အခန်း (၁၂၇၉)
Vol. 92 Ch. 1279
“ဘုန်း”
ဟန်မူယဲ့က ချပ်ဝတ်နှင့် ရုပ်သေးရုပ်၏ရှေ့သို့ ရောက်သွားပြီး လက်သီးထိုးချသည်။
ရုပ်သေးရုပ်၏ လမ်းကြောင်းက တားဆီးခံလိုက်ရသည်။ ထိုရုပ်သေးရုပ်က ဓားမော့ကို လွှဲခုတ်ပြီး လေဟာနယ်ကို ထိုးခွဲသည်။
ရုပ်သေးရုပ်က ဟန်မူယဲ့နှင့် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ လေဟာနယ်ထဲသို့ ဝင်ရောက်၍ ထွက်ပြေးသွားသည်။
သူတို့က ရှုံးနိမ့်သွားပြီဖြစ်သောကြောင့် ဤနေရာတွင် ဆက်ရှိနေလျှင်လည်း အသုံးမဝင်ပေ။ ဆက်လက်တိုက်ခိုက်နေလျှင် အဓိပ္ပာယ်မဲ့သည်။
သာမန် ပိုင်ရှင်မဲ့ရုပ်သေးရုပ်က ထိုပြတ်သားမှုမျိုးကို မပိုင်ဆိုင်ပေ။
ရုပ်သေးရုပ်က အက်ကွဲကြောင်းထဲသို့ တိုးဝင်သွားပြီး လက်မြှောက်၍ လေဟာနယ်ကို ထိုးခွဲရန်ကြံနေသော တခြားရုပ်သေးရုပ်ကိုသာ ချန်ထားခဲ့သည်။
ဤနေရာသည် လေဟာနယ်လောက ဖြစ်သည်။ သူတို့က သေဆုံးသည်အထိ တိုက်ခိုက်ရန် မလိုအပ်ပေ။ အကယ်၍ ထွက်သွားချင်လျှင်လည်း လေဟာနယ်ကို လွယ်ကူစွာ ထိုးခွဲ၍ မိုင်ပေါင်းမရေမတွက်နိုင်သော နေရာသို့ တစ်ခါတည်း ရောက်သွားနိုင်သည်။
“ဝီ”
လှံကိုင်ထားသော ရွှေရောင်ချပ်ဝတ်နှင့် ရုပ်သေးရုပ်က ရှေ့သို့ တစ်လှမ်းတိုးရန် ကြိုးစားလိုက်သောအချိန်တွင် အလင်းစီးကြောင်း၏ တားဆီးမှုကို ခံလိုက်ရသည်။ မရေမတွက်နိုင်သော အလင်းများက စုစည်းလာပြီး ပင့်ကူအိမ်တစ်ခုအဖြစ် ဖွဲ့စည်းသည်။
ရွှေရောင်မျက်လုံးတစ်လုံးက တောက်ပနေပြီး လေဟာနယ်ကို ချုပ်နှောင်ထားသည်။
“မင်းထွက်သွားလို့မရဘူး”
ခေးအော့၏ ပုတီးစေ့က ပြောလိုက်သည်။
ရွှေရောင်ချပ်ဝတ်နှင့် ရုပ်သေးရုပ်က လက်မြှောက်ပြီး လှံဖြင့် ပင့်ကူအိမ်ကို ဖျက်ဆီးသည်။
သို့သော် ချက်ချင်းဆိုသလိုပင် ပင့်ကူအိမ်က ချက်ချင်း ပြန်ပေါ်လာသည်။
အစစ်အမှန်နှင့် ပုံရိပ်ယောင်၏ ကူးပြောင်းမှုသည် အလွန်ချောမွေ့နေသည်။
ထိုအရာသည် ခေးအော့၏ မှော်စွမ်းရည်သာမက ဝင်္ကပါဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီး ရရှိထားသော ဝင်္ကပါ၏ ကောင်းချီး ဖြစ်သည်။
ရွှေရောင်ချပ်ဝတ်နှင့် ရုပ်သေးရုပ်က ပင့်ကူအိမ်၏ရှေ့တွင် ရပ်နေပြီး တုံ့ဆိုင်းသွားသည်။ ထို့နောက် ဦးတည်ချက်ပြောင်းပြီး တခြားနေရာကို လှံဖြင့် ထိုးခွဲသည်။
သူ၏ ရည်ရွယ်ချက်က တိုက်ခိုက်ရန် မဟုတ်ပေ။ ထွက်ပြေးရန်သာ ဖြစ်သည်။
ထိုအရာသည် ကြယ်စင်စုစကြဝဠာတွင် နှစ်ပေါင်းများစွာကြာအောင် ရှင်သန်လာသော ကမ္ဘာဦးရုပ်သေးရုပ်များ၏ အလိုလိုသိစိတ် ဖြစ်သည်။
