← Chapters

အခန်း (၁၂၈၅)

Vol. 92 Ch. 1285

အခန်း (၁၂၈၅)

Vol. 92 Ch. 1285

တိုက်ပွဲသည် ပေါင်းစပ်ရုပ်သေးရုပ်၏ ခွန်အားကို အပြည့်အဝ ဖော်ပြခဲ့သည်။ ထို့ကြောင့် စစ်ဆေးမှုကို ဆက်လုပ်ရမည်။

အမှန်အတိုင်းပြောရလျှင် ဟန်မူယဲ့၏ ရှင်းပြချက်ကိုသာ စောင့်နေခြင်းဖြစ်သည်။

ပန်းပဲပညာရှင်အများစုက စစ်ဆေးမှုကို ဂရုမစိုက်တော့ပေ။

“အားလုံးပဲ ဒီမူပိုင်ခွင့်အတွက် ဈေးက ဘယ်လောက်ဖြစ်မလဲ”

ဟန်မူယဲ့က အဆင့်များအားလုံးကို ရှင်းပြလိုက်ပြီး ခေါင်းမော့၍ ပတ်ဝန်းကျင်တွင်ရှိသော နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များကို ကြည့်သည်။

အလင်းလွှာတွင် စောင့်ကြည့်နေသော ကျောင်းတော်မှ ကျွမ်းကျင်သူများ၏ မျက်နှာထားကလည်း လေးနက်နေသည်။

ဈေးပေးရမည်။

သူတို့က သေချာစဉ်းစားနေပြီး နောက်ဆုံးတွင် လူတစ်ယောက်က ဈေးပေးလိုက်သည်။

“မူလဒင်္ဂါး သန်းတစ်သိန်း”

တစ်ခါတည်း သန်းတစ်သိန်း ပေးခဲ့သည်။

သို့သော် ထိုအရာက အစသာဖြစ်သည်။

“သန်းသုံးသိန်း”

“တစ်နှစ်ကို သန်းငါးသောင်းနဲ့ ပူးပေါင်းလုပ်ဆောင်ပိုင်ခွင့်”

ဈေးနှုန်းများက သိပ်မမြင့်ပေ။

ထိုမူပိုင်ခွင့်မျိုးကို မဝယ်နိုင်ကြောင်း သူတို့အားလုံးက နားလည်ကြသည်။

“ဝီ”

တုန်ခါသံနှင့်အတူ ရွှေအလင်းသည် ပေါ်ထွက်လာခဲ့သည်။

“ပေါင်းစပ်ရုပ်သေးရုပ်ရဲ့ နည်းလမ်းကို မရောင်းရဘူး”

“စကြဝဠာနယ်မြေက ရောက်လာလိမ့်မယ်”

စကြဝဠာနယ်မြေ ....

ဟန်မူယဲ့က ပြုံးသည်။

နောက်ဆုံးတွင် သူက စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်ခဲ့သည်။

စကြဝဠာနယ်မြေသည် ကြယ်စင်စုစကြဝဠာတွင် အသန်မာဆုံးဖြစ်ပြီး မူလစကြဝဠာ၏ ကောင်းကင်စက်ဝန်းစစ်မြေပြင်နှင့် ဆင်တူသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ခဲ့သော ကျွမ်းကျင်သူများက ထိုနေရာတွင် တိုက်ခိုက်နေကြသည်။

သူတို့က ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့် ရုပ်သေးရုပ်များကို ပိုင်ဆိုင်ထားကြသည်။

စကြဝဠာနယ်မြေ၏သတင်း ရောက်လာသောအခါ လူတိုင်းက တိတ်ဆိတ်သွားသည်။

သူတို့က မည်သည့်အရာအတွက် ကျင့်ကြံနေကြသနည်း။

အသန်မာဆုံးလူတစ်ယောက် ဖြစ်လာပြီး ထိပ်ဆုံးတွင် ရပ်တည်နိုင်ရန်အတွက် ဖြစ်သည်။

ချပ်ဝတ်သခင်ဖြစ်စေ၊ ရုပ်သေးသခင်ဖြစ်စေ ပန်းပဲပညာရှင်ဖြစ်စေ စကြဝဠာနယ်မြေသို့ သွားရောက်ပြီး မသေမျိုးတစ်ယောက် ဖြစ်လာချင်ကြသည်။

