← Chapters

အခန်း (၁၂၈၄)

Vol. 92 Ch. 1284

အခန်း (၁၂၈၄)

Vol. 92 Ch. 1284

“ဘုန်း”

ပေါင်းစပ်ထားသော ကမ္ဘာဦးရုပ်သေးရုပ်က ဝိုင်းရံတိုက်ခိုက်မှုကြောင့် မခုခံနိုင်တော့ဘဲ ပြုတ်ကျလာသည်။

သူတော်စင်အဆင့် ပေါင်းစပ်ရုပ်သေးရုပ်ကလည်း ကြာကြာမခံခဲ့ပေ။ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် အဆင့်ငါးရုပ်သေးရုပ် နှစ်ဆယ်အဖြစ် ကွဲထွက်ပြီး ရင်ပြင်ပေါ်သို့ ရောက်လာသည်။

သင်္ဘောပျံသုံးစင်းက အတားအဆီးကို ကျော်ဖြတ်ပြီး ကမ္ဘာဦးရုပ်သေးရုပ် ဆယ်ရုပ်၊ ရာချီနေသော နတ်ဘုရားအဆင့်၊ သူတော်စင်အဆင့်များနှင့် ရေခဲလမြို့သို့ ဝင်ရောက်လာသည်။

“ရေခဲလမြို့က ငါတို့ သိမ်းငှက်စိမ်းမြို့ရဲ့လူတွေကို သတ်ရဲတယ်လား။ မင်းတို့က သေချင်နေတာပဲ”

ပုံရိပ်အများအပြား ဆင်းသက်လာပြီး မောက်မာစွာ ပြောသည်။

မည်သို့ပင်ဖြစ်စေ ရေခဲလမြို့က လေဟာနယ်သို့ ပြန်ရောက်လာသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ ဤနေရာတွင် အမျိုးမျိုးသော အရင်းအမြစ်များ ရှိနေသည်။

အထူးသဖြင့် ရေခဲလဖီးနစ်ငှက်၏ အမြုတေ ဖြစ်သည်။ ထိုပစ္စည်းကို ဝါးမြိုလိုက်လျှင် သိမ်းငှက်စိမ်းမြို့က အားကောင်းလာလိမ့်မည်။

သူတို့က အသန်မာဆုံးရုပ်သေးရုပ်ကို အနိုင်ယူပြီး မြို့ထဲသို့ ဝင်ရောက်လာနိုင်သောကြောင့် ရေခဲလမြို့ကို ဝါးမြိုနိုင်လိမ့်မည်။

လူတိုင်းက ရှေ့တွင်ရှိသော အဓိကခန်းဆောင်ကို ကြည့်လိုက်ကြသည်။

ခန်းဆောင်ထဲတွင်ရှိသော ဟန်မူယဲ့က လက်မြှောက်သည်။ ခန်းဆောင်၏ အမိုးခုံးက ပျောက်ကွယ်သွားပြီး ရွှေအလင်းကို ထုတ်လွှတ်သည်။

အသက်ဝင်နေသော မူပိုင်ခွင့်ဝင်္ကပါနှင့် ရာချီသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များကို မြင်လိုက်ရသည်။

“ဘာဖြစ် ....”

ဆင်းသက်လာသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများအားလုံးက ထိတ်လန့်သွားကြသည်။

‘ရာချီနေတဲ့ နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တွေလား’

‘ဘာဖြစ်နေတာလဲ’

ထိုပညာရှင်များက ပုံရိပ်သာဖြစ်သော်လည်း သူတို့ကို ကြောက်ရွံ့သွားစေရန် လုံလောက်သည်။

ပန်းပဲပညာရှင်များက တိုက်ခိုက်နိုင်စွမ်း မရှိသောလည်း ဖန်တီးနိုင်စွမ်း၊ ကြွယ်ဝမှုနှင့် အဆက်သွယ်တွင် အများအပြား သာလွန်သည်။

“အဟမ်း”

သိမ်းငှက်စိမ်းမြို့၏ အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲက ရာချီသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များကို ကြည့်လိုက်ပြီး ဆွံ့အနေသည်။

