အခန်း (၁၂၈၂)
Vol. 92 Ch. 1282
ထို့နောက် ဟန်မူယဲ့၏ မျက်နှာထားက လေးနက်လာပြီး ကျင်းဟွေတို့ကို ကြည့်သည်။
“အခု ငါက ပေါင်းစပ်ရုပ်သေးရုပ်ရဲ့ နည်းလမ်းအတွက် မူပိုင်ခွင့်လျှောက်တော့မယ်”
“အနာဂတ်မှာ ပေါင်းစပ်ရုပ်သေးရုပ်က ရေခဲလမြို့ရဲ့ အကြီးမားဆုံးစီးပွားရေး ဖြစ်လာလိမ့်မယ်”
ဟန်မူယဲ့က တံဆိပ်ပြားနှစ်ခုကို ရင်ဘတ်တွင် ချိတ်ထားလိုက်ပြီး လေးနက်စွာ ပြောသည်။
အဆင့်ကိုး ပန်းပဲညာရှင် တံဆိပ်ပြားနှင့် မူပိုင်ခွင့် ပန်းပဲပညာရှင်တံဆိပ်ပြားတို့ ဖြစ်ကြသည်။
အဆင့်ကိုးပန်းပဲပညာရှင်သည် ကျွမ်းကျင်မှုရှိသည်။ သို့သော် ကမ္ဘာဦးရုပ်သေးရုပ်များကို ပေါင်းစပ်ခဲ့သော ဟန်မူယဲ့၏စွမ်းရည်နှင့် မယှဉ်နိုင်ပေ။
“အရင်တုန်းက အဆင့်ကိုးအဖြစ် စာရင်းသွင်းခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ဌာနချုပ်ကို မသွားဖြစ်တော့ဘူး”
ဟန်မူယဲ့က ကျင်းဟွေတို့ကို ရှင်းပြလိုက်ပြီး ဝင်္ကပါကို တည်ဆောက်သည်။
ရေခဲလမြို့သည် အစည်းအရုံးများနှင့် ဆက်သွယ်ထားသော ဝင်္ကပါကို ပိုင်ဆိုင်သည်။
သို့သော် နောက်ပိုင်းတွင် ရေခဲလမြို့က ကျဆင်းလာပြီး အစည်းအရုံးလေးခု၏ ကျွမ်းကျင်သူများက ရေခဲလမြို့ကို မျက်စိကျနေကြသည်။ ထို့ကြောင့် ကျင်းဟွေနှင့် တခြားလူများက ဆက်သွယ်ရေးဝင်္ကပါများကို ဖျက်ဆီးခဲ့သည်။
ထို့ကြောင့် ရေခဲလမြို့က ပြင်ပလောကနှင့် အဆက်ပြတ်သွားသော်လည်း အချိန်တစ်ခုအထိ လုံခြုံနေခဲ့သည်။
ယခုအချိန်တွင် ဟန်မူယဲ့က မူပိုင်ခွင့်လျှောက်ထားရန်အတွက် ဝင်္ကပါများကို ပြန်ပြင်နေသည်။
ကံကောင်းစွာဖြင့် သူက ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံး၏ ခေါင်းဆောင် ဖြစ်ပြီး ဆက်သွယ်ရေးဝင်္ကပါများနှင့် ရင်းနှီးနေသည်။ ထိုသို့မဟုတ်လျှင် ဝင်္ကပါကို ဖွဲ့စည်းနိုင်မည်မဟုတ်ပေ။
လူအနည်းငယ်ကသာ ထိုဝင်္ကပါများကို တည်ဆောက်နိုင်ကြသည်။
ထို့ကြောင့် ကျင်းဟွေနှင့် တခြားလူများက ပိုသိချင်နေကြသည်။
သူတို့၏ မြို့သခင်က အဆင့်ကိုးသာ ဖြစ်သော်လည်း ဝင်္ကပါကို တည်ဆောက်နိုင်သည်။
“ဝီ”
ခန်းဆောင်ထဲတွင် ဝင်္ကပါက အသက်ဝင်လာပြီး အလင်းတိုင်များကို ထုတ်လွှတ်သည်။
ချက်ချင်းဆိုသလိုပင် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ခုနစ်ယောက် ပေါ်လာသည်။
တချို့က ပန်းပဲလုပ်ငန်းစဉ်အတွက် ပစ္စည်းကိရိယာများကို ကိုင်ထားပြီး တချို့က စာအုပ်များကို ကိုင်ထားသည်။ တချို့ကတော့ ညအိပ်ဝတ်စုံနှင့် ဖြစ်နေသည်။
ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် လူတိုင်းက အံ့အားသင့်သွားသည်။
“ဆရာဟန်လား”
“ဆရာဟန်က မူပိုင်ခွင့်ဝင်္ကပါကို အသက်သွင်းလိုက်တာလား”