စကြဝဠာနယ်မြေ၏ တန်ဖိုးထာခြင်းကို ခံရလျှင် စကြဝဠာနယ်မြေသို့ ဝင်ရောက်ပြီး ထာဝရရှင်သန်ရန် အခွင့်အရေးရှိသည်။

လူတိုင်းက ထိုအခွင့်အရေးကို လိုချင်ကြသည်။

“ဆရာဟန်ရဲ့ ပန်းပဲနည်းစနစ်ကို စကြဝဠာနယ်မြေကတောင် တန်ဖိုးထားရတယ်။ တကယ် အားကျစရာပဲ”

ပိုင်တင်းယွင်က ညင်သာစွာ သက်ပြင်းချလိုက်ပြီး တီးတိုးပြောသည်။

တခြားလူများက ရှုပ်ထွေးသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ကြသည်။ ဟန်မူယဲ့က စကြဝဠာနယ်မြေ၏အကြောင်းကို သိနေသော်လည်း အပြုံးတစ်ခုနှင့်အတူ မေးလိုက်သည်။

ပိုင်တင်းယွင်က ပြောပြနေသည်။

“ငါတို့ နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တွေက အထွတ်အထိပ်ကို ရောက်နေပြီ။ တိုးတက်ဖို့ဆိုရင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်တွေနဲ့ပဲ မလုံလောက်တော့ဘူး”

“တကယ်လို့ ငါတို့က အားကောင်းတဲ့ စကြဝဠာအဆင့်ရတနာတွေကို လေ့လာနိုင်ရင် အကျိုးအမြတ်တွေ ရလိမ့်မယ်”

“စကြဝဠာနယ်မြေကို မဝင်ရောက်နိုင်ဘူးဆိုရင် စကြဝဠာအဆင့် ကျင့်ကြံသူတွေနဲ့ ဆက်သွယ်နိုင်မှာမဟုတ်ဘူး”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပတ်ဝန်းကျင်ကို ကြည့်သည်။

“ဒီမူပိုင်ခွင့်ကို ထုတ်မရောင်းနိုင်ဘူးဆိုတော့ အဆင့်နိမ့်ရုပ်သေးရုပ်တွေအတွက် ပေါင်းစပ်နည်းလမ်းကို ထုတ်ပြလိုက်ပါမယ်”

“စကြဝဠာနယ်မြေရဲ့ ကျွမ်းကျင်သူတွေက အဆင့်နိမ့်ရုပ်သေးရုပ်တွေကို စိတ်ဝင်စားမှာမဟုတ်ပါဘူး”

မူပိုင်ခွင့်လျှောက်ထားမှုသည် စကြဝဠာနယ်မြေကို ဆွဲဆောင်ရုံသာမက ရေခဲလမြို့အတွက် ဝင်ငွေတစ်ခုကို ဖန်တီးရန်လည်း ဖြစ်သည်။

သူ့စကားကြောင့် ပန်းပဲပညာရှင်များအားလုံး၏ မျက်လုံးများက တောက်ပသွားသည်။

အဓိကမြို့ကြီးများ၏ ကိုယ်စားလှယ်များက ချက်ချင်း လှုပ်ရှားလိုက်ကြသည်။

စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများက အဆင့်အမြင့်ဆုံး နည်းစနစ်ကိုသာ လိုအပ်သည်။

သူတို့က အဆင့်နိမ့် နည်းစနစ်များကို စိတ်မဝင်စားပေ။

သို့သော် တခြားလူများအတွက်တော့ အသုံးဝင်သည်။

လေဟာနယ်မြို့ကြီးများကပင် အဆင့်နိမ့်ရုပ်သေးရုပ်များကို ပေါင်းစပ်ပြီး ခွန်အားမြှင့်ချင်ကြသည်။

“ဆရာဟန်၊ ဒီအကြောင်းကို အသေးစိတ် ဆွေးနွေးလို့ရမလား”

“ဆရာဟန်က ဘယ်လိုစီစဉ်ထားလဲ ....”

နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များက ဖြည်းဖြည်းချင်း လူစုခွဲသွားသည်။ ပတ်ဝန်းကျင်တွင်ရှိသော အလင်းရောင်ကလည်း မှိန်ဖျော့လာသည်။

ဟန်မူယဲ့က ခန်းဆောင်ထဲမှ ထွက်လာသောအခါတွင် ကျင်းဟွေနှင့် ရေခဲလမြို့၏ ကျွမ်းကျင်သူများက စောင့်ဆိုင်းနေကြသည်။

“မြို့သခင်၊ အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေအားလုံးကို တွက်ချက်ပြီးပါပြီ”

ကျင်းဟွေက သစ်သားသေတ္တာကို ထုတ်ယူပြီး လက်ထဲတွင် ကိုင်ထားသည်။

ဟန်မူယဲ့က သေတ္တာကို လှမ်းယူပြီး အာရုံခံကြည့်သည်။

အကောင်းအတိုင်းရှိနေသော ကမ္ဘာဦးအဆင့်ရုပ်သေးရုပ် သုံးရုပ်နှင့် ပြင်းထန်စွာပျက်စီးနေသော ရုပ်သေးရုပ်နှစ်ရုပ် ရှိသည်။

ထို့အပြင် နတ်ဘုရားအဆင့်နှင့် သူတော်စင်အဆင့် ရုပ်သေးရုပ်များလည်း ရှိနေသည်။

ဆုံးရှုံးမှုကတော့ မြို့၏ ဝင်္ကပါအတားအဆီး ကျိုးပျက်သွားသောကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုများ ဖြစ်သည်။

ထို့အပြင် ပျက်စီးသွားသော ရုပ်သေးရုပ်များလည်း ရှိနေသည်။

သိမ်းငှက်စိမ်းမြို့နှင့် တိုက်ပွဲတွင် ရုပ်သေးရုပ်အမျိုးမျိုးက ထိခိုက်သွားခဲ့သည်။

ဟန်မူယဲ့က သစ်သားသေတ္တာကို ယူလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။ မူလကျောက်တုံးနှင့် ရုပ်သေးရုပ်အပိုင်းအစများ ကျဆင်းလာသည်။

“ဒါက ရန်သူတွေကို ခုခံနိုင်ခဲ့တဲ့အတွက် ဆုကြေးပဲ”

“ပြီးတော့ ငါက ရုပ်သေးရုပ်စက်ရုံကို တည်ဆောက်ဖို့လိုနေတယ်။ ပန်းပဲပညာရှင်တွေကို စုစည်းလိုက်ပါ”

ဟန်မူယဲ့ထုတ်ပေးလိုက်သော ဆုကြေးနှင့် ပြောလိုက်‌သော စကားကြောင့် လူတိုင်းက အံ့အားသင့်နေကြသည်။

ဟန်မူယဲ့က ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကို ယူထားလိုက်ပြီး သစ်သားသေတ္တာကို ကျင်းဟွေဆီသို့ ပြန်ပေးသည်။

“တခြားရုပ်သေးရုပ်နဲ့ ချပ်ဝတ်တွေကို ကြည့်ပြီး စီစဉ်လိုက်ပါ”

ကျင်းဟွေနှင့် တခြားလူများက မြို့ထဲတွင်ရှိသော ကျင့်ကြံသူများကို စောင့်ရှောက်ပေးရန် လိုအပ်သည်။

သစ်သားသေတ္တာထဲတွင် နတ်ဘုရားအဆင့်နှင့် သူတော်စင်အဆင့် ရုပ်သေးရုပ်များ ရှိနေသည်။ ထိုပစ္စည်းများက အလွန်တန်ဖိုးရှိသည်။

ထိုပစ္စည်းများကို ကူးသန်းရောင်းဝယ်ရေးခန်းဆောင်သို့ ယူသွားပြီး အရောင်းအဝယ်လုပ်လိုက်လျှင် အရင်းအမြစ်များကို ရလာလိမ့်မည်။

ဟန်မူယဲ့က ခန်းဆောင်ထဲသို့ ပြန်မသွားဘဲ တစ်ချက်လှုပ်ရှားလိုက်ပြီး ရေခဲလမြို့၏ အပြင်ဘက်သို့ ရောက်လာသည်။

လူတစ်ယောက်က လက်ခံနေရုံသာ မဖြစ်ပေ။ ပြန်ပေးရမည်။

သိမ်းငှက်စိမ်းမြို့က ရေခဲလမြို့ကို နှစ်ကြိမ်တိုက်ခိုက်ခဲ့သောကြောင့် သူက တုံ့ပြန်ပေးရမည်။

သူက လေဟာနယ်ထဲတွင် ပျံသန်းနေပြီး လမ်းကြောင်းကို တိတ်ဆိတ်စွာ ရှာဖွေသည်။

လေဟာနယ်တွင် လမ်းညွှန်မရှိလျှင် ရန်သူကို အမီလိုက်ရန် မဖြစ်နိုင်ပေ။

ကံကောင်းစွာဖြင့် ဟန်မူယဲ့က ရုပ်သေးရုပ်များ၏ မှတ်ဉာဏ်ကို ကြည့်ထားသည်။ သူက သင်္ဘောပျံသုံးစင်း၏ လမ်းကြောင်းကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်။

