← Chapters

အခန်း (၁၂၈၆)

Vol. 92 Ch. 1286

အခန်း (၁၂၈၆)

Vol. 92 Ch. 1286

ရှေ့တွင် နတ်ဘုရားအဆင့် ရုပ်သေးရုပ်နှစ်ရုပ်နှင့် သူတော်စင်အဆင့် ချပ်ဝတ်သခင်တစ်ယောက်က ပြေးဝင်လာသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တစ်ချက်လှုပ်ရှား၍ သူတို့၏ရှေ့သို့ ရောက်လာသည်။

“ငါက မင်းတို့ကို မသတ်ချင်ဘူး”

သူက ရှေ့တွင်ရှိသော အလင်းလွှာတွင် မြင်နေရသည့် တိုက်ပွဲကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ငါ့ပစ်မှတ်က သူတို့ပဲ”

ကုန်သည်အဖွဲ့က အရေးနိမ့်နေသည်။

ဟန်မူယဲ့၏စကားကြောင့် တိုက်ခိုက်တော့မည့် ကုန်သည်အဖွဲ့၏ ကျွမ်းကျင်သူများက ရပ်တန့်သွားကြသည်။

“မင်းတို့ရဲ့ခေါင်းဆောင်ကို ပြောလိုက်။ ငါက လှုပ်ရှားမယ်”

ဟန်မူယဲ့က ဆက်ပြောလိုက်သည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ထိန်းချုပ်နေသော နတ်ဘုရားအဆင့် ရုပ်သေးသခင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရှေ့ဆုံးတွင်ရှိသော လူအိုကြီးက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“တာအိုရောင်းရင်းက ကူညီပေးနိုင်ရင် ငါတို့ ချူခုံးကုန်သွယ်ရေးအဖွဲ့က ကျေးဇူးတင်နေမှာပါ”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပျောက်ကွယ်သွားသည်။

ချက်ချင်းဆိုသလိုပင် ကမ္ဘာဦးချပ်ဝတ်နှင့် လှံရှည်ကိုင်ထားသော သူ့ပုံရိပ်ကို အလင်းလွှာတွင် မြင်လိုက်ရသည်။

“သူက လုပ်နိုင်ပါ့မလား”

အလင်းလွှာကို ကြည့်နေသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်က တီးတိုးရေရွတ်သည်။

သင်္ဘောပျံသုံးစင်းက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် လေးရုပ်ကိုသာ ထုတ်သုံးထားသည်။ တခြားရုပ်သေးများ ရှိနေနိုင်သည်။

“အလုပ်ဖြစ်ရင် အဆင်ပြေတယ်။ အလုပ်မဖြစ်ရင် ငါတို့က ထွက်ပြေးရုံပေါ့”

တိုက်ပွဲကို ဦးဆောင်ထားသော ဆံပင်ဖြူနေသည့် လူအိုကြီးက ခေါင်းခါလိုက်ပြီး ညင်သာစွာ ပြောသည်။

“ခေါင်းဆောင်က အမိန့်ပေးလိုက်တယ်။ သင်္ဘောပျံကို စွန့်ခွာဖို့ ပြင်ထားကြ”

သင်္ဘောပျံကို စွန့်ခွာမည်။

ကျွမ်းကျင်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်သည်။

“အဲဒီလူက ငါတို့ရဲ့ လေဟာနယ်မိုးကြိုးတွေကို ခိုးယူသွားတယ်။ ငါတို့အတွက် အချိန်ဆွဲထားပေးတာ ဖြစ်သင့်တယ်”

“ငါတို့ ချူခုံးကုန်သွယ်ရေးအဖွဲ့က အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား”

လူတစ်ယောက်က ခပ်ဟဟရယ်သည်။

တခြားလူများ၏ မျက်နှာထားကလည်း တူညီနေသည်။

ကျွမ်းကျင်သူများ၏ မျက်နှာထားက လေးနက်နေသည်။ သို့သော် အပြင်ဘက်တွင်ရှိသော ရုပ်သေးရုပ်များ၏ လှုပ်ရှားမှုက သိသိသာသာ ကွဲပြားလာသည်။