“ဆရာဟန်က လုပ်လိုက်တာဆိုရင် လာနေစရာမလိုပါဘူး။ စကားနည်းနည်းလောက် ပြောလိုက်ရင် မူပိုင်ခွင့်ကို ရသွားမှာပဲ”
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက ဟန်မူယဲ့နှင့် ရင်းနှီးနေပုံရသည်။ သူတို့က ထိုင်ချလိုက်ပြီး စကားပြောနေသည်။
ထိုမြင်ကွင်းကြောင့် ကျင်းဟွေနှင့် တခြားလူများက စိတ်ရှုပ်ထွေးသွားသည်။
သူတို့က ပန်းပဲပညာရှင်များ မဟုတ်သော်လည်း ပန်းပဲပညာရှင်လောကကို အနည်းငယ် နားလည်သည်။
အထူးသဖြင့် မူပိုင်ခွင့်လျှောက်ထားရာတွင် စည်းကမ်းတင်းကျပ်သည်။
သို့သော် ယခုအချိန်တွင် သူတို့၏ မြို့သခင်က နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များနှင့် ပေါ့ပါးစွာ စကားပြောနိုင်သည်။
“ဒီနေ့ ဘာအတွက် လျှောက်ထားမှာလဲ ဆရာဟန်”
“ဒါနဲ့ ဆရာဟန် မူမင်မြို့ရဲ့ မူမင်ကျောင်းတော်က ဒီနှစ်မှာ တီထွင်မှုတချို့ လုပ်ထားတယ်။ သူတို့က ဆရာဟန်ကို ဖမ်းစားနိုင်လောက်တယ်”
အခွင့်အာဏာရှိပြီး ဘက်မလိုက်သော မူပိုင်ခွင့်လျှောက်ထားမှု၏ ဒိုင်လူကြီးများက ဟန်မူယဲ့ကို အလွန်ယဉ်ကျေးနေကြသည်။
မတတ်နိုင်ပေ။ ဟန်မူယဲ့က အကြီးစားရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။
ယခုနှစ်၏ တီထွင်မှုဆုကြေး သန်းတစ်သိန်းကိုလည်း ခွဲဝေမပေးရသေးပေ။
“ဆရာချန်မြောင်နဲ့ တခြားလူတွေကို ကြည့်ခိုင်းလိုက်ပါမယ်။ လုံလောက်အောင် တီထွင်နိုင်စွမ်းရှိတယ်ဆိုရင် သူတို့က ကျော်သွားမှာမဟုတ်ပါဘူး”
ဟန်မူယဲ့၏စကားကြောင့် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်က ပြုံးသည်။
ကျန်လူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး မူပိုင်ခွင့်လျှောက်ထားမည့် ဟန်မူယဲ့၏ ပန်းပဲပညာရှင်ကို စောင့်နေကြသည်။
ဤဖြစ်ရပ်မျိုးသည် လွန်ခဲ့သောနှစ်များတွင် မကြာခဏ ဖြစ်ခဲ့သည်။
ဟန်မူယဲ့က ဝင်္ကပါကို အသက်သွင်းပြီး အလုပ်ရုံ၏ ပန်းပဲပညာရှင်များကို မူပိုင်ခွင့် လျှောက်ထားစေသည်။
လက်ရှိအချိန်တွင် ကျူကျင်းကုန်သွယ်ရေးအဖွဲ့က မူပိုင်ခွင့်ပန်းပဲပညာရှင် နှစ်ထောင်ခန့်ကို ပိုင်ဆိုင်ထားသည်။
အများစုက အဏုကြည့်မျက်လုံးနှင့် ပတ်သတ်နေသည်။
ထိုမူပိုင်ခွင့်မျိုးကို လူအများက ဝယ်ယူချင်ကြသည်။
ယခုနှစ်များတွင် ဟန်မူယဲ့က အလုပ်ရုံကို သိပ်ဂရုမစိုက်တော့ပေ။ မူပိုင်ခွင့်လျှောက်ထားမှုကို ချန်မြောင်နှင့် မာနဉ်ယွမ်တို့က စီစဉ်ပေးသည်။
ပထမဆုံး ပွပေါက်တိုးသွားသော ယုချန်တောက်ကတော့ ကျောင်းတော်တစ်ခုတွင် ပညာသင်ကြားနေသည်။
အလုပ်ရုံတွင်ရှိသော သူ၏ ရာထူးကို ကျောင်းတော်မှ ပြန်လာသည်အထိ ထိန်းသိမ်းပေးထားသည်။
