ဓာကိုယ်အခြေအနေနှင့် မဆုံးဖြတ်နိုင်ပေ။
ဥပမာအနေဖြင့် ယခုအချိန်တွင် ဟန်မူယဲ့၏နောက်မှ ပေါ်ထွက်လာသော လက်ဝါးချက်သည် တည်နေရာစွမ်းအား၏ စုစည်းမှု ဖြစ်သည်။
“ရွှပ်”
ဟန်မူယဲ့၏ ဦးခေါင်းထက်တွင် တောက်ပသော ဓားအလင်းတစ်ခု ပေါ်ထွက်လာပြီး လက်ဝါးချက်ကို ဖျက်ဆီးပစ်လိုက်သည်။
ဤတစ်ကြိမ်တွင်လည်း ရုပ်သေးရုပ်က ပြန်ကောင်းသွားသည်။ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူက နေရာတွင် ရပ်နေပြီး အံ့အားသင့်စိတ်ကို ထိန်းချုပ်မထားနိုင်ပေ။
“နင်က စကြဝဠာနယ်မြေကလား ဒါမှမဟုတ် တခြားစကြဝဠာကလား”
အမျိုးသမီးကျင့်ကြံသူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။
စကြဝဠာနယ်မြေ ....
ထိုနေရာတွင် စကြဝဠာအဆင့် ကျွမ်းကျင်သူများအားလုံး စုစည်းနေပြီး ကြယ်စင်စုစကြဝဠာ၏ ဗဟိုချက် ဖြစ်သည်။
ဟန်မူယဲ့က ထိုအကြောင်းကို ကမ္ဘာဦးရုပ်သေးရုပ်များ၏ မှတ်ဉာဏ်မှတစ်ဆင့် သိခဲ့ရသည်။
နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ကျွမ်းကျင်သူအများစုသည် ထိုနေရာတွင် ရှိနေကြသည်။
စကြဝဠာနယ်မြေ၏ စကြဝဠာအဆင့် ကျွမ်းကျင်သူများက အပြင်ဘက်သို့ ထွက်သွားပြီး ကြယ်စင်စုစကြဝဠာ၏ လည်ပတ်မှုကို မနှောင့်ယှက်ရပေ။
အဘယ်ကြောင့်ဆိုသော် စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အလိုလျောက် စုပ်ယူကြသည်။
“အဲဒါက အရေးမကြီးပါဘူး”
ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများဖြင့် ပုံရိပ်ယောင်ကောင်းကင်ကို ကြည့်သည်။
သူက ဤနေရာ၏ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့သည်။
ပိုင်ရှင်မရှိပေ။
“ငါက ဒီနေရာကို ယူလိုက်မယ်”
ဟန်မူယဲ့က လက်ကိုဆန့်ထုတ်ပြီး လက်သီးထိုးသည်။
“ဘန်း”
ပုံရိပ်ယောင်ကမ္ဘာက တုန်ခါသွားသည်။
ထိုမြင်ကွင်းကြောင့် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူက မျက်လုံးပြူးသွားသည်။
“နင်က ကူးသန်းရောင်းဝယ်ရေးခန်းဆောင်ရဲ့ စည်းမျဉ်းကို ဘယ်လိုလုပ်ပြီး ပြောင်းလဲနိုင်တာလဲ”
ခန်းဆောင်က သူမကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ချုပ်နှောင်ထားခဲ့သည်။
ဤခန်းဆောင်တွင် အသုံးပြုထားသော စည်းမျဉ်းစွမ်းအားသည် စကြဝဠာနယ်မြေ၏ ချိပ်ပိတ်စွမ်းအား ဖြစ်သည်။ အကြီးအကဲမူယဲ့နှင့် ရုပ်သေးရုပ်ကပင် မလွတ်မြောက်နိုင်ပေ။
ထိုအရာသည် စကြဝဠာနယ်မြေ၏ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ပူးပေါင်းဖန်တီးထားသည့် ကြယ်စင်စုစကြဝဠာ၏ အသန်မာဆုံးစည်းမျဉ်းစွမ်းအားတစ်ခု ဖြစ်သည်။
ထိုစည်းမျဉ်းစွမ်းအားကို မည်သူက ပြောင်းလဲနိုင်မည်နည်း။
တည်နေရာစွမ်းအားက ပြောင်းလဲသွားပြီး အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူက နေရာတွင် ချုပ်နှောင်ခံထားရသည်။
ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားသည်။