“မင်းရဲ့ အရှုံးမခံတဲ့စိတ်ဓာတ်က တကယ့်ကို လေးစားစရာပဲ”

‌ရွှေရောင်ငှက်က စိတ်လှုပ်ရှားစွာ ပြောသည်။

ခေးအော့နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖိုက တိတ်ဆိတ်နေသော်လည်း သူတို့၏ သဘောထားကို ရှင်းလင်းစွာ သိနိုင်သည်။

သူတို့က နှစ်ကြိမ် တိုက်ခိုက်ခံရပြီး ငြိမ်နေမည်မဟုတ်ပေ။

ပန်းပဲပညာရှင်များက သိမ်းငှက်စိမ်းမြို့ကို အပြစ်ပေးမည်ဟု ပြောခဲ့ကြသည်။

သို့သော် အပြောသာ ဖြစ်သည်။

သူတို့က အမှန်တကယ် အပြစ်ပေးမည်ဆိုလျှင်ပင် အချိန်ကြာလိမ့်မည်။

သို့သော် ဟန်မူယဲ့က တခြားလူများကို အသုံးပြုပြီး လက်စားချေမည်မဟုတ်ပေ။

သူက မိုင်သိန်းချီအကွာအဝေးကို ကျော်ဖြတ်ခဲ့ပြီး သင်္ဘောပျံသုံးစင်း၏ပုံရိပ်ကို မြင်လိုက်ရသည်။

အကွာအဝေးက နီးကပ်နေသည်ဟု ထင်ရသော်လည်း သင်္ဘောပျံသုံးစင်းက တည်နေရာအလွှာများကို ကျော်ဖြတ်ထားသည်။ အကယ်၍ ဟန်မူယဲ့က တည်နေရာဆုံချက်ကို လွဲချော်သွားလျှင် တစ်သက်လုံး လိုက်ဖမ်းနိုင်မည်မဟုတ်ပေ။

ထိုအရာသည် လေဟာနယ်လောက၏ ခက်ခဲမှု ဖြစ်သည်။ ထို့ကြောင့် စစ်ရှုံးသွားသော လူများက လေဟာနယ်တွင် လွယ်ကူစွာ မသေနိုင်ကြပေ။

သူတို့က ထွက်ပြေးချင်လျှင် အမိဖမ်းရန် ခက်ခဲသည်။

သို့သော် ယခုအချိန်တွင် သင်္ဘောပျံသုံးစင်းက တခြားသင်္ဘောပျံတစ်စင်းကို ဝိုင်းရံပြီး ရုပ်သေးရုပ်များဖြင့် တိုက်ခိုက်နေသည်။

“သူတို့က ကုန်သည်အဖွဲ့ကို လုယက်နေတာလား”

ဓာတ်စင်ငါးပါးမီးပြင်းဖိုက ပြောလိုက်သည်။

လေဟာနယ်တွင်ရှိသော ကုန်သည်အဖွဲ့များသည် အင်အားစုများနှင့် ချိတ်ဆက်နိုင်ပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြု၍ လွတ်လပ်စွာ သွားလာကြသည်။

သို့သော် သေးငယ်သော ကုန်သည်အဖွဲ့များသည် လုံလောက်သောအရင်းအမြစ်နှင့် စွမ်းအားကို မပိုင်ဆိုင်ပေ။ သူတို့က သင်္ဘောပျံများဖြင့် ပတ်ဝန်းကျင်မြို့များတွင်သာ ကုန်သွယ်နိုင်ကြသည်။

တည်နေရာရွှေ့ပြောင်းခြင်း အခကြေးငွေနှင့် တားမြစ်ပစ္စည်းများကို ကုန်သွယ်ရန်အတွက် လေဟာနယ်တွင် သွားလာနေသော ကုန်သွယ်ရေးအဖွဲ့ငယ်များ ရှိကြသည်။

သူတို့က များသောအားဖြင့် သင်္ဘောပျံ တစ်စင်း၊ နှစ်စင်းခန့်ကိုသာ ပိုင်ဆိုင်ကြသည်။

ထို့အပြင် ကျွမ်းကျင်သူအများအပြား မရှိပေ။ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် တစ်ရုပ်၊ နှစ်ရုပ်ခန့်ကို ထိန်းချုပ်နိုင်ခြင်းသည် အကန့်အသတ် ဖြစ်သည်။