“ဒီနေ့မှာ ကျွန်တော်က မူပိုင်ခွင့်လျှောက်ထားမှာပါ”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင် ခုနစ်ယောက်က ကြောင်အသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က မူပိုင်ခွင့်လျှောက်ထားခြင်းကို မရပ်တန့်ခဲ့ပေ။
သူက အဏုကြည့်မျက်လုံးကို ဖန်တီးပြီး အစည်းအရုံး၏ အချမ်းသာဆုံး ပန်းပဲပညာရှင် ဖြစ်လာသည်။
ထို့နောက် သူက အလွန်ကောင်းမွန်သော ဒါဇင်ချီနေသည့် မူပိုင်ခွင့်များကို လျှောက်ထားခဲ့သည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်တွင် ဟန်မူယဲ့က မူပိုင်ခွင့်ကို ထပ်မလျှောက်တော့ပေ။
“ဆရာဟန်က တကယ်ပြောနေတာလား”
ရွှေရောင်သရဖူနှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်က မတ်တပ်ရပ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
တခြားလူများ၏ မျက်နှာထားကလည်း လေးနက်လာသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“အဟမ်း။ ဆရာဟန်၊ ခဏလောက် စောင့်ပေးပါအုံး။ အကြီးအကဲတွေကို ဖိတ်ခေါ်လိုက်အုံးမယ်”
“ဆရာဟန်၊ ပြန်သွားပြီး အဝတ်လဲလိုက်အုံးမယ်။ ပြီးရင် ပြန်လာခဲ့မယ်”
ချက်ချင်းဆိုသလိုပင် ဒိုင်လူကြီးခုနစ်ယောက်က ပျောက်ကွယ်သွားသည်။
ထိုမြင်ကွင်းကြောင့် ကျင်းဟွေနှင့် တခြားလူများက အံ့အားသင့်နေကြသည်။
‘မြို့သခင်က ပန်းပဲပညာရှင်အစည်းအရုံးမှာ ဘယ်လိုအဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားတာလဲ’
ပန်းပဲပညာရှင်အစည်းအရုံးတွင် ခေါင်းဆောင်မရှိပေ။ အကြီးအကဲများကသာ အာဏာရှိသည်။
ကိစ္စရပ်များအားလုံးကို အကြီးအကဲကောင်စီက ဆုံးဖြတ်ပေးသည်။
အကြီးအကဲများကို ပေါ်လာစေနိုင်သောလူက ကြယ်စင်စုစကြဝဠာ၏ ပန်းပဲပညာနည်းစနစ်ကို ပြောင်းလဲနိုင်သောလူ ဖြစ်လိမ့်မည်။
‘အဆင့်ကိုး ပန်းပဲပညာရှင်တစ်ယောက်ရဲ့ မူပိုင်ခွင့်က အကြီးအကဲတွေကို အသိပေးစရာမလိုဘူးမဟုတ်လား’
ဟန်မူယဲ့က တိတ်ဆိတ်စွာ စောင့်နေသည်။
ကျင်းဟွေနှင့် တခြားလူများကလည်း ဘေးတွင် ရပ်နေကြသည်။
ခဏအကြာတွင် ပုံရိပ်အများအပြား ပေါ်ထွက်လာသည်။
ထိုလူများက ထူးခြားသောအငွေ့အသက်ကို ထုတ်လွှတ်ပြီး အံ့အားသင့်စရာကောင်းသော အရှိန်အဝါကို သယ်ဆောင်ထားသည်။
ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် သူတို့က နှုတ်ဆက်ပြီး နေရာတွင် ထိုင်လိုက်ကြသည်။
ပျောက်ကွယ်သွားခဲ့သော ဒိုင်လူကြီးခုနစ်ယောက်ကလည်း သပ်ရပ်သော အဝတ်အစားများဖြင့် ပြန်ပေါ်လာကြသည်။
ပုံရိပ်များသည် တစ်ခုပြီးတစ်ခု ဆင်းသက်လာသည်။
အစပိုင်းတွင် လူနှစ်ဆယ်မှ နောက်ပိုင်းတွင် လေးဆယ်၊ ရှစ်ဆယ်အထိ ရှိလာသည်။
အဆုံးတွင် ရာချီနေသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက မူပိုင်ခွင့်လျှောက်ထားမှုကို စောင့်ကြည့်ရန် ရောက်လာကြသည်။