“သိမ်းငှက်စိမ်းမြို့လား”

‘အဲဒါက လေဟာနယ်ရဲ့ မြို့လေးတစ်မြို့ပဲ မဟုတ်ဘူးလား”

“သိမ်းငှက်စိမ်းမြို့မှာ ချူကျီရှန်း ရှိတယ်မဟုတ်လား”

နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် စကားပြောလိုက်သောကြောင့် သိမ်းငှက်စိမ်းမြို့၏ ကျွမ်းကျင်သူများက ထိတ်လန့်သွားကြသည်။

“ဆရာပိုင်လား”

နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်က ရှေ့တက်လာပြီး ရှေ့တွင်ရှိသော ပန်းပဲပညာရှင်ကို ကြည့်သည်။ သူက ဦးညွတ်လိုက်ပြီး ပြောသည်။

“ချူကျီရှန်းက ဆရာပိုင်ကို နှုတ်ဆက်ပါတယ်”

ထိုကျွမ်းကျင်သူက သိမ်းငှက်စိမ်းမြို့တွင် အဆင့်အတန်းမြင့်မားပုံရသည်။ တခြားလူများအားလုံးက နောက်ဆုတ်ပေးလိုက်ကြသည်။

“မင်းက သိမ်းငှက်စိမ်းမြို့ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်သွားပြီဆို။ အခု ဘာဖြစ်နေတာလဲ”

ဆရာပိုင်ဟုခေါ်သော ပန်းပဲပညာရှင်က အဆင့်အတန်းကို မှီခိုပြီး ချူကျီရှန်းကို မေးလိုက်သည်။

‘ဘာဖြစ်နေတာလဲ’

ချူကျီရှန်းက ဆွံ့အသွားသည်။

သူက ဘာပြောရမည်နည်း။

ဘေးတွင်ရပ်နေသော ဟန်မူယဲ့က ကျင်းဟွေကို လှည့်ကြည့်သည်။

ကျင်းဟွေက ဖြူဖျော့နေသော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်ပြီး လျင်မြန်စွာ ပြောသည်။

“ဒါက ဒီလိုရှိပါတယ်။ မြို့သခင်ဟန်ရဲ့ အကူအညီနဲ့ ရေခဲလမြို့က လေဟာနယ်ကို ရောက်လာခဲ့ပါတယ်”

“အဲဒီဖြစ်ရပ်က ပျော်စရာကောင်းပေမဲ့ သိမ်းငှက်စိမ်းမြို့က ထူးထူးဆန်းဆန်း တိုက်ခိုက်လာပြီး ရေခဲလမြို့ကို ဖျက်ဆီးချင်နေပါတယ်”

ကျင်းဟွေ၏မျက်နှာတွင် ခါးသီးမှုနှင့် မကျေနပ်ချက်ကို မြင်နိုင်သည်။

သူက သိမ်းငှက်စိမ်းမြို့မှ လူများ၏ ပထမအကြိမ် တိုက်ခိုက်မှုတွင် ဆုံးရှုံးခဲ့သော အရာများကို ပြောပြနေသည်။

ထို့နောက် သေသွားလျှင်ပင် သိမ်းငှက်စိမ်းမြို့ကို အညံ့ခံမည်မဟုတ်ကြောင်း ပြတ်သားစွာ ပြောခဲ့သည်။

နတ်ဘုရားအဆင့် ကျွမ်းကျင်သူများသည် ဉာဏ်များကြသည်။

ပန်းပဲပညာရှင်များက တည်ငြိမ်စွာ နားထောင်နေသည်။

လောကတွင် အစစ်အမှန် သနားညှာတာမှု မရှိပေ။

တစ်ဖက်လူက လုံလောက်စွာ ဆွဲဆောင်မှုရှိမှသာ သနားညှာတာမှုကို ရရှိနိုင်မည်။

ဥပမာအနေဖြင့် ယခုအချိန်တွင် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များ အားလုံးက ရေခဲလမြို့ကို ကာကွယ်ပေးလိမ့်မည်။