ရုပ်သေးရုပ်များက တိတ်ဆိတ်စွာ နောက်ဆုတ်သွားပြီး ဟန်မူယဲ့၏ပုံရိပ်ကို ဖော်ပြလိုက်သည်။

သူက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ပြီး ရွှေရောင်လှံကို ကိုင်ထားသည်။

ဟန်မူယဲ့က ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်မထားသော်လည်း ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

ကုန်သည်အဖွဲ့ကို ဝိုင်းရံတိုက်ခိုက်နေသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်လေးရုပ်က ရပ်တန့်သွားသည်။

သင်္ဘောပျံသုံးစင်းတွင်ရှိသော နတ်ဘုရားအဆင့်နှင့် သူတော်စင်အဆင့် ကျွမ်းကျင်သူများက ထိတ်လန့်သွားပြီး ကြောက်ရွံ့နေကြသည်။

“အဲဒါသူပဲ”

“သူက ငါတို့ကို အမဲလိုက်ဖို့ ရောက်လာပြီ”

“ငါက မြန်မြန်ထွက်ပြေးဖို့ ပြောခဲ့တယ်လေ။ မင်းတို့က ကုန်သည်အဖွဲ့ကို တိုက်ခိုက်ဖို့ ခေါင်းမာနေခဲ့တာ”

“သွားပြီ။ သူက ငါတို့ကို လွှတ်ပေးမှာမဟုတ်ဘူး”

လူတိုင်းက ထိတ်လန့်နေကြသည်။

သူတို့အားလုံးက လမ်းပျောက်နေသည်။

သူတို့က ဟန်မူယဲ့၏ခွန်အားကို မြင်ခဲ့ရသည်။

သူက လှံတစ်ချက်ဖြင့် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်သုံးရုပ်ကို ပျက်စီးသွားစေသည်။

အရေးအကြီးဆုံအနေဖြင့် သူ့လက်ထဲတွင်ရှိသော လှံရှည်သည် စကြဝဠာအဆင့်လက်နက် ဖြစ်သည်။

ရေခဲလမြို့တွင် ပျက်စီးမှုကို စိုးရိမ်သောကြောင့် လှံရှည်၏စွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်ပေ။

ယခုအချိန်တွင် လေဟာနယ်ထဲသို့ ‌ရောက်နေသောကြောင့် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များက တစ်ချက်ပင် ခုခံနိုင်မည်မဟုတ်ပေ။

“ထွက်ပြေးရမလား”

“ထွက်ပြေးဖို့ မဖြစ်နိုင်ဘူး။ စကြဝဠာအဆင့် လက်နက်က လေဟာနယ်ကို ချုပ်နှောင်ထားနိုင်တယ်”

“အဆုံးအထိ တိုက်ခိုက်ကြ။ သူက လှံရှည်ကို အကြာကြီး ထိန်းချုပ်နိုင်မှာမဟုတ်ဘူး”

သူတို့က သေခြင်းရှင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် ချက်ချင်း ပူးပေါင်းလိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် နတ်ဘုရားအဆင့်နှင့် သူတော်စင်အဆင့် ရုပ်သေးရုပ်များ ပေါ်ထွက်လာကြသည်။

ထို့အပြင် သင်္ဘောပျံသုံးစင်းတွင် ပုန်းအောင်းနေသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ် နှစ်ရုပ်နှင့် ချပ်ဝတ်တစ်ခုလည်း ပေါ်ထွက်လာသည်။

သူတို့က အစွမ်းကုန် ထုတ်သုံးလိုက်သောအခါတွင် ကုန်သွယ်ရေးအဖွဲ့၏ ကမ္ဘာဦးအဆင့် ချပ်ဝတ်ကလည်း တစ်ပြိုင်နက် လှုပ်ရှားခဲ့သည်။

ထိုချပ်ဝတ်ကို ထိန်းချုပ်ထားသောလူက ခေါင်းဆောင် ဖြစ်သည်။

သူက ထွက်ပြေးသွားသည်။

သူက နှုတ်ဆက်စကား မပြောခဲ့ပေ။ ကုန်သွယ်ရေးအဖွဲ့၏ လူများကို ချန်ထားခဲ့သည်။

ပြိုင်ဘက်များက အလွန်အားကောင်းသည်။ သူက အသက်ရှင်လျက် လွတ်မြောက်နိုင်လျှင် ကံကောင်းသည်ဟု ပြောရမည်။