“ဝီ”
ပုံရိပ်ယောင်ကမ္ဘာတွင် အလင်းလွှာများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသည်။
ကူးသန်းရောင်းဝယ်ရေး အချက်အလက်များ ဖြစ်သည်။
ဤနေရာသည် တိုက်ခိုက်မှုအတွက် ပုံရိပ်ယောင်ကမ္ဘာ မဟုတ်ပေ။ ကုန်သွယ်ရန်အတွက် ဖြစ်သည်။
ခန်းဆောင်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်မဲ့နေသောကြောင့် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူက ထိုအကြောင်းကို မသိခဲ့ပေ။
ခန်းဆောင်ကို ထိန်းချုပ်ချင်လျှင် လွယ်ကူသည်။ ဟန်မူယဲ့က သင်္ချိုင်းအင်မော်တယ်မြို့တွင် ကြုံတွေ့ခဲ့သည်။
“ရုပ်သေးရုပ်က ရုပ်သေးရုပ်ပါပဲ။ အရမ်းသန်မာနေရင်တောင် သက်ရှိမဟုတ်သေးဘူး”
ဟန်မူယဲ့က ညင်သာစွာ ပြောလိုက်ပြီး စိတ်ရှုပ်ထွေးနေသော အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူကို ကြည့်သည်။
ယခင်က မြို့သခင်မူယွဲ့သည် ကူးသန်းရောင်းဝယ်ရေးခန်းဆောင်ကို ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော် သူမ၏ အကြွင်းအကျန်ဝိညာဉ်က ဝါးမြိုခံရပြီး အစစ်အမှန်ခန္ဓာကိုယ်က တည်နေရာရွှေ့ပြောင်းသွားသည်။ ဤနေရာကလည်း ချိပ်ပိတ်ခံလိုက်ရသည်။
ထို့ကြောင့် ခန်းဆောင်၏ တည်နေရာက ပိတ်လှောင်ခံထားရပြီး ပိုင်ရှင်မဲ့ဖြစ်သွားသည်။
ဟန်မူယဲ့က ကောင်းကင်ပြောင်းလဲခြင်းစံအိမ်အပြင် ဓားစံအိမ်ကိုလည်း ထိန်းချုပ်ခဲ့သောကြောင့် ဤခန်းဆောင်နှင့် အလွန်ရင်းနှီးနေသည်။
ထိုစံအိမ်များသည် တည်နေရာစွမ်းအားကို အသုံးပြုပြီး ကောင်းကင်နှင့်မြေကြီး၏ အတားအဆီးကို ကျော်ဖြတ်၍ အချင်းချင်း ရောင်းဝယ်သည်။
ကုန်သွယ်သော လူများက တစ်ယောက်ကိုတစ်ယောက် မသိနိုင်ကြပေ။
သို့သော် တစ်ဖက်လူက ကုန်သွယ်ထားသောပစ္စည်းနှင့် တခြားအချက်အလက်များကို အသုံးပြု၍ တွက်ချက်ကြည့်လျှင် သိကောင်းသိနိုင်မည်။
အလင်းလွှာများ ပေါ်ထွက်လာသောအချိန်တွင် မရေမတွက်နိုင်သော ရွှေအလင်းများသည် လေဟာနယ်ထဲတွင် တဖျပ်ဖျပ်လှုပ်ရှားနေသည်။
ရွှေအလင်းတိုင်သည် အရောင်းအဝယ်တစ်ခု ဖြစ်သည်။
အချက်အလက်များက လျင်မြန်စွာ စီးဆင်းလာသည်။
နတ်ဘုရားတစ်သောင်း ဘုရားကျောင်းသည် အနည်းဆုံး ထောင်ချီနေသော ကူးသန်းရောင်းဝယ်ရေးခန်းဆောင်များကို ပိုင်ဆိုင်ထားသည်။
ထိုခန်းဆောင်များ၏ ရောင်းဝယ်မှုသည် အလွန်ကြီးမားသည်။
ဟန်မူယဲ့က ရုပ်သေးရုပ်၏ အံ့အားသင့်နေသောပုံစံကို လျစ်လျူရှုထားပြီး အချက်အလက်များကို ကြည့်သည်။
အနာဂတ်တွင် သူက ဤခန်းဆောင်မှတစ်ဆင့် ကြယ်စင်စုစကြဝဠာ၏ အရင်းအမြစ်များကို စုဆောင်းရမည်။
“အဆင့်ခုနစ် ချပ်ဝတ်တစ်ခုကို အဆင့်ခုနစ် ရုပ်သေးရုပ်နဲ့ လဲမယ်။ ချပ်ဝတ်ရဲ့ အချက်အလက်တွေကို စစ်ကြည့်နိုင်တယ်”
“ငါတို့က နတ်ဘုရားအဆင့် ရုပ်သေးရုပ်ရဲ့ အစိတ်အပိုင်းတစ်ခုကို လိုအပ်နေတယ်။ အစိတ်အပိုင်းကို စစ်ကြည့်လိုက်ပါ။ မူလဒင်္ဂါး သုံးသိန်းပေးမယ်”