ထို့အပြင် အလင်းလွှာ၏တစ်ဖက်တွင် လှုပ်ရှားနေသော ဝိညာဉ်အလင်းများလည်း ရှိနေသည်။
“ဆရာဟန်ရဲ့ မူပိုင်ခွင့်ကို မြို့ကြီးတွေရဲ့ ကျောင်းတော်တချို့ကလည်း စောင့်ကြည့်ချင်နေတယ်။ ဘယ်လိုသဘောရလဲ”
ကျောက်စိမ်းဖြူဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
သူက နှစ်ပေါင်းများစွာကြာအောင် တိတ်ဆိတ်နေသောကြောင့် လူတိုင်းက သူ၏ မူပိုင်ခွင့်လျှောက်ထားမှုကို ကြည့်ချင်နေကြသည်။
ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူ၏ မူပိုင်ခွင့်က အဏုကြည့်မျက်လုံးထက် အဖိုးတန်သော်လည်း အဆင့်နိမ့်ကျင့်ကြံသူများအပေါ်တွင် သက်ရောက်မှုသိပ်မရှိပေ။
အဆင့်ရှစ်နှင့် အဆင့်ကိုး ပန်းပဲပညာရှင်များကို အဓိကထားသည်။
ထို့အပြင် ဤတစ်ကြိမ် မူပိုင်ခွင့်သည် ပန်းပဲပညာရှင်အများအပြား၏ ပုံစံကို ပြောင်းလဲသွားစေလိမ့်မည်။
အလင်းလွှာများ၏နောက်တွင် ဒါဇင်ချီသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များ ထိုင်နေကြသည်။
“ဘုရားမြို့ရဲ့ ဆရာဟန်က မူပိုင်ခွင့်မလျှောက်တာ အရမ်းကြာနေပြီ။ ဒီတစ်ကြိမ်မှာတော့ သေချာပေါက် ထူးခြားလိမ့်မယ်”
“အရင်တစ်ခေါက်တုန်းက တံခါးပိတ်ကျင့်ကြံနေတဲ့အတွက် ဆရာဟန်ရဲ့ မူပိုင်ခွင့်လျှောက်ထားမှုကို လွဲချော်သွားတယ်။ ဒီတစ်ကြိမ်မှာတော့ သေချာလေ့လာရမယ်”
အလင်းလွှာ၏နောက်တွင်ရှိသော ပန်းပဲပညာရှင်များအားလုံးက ဟန်မူယဲ့ကို အာရုံစိုက်ထားကြသည်။
ကျင်းဟွေနှင့် တခြားလူများက အသံမထွက်ရဲတော့ပေ။
ပန်းပဲပညာရှင်အစည်းအရုံးသည် တခြားအစည်းအရုံးများထက် တိုက်ခိုက်နိုင်စွမ်းတွင် အားနည်းသော်လည်း ကြယ်စင်စုစကြဝဠာ၏ ကျင့်ကြံခြင်းလောကကို ဦးဆောင်ထားသည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များ မရှိလျှင် အမွေအနှစ် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များ ပျောက်ကွယ်သွားလိမ့်မည်။
ပန်းပဲပညာရှင်အစည်းအရုံး၏ ကျွမ်းကျင်သူများသည် နေရာတိုင်းတွင် လေးစားခံရသည်။
ယခုအချိန်တွင် အလွန်များပြားသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက သူတို့၏ မြို့သခင်ကို စောင့်ကြည့်ရန်အတွက် ရောက်လာကြသည်။
အလွန်အမင်း ကြီးကျယ်ခမ်းနားနေသည်။
သူတို့က ပန်းပဲပညာရှင်အစည်းအရုံး၏ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများအား စုစည်းစေနိုင်သော မြို့သခင်၏ ပန်းပဲပညာစွမ်းရည်ကို ပိုသိချင်လာသည်။
အမျိုးမျိုးသော ဝိညာဉ်သတ္တုများသည် ဟန်မူယဲ့၏ရှေ့တွင် စုစည်းလာသည်။
ထို့နောက် သောင်းချီသော မီးတောက်များ ပေါ်ထွက်လာသည်။