သင်္ဘောပျံ၏ရှေ့တွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်တစ်ခုက သိမ်းငှက်စိမ်းမြို့မှ ရုပ်သေးရုပ်လေးရုပ်၏ တိုက်ခိုက်မှုကို ခုခံနေသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ပျောက်ကွယ်သွားသည်။

သူက သင်္ဘောပျံတွင် ပြန်ပေါ်လာသည်။

သင်္ဘောပျံက ဤနေရာတွင် ရပ်တန့်နေသည်။

သင်္ဘောပျံက ဖရိုဖရဲ ဖြစ်နေပြီး ကုန်ပစ္စည်းအမျိုးမျိုးသည် ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ကျင့်ကြံသူ နှစ်ဆယ်က ထိန်းချုပ်နေသည်။ သူတို့အားလုံးက နတ်ဘုရားအဆင့်များ မဟုတ်ကြပေ။ အနည်းငယ်ကသာ နတ်ဘုရားအဆင့် ဖြစ်သည်။

ထိုစွမ်းအားမျိုးသည် တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။

“အဖိုးတန်ပစ္စည်းတွေကို မြန်မြန်သိမ်းလိုက်။ ငါတို့က သင်္ဘောပျံကို စွန့်ခွာမယ်”

“ရုပ်သေးရုပ်က တောင့်မခံနိုင်တော့ဘူးဆိုရင် ဖျက်ဆီးလိုက်ပြီး ခေါင်းဆောင်ကို လှမ်းခေါ်မယ်။ ပြီးတော့ ခေါင်းဆောင်နဲ့အတူ ထွက်ပြေးကြမယ်”

အိုမင်းသောအသံသည် သင်္ဘောပျံထဲတွင် ပေါ်ထွက်လာသည်။ ရုပ်သေးသခင်များက ပတ်ဝန်းကျင်တွင် ပြေးလွှားပြီး ကုန်ပစ္စည်းများကို သိမ်းဆည်းလိုက်ကြသည်။

“ဂရုစိုက်အုံး။ လေဟာနယ်လျှပ်စီးတွေကို ပေါက်ကွဲမသွားစေနဲ့။ ငါတို့က အဲဒီလျှပ်စီးတွေကို ထွက်ပြေးတဲ့အချိန်မှာ အသုံးပြုရမယ်”

လေဟာနယ်လျှပ်စီး ....

ဟန်မူယဲ့က ထိုနာမည်ကို ကြားဖူးသည်။

လေဟာနယ်ကို ပြိုကျစေနိုင်သော တစ်ခါသုံးလက်နက် ဖြစ်သည်။

လေဟာနယ်လျှပ်စီးသည် အလွန်ဈေးကြီးပြီး သူတော်စင်အဆင့် ရုပ်သေးရုပ်နှင့် တန်ဖိုးတူသည်။

ထိုလျှပ်စီး၏ ဖျက်ဆီးနိုင်စွမ်းကြောင့် ရောင်းချရန် တားမြစ်ထားသည်။

ဟန်မူယဲ့က နတ်ဘုရားတစ်သောင်း ဘုရားကျောင်း၏ ကူးသန်းရောင်းဝယ်ရေးခန်းဆောင်တွင် လေဟာနယ်လျှပ်စီးများကို မြင်ဖူးသည်။

သို့သော် ရေခဲလမြို့က ထိုလျှပ်စီးများကို ဝယ်ယူရန် အဆင့်မမြင့်သေးပေ။

ကျင့်ကြံသူများက စင်ပေါ်တွင်ရှိသော သေတ္တာများကို ဂရုစိုက်၍ သယ်ယူနေကြောင်း မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ဖျတ်ခနဲ ပေါ်လာခဲ့သည်။

“မင်းက ....”

လူငယ်တစ်ယောက်က ထိတ်လန့်သွားသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်မြှောက်သည်။ ပတ်ဝန်းကျင်တွင်ရှိသော သေတ္တာများအားလုံးက ပျောက်ကွယ်သွားသည်။

သူက သိမ်းယူလိုက်သည်။

“ရန်သူက တိုက်ခိုက်လာပြီ”

နောက်ဆုံးတွင် လူတစ်ယောက်က အော်ဟစ်လိုက်သည်။

All Chapters