“ဆရာဟန်က အခုလေးတင်ပဲ ပေါင်းစပ်ရုပ်သေးရုပ်အတွက် မူပိုင်ခွင့်ကို လျှောက်ထားနေတာ။ အခုထိ မပြီးသေးဘူး။ ချူကျီရှန်း၊ မင်းတို့တွေ ထွက်သွားလို့ရပြီ”

ဆရာပိုင်က ချူကျီရှန်းနှင့် နောက်တွင်ရှိသော လူအားလုံးကို ကြည့်လိုက်ပြီး ပြောသည်။

“ထွက်သွားရမှာလား”

ချူကျီရှန်းက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

သူက အခြေအနေကို အပြည့်အဝ နားမလည်သော်လည်း ဤနေရာတွင်ရှိသော ပန်းပဲပညာရှင်များကို အာခံရန် မဖြစ်နိုင်ကြောင်း သဘောပေါက်သည်။

သူက အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲကို ကြည့်လိုက်သည်။ ထိုအကြီးအကဲက ချောင်းဟန့်လိုက်ပြီး ပြောသည်။

“အားလုံးပဲ လေဟာနယ်ရဲ့ စည်းကမ်းအရ အကျိုးဆက်မရှိဘဲ ထွက်သွားဖို့ မဖြစ်နိုင်ဘူး”

သူတို့က အားထုတ်ထားရပြီး လက်ဗလာနှင့် ပြန်သွားရလျှင် အဆင်မပြေပေ။

သူက ထိုဖြစ်ရပ်ကို လက်မခံချင်ပေ။

အနက်‌ရောင်ဝတ်စုံနှင့် အကြီးအကဲ၏ စကားကြောင့် ဆရာပိုင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

‘ငါ့ကို မျက်နှာသာမပေးချင်တာလား’

“စည်းကမ်းလား”

“မင်းက ငါ ပိုင်တင်းယွင်ကို မသိတာလား။ ကျူးဟွမ်မြို့ရဲ့ ကျူးဟွမ်ကျောင်းတော်ကို မကြားဖူးတာလား”

ဆရာပိုင်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

ကျူးဟွမ်မြို့ ....

လေဟာနယ်၏ အဓိကမြို့ကြီးတစ်မြို့ ဖြစ်သည်။

ကျူးဟွမ်ကျောင်းတော်သည် နာမည်ကြီးပြီး ခွန်အားကောင်းသည်။

ပိုင်တင်းယွင်က ကျူးဟွမ်ကျောင်းတော်၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

သိမ်းငှက်စိမ်းမြို့မှ အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲ၏ မျက်နှာထားက တောင့်တင်းသွားသည်။

“စည်းကမ်းအကြောင်း ပြောရမယ်ဆိုရင် အသစ်တက်လာတဲ့မြို့တွေကို နှစ်တစ်ထောင်ကြာသည်အထိ တိုက်ခိုက်ခွင့်မရှိဘူးမဟုတ်လား။ မင်းတို့ သိမ်းငှက်စိမ်းမြို့က စည်းကမ်းဖောက်ပြီး အရင်ဆုံး တိုက်ခိုက်ခဲ့တာမဟုတ်လား”

အပြာရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ခေါင်းမော့ပြီး ပြောလိုက်သည်။ သူ့ရင်ဘတ်တွင်ရှိသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တံဆိပ်ပြားက တောက်ပနေသည်။

“ငါက မူယန်ကျောင်းတော်ရဲ့ ကျောင်းအုပ် ဟန်ယိုမင်ပဲ”

“အဟမ်း၊ ငါက နတ်ဘုရားသတ်ကျောင်းတော်ရဲ့ ‌ကျောင်းအုပ် ချန်မူရှန်ပဲ”

နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။

ရင်ပြင်ထက်တွင်ရှိသော သိမ်းငှက်စိမ်းမြို့၏ ကျွမ်းကျင်သူများက မျက်နှာထားဆိုးဝါးနေသည်။