တခြားလူများကို ဂရုစိုက်နေရန် အချိန်မရှိပေ။

အလင်းလွှာတွင်ရှိသော မြင်ကွင်းကို ကြည့်လိုက်ပြီး သင်္ဘောပျံတွင်ရှိသော ကုန်သွယ်ရေးအဖွဲ့၏ ကျွမ်းကျင်သူများက ကြောင်အသွားကြသည်။

‘အတူတူထွက်ပြေးမယ်ဆိုတာက ဘယ်လိုဖြစ်သွားပြီလဲ’

‘ရုတ်တရက်ပေါ်လာတဲ့လူကို အချိန်ဆွဲခိုင်းမယ်ဆို’

အဆုံးတွင် သူတို့က လှည့်စားခံလိုက်ရသည်။

“ခေါင်းဆောင်က ....”

သင်္ဘောပျံတွင်ရှိသော လူတစ်ယောက်က စိတ်ရှုပ်ထွေးစွာ ရေရွတ်သည်။

“ခေါင်းဆောင်က စစ်ကူသွားရှာတာပဲ”

ရှေ့ဆုံးတွင်ရှိသော လူအိုကြီးက စကားပြောလိုက်ပြီး မတ်တပ်ရပ်သည်။

“အခု ငါက တိုက်ပွဲကို အမိန့်ပေးမယ်”

လူအိုကြီး၏မျက်နှာက မည်းမှောင်နေပြီး ရှေ့တွင်ရှိသော အလင်းလွှာကို ကြည့်သည်။

‘စစ်ကူသွားရှာတာတဲ့လား’

‘ဒါက လေဟာနယ်လေ။ စစ်ကူက ဘယ်မှာ ရှိလို့လဲ’

‘ငါတို့ကို ကလေးတွေလို့ ထင်နေတာလား’

“ရုပ်သေးရုပ်တွေကို ထိန်းချုပ်ဖို့ အာရုံစိုက်ထား။ မဟုတ်ရင် ငါတို့အားလုံး သေသွားလိမ့်မယ်”

လူအိုကြီးက အော်ပြောလိုက်ပြီး အစွမ်းကုန်ထုတ်သုံးသည်။ သူ၏ ‌သွေးကြောများက ဖောင်းကြွလာသည်။

ယခုအချိန်တွင် ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။

ပြိုင်ဘက်များက အလွန်အားကောင်းသည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့်ချပ်ဝတ် ခုနစ်ခုအပြင် ဒါဇင်ချီသော နတ်ဘုရားအဆင့်၊ သူတော်စင်အဆင့်များ ရှိနေသည်။

ထိုသို့ အားကောင်းသော စစ်တပ်ကို နှစ်တစ်သောင်းလျှင် တစ်ကြိမ်ပင် မတွေ့နိုင်ပေ။

သူတို့၏ ချူခုံးကုန်သွယ်ရေးအဖွဲ့က ပျက်စီးသွားရန် ကံပါလာသည်။

“ဘုန်း”

ရှေ့တွင်ရှိသော ရုပ်သေးရုပ်လေးရုပ်က ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။

ပထမဆုံးရုပ်သေးရုပ်က လက်သီးချက်ဖြင့် ထိုးချသည်။

ဒုတိယရုပ်သေးရုပ်က အဆုံးစွန်အထိ အရှိန်မြှင့်လိုက်ပြီး လက်ထဲတွင်ရှိသော လှံရှည်ဖြင့် တိုက်ခိုက်သည်။

ကျန်ရှိနေသော ရုပ်သေးရုပ်နှစ်ရုပ်က ခုခံရန် အသင့်ပြင်ထားသည်။

နောက်တွင် ရှိနေသော ရုပ်သေးရုပ်သုံးရုပ်က အချင်းချင်း ချိတ်ဆက်လိုက်ပြီး စွမ်းအားကို ထုတ်လွှတ်သည်။

ချက်ချင်းဆိုသလိုပင် သိမ်းငှက်စိမ်းမြို့၏ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များက လှုပ်ရှားလိုက်ကြသည်။