စောင့်ကြည့်နေသော လူအားလုံးက နတ်ဘုရားအဆင့် ဖြစ်သော်လည်း မျက်လုံးများ တောက်ပလာသည်။
“ဆရာဟန်က အခြေခံခိုင်မာတာပဲ”
“သောင်းချီတဲ့ နတ်ဘုရားမီးတောက်တွေကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်တယ်။ သူ့ရဲ့ ဝိညာဉ်စွမ်းအားက ပန်းပဲပညာရှင်တွေကြားမှာ ထိပ်တန်းအဆင့်ပဲ”
လူတိုင်းက ဟန်မူယဲ့၏ ပန်းပဲပညာစွမ်းရည်ကို သံသယမဝင်ကြတော့ပေ။
သူက ဂုဏ်သတင်းနှင့် ထိုက်တန်သည်။
ကျင်းဟွေနှင့် တခြးလူများက ဝိညာဉ်သတ္တုများအား လွှမ်းခြုံလိုက်သော မီးတောက်များကိုကြည့်၍ မျက်လုံးပြူးသွားကြသည်။
အမျိုးမျိုးသော ဝိညာဉ်သတ္တုများကို အလွှာလိုက် သန့်စင်ခဲ့သည်။ မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်လာသည်။
ဟန်မူယဲ့က ပန်းပဲအလုပ်ရုံတွင် ထောင်ချီသောလူများ၏ လုပ်ငန်းစဉ်ကို တစ်ယောက်တည်း လုပ်ဆောင်ခဲ့သည်။
ထိုသို့ အစိတ်အပိုင်းအများအပြားကို သန့်စင်ခြင်းသည် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များအတွက် သိပ်မခက်ပေ။
သို့သော် ထိုအလုပ်သည် အဆင့်နိမ့်ပန်းပဲပညာရှင်များအတွက် ဖြစ်သည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက အဆင့်မြင့်အစိတ်အပိုင်းများကို ဖန်တီးကြသည်။ ထို့အပြင် နတ်ဘုရားအဆင့်နှင့် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ပြုပြင်ထိန်းသိမ်းသည်။
ရုပ်သေးရုပ်တစ်ရုပ်သည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်လာသည်။ သို့သော် မရေမတွက်နိုင်သော အစိတ်အပိုင်းများ ကျန်နေသေးသည်။
“အနည်းဆုံး အဆင့်ကိုးရုပ်သေးရုပ်လိုမျိုး အရည်အသွေးရှိတဲ့ အဆင့်ငါးရုပ်သေးရုပ်ပဲ”
“ဆရာဟန်က တစ်ခုခုကို ကြံစည်နေပြန်ပြီ”
ဟန်မူယဲ့၏ အပြုအမူနှင့် ရင်းနှီးသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက ပြုံးလိုက်ကြသည်။
လူတစ်ယောက်က မျက်လုံးများ တောက်ပနေပြီး တီးတိုးပြောသည်။
“ဒီရုပ်သေးရုပ်က ဝိညာဉ်သတ္တု အနည်းငယ်ကိုပဲ လိုအပ်တယ်။ ဆရာဟန်က အနည်းဆုံး ရုပ်သေးရုပ် နှစ်ဆယ်ကို သန့်စင်ဖို့ ကြိုးစားနေတာ ဖြစ်လိမ့်မယ်”
ရုပ်သေးရုပ် နှစ်ဆယ် ....
‘ရုပ်သေးရုပ်နှစ်ဆယ်ကို တစ်ခါတည်း သန့်စင်ပြီး ဘာလုပ်မှာလဲ’
‘ကျွမ်းကျင်မှုကို ထုတ်ပြဖို့လား’
လူတိုင်းက သိချင်နေကြသည်။
ဆရာဟန်က လှုပ်ရှားလိုက်သောကြောင့် အကြောင်းပြချက်တစ်ခု ရှိလိမ့်မည်။
ခဏအကြာတွင် ဒုတိယမြောက် ရုပ်သေးရုပ်ကို သန့်စင်ခဲ့သည်။
“ပထမတစ်ရုပ်နဲ့ ကွာခြားချက်မရှိဘူး။ ဗဟိုချက်ကပဲ နည်းနည်းလောက် ပြောင်းလဲသွားတယ်”
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ယောက်က တီးတိုးပြောသည်။
တခြားလူများကလည်း သတိထားမိသည်။