ဤအခြေအနေတွင် သူတို့က မည်သို့ လှုပ်ရှားနိုင်မည်နည်း။

သူတို့က လှုပ်ရှားလိုက်လျှင် ထိုပန်းပဲပညာရှင်များက အဆက်သွယ်ကို အသုံးချပြီး သိမ်းငှက်စိမ်းမြို့ကို ဖျက်ဆီးကြလိမ့်မည်။

သူတို့ ပြန်မရောက်ခင်မှာပင် သိမ်းငှက်စိမ်းမြို့က ပျက်စီးသွားနိုင်သည်။

“မြန်မြန်ထွက်သွားတော့။ ငါတို့က ဆရာဟန်ရဲ့ စစ်ဆေးမှုကို စောင့်ကြည့်ရအုံးမယ်”

နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ယောက်က စိတ်မရှည်တော့ဘဲ နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။

သူ့စကားကြောင့် တခြားလူများကလည်း ပြောလိုက်ကြသည်။

မူပိုင်ခွင့်လျှောက်ထားမှုက မပြီးသေးပေ။ ပေါင်းစပ်ရုပ်သေးရုပ်၏ ဗဟိုချက်နည်းစနစ်ကို ပြသရဦးမည်။

“သွားကြစို့”

သိမ်းငှက်စိမ်းမြို့၏ ကျွမ်းကျင်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“နေပါအုံး”

ထိုအချိန်တွင် ဟန်မူယဲ့က သူတို့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“မင်းတို့က အသစ်ရောက်လာတဲ့မြို့ကို အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ပြီး စည်းကမ်းဖောက်ခဲ့တယ်။ အဲဒါကို ဒီအတိုင်းပဲ ထွက်သွားတော့မှာလား”

ဟန်မူယဲ့၏ စကားကြောင့် ချူကျီရှန်းနှင့် တခြားလူများက ကြောင်အသွားကြသည်။

‘ငါတို့ကို ထွက်မသွားစေချင်ဘူးလား’

သိမ်းငှက်စိမ်းမြို့မှ ကျွမ်းကျင်သူများ၏ မျက်နှာထားက မည်းမှောင်နေသည်။

“မင်းက မြို့သခင်ဟန်ပဲ ဖြစ်ရမယ်”

ချူကျီရှန်း၏ ဘေးတွင်ရှိသော လူအိုကြီးက ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောသည်။

“ဒီနေ့မှာ ငါတို့က နောက်ဆုတ်သွားဖို့ သဘောတူခဲ့တယ်။ မင်းက ဘာကို လိုချင်သေးတာလဲ”

ထိုစကားသည် ခြိမ်းခြောက်မှု ဖြစ်သည်။

‘မင်းက ဒီလောက်များတဲ့ ပန်းပဲပညာရှင်တွေအားလုံးကို အချိန်တိုင်း စုစည်းထားနိုင်မှာလား’

‘မင်းတို့ရဲ့ ရေခဲလမြို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လို့လား’

လူအိုကြီး၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က တိတ်ဆိတ်နေသည်။

အနက်ရောင်ချပ်ဝတ်က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

ကမ္ဘာဦးအဆင့် ဖြစ်သည်။

လှံတစ်လက်သည် သူ့လက်ထဲတွင် ပေါ်လာသည်။

စကြဝဠာအဆင့် ဖြစ်သည်။

ကောင်းကင်ခွဲလှံက ခမ်းနားသော ရွှေအလင်းကို ထုတ်လွှတ်သည်။

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် ခြောက်ရုပ်က ဟန်မူယဲ့၏ ချပ်ဝတ်နှင့် ပေါင်းစပ်သွားသည်။ ပေငါးဆယ်မြင့်မားသော ရွှေရောင်ရုပ်သေးရုပ် ပေါ်လာသည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ခြောက်ရုပ်နှင့် ချပ်ဝတ်တစ်ခုက ပေါင်းစပ်သွားပြီး စကြဝဠာအဆင့် စွမ်းအားကို ဖော်ထုတ်သည်။

ရေခဲလမြို့၏ ကျင့်ကြံသူများအားလုံးက ဝိညာဉ်စွမ်းအားကို ထုတ်သုံးပြီး ပေါင်းစပ်ရုပ်သေးရုပ်ကို အားဖြည့်ပေးလိုက်ကြသည်။