သူတို့၏ သေသပ်သော လှုပ်ရှားမှုကြောင့် ကုန်သွယ်ရေးအဖွဲ့၏ လူများက ဖြူဖျော့သွားသည်။

သူတို့၏ခေါင်းဆောင်က ထွက်ပြေးသွားသောကြောင့် တစ်ဖက်လူများက ဒေါသထွက်နေပြီး သူတို့ကို အပြတ်ရှင်းရန် ကြိုးစားနေခြင်း ဖြစ်လိမ့်မည်။

ထိုတိုက်ခိုက်မှုကို မည်သူက ခုခံနိုင်မည်နည်း။

အဆုံးသတ်သွားသည်။

လူတိုင်းက ထိုသို့ တွေးမိသည်။

သူတို့၏ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်က မလှုပ်ရှားတော့ပေ။

ဟန်မူယဲ့ သေဆုံးသွားလျှင် သူတို့၏အလှည့် ရောက်လာလိမ့်မည်။

“ဝီ”

ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော လှံရှည်က ရွှေအလင်းကို ထုတ်လွှတ်သည်။

သူ့နောက်တွင် ပေတစ်ထောင်မြင့်မားသော ရွှေရောင်ချပ်ဝတ်နှင့် စစ်သူကြီး၏ပုံရိပ် ပေါ်ထွက်လာသည်။

သူက စကြဝဠာအဆင့် လှံရှည်ကို အသက်သွင်းပြီး ပြတ်သားစွာ တိုက်ခိုက်သည်။

ဟန်မူယဲ့က ချပ်ဝတ်၏စွမ်းအားကို အပြည့်အဝ ထိန်းချုပ်ထားပြီး ပတ်ဝန်းကျင်တွင်ရှိသော စွမ်းအားကို တွန်းထုတ်လိုက်သောအခါ သွေးများ ဆူပွက်လာသည်ဟု ခံစားရသည်။

လှံရှည်က နဂါးတစ်ကောင်သဖွယ် ပြေးထွက်သွားခဲ့သည်။

လောကတွင် အသန့်စင်ဆုံးစွမ်းအားက မည်သည့်အရာနည်း။

စည်းမျဉ်းစွမ်းအားက မည်သည့်အရာနည်း။

လောက၏ အသန်မာဆုံး ခွန်အားကို မူလကမ္ဘာခေတ်၏ အုပ်ချုပ်သူအဆင့်သားရဲများက ပိုင်ဆိုင်ကြသည်။

အသန့်စင်ဆုံးစွမ်းအား ဖြစ်သည်။

ဟန်မူယဲ့ကလည်း ထိုစွမ်းအား၏ တချို့တစ်ဝက်ကို ပိုင်ဆိုင်ထားသည်။

ကောင်းကင်ခွဲလှံရှည်၏ နတ်ဘုရားအင်းကွက် ၄၈ခုက သွေးအလင်းဖြင့် တောက်ပလာပြီး လေဟာနယ်ကို ထိုးခွဲသွားသည်။

“ငါတို့မတားနိုင်ဘူး’

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ထိန်းချုပ်နေသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။

လှံရှည်သည် ရုပ်သေးရုပ်၏ လက်သီးချက်နှင့် ထိတွေ့သွားပြီး လက်သီးချက်ကို ပျက်စီးသွားစေသည်။

လှံရှည်ကြောင့် အက်ကွဲသွားသော လေဟာနယ်က ရုပ်သေးရုပ်ကို လွှမ်းခြုံလိုက်ပုံရသည်။

သန့်စင်သော စွမ်းအားသည် ရုပ်သေးရုပ်၏ လက်မောင်းကို ဝါးမြိုလိုက်သည်။

“ဂျွတ်”

ရုပ်သေးရုပ်ကို ထိန်းချုပ်ထားသော ကျွမ်းကျင်သူများက ပြတ်သားသည်။ သူတို့က ရုပ်သေးရုပ်၏ လက်မောင်းကို ဖြတ်ပစ်လိုက်ကြသည်။