“မူလကျောက်တုံး တစ်သန်းနဲ့ သူတော်စင်တစ်ဝက်အဆင့် ရုပ်သေးရုပ်သုံးရုပ်ကို ဝယ်ချင်တယ်။ အကြွင်းအကျန်တွေဆိုရင်လည်း ရတယ်”
“ကမ္ဘာဦးရုပ်သေးရုပ်ရဲ့ အစိတ်အပိုင်းသုံးခု ရှိနေတယ်။ စစ်ကြည့်လို့ရတယ်။ ဈေးအများဆုံးပေးနိုင်တဲ့လူကို ရောင်းမယ်”
အမျိုးမျိုးသော ပစ္စည်းများကို ဖလှယ်နေကြသည်။
မူလဒင်္ဂါးကို အသုံးပြုထားသော အရောင်းအဝယ်သည် ရှားပါးသည်။ အများစုက ပစ္စည်းချင်း လဲလှယ်ကြသည်။
မူလကျောက်တုံးနှင့် ဝိညာဉ်သတ္တုများကိုလည်း အသုံးပြုကြသည်။
မူလဒင်္ဂါးသည် အစည်းအရုံးများ၏ ငွေကြေးတစ်ခုသာ ဖြစ်သည်။ အစစ်အမှန် ကျွမ်းကျင်သူများအတွက် အသုံးမဝင်ပေ။
ဟန်မူယဲ့က လက်ဆန့်ထုတ်ပြီး ရိုးရှင်းသော အရောင်းအဝယ်တချို့ကို ပြုလုပ်ခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူက အမျိုးမျိုးသော ဝိညာဉ်သတ္တုနှင့် ရုပ်သေးရုပ်များကို ရခဲ့သည်။
“ဒီမှာ ပစ္စည်းကောင်းတွေလည်း မရှိဘူး”
ရွှေရောင်ငှက်က တီးတိုးပြောလိုက်ပြီး ဝယ်ယူထားသော ဝိညာဉ်သတ္တုနှင့် ရုပ်သေးရုပ်များကို ကြည့်သည်။
ထိုပစ္စည်းများက မရှားပါးပေ။
“ဒီမှာရှိတဲ့ ခန်းဆောင်က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေတာကြောင့် အဆင့်ကျသွားတယ်”
“အခုအချိန်မှာ အဆင့်နိမ့်ပစ္စည်းတွေကိုပဲ ရောင်းဝယ်နိုင်တယ်”
ဟန်မူယဲ့၏ မျက်နှာထားက ပေါ့ပါးနေသည်။ သူက ချုပ်နှောင်ခံထားရသော အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူကို လှမ်းကြည့်သည်။
ခန်းဆောင်၏ စွမ်းအားက အလွန်သန်မာပြီး စကြဝဠာအဆင့် ကျွမ်းကျင်သူကိုပင် ချုပ်နှောင်နိုင်သည်။
ယခုအချိန်တွင် ရုပ်သေးရုပ် အမျိုးသမီးက မလှုပ်ရှားနိုင်တော့ပေ။
ဟန်မူယဲ့က သူမ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည်။
“ဒီခန်းဆောင်ကို နှစ်ပေါင်းတစ်သိန်းကြာအောင် စောင့်ရှောက်ပေးပါ။ အဲဒါဆို မင်းကို လွှတ်ပေးမယ်”
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေပြီး တီးတိုးပြောသည်။
“နှစ်တစ်သိန်းအတွင်းမှာ မင်းရဲ့ ခန္ဓာကိုယ်ကို မသေမျိုးဖြစ်လာအောင် တည်ဆောက်ပေးမယ်”
ရုပ်သေးရုပ်မဟုတ်ပဲ မသေမျိုး ဖြစ်သည်။
ထိုရုပ်သေးရုပ်က သခင်၏ အကြွင်းအကျန်ဝိညာဉ်ကို ဝါးမြိုပြီး ရုပ်သေးရုပ် မဖြစ်ချင်တော့ပေ။
ဟန်မူယဲ့၏ စကားကြောင့် ရုပ်သေးရုပ်က ထိတ်လန့်သွားသည်။
ဟန်မူယဲ့က တည်ငြိမ်နေပြီး ခံစားချက်ကင်းမဲ့စွာ ပြောသည်။
“အမှန်အတိုင်းပြောရရင် ငါက မင်းရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်တယ်”
ဝိညာဉ်ကို ဖျက်ဆီးလိုက်လျှင် အသက်မရှိသော ပိုင်ရှင်မဲ့ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားမည်။
ထိုရုပ်သေးရုပ်ကို သန့်စင်လိုက်လျှင် စိတ်ကြိုက်ထိန်းချုပ်နိုင်သည်။