ဟန်မူယဲ့၏ ပေါင်းစပ်ရုပ်သေးရုပ်က လှံကိုင်ထားပြီး မျက်လုံးများ တောက်ပနေသည်။

ရေခဲလမြို့က တုန်ခါလာပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက လှုပ်ရှားနေသည်။

ထိုအချိန်တွင် ဟန်မူယဲ့က အစစ်အမှန် စကြဝဠာအဆင့် စွမ်းအားကို ထိန်းချုပ်ထားသည်။

“မင်းတို့က ထွက်မသွားချင်ဘူးဆိုမှတော့ ရေခဲလမြို့မှာပဲ နေလိုက်ကြတော့”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောလိုက်ပြီး လှံရှည်ဖြင့် တိုက်ခိုက်သည်။

ပေါင်းစပ်ရုပ်သေးရုပ် ပေါ်လာသောအခါတွင် သိမ်းငှက်မြို့မှ ကျွမ်းကျင်သူများ၏ မျက်နှာထားက ပြောင်းလဲသွားသည်။

သူတို့က လှံရှည်တွင် ရှိနေသော အဆုံးမရှိသည့်စွမ်းအားကို ကြည့်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ လှည့်ထွက်သွားကြသည်။

သူတို့က ယခုအချိန်တွင် ထွက်မသွားလျှင် ထွက်သွားနိုင်တော့မည်မဟုတ်ပေ။

အရူးတစ်ယောက်ကသာ တခြားလူ၏ ပိုင်နက်ထဲတွင် စကြဝဠာအဆင့် ကျွမ်းကျင်သူနှင့် တိုက်ခိုက်လိမ့်မည်။

လှံရှည်သည် စည်းမျဉ်းစွမ်းအားကို သယ်ဆောင်ထားသည်။ ထွက်သွားချင်သော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက တားဆီးခံလိုက်ရသည်။

လှံထိပ်ဖျားက ရွှေအလင်းကို သယ်ဆောင်ထားပြီး နတ်ဘုရားအဆင့် ကျွမ်းကျင်သူဆယ်ယောက်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခဲ့သည်။

လှံရှည်က တည်နေရာကို အက်ကွဲသွားစေသည်။ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်က တစ်ခါတည်း အဆုံးသတ်သွားသည်။

လှံတစ်ချက်ကြောင့် ပတ်ဝန်းကျင်သည် အတော်လေး ရှင်းလင်းသွားသည်။

ဒါဇင်ချီသော ရုပ်သေးရုပ်နှင့် ချပ်ဝတ်များ ပြုတ်ကျလာသည်။

အနည်းဆုံး ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်သုံးရုပ်သည် မြေပြင်ပေါ်သို့ ကျလာပြီး ထိခိုက်မှုကြောင့် မလှုပ်ရှားနိုင်တော့ပေ။

ဟန်မူယဲ့က တစ်ကြိမ်သာ တိုက်ခိုက်ခဲ့သည်။

သိမ်းငှက်စိမ်းမြို့၏ ကျန်ရှိနေသော ကျွမ်းကျင်သူများက ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။

ဟန်မူယဲ့က သူတို့ကို ကြည့်လိုက်ပြီး လှံရှည်နှင့် ပေါင်းစပ်ရုပ်သေးရုပ်ကို ပြန်သိမ်းသည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်သုံးရုပ်သည် သိမ်းးငှက်စိမ်းမြို့ ပေးဆပ်ခဲ့ရ‌သောတန်ဖိုး ဖြစ်သည်။

ဟန်မူယဲ့က ကျင်းဟွေနှင့် တခြားလူများကို အပျက်အစီးများအား ရှင်းလင်းရန် အချက်ပြလိုက်ပြီး နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များကို ကြည့်သည်။

“အားလုံးပဲ မူပိုင်ခွင့်စစ်ဆေးမှုကို ဆက်လုပ်ကြမလား”

သူ့စကားကို ကြားရသောအခါတွင် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက လျင်မြန်စွာ ခေါင်းညိတ်ကြသည်။

All Chapters