ထိန်းချုပ်ထားသောလူက ထွက်ပြေးသွားသောကြောင့် ရုပ်သေးရုပ်ကလည်း ထွက်ပြေးမည်္။
ရုပ်သေးရုပ်က မည်မျှပင် သန်မာပါစေ ထိန်းချုပ်ထားသောလူ မရှိလျှင် ခွန်အားအပြည့်ကို ထုတ်မသုံးနိုင်ပေ။
ရုပ်သေးသခင် မရှိလျှင် ရုပ်သေးရုပ်၏ ခွန်အားက အလွန်လျော့နည်းသွားမည်။
ရုပ်သေးရုပ်က လှံရှည်ဖြင့် လေဟာနယ်ကို ထိုးခွဲလိုက်ပြီး ပြေးဝင်သွားသည်။
“ဘန်း’
ရွှေမီးတောက်များသည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး အက်ကွဲကြောင်းထဲမှ ဆွဲထုတ်သည်။
ခမ်းနားသော ရွှေကျီးကန်းက တောင်ပံဖြန့်ပြီး ကောင်းကင်နှင့်မြေကြီး၏ မိုင်သောင်းချီပတ်ဝန်းကျင်ကို ဖုံးကွယ်ထားသည်။
အဆုံးမရှိသော ရွှေကျီးကန်းမီးတောက်သည် ရုပ်သေးရုပ်ကို လွှမ်းခြုံထားသည်။
နတ်ဘုရားသားရဲများကြားတွင် မဟာနေမင်းရွှေကျီးကန်းသည် မူလကမ္ဘာခေတ်၏ အုပ်ချုပ်သူအဆင့်သားရဲများထက် တစ်ဆင့်သာနိမ့်သည်။
ဘေးတွင်ရပ်နေသော ဟန်မူယဲ့က တုန်ခါနေသော ကောင်းကင်ခွဲလှံကို ခံစားကြည့်နိုင်သည်။
ရွှေကျီးကန်းနှင့် ခေးအော့တို့က ကြယ်စင်စုစကြဝဠာနှင့် ယှဉ်နိုင်သော မူလစကြဝဠာ၏ စွမ်းအားကို ကောင်းကင်ခွဲလှံ မြင်နိုင်အောင် တမင်သက်သက် ထုတ်ပြနေပုံရသည်။
ကောင်းကင်ခွဲလှံက စကြဝဠာအဆင့်လက်နက် ဖြစ်သော်လည်း မဟာနေမင်းရွှေကျီးကန်းနှင့် ယှဉ်နိုင်ရုံသာ ဖြစ်သည်။ ခေးအော့နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုတို့ထက် အနည်းငယ်သာ အားကောင်းသည်။
စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့် ရုပ်သေးသခင်တို့က အထွတ်အထိပ်အချိန်တွင် မူလစကြဝဠာ၏ ထိပ်တန်းအဆင့် နတ်ဘုရားသားရဲများကို ဖိနှိပ်နိုင်လိမ့်မည်။
သို့သော် ကြယ်စင်စုစကြဝဠာတွင် ထိုကျွမ်းကျင်သူများ သိပ်မရှိပေ။
“ဘန်း”
ရွှေကျီးကန်းမီးတောက်၏ လွှမ်းခြုံမှုကို ခံထားရသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်က လွင့်ထွက်လာသည်။ သူ့တစ်ကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများကို မြင်ရသည်။
သူ့မျက်လုံးထဲတွင်ရှိသော အလင်းရောင်ကလည်း အနည်းငယ် မှိန်ဖျော့သွားသည်။
ရုပ်သေးရုပ်က ခပ်အုပ်အုပ် ဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ဆီသို့ ပျံသန်းလာသည်။
ဟန်မူယဲ့က အဓိကသော့ချက်ဖြစ်ကြောင်း သူနားလည်သည်။