သို့သော် သူတို့က ဟန်မူယဲ့၏ ခွန်အားကို လျော့တွက်မိသွားသည်။

စကြဝဠာအဆင့် လက်နက်ကိုလည်း အထင်သေးမိနေသည်။

ထို့အပြင် နဂါးမိကျောင်း၏စွမ်းအားလည်း ရှိနေသည်။

ယခုအချိန်တွင် ဟန်မူယဲ့က မူလကမ္ဘာခေတ်၏ နဂါးမိကျောင်းအဖြစ် ပြောင်းလဲသွားသည်ဟု ခံစားနေရသည်။

သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ လှံရှည်က အဆုံးမရှိသောစွမ်းအားကို သယ်ဆောင်ထားပြီး တစ်ဖက်တွင်ရှိသော ရုပ်သေးရုပ်ကို ဖျက်ဆီးပစ်လိုက်သည်။

လှံရှည်က မရပ်တန့်ဘဲ တခြားရုပ်သေးရုပ်၏ လှံရှည်ကို ဖျက်ဆီးသည်။ ထို့အပြင် ခန္ဓာကိုယ်ကိုလည်း ထိုးဖောက်ခဲ့သည်။

“ဘန်း”

လှံတစ်ချက်ကြောင့် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှစ်ရုပ်က ပျက်စီးသွားခဲ့သည်။

ဟန်မူယဲ့က အစွမ်းကုန်ထုတ်သုံးထားသည်။

ကမ္ဘာဦးရုပ်သေးရုပ်၏ အပိုင်းအစများသည် အလင်းတန်းအဖြစ် ပြောင်းလဲပြီး ပတ်ဝန်းကျင်လေဟာနယ်တွင် ပြန့်ကျဲသွားသည်။

နှစ်ပေါင်းများစွာအကြာတွင် သူတို့က ကံပါလာသောလူကို ‌စောင့်ဆိုင်းနေသည့် ရတနာများ ဖြစ်လာကြသည်။

“စိတ်လှုပ်ရှားစရာပဲ”

ရွှေ‌ရောင်ငှက်က တီးတိုးပြောသည်။

“သတ်”

ခေးအော့ကလည်း ပြောလိုက်သည်။

စစ်ပွဲကသာ ယောင်္ကျားသားများကို စိတ်လှုပ်ရှားစေသည်။

ခေးအော့နှင့် မဟာနေမင်းရွှေကျီးကန်းက နှစ်ပေါင်းများစွာကြာသည်အထိ မတိုက်ခိုက်ခဲ့ရပေ။

ယခုအချိန်တွင် ဟန်မူယဲ့က လှံတစ်ချက်ဖြင့် ရုပ်သေးရုပ်နှစ်ရုပ်ကို ဖျက်ဆီးလိုက်သောကြောင့် ခေးအော့၊ ရွှေကျီးကန်းနှင့် မီးပြင်းဖိုတို့က မူလစကြဝဠာနှင့် ကြယ်စင်စုစကြဝဠာ၏ စစ်ပွဲကို သတိရသွားသည်။

ထိုအချိန်တွင် နတ်ဘုရားသားရဲများက စည်းလုံးမှုမရှိခဲ့ပေ။

ခွန်အားအရာတွင် ရုပ်သေးရုပ်များက နတ်ဘုရားသားရဲများထက် နိမ့်ကျသည်။

သို့သော် ကြယ်စင်စုစကြဝဠာ၏ ကျွမ်းကျင်သူများက မရေမတွက်နိုင်‌သော ကမ္ဘာဦးရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို အသုံးပြုပြီး နတ်ဘုရားသားရဲများကို သတ်ဖြတ်ခဲ့သည်။

စစ်ပွဲအပြီးတွင် ရွှေကျီးကန်းကလန်၊ ခေးအော့ကလန်နှင့် ဓာတ်စင်ငါးပါးမီးပြင်းဖို၏ အင်အားစုများက သိပ်မကျန်တော့ပေ။

သူတို့က ကြယ်စင်စုစကြဝဠာကို ကြောက်ရွံ့နေခဲ့ရသည်။

ယခုအချိန်တွင် ဟန်မူယဲ့၏ လှံချက်ကြောင့် သူတို့က ချက်ချင်း စိတ်လှုပ်ရှားလာသည်။

All Chapters