ဟန်မူယဲ့မရှိလျှင် သူက ထွက်သွားနိုင်လိမ့်မည်။
ဟန်မူယဲ့က ပြေးဝင်လာသော ဧရာမရုပ်သေးရုပ်ကို ကြည့်လိုက်ပြီး ပြုံးသည်။ ထို့နောက် လေပြေလေညင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ရွှပ်”
ဓာတ်စင်ငါးပါးမီးပြင်းဖိုက ရွှေရောင်ချိန်းကြိုးများကို ထုတ်လွှတ်ပြီး ရုပ်သေးရုပ်ကို ချုပ်နှောင်သည်။
ချိန်းကြိုးများက သိပ်မသန်မာသောကြောင့် ချက်ချင်း ပြတ်တောက်သွားသည်။ သို့သော် ခေးအော့၏ ပင့်ကူအိမ်က နောက်တစ်ကြိမ်ပေါ်လာပြီး ရုပ်သေးရုပ်ကို တားဆီးပြန်သည်။
သူတို့က သိပ်မသန်မာသောကြောင့် ကမ္ဘာဦးရုပ်သေးရုပ်က ခုခံနိုင်သည်။
သို့သော် သူတို့၏ နှောင့်ယှက်မှုကြောင့် ရုပ်သေးရုပ်၏ အမြန်နှုန်းက လျော့ကျသွားသည်။
“ဘုန်း”
ဟန်မူယဲ့က ရုပ်သေးရုပ်၏နောက်တွင် ပေါ်လာပြီး လက်သီးဖြင့် ထိုးသည်။
ထိုလက်သီးချက်သည် နဂါးမိကျောင်း၏ ခွန်အားကို သယ်ဆောင်ထားသည်။ ရုပ်သေးရုပ်က တစ်ဖက်သို့ လှည့်ချင်သော်လည်း နောက်ကျသွားသည်။
သူက လက်သီးချက်ကြောင့် လွင့်ထွက်သွားသည်။
ရုပ်သေးရုပ်က ဟန်ချက်ပျက်သွားခဲ့သည်။
ဟန်မူယဲ့က လက်မြှောက်သည်။ ကောင်းကင်ခွဲလှံက ရုပ်သေးရုပ်နှင့် မီလာပြီး နောက်ကျောကို ပြင်းထန်စွာ ထိုးချသည်။
“ဂျွတ်”
လှံရှည်က ရုပ်သေးရုပ်ကို ထိုးဖောက်ပြီး ချုပ်နှောင်ထားလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့၏ပုံရိပ်က ထပ်ပေါ်လာပြီး လက်သီးဖြင့် ထိုးပြန်သည်။
“ဘုန်း”
ရုပ်သေးရုပ်၏ နောက်ကျောက လက်သီးချက်ကြောင့် ပျက်စီးသွားသည်။
ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်သည် ဟန်မူယဲ့၏ လက်သီးချက်ကို မခုခံနိုင်ခဲ့ပေ။
သိပ်မဝေးသောနေရာတွင် ရွှေကျီးကန်း၊ ခေးအော့နှင့် တခြားလူများက ခံစားချက်များနှင့်အတူ ကြည့်နေကြသည်။
အဝေးတစ်နေရာတွင်ရှိသော ရေခဲလမြို့၏ ကျွမ်းကျင်သူများက အံ့အားသင့်နေကြသည်။
သူတို့၏ မြို့သခင်က အလွန်အားကောင်းသည်။
ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို လက်သီးချက်ဖြင့် ဒဏ်ရာရသွားအောင် လုပ်နိုင်သောကြောင့် သူ၏ ရုပ်ခန္ဓာစွမ်းအားက အနည်းဆုံး ကမ္ဘာဦးအဆင့်တွင် ရှိနေလိမ့်မည်။
ထိုကျွမ်းကျင်သူမျိုးသည် အလွန်ရှားပါးသည်။
ယခုခေတ်တွင် ခန္ဓာကိုယ်ကို လေ့ကျင့်ထားသော ကျင့်ကြံသူများ သိပ်မရှိတော့ပေ။ ချပ်ဝတ်နှင့် ရုပ်သေးရုပ်ကိုသာ မှီခိုကြသည်။
“ဝီ”
ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်က တုန်ခါနေပြီး ရှစ်ပေအရပ်မြင့်သော ရွှေရောင်ချပ်ဝတ်နှင့် စစ်သူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ရှိနေသည်။
ထိုစစ်သူကြီးက လက်ကို ဆန့်ထုတ်ပြီး ကောင်းကင်ခွဲလှံကို ဖြည်းဖြည်းချင်း ဆွဲထုတ်သည်။
လှံရှည်က တုန်ခါနေပြီး သူ၏ ဆုပ်ကိုင်မှုကို ချိုးဖောက်၍ ဘေးသို့ ပျံသန်းသွားသည်။
ဟန်မူယဲ့က လှံရှည်ကို ထပ်မသုံးခဲ့ပေ။ သူက ဓားတစ်လက်ကို ထုတ်ယူသည်။
အစိမ်းရောင်ကံကြမ္မာဓား ဖြစ်သည်။
နောက်ထပ် ခရမ်းရောင် ဓားတိုတစ်လက်ကလည်း သူ့ဘေးတွင် ပျံသန်းနေသည်။
ခရမ်းရောင်မီးတောက်ဓား ဖြစ်သည်။
ထိုဓားနှစ်လက်သည် အစစ်အမှန်လက်နက်များ ဖြစ်နေပြီး ကမ္ဘာဦးအဆင့်နှင့် သိပ်မဝေးတော့ပေ။
ဟန်မူယဲ့က ထိုဓားနှစ်လက်ကို အချိန်အတော်ကြာသည်အထိ မသုံးခဲ့ပေ။
ဓားနှစ်လက်သည် အံ့ဖွယ်ကိုးပါးတောင်မှတစ်ဆင့် သူ့နောက်သို့ လိုက်လာခဲ့သည်။
သူက မရေမတွက်နိုင်သော နည်းစနစ်များကို အသုံးပြုပြီး ဓားနှစ်လက်ကို အဆုံးစွန်အထိ တိုးမြှင့်ပေးခဲ့သည်။
သူတို့က အထွတ်အထိပ်သို့ ရောက်နေသည်။ ဆက်လက် တိုးတက်မလာနိုင်တော့ပေ။
“ခလွမ်”
ဓားနှစ်လက်က ပျော်ရွှင်နေသကဲ့သို့ တုန်ခါနေသည်။
အစိမ်းရောင်ကံကြမ္မာဓားက ထိုးသွင်းလိုက်ပြီး ခရမ်းရောင်မီးတောက်ဓားက ရုပ်သေးရုပ်၏နောက်တွင် ပေါ်လာသည်။
ရုပ်သေးရုပ်က အစိမ်းရောင်ကံကြမ္မာဓားကို တားဆီးထားသော်လည်း ခရမ်းရောင်မီးတောက်ဓားကို မတားနိုင်ခဲ့ပေ။
အသံတစ်သံနှင့်အတူ ရုပ်သေးရုပ်က တုန်ခါသွားသည်။
“ရွှပ်”
တားဆီးခံထားရသော အစိမ်းရောင်ကံကြမ္မာဓားက တစ်ဖက်သို့ လှည့်လိုက်ပြီး ရုပ်သေးရုပ်၏ လက်မောင်းတွင် မီးပွားများကို ထွက်လာစေသည်။
ရုပ်သေးရုပ်၏ လက်သီးချက်က လေဟာနယ်ကိုသာ ထိတွေ့သွားသည်။
အစိမ်းရောင်ကံကြမ္မာဓားသည် ရုပ်သေးရုပ်၏လည်ပင်းကို ဖိထားပြီး မျက်စိကျိန်းလောက်သော မီးပွားများကို ဖြစ်ပေါ်လာစေသည်။ ခရမ်းရောင်မီးတောက်ဓားက ညင်သာသောအသံနှင့်အတူ ရုပ်သေးရုပ်၏ ဦးခေါင်းကို တိုက်ခိုက်သည်။
“ဒေါင်”
ရေခဲလမြို့မှ ကျွမ်းကျင်သူများ၏အမြင်တွင် ရုပ်သေးရုပ်သည် ဓားနှစ်လက်ကိုင်ထားသော စစ်သည်တစ်ယောက်၏ ဆော့ကစားခြင်းကို ခံနေရသော ကလေးတစ်ယောက်နှင့် ဆင်တူသည်။
ရုပ်သေးရုပ်၏ တိုက်ခိုက်မှုတိုင်းက လွဲချော်နေသည်။
ဟန်မူယဲ့၏ရှေ့တွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်က ခုခံရန် မတတ်နိုင်ခဲ့ပေ။
“ဂါး ....”
ရုပ်သေးရုပ်က ခြိမ်းခြောက်မှုကို ခံစားလိုက်ရသောကြောင့် ဟိန်းဟောက်ပြီး ထွက်ပြေးသည်။
ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကပင် ဟန်မူယဲ့၏ပြိုင်ဘက် မဟုတ်ခဲ့ပေ။
ယခုအချိန်တွင် ဟန်မူယဲ့က ကမ္ဘာဦးချပ်ဝတ်ကို ထုတ်သုံးမထားပေ။ သူက ဓားနည်းစနစ် တစ်ခုတည်းဖြင့် ရုပ်သေးရုပ်ကို အကူအညီမဲ့သွားစေသည်။
ထိုအရာသည် သူ၏ စွမ်းအား ဖြစ်သည်။
“ဘန်း”
ရုပ်သေးရုပ်က ထွက်မပြေးနိုင်ခင် အသင့်စောင့်နေသော ကောင်းကင်ခွဲလှံက တိုက်ခိုက်ခဲ့သည်။
ရုပ်သေးရုပ်၏ ခန္ဓာကိုယ်က ယိမ်းယိုင်နေပြီး ရပ်တန့်သွားသည်။
“အဲဒီကောင်လေးက မြန်မြန်သင်ယူနိုင်တာပဲ”
ရွှေရောင်ငှက်အဖြစ် ပြောင်းလဲထားသော မဟာနေမင်းရွှေကျီးကန်းက တောင်ပံခတ်လိုက်ပြီး တကျီကျီအသံပေးနေသည်။
“ဟူး .... ဒီနေ့ခေတ် လူတွေကတော့ ဒီလိုပါပဲ”
ခေးအော့က ပင့်ကူအိမ်ကို သိမ်းလိုက်ပြီး သက်ပြင်းချလျက် ပြောသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး မလှုပ်ရှားနိုင်သော ကမ္ဘာဦးရုပ်သေးရုပ်ကို ဆွဲယူ၍ ရေခဲလမြို့သို့ ပြန်လာခဲ့သည်။
သူက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ဖမ်းဆီးခဲ့သည်။
ရေခဲလမြို့၏ ကျွမ်းကျင်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မြို့ထဲသို့ လျင်မြန်စွာ ပြန်ရောက်လာသည်။
သူတို့၏ မြို့သခင်က စိတ်ကူးမယဉ်နိုင်အောင် သန်မာသည်။
ဟန်မူယဲ့က ခန်းဆောင်ထဲသို့ ပြန်ရောက်လာပြီး ရုပ်သေးရုပ်ကို တစ်စစီ ဖြုတ်သည်။
ရုပ်သေးရုပ်၏ မှတ်ဉာဏ်များသည် ဟန်မူယဲ့ဆီသို့ ရောက်လာကြသည်။
ဤရုပ်သေးရုပ်ကို မျိုးဆက်သစ်များက ဖန်တီးခဲ့ကြသည်။
ရုပ်သေးရုပ်က ကမ္ဘာဦးအဆင့် ဖြစ်သော်လည်း ရှေးခေတ်၏ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များနှင့် ကွာခြားသည်။
ဥပမာအနေဖြင့် ဤရုပ်သေးရုပ်ကို တစ်ယောက်တည်း ထိန်းချုပ်ခြင်းထက် လူအများနှင့် ထိန်းချုပ်ခြင်းက ပိုကောင်းသည်။
အသုံးပြုထားသော ဝိညာဉ်သတ္တုများကလည်း ရှေးခေတ်နှင့် မယှဉ်နိုင်ပေ။
ထိုအရာသည် ယနေ့ခေတ်၏ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် ဖြစ်သည်။
ထိုရုပ်သေးရုပ်၏ တိုက်ခိုက်နိုင်စွမ်းသည် ရေခဲလမြို့၏ ကမ္ဘာဦးအဆင့်ရုပ်သေးရုပ်များနှင့် မယှဉ််နိုင်လောက်သော်လည်း ထိန်းချုပ်ရန် ပိုမိုလွယ်ကူသည်။
ရုပ်သေးရုပ်၏ မှတ်ဉာဏ်ထဲတွင် သိမ်းငှက်စိမ်းမြို့နှင့် ပတ်သတ်သော အကြောင်းအရာများကို မြင်လိုက်ရသည်။
သူက သိမ်းငှက်စိမ်းမြို့သို့ သွားရောက်ပြီး စကြဝဠာအဆင့် ရုပ်သေးရုပ်၏ ဗဟိုချက်ကို သိမ်းဆည်းသင့်သည်။
သို့သော် အလျင်လိုရန် မလိုအပ်ပေ။